Video

Thursday, 22 January 2015

နာကိုး တောင်းရှစ် သာဓုတစ်”- မေးခွန်း အဖြေ



“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသင်္ချေ” ဟူသောစကားကို ပါဠိတော် အဋ္ဌကထာတို့၌ မပါကြောင်း ရှေးယပ်လှဲတရားစာ စသည်တို့၌သာတွေ့မိကြောင်း ပညာရှင်တို့ ဖြေကြားဖူးလေပြီ။
(ဂါထာအနေဖြင့် ဤသို့ရှိသတဲ့–
န၀ကပ္ပံ သုတဓမ္မံ ၊ အဋ္ဌကပ္ပဉ္စ ယာစိတော၊
ဧကော ကပ္ပေါ နုမောဒနာ၊ ဒေသိတော စ အသင်္ချေယော။)
ရှေးဦးစွာ လင်္ကာပါအတိုင်း အကျိုးရနိုင်,မရနိုင် မစိစစ်မှီ၊ ပါဠိတော် အဋ္ဌကထာတို့၌ လာသော တရားနာခြင်း စသည်တို့၏ အကျိုးတရားတို့ကို ဖော်ပြချင်ပါသည်။

နာ-ကိုး
အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မဿဝန သုတ်တွင် တရားနာခြင်းဖြင့် အကျိုးငါးပါး ရနိုင်ကြောင်း အောက်ပါ အတိုင်းဟောတော်မူထား၏။
ရဟန်းတို့ တရားနာခြင်း၌ ၊ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း-
အဘယ်ငါးမျိုးတို့နည်းဟူမူ-
  1. မကြားဘူးသည်ကို ကြားနာရ၏၊
  2. ကြားဘူးသည်ကို ဖြူစင်စေ၏၊
  3. ယုံမှားမှုကို ကူးမြောက်နိုင်၏၊
  4. အယူကိုဖြောင့်မှတ်စွာ ပြုနိုင်၏၊
  5. ထိုသူ၏ စိတ်သည် ကြည်လင်၏။
ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု-(မိန့်တော်မူ၏)။ (အင်၊မြန်၊၂၊၂၇၂)
ထို့ပြင် တရားတော်ကို ကြားနာခြင်းဟူသော သောတသာဝန၊ နှုတ်ဖြင့် သရဇ္ဈာယ်ခြင်းဟူသော ပရိစိတ၊ စိတ်ဖြင့် အဖန်ဖန်ကြံစည်ခြင်းဟူသော မနသာအနုပေက္ခိတ၊ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိခြင်းဟူသော ဒိဋ္ဌိယာသုပနိဝိဒ္ဓ၊ ဤလေးပါးသောကိစ္စတို့ဖြင့် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် လေးပါးသော အကျိုး တရားတို့ကို ရနိုင်ကြောင်းအင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ သောတာနုဂတသုတ်တွင် ဟောတော်မူထား၏။ (အင်၊မြန်၊၁၊၅၁၉)
လေးပါးဟူသော်ကား-….
၁။မေ့လျော့သည်ဖြစ်၍ လုူ့အဖြစ်ကို စွန့်ရသည်ရှိသော် အထက်နတ်ပြည်၌ဖြစ်ရ သဖြင့် ရှေးဘ၀၌ကြားနာအပ် အားထုတ် အပ်သော ပရိယတ္တိတရားရှိသောပုဂ္ဂိုလ်သည် ကြည်လင်သောကြေးမုံပြင်၌ထင်သော မျက်နှာ ရိပ်ကဲသို့ အလိုလိုပင် ထင်ခြင်းသို့ ရောက်သဖြင့် မဂ်ညဏ်၊ ဖိုလ်ညဏ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းတစ်ပါး။
၂။မိမိအလိုလိုပင် တန်းခိုးကြီးသောရဟန်းတို့ဟောပြော၍ ထပ်မံနာရပြန်သောအခါ၌ လိမ္မာသောယောက်ျား သည် အရပ်တစ်ပါး၌ စည်ကြီးသံကိုကြားသည်ရှိသော် ကြားသောခဏ၌စည်းကြီးသံဟု မတွေမဝေ သိနိုင် သကဲ့သို့ တရားသံကိုကြားရသောခဏ၌ မတွေမဝေသိသဖြင့်လောကုတ္တရာ တရားအထူးကို ရခြင်းတစ်ပါး။
၃။တန်းခိုးကြီးသောရဟန်း မဟောသော်လည်း သုဓမ္မာသဘင်၌ သနင်္ကုရဗြဟ္မာ သိကြားမင်းတို့ ဟောပြော၍ ကြားနာရသော ခဏ၌ မဂ်ဖိုလ်ရခြင်းတစ်ပါး။
၎။ထို့သို့ပင် မဟုတ်သော်လည်း အပေါင်းအဖော်နတ်တို့ သတိပေး၍ မဂ်ဖိုလ်ရခြင်းတစ်ပါး။ ဤလေးပါးတို့တည်း။
အထက်ပါဖော်ပြချက်တို့တွင် ဓမ္မဿဝနသုတ်လာ ငါးပါးသောအကျိုးတရားတို့သည် ယခု မျက်မှောက် ဘ၀အတွက်ဖြစ်၏။ သောတာနုဂတသုတ်လာ လေးပါးသောအကျိုး တရားတို့သည် နောင်တမ လွန်ဘ၀ အတွက်ဖြစ်၏။
သို့သော် ထိုအကျိုးတရားတို့ကို လူတိုင်း မုချ အလွယ်တကူ ရနိုင်ကြသည် မဟုတ်ကုန်။
အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ်၊ ဒုက္ကထာသုတ်၌ ဟောတော်မူသည့်အတိုင်း သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ မရှိသူတို့အား ထိုသဒ္ဓါစသောတရားတို့သည် မကောင်းသော စကားတို့သာဖြစ်၏။
ထို့ကြောင့် ထိုသူမျိုးတို့အား ထိုသဒ္ဓါတရားစသည်နှင့်စပ်သော တရားစကားတို့ကို ကြားနာရသော အခါ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇစသည်မဖြစ်၊ နှလုံးမသာယာခြင်း ဒေါမနဿ စသည် တို့သာဖြစ်၏။ ထို့ကြောင့် ထိုသူမျိုးတို့အား တရားနာရခြင်း အကျိုးတရားတို့ ပြည့်ပြည့်၀၀ မဖြစ်ပွားကြကုန်။
အကျိုးတရားခံစားကြရသူတို့တွင်လည်း ဤဘ၀မဂ်ဖိုလ် ရထိုက်သုတို့သည် ဤဘ၀၌ပင် မဂ်ဖိုလ်ကို ရနိုင်ကြကုန်၏။
ဤဘ၀၌ မဂ်ဖိုလ်မရထိုက်သူ အချို့သည် နောက်ဘ၀၌ မဂ်ဖိုလ်ရနိုင်ကြကုန်၏။ အချိုသူတို့အား အထုံဝါသနာ အနေအားဖြင့်သာ ဖြစ်ကုန်၏။ သို့ရကား တရားနာရခြင်း၏ အကျိုးတရားတို့ကို ဘ၀ဖြင့်ပိုင်းခြား၍ မဖြစ်နိုင် ပါချေ။
တောင်း ရှစ်

