မေတ္တာဈာန်ကိုမှီဝဲခဲ့သည်ရှိသော်
၁.ချမ်းသာစွာအိပ်ရ၏
၂.ချမ်းသာစွာအိပ်ရာမှ နှိုးရ၏
၃.အိမ်မက်ဆိုးကို မမြင်မက်ရပေ
၎.လူသားတွေကချစ်မြတ်နိုးရ၏
၅.နတ်တွေကချစ်မြတ်နိုးရ၏
၆.နတ်တို့ကစောင့်ရှောက်ပေး၏
၇.ထိုမေတ္တာဈာန် ဝင်စားနိုင်သူ၏ သန္တာန်၍မီးလည်းမလောင် နိုင် အဆိပ်လည်းမသင့်နိုင် လက်နက်ခည်းမကျရောက်နိုင်
၈.စိတ်သည်လျှင်မြန်စွာ တည်ကြည်၏
၉.မျက်နှာရောင်အဆင်းသည် ကြည်လင်ရှင်းသန့်၏
၁၀.မတွေမဝေသေရ၏
၁၁.မေတ္တာ ဈာန်ထက် သာလွန်မြင့်မြတ်သည့် အရိယမဂ်ဥာဏ်ဖိုလ်ဥာဏ် ကိုထိုးထွင်းမသိခဲ့သည်ရှိသော် သေသာ်၏အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏ .

သတ္တ၀ါ တို့ကို ဖျက်စည်းလိုသည့် ဒေါသ စငည့် ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် မေတ္တာစေတောဝိမုတ္တိ အမည်ရသည့် မေတ္တာဈာန်ကို မှီဝဲခဲ့သည်ရှိသော် ၊ ပွားများရသည်ရှိသော် ၊ ကြိမ်ဖန်များစွာအလေ့အလာပြုခဲ့သည်ရှိသော် ၊မှိရာဝထ္တုကဲ့သို့ပြုထားခဲ့သည်ရှိသော် ၊ကောင်းစွာပွားများအားထုတ်ခဲ့သည်ရှိသော် ထို အကျိုး ၁၁ မျိုးကို အမှန်တကယ် ရလိမ့်မည် ဟု မျှော်လင့်အပ်ကုန်၏ ။
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ကိုပွားများအားထုတ်သော ရဟာန်းတော်သည်
၁.ဘုရားရှင်အပေါ်၌ ရိုသေလေးစား ကြည်ညိုမြတ်နိုးသော စိတ်ထားရှိ၏ ။
၂.သဒ္ဒါ၏ကြီးကကျယ် ပြန့်ပြောခြင်း ၊သတိ၏ကြီးကျယ်ပြန့်ပြောခြင်း ၊ ပညာ၏ကြီးကျယ်ပြန့်ပြောခြင်း ၊ ကောင်းမှုကုသိုလ်၏ ကြီးကျယ်ပြန့်ပြောခြင်းကိုလည်း ရနိုင်၏ ၃.နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရား များပြား၏
၎.ထိန်လန့် ကြောက်မက်ဖွယ် ဘေးအသွယ်သွယ်ကိုလည်း သည်းခံနိုင်၏ ၊ ဆင်းရဲဒုက္ခ အဝဝကိုလည်း သည်းခံနိုင်သော စွမ်းအားရှိ၏ ။
၅.ဘုရားရှင်နှင့်အတူ နေထိုင်ရခြင်းအမှတ်သညာကိုရရှိနိုင်၏
၆.ဗုဒ္ဓ နုဿတိ စိတ်ထားဖြင့်လွှမ်းမိုးလျှက် နေထိုင်နေနိုင်သော ယောဂီ ပုဂ္ဂိုလ်၏ ခန္ဓာသည်လည်း စေတီအိမ်ကဲ့သို့ပှုဇော်ထိုက်၏ ။
၇.ဘုရားအဖြစ်တည်းဟူသော ဗုဒ္ဓ ဘုံ၌ စိတ်ဓာတ်သည် ညွှတ်ကိုင်းရှိုင်းတတ်၏။
၈.သီလကို လွန်ကျူးဖို့ရန်အကြောင်းဝထ္တုနှင့် ဆုံဆည်းသည့်အခါ ထိုယောဂီသူတော်ကောင်း၏ မျက်မှောက်ဝယ် ဘုရားရှင်ကို ဖူးမြင်ရသကဲ့ သို့ဖြစ်ကာ သီလကို ချိုးဖောက်ရန် ရှက်ခြင်းကြောက်ခြင်း ဟိရိသြတ္တပ္ပတရားသည် ရှေ့ရှု့တည်လာ၏။
၉.အထက်ဖြစ်သော အရိယမဂ်ဥာဏ်ကို ထိုးထွင်း၍ မသိသေးခဲ့သော် သံသရာ ခရီးကိုဆက်ရန် ရှိနေသေးလျှင် သုဂတိ သံသရာ ခရီးက ထိုသူတော်ကောင်းကို ဆီးကြိုဖိတ်ခေါ်လျှက်ရှိပေသည် ။

copy from Pauksayartaw dhamma book
No comments:
Post a Comment