Video

Friday 30 May 2014

သာဓုမြိုင်မြိုင် မွေးနံ့ကြိုင်


သာဓုမြိုင်မြိုင် မွေးနံ့ကြိုင်  ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့၏ အသိုင်းအ၀ိုင်းတွင် သာဓု ဟူသောအသံမှာ ယဉ်ပါးနေပြီးဖြစ်ပါသည်။ စကားအနက်အဓိပ္ပါယ်များ ၆ မျိုးမှာတော့ ကောင်းလေစွ ၊ မြဲမြံခြင်း ၊ တောင်းပန်ခြင်း ၊ ၀န်ခံခြင်း ၊ ပျော်ရွှင်ခြင်း ၊ သူတော်ကောင်း ဟူ၍ လည်းဆိုထားပါတယ်။  သာဓု အင်္လကာမှာတော့  နာကိုး တောင်းရှစ် သာဓုတစ် ဟောလစ် အသင်္ချေ လို့ဆိုထားပါတယ်။ တရားနာယူခြင်း ကုသိုလ်သည် ကိးုကမ္ဘာအပါယ် မလားနိုင်ခြင်း၊ တရားတောင်းပါက ရှစ်ကမ္ဘာ မပါယ်မလားနိုင်ခြင်း၊ သာဓုခေါ်ခြင်းကြောင့် တစ်ကမ္ဘာ အပါယ်မလားနိုင်ခြင်း စသော အကျိုးတရားတို့ ရရှိနိုင်ကြောင်း ဟောကြားကြပါသည်။  ကျမ်းဂန်တို့၌လာသော သာဓု ခေါ်ခြင်းကြောင့် များစွာအကျိုးရှိပုံကို စာ၌ရေးသားထားပါသည်။   သာဝတ္ထိပြည်သား သူကြွယ်တဦးသည် ဘုရားရှင်၏ အစ၊ အလယ်၊ အဆုံး သုံပါးလုံးကောင်းမြတ်သည့် တရားတော်ကို နာကြားရ၍ အိမ်ရှင်မဖြစ်သူ ဇနီးသည်အား အကျိုးအကြောင်းပြောပြ ခွင့်ပန်ကာ သာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်၍ များမကြာခင်အချိန်မှာပင် တရားထူးရရှိသော ရဟန်းဘ၀သို့ ဆိုက်ရောက်ခဲ့ပါသည်။  ပသေဒနီ ကောသလမင်းကြီးသည် ခင်ပွန်း မရှိတော့ပြီဖြစ်သော ထိုအမျိုးသမီးအား မိဖုရားအဖြစ် ပစ္စည်းနှင့်တကွ သိမ်းပိုက်ခဲ့ပါသည်။ မင်းကြီးသည် မိဖုရားများစွာရှိပါသည်။ ကျန်မိဖုရားများစွာကိုတော့ ထုံးစံအတိုင်းကြာညိုပန်းများကို မိဖုရားတယောက်ကို တစ်ပွင့်စီ ပေးပါသော်လည်း မိဖုရားအသစ်ကလေးအား ကြင်နာယုယ၍ တစ်နေ့ကြာပန်း နှစ်ပွင့် ပေးလေ့ရှိသည်။ ထိုမိဖုရားသည် ပြုံး၇ွှင်စွာ ကြာပန်းနှစ်ပွင့်ကို နမ်းရှူပြီးနောက် သူမ မျက်နှာသည် ချက်ချင်း ညှိုးငယ်သွားကာ မျက်ရည်များစီးဆင်းလာသည်။ ထိုအကြောင်းကို ဘုရင်ကြီးက မေးမြန်းသောအခါ ခင်ပွန်းဟောင်းကိုသတိရပါကြောင်း၊ ထိုရဟန်းပြုသွားသူ၏ အာခံတွင်းကား ဤကြာညိုနံ့ကဲ့သို့ သင်းပျံ့  မွှေးကြိုင် ရနံ့များလှိုင်နေပါကြောင်း ပြောပြရာ ဘုရင်ကြီးက မိဖုရားစကား မှန်မမှန် သိလို၍ ဘုရားရှင်အား နန်းတော်သို့ ကြွေ၇ာက်ကာ ဆွမ်းအလှူခံရန် ပင့်လျှောက်ထားပါသည်။ နောက်နေ့တွင် မင်းကြီးက နန်းတော်အတွင်း မည့်သည့်ပန်း  ကိုမျှယူမလာရန် မိန့်ကြားထားသည်။  နောက်နေ့ဘုရားအမှူးပြုသော သံဃာတော်တို့အားဆွမ်းကပ်ပြီးနောက် လျှောက်ထားသည့်အတိုင်း ရဟန်းသစ် တပါးတည်းသာ တရားဟောတော်မူပါရန် နန်းတော်သို့ထားခဲ့ပြီး ဘုရားရှင်နှင့် သံဃာတော်များ ကျောင်းတော်သို့ ပြန်ကြွကြပါသည်။ ထိုရဟန်းပြုပြီးစ ရဟန်းတော်က တရားဟောရန် နှုတ်တော်ကိုဖွင့်ကာ အာခံတွင်းကို လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်ထဲ နန်းတော်တခုလုံး သင်းထုံမွှေးကြိုင်သော ကြာညိုနံ့များ တလူလူ သင်းပျံ့ နေပေတော့သည်။ တရားတော်ကို နာယူကြကုန်သော ပရိတ်သတ်တို့သည် မဖြစ်စဖူး အထူးအဆန်း အံ့သြကြကုန်၏။ ထို ရဟန်းတော်၏ အာခံတွင်းက ကြာညိုနံ့များ ထွက်ပေါ်လာရခြင်းအကြောင်းရင်းကို ဘုရားရှင်ဒာား မေးလျှောက်တော်မူသောအခါ `` မြတ်သောမင်းကြီး ဤရဟန်းတော်သည် အတိတ်ဝေးစွာ ကာလတခုတုန်းက ကောင်းမြတ်သော တရားတော်ကို နာယူတော်မူသောအခါ၌ ရိုသေစွာနာယူခဲ့တယ်။ တရားတော်ပြီးဆုံးသည်ရှိသော် ကောင်းလေစွ ကောင်းလေစွ ဟုကောင်းချီးနုမော် သာဓု သာဓုဟု ခေါ်ယူခဲ့ခြင်း ကောင်းမှုတရားများကြောင့်ပင် ကြာညိုနံ့ကဲ့သို့ ခံတွင်း၌ တစ်လှိုင်လှိုင်သင်းပျံ့၍ မွှေးရနံ့တို့ ထွက်ပေါ်ခြင်းဆိုတဲ့ အကျိုးတရားများ ရရှိခဲ့ပေတယ် အရှင်မင်းကြီး ´´ ဟုရှင်တော်ဘုရား ဟောကြားတော်မှုခဲ့ပါတယ်။ ဤအကြောင်းတို့အား ဓမ္မဗျူဟာ စာစောင်မှထုတ်နှုတ်ရေးသားလိုက်ပါသည်။ ဗုဒ္ဓဘာသာဝင်များအနေနှင့် တရားဓမ္မကို အာရုံစိုက်၍ နားထောင်ခြင်းအကျိုးတရားများ၊ ၀မ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာခေါ်ဆိုရခြင်း အကျိုးများ သိရှိစေရန် ၊ တရားတော်များအပေါ်တွင်လည်း သဒ္ဓါ တရားများတိုပွားလာစေရန် ရည်စိတ်သန်ကာ ရေးသားလိုက်ပါသည်။  ဗုဒ္ဓသာသနံ စိရံတိတ္တုပါဘုရား                                             သူရဇော်

ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့၏ အသိုင်းအ၀ိုင်းတွင် သာဓု ဟူသောအသံမှာ ယဉ်ပါးနေပြီးဖြစ်ပါသည်။ စကားအနက်အဓိပ္ပါယ်များ ၆ မျိုးမှာတော့ ကောင်းလေစွ ၊ မြဲမြံခြင်း ၊ တောင်းပန်ခြင်း ၊ ၀န်ခံခြင်း ၊ ပျော်ရွှင်ခြင်း ၊ သူတော်ကောင်း ဟူ၍ လည်းဆိုထားပါတယ်။
သာဓု အင်္လကာမှာတော့
နာကိုး တောင်းရှစ် သာဓုတစ် ဟောလစ် အသင်္ချေ လို့ဆိုထားပါတယ်။
တရားနာယူခြင်း ကုသိုလ်သည် ကိးုကမ္ဘာအပါယ် မလားနိုင်ခြင်း၊ တရားတောင်းပါက ရှစ်ကမ္ဘာ မပါယ်မလားနိုင်ခြင်း၊ သာဓုခေါ်ခြင်းကြောင့် တစ်ကမ္ဘာ အပါယ်မလားနိုင်ခြင်း စသော အကျိုးတရားတို့ ရရှိနိုင်ကြောင်း ဟောကြားကြပါသည်။
ကျမ်းဂန်တို့၌လာသော သာဓု ခေါ်ခြင်းကြောင့် များစွာအကျိုးရှိပုံကို စာ၌ရေးသားထားပါသည်။
သာဝတ္ထိပြည်သား သူကြွယ်တဦးသည် ဘုရားရှင်၏ အစ၊ အလယ်၊ အဆုံး သုံပါးလုံးကောင်းမြတ်သည့် တရားတော်ကို နာကြားရ၍ အိမ်ရှင်မဖြစ်သူ ဇနီးသည်အား အကျိုးအကြောင်းပြောပြ ခွင့်ပန်ကာ သာသနာ့ဘောင်အတွင်းသို့ ၀င်ရောက်၍ များမကြာခင်အချိန်မှာပင် တရားထူးရရှိသော ရဟန်းဘ၀သို့ ဆိုက်ရောက်ခဲ့ပါသည်။ 


