Video

Sunday 18 May 2014

စကားကြီး(၃)ခွန်း

Photo: စကားကြီး(၃)ခွန်း  .................... * မြစ်ကြီးလည်း မခန်းပါစေနဲ့ ။ * သစ်ပင်ကြီးလည်း မလဲပါစေနဲ့ ။ * ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ။ " မြစ်ကြီးလည်း မခန်းပါစေနဲ့" ဆိုတာ အေးမြသောစမ်းရည်လို ကြည်ကြည်လင်လင်  တသွင်သွင် စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီး ဆိုလိုတာပါ ။လူလူချင်း မေတ္တာထားကြ။ မေတ္တာတရားတွေ ပွားများကြ။ မေတ္တာတွေ မခန်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ဘဲ ။ "သစ်ပင်ကြီးလည်း မလဲပါစေနဲ့" ဆိုတာ သစ်ပင်ကြီးဟာ အခက်အလက် အရွက်တွေ  ဝေဝေဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ် ။ ထို့အတူပဲ ဘုရား၊တရား၊သံဃာ  ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းကို ခိုလုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို  ရတယ်။ ဒီအရိပ်အာဝါသတွေကို မဖျက်ဆီးမိးဖို့ ။ကျေးဇူးမကန်းမိဖို့ သတိထားရပါလိမ့်မယ် ။ သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာဘဲ ။ဒါကြောင့်  သစ်ပင်ကြီးလည်း မလဲအောင် ကြိုးစားထိန်းသိမ်းကြ ။ "ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ " ဆိုတာကတော့ ရိုးရာဓလေ့ တုံးစံတွေကို ပြောတာပါ ။ မိဘဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်ကောင်းတွေ မပျောက်ပျက်ရအောင်   ထိန်းသိမ်းပြီး ဗုဒ္ဒဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ ။( ရွှေဥမင်ဆရာတော် )
 
* မြစ်ကြီးလည်း မခန်းပါစေနဲ့ ။
* သစ်ပင်ကြီးလည်း မလဲပါစေနဲ့ ။
* ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ။
" မြစ်ကြီးလည်း မခန်းပါစေနဲ့" ဆိုတာ အေးမြသောစမ်းရည်လို ကြည်ကြည်လင်လင်
တသွင်သွင် စီးဆင်းနေတဲ့ မေတ္တာမြစ်ကြီး ဆိုလိုတာပါ ။လူလူချင်း မေတ္တာထားကြ။
မေတ္တာတရားတွေ ပွားများကြ။ မေတ္တာတွေ မခန်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ဘဲ ။
"သစ်ပင်ကြီးလည်း မလဲပါစေနဲ့" ဆိုတာ သစ်ပင်ကြီးဟာ အခက်အလက် အရွက်တွေ
ဝေဝေဆာဆာနဲ့ အရိပ်အာဝါသကို ပေးတယ် ။ ထို့အတူပဲ ဘုရား၊တရား၊သံဃာ
ရတနာသုံးပါးရဲ့ အရိပ်အာဝါသကောင်းကို ခိုလုံရလို့လည်း ကြီးပွားချမ်းသာခြင်းကို
ရတယ်။ ဒီအရိပ်အာဝါသတွေကို မဖျက်ဆီးမိးဖို့ ။ကျေးဇူးမကန်းမိဖို့ သတိထားရပါလိမ့်မယ် ။
သစ်ပင်ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာဘဲ ။ဒါကြောင့်
သစ်ပင်ကြီးလည်း မလဲအောင် ကြိုးစားထိန်းသိမ်းကြ ။
"ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ " ဆိုတာကတော့ ရိုးရာဓလေ့ တုံးစံတွေကို ပြောတာပါ ။ မိဘဘိုးဘွား
လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်ကောင်းတွေ မပျောက်ပျက်ရအောင်
ထိန်းသိမ်းပြီး ဗုဒ္ဒဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ ။( ရွှေဥမင်ဆရာတော် )


Credit to Bhikkhu's Dhamma

No comments:

Post a Comment

Gold price estimated