Video
Tuesday 20 May 2014
၅၂၈ သွယ်​​​မေတ္တာပွားပုံ
၁. အ​နောဓိတ​မေတ္တာ ၅မျိုး
    ၁။ သ​ဗ္ဗေသတ္တာ = အလုံးစုံ​သောသတ္တဝါအ​ပေါင်းတို့သည်
    ၂။ သ​ဗ္ဗေပါဏာ = အလုံးစုံ​သော ထွက်​သက်​ဝင်​သက်​ ရှိသည့်​ သတ္တဝါအ​ပေါင်းတို့သည်
    ၃။ သ​ဗ္ဗေဘူတာ = အလုံးစုံ​သော ကိုယ်​ထင်​ရှားရှိသည့်​ သတ္တ၀ါအ​ပေါင်းတို့သည်
    ၄။ သ​ဗ္ဗေပုဂ္ဂလာ = အလုံးစုံ​သော ပုဂ္ဂိုလ်​အ​ပေါင်းတို့သည်
၂. သြဓိသ​မေတ္တာ ခုနစ်​မျိုး
    ၁။ သဗ္ဗာက္ကုတ္ထိ​ယော = အလုံးစုံ​သော မိန်းမ. အ​ပေါင်းတို့သည်
    ၂။ သ​ဗ္ဗေပုရိ​သော = အလုံးစုံ​သော ​ယောကျားင်္ အ​ပေါင်းတို့သည်
    ၃။ သ​ဗ္ဗေအ၇ိယာ = အလုံးစုံ​သော အရိယာ အ​ပေါင်းတို့သည်
    ၄။ သ​ဗ္ဗေအနရိယာ = အလုံးစုံ​သော ပုထုဇဉ် အ​ပေါင်းတို့သည်
    ၅။ သ​ဗ္ဗေ​ဒေဝါ = အလုံးစုံ​သော နတ်​ဗြဟ္မာ အ​ပေါင်းတို့သည်
    ၆။ သ​ဗ္ဗေမနုသာ = အလုံးစုံ​သော လူ အ​ပေါင်းတို့သည်
    ၇။ သ​ဗ္ဗေဝိနိပါတိကာ = အလုံးစုံ​သော အပါယ်​သတ္တဝါ  အ​ပေါင်းတို့သည်
၃. ​မေတ္တာပွားနည်း​လေးချက်
     ၁။ အ​ဝေရာ​ဟောန္တု = ​ဘေးရန်​ကင်းကြပါ​စေ
     ၂။ အဗျာပဇ္ဇျာ​ဟောန္တု = စိတ်​ဆင်းရဲ ကင်းကြပါ​စေ
     ၃။ အနိဃာ​ဟောန္တု = ကိုယ်​ဆင်းရဲ ကင်းကြပါ​စေ
     ၄။ သုခီအတ္တာနံပရိဟရန္တု = ကိုယ်​စိတ်​နှစ်​ဖြာ ချမ်းသာလွယ်​ကူစွာဖြင့်​ မိမိတို့၏ ခန္တာဝန်​ကို ရွက်​​ဆောင်​နိုင်​ကြပါ​စေ
၎. အရပ်​မျက်​နှာ ၁၀ ပါး
     ၁။ ပုရတ္တိမာယဒိသာယ = အ​ရှေ့အရပ်​၌ ရှိကြကုန်​​သော
     ၂။ ပစ္ဆိမာယဒိသာယ = အ​နောက်​အ​ရပ်​၌ ရှိကြကုန်​​သော
     ၃။ ဥတ္တရာယဒိသာယ = ​မြောက်​အရပ်​၌
     ၄။ ဒိက္ခိဏာယဒိသာယ = ​တောင်​အရပ်​၌
     ၅။ ပုရတ္ထိမာယအနုဒိသာယ = အ​ရှေ့​တောင်​အရပ်​၌
     ၆။ ပစ္ဆိမာယအနုဒိသာယ = အ​နောက်​​မြောက်​အရပ်​၌
     ၇။ ဥတ္တရာယအနုဒိသာယ = အ​ရှေ့​မြောက်​အရပ်​၌
     ၈။ ဒိက္ခိဏာယအနုဒိသာယ = အ​နောက်​​တောင်​အရပ်​၌
     ၉။ ​ဟေဋ္ဌိမာယဒိသာယ = ​အောက်​အရပ်​၌
    ၁၀။ ဥပရိမာယဒိသာယ = အထက်​အရပ်​၌
၅. ၅၂၈ သွယ်​​သော​မေတ္တာဖြစ်​​ပေါ်လာပုံ
     အ​နောဓိတ​သတ္တဝါ ၅ မျိုး
     သြဓိသသတ္တဝါ  ၇ မျိုး
     စုစု​ပေါင်း      = ( ၇ + ၅ )* ၄ = ၄၈
     ထို့​နောက်​ အ​ရှေ့အရပ်​၌ ရှိကြကုန်​​သော  အထက်​ပါ သတ္တဝါ ၁၂ မျိုးကို *  ​မေတ္တာ ပွားနီး ၄ မျိုး  = ၄၈
အရပ်​ ၁၀ မျက်​နှာအတွက်​ ​မေတ္တာ​ပေါင်း = ၄၈*၁၀ = ၄၈၀
အရပ်​မျက်​နှာကိုမရည်​ညွှန်းဘဲပို့သည့်​ ​မေတ္တာ = ၄၈
စုစု​ပေါင်း = ၄၈၀ + ၄၈ = ၅၂၈
No comments:
Post a Comment
Gold price estimated