မေတ္တာပို့တဲ့အခါမှာ “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ရွေးပြီးနောက် “ ကျန်းမာပါစေလို့ပဲ ပြောပြော၊ ချမ်းသာပါစေလို့ပဲ ပြောပြော၊ အရာခပ်သိမ်း
အဆင်ပြေပါစေလို့ပဲ ပြောပြော ” ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို ပြောလို့ ရပါ
တယ်။ မေတ္တာပို့မယ့် ပုဂ္ဂိုလ်ကို ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ ထို
ပုဂ္ဂိုလ်ရဲ့မျက်နှာ စိတ်ထဲမှာ ပေါ်လာအောင် ပုံဖေါ်လိုက်ပါ။ ပုံဖေါ်လို့ မရဘူးဆိုလို့ရှိရင် သူ့ရဲ့ဓာတ်
ပုံလေးတစ်ခု ကိုယ့်ရှေ့မှာ ထားပြီးတော့ ပုံဖေါ်လိုက်ပါ။ သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာ ကြည်နူးနေတဲ့
မျက်နှာလေးကို ကြည့်ပြီးတော့ “ အစဉ်ထာဝရ ပြုံးနိုင်ပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ရွှင်
လန်းပါစေ ” ဆိုပြီး အဲဒီစိတ်ကလေး ထပ်တလဲလဲ ဖြစ်နေအောင် မေတ္တာထပ်ကျော့နေရပါတယ်။
တစ်နာရီလုပ်ရင် တစ်နာရီလုံး ထပ်ကျော့နေရပါတယ်။ (ပွတ်ပေး) မေတ္တာပို့နေရပါတယ်၊ အဲဒါကို
လေ့ကျင့်နေတယ်လို့ ခေါ်ပါတယ်။
အဲဒီလို ပွတ်ပေး(မေတ္တာပို့)နေလိုက်တဲ့ အခါမှာ ဘယ်နေရာပဲသွားသွား ဒီပုဂ္ဂိုလ်ရဲ့မျက်နှာ
ပဲ မြင်နေပါမယ်။ စိတ်က အဲဒီပေါ်မှာပဲ ငြိမ်ကျလာပါမယ်။ အဲဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ မေတ္တာ
စိတ်ကလေးနဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နောက်ဆုံးမှာ သမာဓိစွမ်းအားတွေ ကောင်း
လာလို့ရှိရင် အာရုံပေါ်မှာ စူးစူးစိုက်စိုက်ဖြစ်ပြီးတော့နေတဲ့ သမာဓိစွမ်းအား ဈာန်သမာဓိတောင် ရ
နိုင်ပါတယ်။
သူငယ်ချင်းရဲ့ မျက်နှာပေါ်မှာ စိတ်ကလေးအမြဲတမ်းရောက်နေတာ ၀ိတက်။ဝိတက် ဆိုတာ
အာရုံပေါ် စိတ်ကလေးကို ပို့တင်ပေးနေတာပါ။ ၀ိစာရ ဆိုတာ အာရုံနဲ့ စိတ်ကလေး ကွာမသွား
အောင် လုပ်ဆောင်ပေးနေတဲ့သဘော၊ အဲဒီ အာရုံလေးနဲ့ စိတ်ကျေနပ်နေတာက ပီတိ၊ စိတ်ကျေနပ်
နေသလို စိတ်ထဲမှာ ငြိမ်းချမ်းနေတာက သုခ၊ အဲဒီအာရုံလေးကို စိတ်က ခွာလို့မရတာက ဧကဂ္ဂတာ၊
အဲဒီ ၅ ခုဟာ ဟန်ချက်ညီညီ အလုပ်လုပ်နေပြီ ဆိုလို့ရှိရင် ပထမဈာန်လို့ခေါ်ပါတယ်။ ပထမဈာန်
ရပြီပေါ့။ သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ အာရုံစိုက်ပြီး အလုပ်လုပ်နေပြီ၊ ချမ်းသာပါစေ၊ ရွှင်လန်းပါစေ
ကျန်းမာပါစေဆိုတဲ့ စိတ်ဓာတ်လေး ပွားပြီးတော့ အလုပ်လုပ်နေပြီ၊ အဲဒီလို အလုပ်လုပ်နေလို့ရှိရင်
ခုနက အင်္ဂါရပ်တွေ ပြည့်စုံလာရင် ပထမဈာန်ပဲ။
ဒီထက် စွမ်းအားမြှင့်လိုက်တဲ့အခါကျတော့ တွေးနေစရာ မလိုတော့ဘူး၊ ၀ိတက်ဆိုတာ မလို
တော့ဘဲနဲ့အာရုံလေးက ခွာလို့မရတာရယ်၊ စိတ်ထဲက ကျေနပ်တာရယ်၊ ချမ်းမြေ.နေတာရယ်၊ တည်
ငြိမ်နေတာရယ်၊ ဒီသဘောလေး ၄ မျိုးနဲ့ဖွဲ့စည်းလိုက်တာကျတော့ ဒုတိယဈာန်အဆင့်လို့ခေါ်ပါတယ်။
နောက်တစ်ခါ ဒီထက် သမာဓိစွမ်းအားတွေ မြှင့်လိုက်အခါကျတော့ အာရုံနဲ့စိတ် တွယ်ကပ်အောင်
