ပထမပုစ္ဆာ အမေး
၁. လောကလူ့ရွာမှာ အမြတ်ဆုံးကဘာလဲ
၂. ကောင်းစွာလေ့ကျင့်အပ်သောတရားမှာဘယ်တရားက ချမ်းသာ ကို ဆောင်နိုင်သလဲ
၃. အရသာအပေါင်းတို့မှာ အကောင်းမြတ်ဆုံး အရသာကဘာလဲ
၎.အသက်မွေးမှုအပေါင်းတို့မှာ အမြတ်ဆုံးအသက်မွေးမှုကဘာလဲ

မြတ်စွာဘုရား အဖြေ
အိုအဋ္ဌာဝက
အိုအဋ္ဌာဝက
၁.အမြတ်ဆုံးဥစ္စာကား ရတနာသုံးပါး ကိုယုံကြည်သော သဒ္ဒါတရား ။
၂.ကောင်းစွာလေ့ကျင့်အပ်သောတရားအပေါင်းမှာ ကုသိုလ် ကမ္မပထတရား ဆယ်ပါးဟာချမ်းသာကိုဆောင်နိုင်တယ် ။
၃.အရသာအပေါင်းတို့မှာ နိဗ္ဗာန် ဆိုတဲ့ပရမ္မတသစ္စာနဲ့ ဝစီသစ္စာတို့ဟာ အကောင်းမြတ်ဆုံး။
၎.အသက်မွေးခြင်းတကာတို့မှာ ပညာဖြင့်အသက်မွေးခြင်း ဟာအမြတ်ဆုံးပါပဲ ။

ဒုတိယပုစ္စာများ
အိုမြတ်စွာဘုရား
၁.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသြဃကို ကူးမြောက်နိင်သလဲ ။
၂.အဘယ်တရားဖြင့်သံသရာအယဉ် ဟူသောသမုဒ္ဒရာကို ကူးမြောက်နိင်သလဲ ။
၃.အဘယ်တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်နိုင်သလဲ။
၎.အဘယ်တရားဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်သလဲ

၁. သံသရာအယဉ် ဟူသောသြဃကို ယုံကြည်မှု့သဒ္ဒါတရားဖြင့် ကူးမြောက်နိုင်တယ်။
၂. သံသရာအယဉ် ဟူသော သမုဒ္ဒရာ ကိုမမေ့မလျှော့သော အပ္ပမာဒတရားဖြင့် ကူးမြောက်နိုင်တယ်။
၃.ကာမဂုဏ်ဆင်းရဲကို ဝီရိယဖြင့်လွန်မြောက်နိုင်တယ်။
၎.ပညာဖြင့်စိတ်၏စင်ကြယ်ခြင်းကို ဖြစ်စေနိုင်တယ်။

တတိယပုစ္စာများ
အိုမြတ်စွာဘုရား
အိုမြတ်စွာဘုရား
၁.အဘယ်သို့သောသူသည်ပညာရသလဲ။
၂.အဘယ်သို့သောသူသည်ဥစ္စာကိုရသလဲ။
၃.အဘယ်တရားဖြင့်ကျော်စောခြင်းသို့ေ၇ာက်သလဲ။
၎.အဘယ်တရားဖြင့်အဆွေခင်ပွန်းကို ရသလဲ ။
၅.အဘယ်သူသည်သေသည်၏နောက် တမလွန်၌ မစိုးရိမ်ရသလဲ။
၂.အဘယ်သို့သောသူသည်ဥစ္စာကိုရသလဲ။
၃.အဘယ်တရားဖြင့်ကျော်စောခြင်းသို့ေ၇ာက်သလဲ။
၎.အဘယ်တရားဖြင့်အဆွေခင်ပွန်းကို ရသလဲ ။
၅.အဘယ်သူသည်သေသည်၏နောက် တမလွန်၌ မစိုးရိမ်ရသလဲ။
မြတ်စွာဘုရား အဖြေ
အိုအဋ္ဌာဝက
၁.မမေ့လျှော့သောပညာရှိသည် နိဗ္ဗာန် ရောက်ကြောင်းတရားကို နာကြားသည်ဖြစ် ၍ပညာကိုရ၏။
၂.လျှောက်ပတ်သောအမှုကို ပြုလုပ်ရန် ဝီရိယရှိသူသည် ဥစ္စာကိုရ၏
၃.မှန်သောစကားဖြင့်ကြော်စောခြင်းသို့ရောက်၏
၎.ပေးကမ်းခြင်းဖြင့်အဆွေခင်ပွန်းကိုရ၏
၅.မှန်ကန်မှု့သစ္စာ ၊ ပညာရကြောင်းဓမ္မ ၊အားထုတ်မှု ဓီတိ ၊စွန့်ကြဲမှု စာဂ ဤလေးပါးတရားတို့နှင့် ပြည့်ဆုံသောသူသည် နောင်တမလွန်ဘဝ၌ မစိုးရိမ်ရသူ ဖြစ်ပေ၏

သာဓုသာဓုသာဓု
credit to Dr Mintinmon
No comments:
Post a Comment