မြန်မာနိုင်ငံတွင် တရားမဟောမီ ၀တ်အဖွဲ့ ၊ နိဗ္ဗာန်ဆော်၊ ပန်းဒကာ စသူတို့က မိမိတို့ရရှိထားသော တရားတောင်းလင်္ကာများဖြင့် တရားဒေသနာများ ချီးမြှင့်ဟောကြားတော်မူပါရန် ရွတ်ဆိုတောင်းပန်ကြကုန်၏။ သို့ရာတွင် ထိုသူတို့အား တရားတောင်းသူ အစစ်ဟု မဆိုနိုင်ကုန်။ ထိုသူတို့ မတောင်းပန်လျှင်လည်း တရား ပွဲဖြစ်မြောက်အောင်တာဝန်ယူပင့်ဖိတ်သူ၊ စီစဉ်ဆောင်ရွက်သူ အလှူရှင် တို့က လျှောက်ထားတောင်း ပန်ပြီး ဖြစ်သောကြောင့် ဟောမည်ပင်ဖြစ်၏။ ထိုကြောင့် ထိုဓမ္မဒါန ကုသိုလ်ရှင် စီင်္စဉ်ဆောင်ရွက် သူတို့သာ မူလတရားတောင်းသူတို့ ဖြစ်ကုန်၏။ ထိုသူတို့သည် တရားဟော သူနှင့်မခြား ဓမ္မဒါန ကုသိုလ်တရားတို့  ဖြစ်ပွားရရှိကြကုန်၏။
မှန်၏။ ကုသိုလ်အမှု၌ဖြစ်စေ၊ အကုသိုလ်အမှု၌ဖြစ်စေ ကိုယ်တိုင်ပြုသူ (သာဟတ္တိက) စေခိုင်းတိုက်တွန်းသူ (အာဏတ္တိက) အကျိုးပြ၍ ချီးမွမ်းသူ (၀ဏ္ဏဘာသန) ကျေနပ်သဘောကျသူ(သမနုညာ)တို့အား ထပ်တူအကျိုးရနိုင်ကြောင်း အဖွင့်အဋ္ဌကထာများ နှင့်အညီ ရှေးဆရာတို့ ဤသို့လင်္ကာဖွဲ့ဆိုပြတော်မူထား၏။
“ကမ္မပထ၊ ဆယ်ပါးပြ၌၊ နှစ်ဝ ဒု-သု၊ ကိုယ်တိုင်ပြုနှင့်၊ သူတို့စေငြား၊ ရွှင်အားနှစ်သက်။ ချီးမွမ်းမြွက် ဟု၊ လေးချက်ဆီလီ၊ လေးဆယ်စီတည်း၊ မျှညီ ပြစ်ကျိုး၊ တူရိုးအဟုတ်၊မြတ်သမ္ဗုဒ်တို့၊ မယုတ်မပို၊ ဟောမိန့်ဆိုခဲ့။ (မဃဒေ၀၊၂၃၀)
ဓမ္မဒါနကုသိုလ်ရှင်ဟု ခေါ်ဆိုကြသော တရားပွဲဖြစ်မြောက်ရန် မတည်လှူဒါန်းသူ အလှူရှင်သည် ဓမ္မကထိက ပုဂ္ဂိုလ်အားလည်း ဓမ္မဒေသနာကုသိုလ်ဖြစ်စေသူ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အားလည်း ဓမ္မဿဝနကုသိုလ်ဖြစ်စေသူ တရားဟောသူ တရားနာသူ စီစဉ်သူအားလုံးတို့အား အာမိသဒါန ဓမ္မဒါန တို့ကို ဖြစ်ပွားစေသူ ဖြစ်သဖြင့် လွန်စွာကျေးဇူးများလှ၏။
သို့ရာတွင် ထိုသို့တောင်းပန်သူ တိုက်တွန်းသူများ ဘ၀ပေါင်းမည်မျှအကျိုးပေးနိုင်၏ ဟု ဘ၀ဖြင့် ပိုင်းခြား၍ ဟောပြသော ဒေသနာတို့ကို မတွေ့ရပေ။ မေးခွန်းပါ တရားနာခြင်း၊ ဟောခြင်း တောင်းပန်းခြင်း သာဓုခေါ်ခြင်း အမှုတို့သည် ဒါန သီလ ဘာဝနာ ဟု ကုသိုလ်အမှု့ သုံးခုရှိရာတွင် ဘာဝနာကုသိုလ်တွင် စာရင်းဝင်၏၊ ဘာဝနာကုသိုလ်၏ ပန်းတိုင်သည်လည်း မဂ်ဖိုလ်နိဗ္ဗာန် မြန်မြန်ရရန်ဖြစ်၏။ ထို့ကြောင့် အကျိုး တရားတို့ကို ဘ၀ဖြင့် ပိုင်းခြားပြစရာ မလိုဟု ယူဆပါသည်။
သာဓု တစ်

