Video

Saturday, 31 May 2014

အနာဂတ်သာသနာရေး အပိုင်း(၂၂) လောကအကျိုး ပြုကျင့်တော်မူပုံ



လောကအကျိုး ပြုကျင့်တော်မူပုံ
          ဗုဒ္ဓအလောင်းတော်သည်   ဗာရာဏသီပြည်ဝယ် ဘုရင့်သားတော်ဖြစ်၍ (၁၆)နှစ်အရွယ်၌ တက္ကသိုလ်ပညာ သင်ပြီးလျှင် အိမ်ရှေ့မင်း အဖြစ်ဖြင့်နေခိုက် တိုင်းသူပြည်သားအများတို့ နတ်ကို အထူးတလည် ကိုးကွယ်ဆည်းကပ်၍ ဆိတ် ကြက် ၀က်စသည်တို့ကို သတ်ဖြတ်ကာ ယဇ်နတ်ပူဇော်ကြသည်ကို မြင်ရသဖြင့် စဉ်းစားကြံစည်သည်မှာ… 
“လူအပေါင်းသည် အများအားဖြင့် မတရားမှု၌ သက်ဝင်နေကြပြီ၊ နတ်တွေကိုပင် အထင်ကြီးကာ မင်္ဂလာတစ်မျိုးဟု အားကို ယုံကြည် လျက် များစွာသော အသက်တွေကို သေအောင် ပြုနေကြပြီ၊ ခမည်းတော် ကွယ်လွန်၍ ငါမင်းဖြစ်လျှင် တစ်ယောက်တလေကိုမျှ မထိခိုက်စေဘဲ ဥပါယ်တံမျဉ် (နည်းလမ်းတစ်မျိုး)ဖြင့် ဤ သတ်ဖြတ်မှုတွေကို တားမြစ်အံ့”ဟု စဉ်းစားမိလေသည်။

          ဤသို့ စဉ်းစားပြီးလျှင် “နတ်သစ်ပင်”ဟု လူအများ ကိုးကွယ်၍ နေသော ညောင်ပင်ကြီးသို့ သွား၍ သူများလုပ်သလို ပန်းနံ့သာ တို့ဖြင့် ပူဇော်ပြီးလျှင် ရေစင်သွန်းလောင်းကာ လွန်စွာမြတ်နိုး၍ နတ်ကို အားကိုးဟန်ဆောင်လေသည်၊ ဤနည်းအတိုင်း မကြာခဏ သွားရောက်ပူဇော်ရင်းပင် ခမည်းတော် ကွယ်လွန်သဖြင့် မင်းဖြစ် သောအခါ မိမိကြံစည်ခဲ့သော အလုပ်ကို စ၍ လုပ်ဖို့ရာ လူကြီးများကို စည်းဝေးစေ၍ ပြောပြသည်မှာ…
ဘုရင်။           ။ လူကြီးများ…“ကျွန်ုပ် ဘာ့ကြောင့် ထီးနန်းကို ရတယ်”ဆိုတာ သိကြပါရဲ့လား။
လူကြီးများ။     ။ မသိကြပါ။
ဘုရင်။           ။ မကြာခဏ ပညောင်ပင်ကြီးသို့ သွား၍ ပန်းနံ့သာ တို့ဖြင့် ပူဇော်ပသ ရှိခိုးနေတာကိုတော့ မြင်ဖူးကြပါလိမ့်မယ်။
လူကြီးများ။     ။ မြင်ဖူးကြပါတယ်။
ဘုရင်။           ။ ထိုအခါတုန်းက နတ်မင်းကြီးကို ရှိခိုပြီး “ကျွန်ုပ်အား မင်းဖြစ်အောင် စောင့်ရှောက်တော်မူပါ၊ ကျွန်ုပ် မင်းဖြစ်လျှင် အရှင်နတ်မင်းအား ပူဇော်ပသပါမည်” ဟု ၀န်ခံခဲ့ပါတယ်၊ ထိုဝန်ခံချက်အတိုင်း နတ်မင်းကို ပူဇော်ရပါ့မယ်၊ ထိုပူဇော်ပွဲကို အမြန် စီမံကြပါ။
လူကြီးများ။     ။ ပူဇော်ဖို့ရာ ဘာများ အလိုတော် ရှိပါသလဲ။
ဘုရင်။           ။ နတ်မင်းထံ ၀န်ခံတုန်းက “သူ့အသက် သတ်မှု, သူ့ဥစ္စာ ခိုးမှု စသော ယုတ်မာမှုတို့ကို ပြုနေသူ လူပေါင်းတစ်ထောင်ရအောင် စု၍ ထိုသူတို့၏ အသား အသွေးများဖြင့် ပူဇော်ပါမည်”ဟု ၀န်ခံခဲ့ ပါတယ်၊ ထို့ကြောင့် ထိုလူမျိုးကို အလိုရှိကြောင်းကို တိုင်းသူပြည်သား လူအများသိအောင် စည်လည်ရပါ့မယ်၊ ထိုသူတွေကို ရမှ နတ်မင်းထံ ၀န်ခံမှု ပြီးစီးမည်ဟု ပြောပြလေသည်။
          လူကြီးတို့သည် ထိုအတိုင်းကြွေးကြော်၍ ဗာရာဏသီတစ်ပြည် လုံး စည်လည်စေရာ တစ်ယောက်တလေမျှ သူ့အသက် သတ်မှု စသည်ကို မပြုဝံ့ကြတော့သဖြင့် တစ်တိုင်းပြည်လုံး ကိုယ်ကျင့် ကောင်းမွန်သူချည်းဖြစ်လျက် အေးချမ်းသာယာစွာ နေကြရလေသည်၊ 
ဤသို့အားဖြင့် သတ္တ၀ါအများ၏ အကျိုးလိုလားမှု မေတ္တာ, အမြော်အမြင်ရှိမှု ဉာဏ်ပညာ, နှစ်ရှည်လများ ကြိုးစားမှု (ဇွဲ) ၀ီရိယ, ထိုသို့ကြိုးစားလျှင် သတ္တ၀ါတို့အား အကျိုးများနိုင်သည်ဟု ယုံကြည်မှု သဒ္ဓါ, တည်ကြည်မှု သမာဓိ, မမေ့မှု သတိ, စိတ်ဓာတ်ကို လှုံ့ဆော်မှု စေတနာတို့ဖြင့် လူအပေါင်း၏ကောင်းကျိုးကို ပြုကျင့်တော်မူခဲ့ခြင်းသည် လောကတ္ထစရိယာမည်၏၊ 
ထိုသို့ လောကကျိုး ပြုကျင့်သော ဘ၀ပေါင်းလည်း အလွန်များပြားလေရကား မေတ္တာ ကရုဏာ စသော စိတ်ဓာတ်သတ္တိသည် တစ်ဆင့်ထက်တစ်ဆင့် ရင့်ကာ ရင့်ကာ ကျင့်အားရှိလာသည်။ [မဟော်သဓာဘ၀၌ မင်းအပေါင်း ချမ်းသာကြောင်း ကိစ္စတို့သည် လောကတ္ထစရိယာပင်တည်း။]
 
Credit to

No comments:

Post a Comment

Gold price estimated