Video

Wednesday, 14 May 2014

မေတ္တာ ပွား

" အိပ်, နိုး ချမ်းသာ၊ ကောင်းစွာ အိပ်စက်၊ ချစ်လျက် လူနတ်၊ စောင်.ကြပ် နတ်များ၊ မီး-ဆိပ်-ဓါးတို.၊ ရှောင်ရှား ကိုယ်မှာ၊ လျင်စွာ စိတ်တည်၊ ရွှင်ကြည် မျက်နှာ၊ သေခါ မသွေ၊ လားလေဗြဟ္မာ၊ ဆယ်.တစ်ဖြာသည်၊ မေတ္တာ ပွားမူ ကောင်းကျိုးတည်း "

အမှတ်စဉ်ရေတွက်လျှင် ၁၁ မျိုးကိုက်ညီအောင် အခုလို အမှတ်စဉ် ထိုးကြည့်မိပါတယ်။ (မှားနေပါကလည်း ပြင်ပေးကြပါဦးနော်။)

၁။ ချမ်းသာစွာ အိပ် စက်ရခြင်း
၂။ ချမ်းသာစွာ နိုး ထရခြင်း
၃။ အိပ်မက် အဆိုးများ မမက်ပဲ အကောင်းသာမက်ခြင်း
၎။ လူ တို့ကချစ်ခင်ခြင်း
၅။ နတ်တို့က ချစ်ခင်ခြင်း
၆။ နတ်တို့က စောင့်ရှောက်ပေးခြင်း
၇။ မီးဘေး၊ အဆိပ်သင့်ခြင်းဘေး၊ ဓါးလှံလက်နက်ဘေး တို့ ကိုယ်တွင်မကပ်ငြိပဲ လွတ်ကင်းစေခြင်း
၈။ စိတ် တည်ကြည်မှု လျှင်မြန် စွာ ရရှိလွယ်ခြင်း
၉။ မျက်နှာ သွင်ပြင် ကြည်လင်ရွှပြ လန်းဆန်းနေခြင်း
၁၀။ တွေဝေသတိမေ့လျော့မှုမရှိပဲ သေဆုံးရခြင်း(သေခါမတွေ)
၁၁။ သေလွန်ပြီးနောက် ဗြဟ္မာဘုံသို့ ရောက်စေနိုင်ခြင်း


"အိပ်,
နိုး ချမ်းသာ၊
ကောင်းစွာ အိပ်စက်၊
ချစ်လျက် လူ
နတ်၊
စောင်.ကြပ် နတ်များ၊
မီး-ဆိပ်-ဓါးတို.၊ ရှောင်ရှား ကိုယ်မှာ၊
လျင်စွာ စိတ်တည်၊
ရွှင်ကြည် မျက်နှာ၊
သေခါ မသွေ၊
လားလေဗြဟ္မာ၊ ဆယ်.တစ်ဖြာသည်၊ မေတ္တာ ပွားမူ ကောင်းကျိုးတည်း "

အမှတ်စဉ်တစ်မှာ ချမ်းသာစွာအိပ်စက်ရခြင်း ပါပြီးဖြစ်ပါတယ်။
အမှတ်စဉ် (၃) အတွက် ကောင်းစွာအိပ်မက် (အိပ်မက်ဆိုးမမက်ဘူး)ဟု မှတ်သားဖူးပါတယ်ရှင်။
အမှတ်စဉ် (၆) အတွက် စောင့်ကြပ်ခံရတာတော့မဖြစ်နိုင်တာ သိသာပါတယ်၊ စောင့်ကြပ်ပေးခြင်းခံရတယ် လို့လည်းသုံးလို့မသင့်ဘူးထင်ပါတယ်။ စောင့်ရှောက်ခံရတာ ဆိုသင့်လျော်ပါတယ်။ (စောင့်လတ်နတ်များ ဖြစ်နိုင်ပါတယ်။)
အမှတ်စဉ် (၁၀) မှာလည်း သေခါမတွေ (သေဆုံးကာနီးအချိန်မှာ မတွေဝေပဲနဲ့ သေနိုင်တယ်)လို့ ဖြစ်မယ်ထင်ပါတယ်။

Copy 

No comments:

Post a Comment

Gold price estimated