လုပ်ပေးစရာမလိုတော့ဘဲ ထိုအာရုံလေးပေါ်မှာ ကျေနပ်နေတာရယ်၊ နှစ်သက်နေတာရယ်၊ တည်ငြိမ်နေ
တာရယ် ဒီအခြေအနေ ၃ ရပ်ကလေးနဲ့ ထိုအာရုံပေါ်မှာရပ်တည်နေလို့ရှိရင် တတိယဈာန်လို့ခေါ်ပါတယ်။
မေတ္တာပွားတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလို ဈာန် ၃ ဆင့်ထိအောင် ရနိုင်တယ်။ အဲဒီ ဈာန် ၃ ဆင့် ရသွားမှ
စေတောဝိမုတ္တိ လို့ခေါ်ပါတယ်။ ပိယပုဂ္ဂလ လို.ခေါ်တဲ့ ကိုယ်ချစ်ရတဲ့ ချစ်ခင်တဲ့ပုဂ္ဂိုလ်နဲ့ လေ့ကျင့်လိုက်
လို့ အောင်မြင်သွားတဲ့ မေတ္တာလေးကို ဒီအတိုင်းမထားနဲ့ဦး၊ မေတ္တာကို ဖြန့်ကျက်ကြည့်ဦး၊ ထိုမေတ္တာ
လေးကို transfer လုပ်ရမယ်၊ ဘယ်သူ့အပေါ် transfer လုပ်မလဲဆိုရင် ချစ်လည်းမချစ် မုန်းလည်းမ
မုန်းတဲ့ ကိုယ်မသိတဲ့ပုဂ္ဂိုလ်အပေါ်မှာ ပြောင်းကြည့်လိုက်ပါ။ ပြောင်းကြည့်လိုက်လို့ရှိရင် ဒီမေတ္တာသဘော
တရားလေးဟာ လျော့ကျမသွားဘူး၊ ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ ထားတဲ့ စိတ်အခြေအနေဟာ မုန်း
လည်းမမုန်း ချစ်လည်းမချစ်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ သွားထားလိုက်လို့ အခြေအနေပြောင်းလဲသွားတယ်ဆို
လို့ရှိရင် ဒါ ဒုတိယအဆင့်အနေနဲ့ အဆင်ပြေအောင်မြင်သွားပါပြီ။
ပထမ ပိယပုဂ္ဂလ၊ ဒုတိယ မဇ္ဈတ္တ အလယ်အလတ်ပုဂ္ဂိုလ်ပေါ်မှာ ပြောင်းကြည့်လို့ အခြေအနေ
မပြောင်းဘူးဆိုရင် ကိုယ်နဲ့မတည့်တဲ့ ရန်သူဆိုတဲ့ ပုဂ္ဂိုလ်ပေါ်ကို ပြောင်းကြည့်လိုက်ပါ။ ပြောင်းကြည့်
လိုက်လို့ ဒေါသဖြစ်လာလို့ရှိရင် မေတ္တာဟာ မကြံ့ခိုင်သေးပါ။ ပြန်ပြီးတော့ မေတ္တာကိုလေ့ကျင့်လိုက်ပါ။
လေ့ကျင့်ပြီးတဲ့အခါ တစ်ခါပြန် စမ်းသပ်ကြည့်လိုက်ပါ၊ အာရုံပြောင်းပြီးတော့ ရန်သူအပေါ် မေတ္တာထား
လို့ ရသွားပြီ ဆိုလို့ရှိရင် မေတ္တာဟာ တော်တော် ခိုင်သွားပါပြီ။
အဲဒီလိုလုပ်ပြီးတော့ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား
ပါ။ နောက်ဆုံးမှာ လူ ၄ ယောက်၊ နံပါတ်တစ်က မိမိကိုယ်တိုင်၊ နံပါတ်နှစ်က ကိုယ်ချစ်ခင်တဲ့ပုဂ္ဂိုလ်၊ နံ
ပါတ်သုံးက ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သာမန် ပုဂ္ဂိုလ်၊ နံပါတ်လေးက ရန်သူ၊ အဲဒီ ၄ ယောက်
ကို ရန်သူလို့လည်း မမြင်တော့ဘူး၊ ကိုယ့်ကိုယ်လို့လည်း မမြင်တော.ဘူး၊ ကိုယ့်မိတ်ဆွေလို့လည်း မမြင်
တော့ဘူး၊ ကိုယ်နဲ့မသိတဲ့ ပုဂ္ဂိုလ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်ရန်သူလို့လည်း မမြင်တော့ဘူး၊ အားလုံး
ဒီ ၄ ယောက်စလုံးဟာ တစ်မျိုးတည်း တစ်ခုတည်းလို့မြင်သွားပြီဆိုရင် ဒီလူရဲ့ မေတ္တာဟာ အစွမ်းထက်
ဆုံးအဆင့် ရောက်သွားပြီ။
{ ၁၃၇၁ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကိုင်းတန်း
လမ်း၌ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “စိတ်၏ ထွက်ပေါက်များ” တရား
တော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:
Post a Comment