ပသေဒနီ ကောသလမင်းကြီးသည် ခင်ပွန်း မရှိတော့ပြီဖြစ်သော ထိုအမျိုးသမီးအား မိဖုရားအဖြစ် ပစ္စည်းနှင့်တကွ သိမ်းပိုက်ခဲ့ပါသည်။ မင်းကြီးသည် မိဖုရားများစွာရှိပါသည်။ ကျန်မိဖုရားများစွာကိုတော့ ထုံးစံအတိုင်းကြာညိုပန်းများကို မိဖုရားတယောက်ကို တစ်ပွင့်စီ ပေးပါသော်လည်း မိဖုရားအသစ်ကလေးအား ကြင်နာယုယ၍ တစ်နေ့ကြာပန်း နှစ်ပွင့် ပေးလေ့ရှိသည်။ 



ထိုမိဖုရားသည် ပြုံး၇ွှင်စွာ ကြာပန်းနှစ်ပွင့်ကို နမ်းရှူပြီးနောက် သူမ မျက်နှာသည် ချက်ချင်း ညှိုးငယ်သွားကာ မျက်ရည်များစီးဆင်းလာသည်။ ထိုအကြောင်းကို ဘုရင်ကြီးက မေးမြန်းသောအခါ ခင်ပွန်းဟောင်းကိုသတိရပါကြောင်း၊ ထိုရဟန်းပြုသွားသူ၏ အာခံတွင်းကား ဤကြာညိုနံ့ကဲ့သို့ သင်းပျံ့  မွှေးကြိုင် ရနံ့များလှိုင်နေပါကြောင်း ပြောပြရာ ဘုရင်ကြီးက မိဖုရားစကား မှန်မမှန် သိလို၍ ဘုရားရှင်အား နန်းတော်သို့ ကြွေ၇ာက်ကာ ဆွမ်းအလှူခံရန် ပင့်လျှောက်ထားပါသည်။
 

နောက်နေ့တွင် မင်းကြီးက နန်းတော်အတွင်း မည့်သည့်ပန်း ကိုမျှယူမလာရန် မိန့်ကြားထားသည်။
နောက်နေ့ဘုရားအမှူးပြုသော သံဃာတော်တို့အားဆွမ်းကပ်ပြီးနောက် လျှောက်ထားသည့်အတိုင်း ရဟန်းသစ် တပါးတည်းသာ တရားဟောတော်မူပါရန် နန်းတော်သို့ထားခဲ့ပြီး ဘုရားရှင်နှင့် သံဃာတော်များ ကျောင်းတော်သို့ ပြန်ကြွကြပါသည်။ ထိုရဟန်းပြုပြီးစ ရဟန်းတော်က တရားဟောရန် နှုတ်တော်ကိုဖွင့်ကာ အာခံတွင်းကို လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်ထဲ နန်းတော်တခုလုံး သင်းထုံမွှေးကြိုင်သော ကြာညိုနံ့များ တလူလူ သင်းပျံ့ နေပေတော့သည်။ တရားတော်ကို နာယူကြကုန်သော ပရိတ်သတ်တို့သည် မဖြစ်စဖူး အထူးအဆန်း အံ့သြကြကုန်၏။
 

ထို ရဟန်းတော်၏ အာခံတွင်းက ကြာညိုနံ့များ ထွက်ပေါ်လာရခြင်းအကြောင်းရင်းကို ဘုရားရှင်ဒာား မေးလျှောက်တော်မူသောအခါ `` မြတ်သောမင်းကြီး ဤရဟန်းတော်သည် အတိတ်ဝေးစွာ ကာလတခုတုန်းက ကောင်းမြတ်သော တရားတော်ကို နာယူတော်မူသောအခါ၌ ရိုသေစွာနာယူခဲ့တယ်။ တရားတော်ပြီးဆုံးသည်ရှိသော် ကောင်းလေစွ ကောင်းလေစွ ဟုကောင်းချီးနုမော် သာဓု သာဓုဟု ခေါ်ယူခဲ့ခြင်း ကောင်းမှုတရားများကြောင့်ပင် ကြာညိုနံ့ကဲ့သို့ ခံတွင်း၌ တစ်လှိုင်လှိုင်သင်းပျံ့၍ မွှေးရနံ့တို့ ထွက်ပေါ်ခြင်းဆိုတဲ့ အကျိုးတရားများ ရရှိခဲ့ပေတယ် အရှင်မင်းကြီး ´´ ဟုရှင်တော်ဘုရား ဟောကြားတော်မှုခဲ့ပါတယ်။
 

ဤအကြောင်းတို့အား ဓမ္မဗျူဟာ စာစောင်မှထုတ်နှုတ်ရေးသားလိုက်ပါသည်။ ဗုဒ္ဓဘာသာဝင်များအနေနှင့် တရားဓမ္မကို အာရုံစိုက်၍ နားထောင်ခြင်းအကျိုးတရားများ၊ ၀မ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာခေါ်ဆိုရခြင်း အကျိုးများ သိရှိစေရန် ၊ တရားတော်များအပေါ်တွင်လည်း သဒ္ဓါ တရားများတိုပွားလာစေရန် ရည်စိတ်သန်ကာ ရေးသားလိုက်ပါသည်။
ဗုဒ္ဓသာသနံ စိရံတိတ္တုပါဘုရား

posts written by 
သူရဇော် ( facebook )

No comments:

Post a Comment

Gold price estimated