Video

Saturday, 31 May 2014

အနာဂတ်သာသနာရေး အပိုင်း(၂) ကောသလမင်းနှင့် တိတ္ထိဆရာကြီးများ


ကောသလမင်းနှင့် တိတ္ထိဆရာကြီးများ
          ထိုဗုဒ္ဓအမည်ခံ ဆရာကြီးတို့သည် “ပူရာဏကဿပ, မက္ခလိဂေါသာလ, နိဂဏ္ဌနာဋပုတ္တ, (သိဉ္စည်းဆရာကြီးဟု ထင်ရှားသော) သဉ္စယဗေလဋ္ဌပုတ္တ, ပကုဓကစ္စာယန, အဇိတကေသကမ္ဗလ”ဟု ၆-ယောက်ရှိ၏၊ တရားလိုက်စားသော လူအများပင် ထိုဆရာကြီးများ ကို တွေ့ဖူးကြ၏၊ အချို့လည်း ထိုဆရာကြီးများထံ တပည့်ခံကြ၏၊ 
အရှင်သာရိပုတြာနှင့်အရှင်မဟာမောဂ္ဂလ္လာန်တို့၏အလောင်းများပင် သိဉ္စည်းဆရာကြီးထံ တပည့်ခံဖူးကြသည်၊ ထိုဆရာကြီးတို့၏ တပည့် များတွင် ပါဝင်ကြသော အမတ်အချို့တို့သည် မိမိတို့ ဆရာကြီးကို မင်းဆရာ ဖြစ်စေလိုသောကြောင့် ကောသလမဟာရာဇာကို ဆွယ်တရား ဟောကြလေရာ ကောသလမဟာရာဇာလည်း အမတ် အားလုံးနှင့် မဆန့်ကျင်လိုသောကြောင့် “အမတ်မင်းတို့၏ဗုဒ္ဓများကို အမတ်မင်းတို့ကိုယ်တိုင် နန်းတော်သို့ ပင့်ခဲ့ကြပါ”ဟု လွှဲအပ်လေသော် ထိုအမတ်များလည်း မိမိတို့ဆိုင်ရာ ဗုဒ္ဓကို နန်းတော်သို့ မလိုက်  လိုက်အောင် အတင်းသွေးဆောင်၍ ပင့်ခဲ့ကြလေသည်၊

ကောသလ မင်းသည် အကောင်း အဆိုး နေရာအမျိုးမျိုးကို ခင်းထားစေနှင့်၍ သူတို့ရောက်လာသောအခါ “သင့်တော်သောနေရာ၌ ထိုင်ကြပါ”ဟု ပြောလေလျှင် ရှင်ဘုရင့်အထက်က မထိုင်ဝံ့သောကြောင့် အညံ့စား နေရာတို့၌သာ ထိုင်ကြလေသည်၊ ထိုသို့ ထိုင်မိကြလျှင်ပင် ရှင်ဘုရင်သည် (တင်းပုတ်ဖြင့် ဦးခေါင်းကို ရိုက်လိုက်သကဲ့သို့) “သင်တို့ ဗုဒ္ဓ ဟုတ်ကြသလား”ဟု တိုက်ရိုက်မေးလေတော့၏၊ 
ထိုအခါ “ဗုဒ္ဓ ဟုတ်ပါသည်”ဟု ၀န်ခံလျှင် ဗုဒ္ဓနှင့် ထိုက်တန်သော ပြဿနာကို မေးချေက မဖြေနိုင်သော် သာ၍ခက်ကြတော့မည် ဖြစ်သောကြောင့် “ဗုဒ္ဓ မဟုတ်ပါဘူး, လူတွေက ထင်နေကြတာပါ”ဟု အမှန်အတိုင်း ၀န်ခံကြသဖြင့် ရှင်ဘုရင်ထံမှ အပြစ်ကင်းစွာ ထွက်ခွာလာခဲ့ကြရ ပေသည်။ [ကောသလသံယုတ်]
အပြင်ရောက်မ တစ်မျိုးညာကြပုံ       
 
