(ပဓာနိယင်္ဂတရား ငါးပါး)
၁။ သဒ္ဓါတရားရှိခြင်း= ဘုရား တရား အရိယာသံဃာ အပေါ်၌ မတုန်မလှုပ် စိတ်ဖြင့် ယုံကြည်ခြင်း။
၂။ ကျန်းမာရေးကောင်းခြင်း
အနာရောဂါ ကင်း၏၊ ကိုယ်ဆင်းရဲခြင်း ကင်း၏။ အစာကို အညီအညွတ် ကျက်စေတတ်သော၊ မအေး
လွန်း မပူလွန်းသော၊ အလယ်အလတ်ဖြစ်သော၊ ကမ္မဋ္ဌာန်းစီးဖြန်းရန် အခန့်သင့်ဖြစ်သော ပါစက တေဇော
ဓာတ်နှင့် ပြည့်စုံ၏။
၃။ မာယာ-သာဌေယျာ ကင်းခြင်း
မိမိ၌ ထင်ရှား မရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း သဘောလက္ခဏာကား သာဌေယျတည်း =
ဟန်ဆောင်ခြင်းတည်း။ မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာကား မာယာတည်း =
လှည့်ပတ်ခြင်းတည်း။ ကမ္မဋ္ဌာန်းဆရာအား လိမ်ညာ၍ တရားလျှောက်ထားခြင်းများလည်း မာယာ-သာဌေယျ
သဘောပင်တည်း။ ယောဂါဝစရရဟန်းသည် ယင်းသို့သော ဟန်ဆောင်ခြင်း လှည့်ပတ်ခြင်း မရှိ၊ ဆရာဖြစ်
တော်မူသော မြတ်စွာဘုရားရှင်၏ အထံ၌လည်းကောင်း၊ ပညာရှိကုန်သော သီတင်းသုံးဖော်တို့၏ အထံ၌သော်
လည်းကောင်း ဟုတ်မှန်သည့်အတိုင်း မိမိကိုယ်ကို ထင်စွာ ပြုတတ်၏။ (မိမိ၏ အပြစ်ကို ဟုတ်မှန်သည့်အတိုင်း
ဝန်ခံ၍ ၀ိနည်းတော်နှင့်အညီ ကုစားခြင်းတည်း။)
၎။ သမ္မပ္ပဓာန် လုံ့လ၀ီရိယ ရှိ ခြင်း
အကုသိုလ်တရားတို့ကို ပယ်ရှားရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော အပြင်းအထန်
ကြိုးစားအားထုတ်သော လုံ့လ၀ီရိယ ရှိသည်ဖြစ်၍ နေ၏၊ အားထုတ်နိုင်စွမ်း ရှိ၏၊ မြဲမြံစွာ အားထုတ်မှု ရှိ၏။
ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား။
၅။ ၀ိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်း
ပညာရှိ၏၊ ရုပ်-နာမ်တို့၏ အဖြစ်အပျက်ကို သိစွမ်းနိုင်သော ပညာနှင့် ပြည့်စုံ၏။ စင်ကြယ်သော၊ ကိလေ
သာထု အစိုင်အခဲကို ဖောက်ခွဲ ဖျက်ဆီးနိုင်သော၊ ဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော
ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံ၏။ (မ၊၃၊၂၉၈-၂၉၉။)
credit to Bhikkhu Dhamma
No comments:
Post a Comment