လောက၌ ကိုယ့်ပမာဏကို ကိုယ်မသိတတ်သူတွေ  အများအပြား  ရှိတတ်ပေ၏၊ ထိုလူစားတို့သည်  အများက ၀ိုင်း၍ မြှောက်သည့်အခါ နတ်ရူး ဗုံနှင့်မြှောက်, ခြေထောက်၍ ကကြလေတော့ သည်၊ ထိုဆရာကြီးခြောက်ယောက်ကား ကိုယ့်ပမာဏကို ကိုယ်မသိလောက်အောင် ထုံထိုင်းသူများ မဟုတ်ကြချေ၊ ထို့ကြောင့် ရှင်ဘုရင့်ရှေ့မှာ“ဗုဒ္ဓမဟုတ်ပါ”ဟု အတိအလင်း ၀န်ခံခဲ့ကြပေသည်။
သို့သော် မိမိကို အများက ၀ိုင်း၍ အထင်ကြီးနေကြသည့်အခါ ထိုအထင်ကြီးခံရသော အရသာကို အတော်သာယာနေကြခြင်းသည် ကမ္ဘာ့ဓမ္မတာတစ်ခုကဲ့သို့ ဖြစ်နေ၏၊ ထို့ကြောင့် ထိုဆရာကြီးတို့သည် ကိုယ့်အရည်အချင်းကို “ဗုဒ္ဓအဆင့်အတန်းသို့ မရောက်”ဟု သိကြသော်လည်း လူအများ၏ အထင်ကြီးမှု မပျက်အောင်ကား ဟန်ဆောင်လိုကြပေသေးသည်။
ထို့ပြင် မိမိနှင့် ဆက်ဆံနေသူကို (ဆရာ တပည့်, သား သမီး, သမီး ခင်ပွန်းချင်း စသူကို) မိမိကိုယ်တိုင် အထင်မကြီးပါသော်လည်း အခြားသူတို့ အထင်သေးမည်ကိုကား စိုးရိမ်ကြသေး၏၊ ထို့ကြောင့် ဆရာကြီးခြောက်ယောက်တို့ ရှင်ဘုရင့်အထံ ၀င်ရောက်နေခိုက်မှာ အပြင်ဘက်၌ ကျန်ရစ်ကြသော ဘုရားဒကာ အမတ်ကြီးတို့လည်း “မည်သူ့ဘုရားကို ရာဇဂုရုတံဆိပ်တော် ဆက်ကပ်၍ အသိအမှတ် ပြုလိုက်ကြမည်လဲ”ဟု အသည်းတယားယား အသားတဆတ်ဆတ် ရင်ဘတ်တဒိတ်ဒိတ်နှင့် ကျိတ်၍မျှော်လင့်နေကြဟန်ရှိ၏၊
ထို့ကြောင့် ထိုအရှင်ဆရာကြီးခြောက်ယောက်တို့ နန်းတော်အပေါက်မှ ထွက်လာလျှင် လာချင်း “ကိံ အာစရိယာ ရာဇာ တုမှေ ပဥှံ ပုစ္ဆိတွာ သက္ကာရသမ္မာနံ အကာသိ-ဘယ့်နှယ်လဲ ဆရာတော်ဘုရားတို့… မင်းတရားက အရှင်ဘုရားတို့ကို ပြဿနာမေးမြန်းလျှောက်ထား၍ လေးစားမြတ်နိုးမှုကို ပြုလိုက်ပါရဲ့လား”ဟု မေးမြန်းကြလေသည်၊ ထိုအခါ ထိုဆရာကြီးတို့ ရှေ့နောက်ညီအောင် လိမ်လည်ညာဖြန်း ကြပုံမှာ…
          “ရှင်ဘုရင်က ငါတို့ကို ဗုဒ္ဓဟုတ်ကြရဲ့လားဟု တိုက်ရိုက် မေးတယ်၊ ဗုဒ္ဓအရာကနေပြီး ပြဿနာကို ဖြေဆိုဟောပြလျှင် ဒီရှင်ဘုရင်မှာ နားလည်နိုင်သော အရည်အချင်းမရှိဘူး၊ ဒီတော့ သူ နားမလည်တာနဲ့ ငါတို့ကို ပြစ်မှား၍ အကုသိုလ်များရှာလိမ့်မယ်၊ ဒါ့ကြောင့် သူ့ကို သနားသည့်အတွက် “ဗုဒ္ဓမဟုတ်ပါ”ဟု ပြောခဲ့ကြရတယ်၊ “အမှာကံ ဗုဒ္ဓဘာဝေါ ပန ဥဒကေန ဓောဝိတွာပိ ဟရိတုံ န သက္ကာ= ငါတို့ ဘုရားအစစ်ဖြစ်တာကိုတော့ ရေနှင့်ဆေးပစ်တောင် မပျောက်နိုင်ပါဘူး”ဟု ပြောကြလေသည်။
 
Credit to
 

No comments:

Post a Comment

Gold price estimated