တရားနာရာ၌ သာဓုခေါ်ရခြင်း၏ အကျိုးပြ ၀တ္ထုသက်သေတစ်ခုကို အင်္ဂုတ္တိုရ် အဋ္ဌကထာမှ ထုတ်နှုတ်ပြပါမည်။
မြတ်စွာဘုရားသခင် သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခိုက် တစ်ယောက်သော သူဌေးသမီး၏ လင်ယောက်ျားသည် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ “ ဤတရားကို လူ့ဘ၀ဖြင့် ဖြည့်ကျင့်ခြင်းငှါ မလွယ်ကူ” ဟု ယူဆကာ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတစ်ပါး၏ အထံ၌ ရဟန်းပြုလေ၏။
ထိုသူ၏မယားကို ပသေနဒီကောသလမင်းကြီးက သိမ်းပိုက်ကာ ကိုယ်လုပ်မောင်းမအရာ၌ ထားလေ၏။ တနေ့သောအခါ ကြာညိုပန်းတစ်စည်းကို ယူ၍ မောင်းမတစ်ယောက်စီအား ကြာညိုပန်း တစ်ပွင်စီပေးစေ၏။ ထိုသို့ဝေဘန်ရာတွင် ထိုရဟန်းဝတ်သွားသူ၏ မယားဟောင်းသည် ပန်းနှစ်ပွင့်ရလေ၏- ထိုမောင်းမသည် ပြုံးပျော်ကြည်နူးကာ ပန်းတို့ကို နမ်းရိုက်လျှင် လင်ဟောင်းဖြစ်သော ရဟန်းကို အောက်မေ့သတိရသဖြင့် ငိုကြွေးမိလေ၏။ မင်းကြီးသည် ထိုမိန်းမ၏ ပြုံးရီလိုက် ငိုလိုက် ဖြစ်နေပုံကို တွေ့မြင်၍ ခေါ်ကာမေးလေလျှင် “ကြာညိုပန်း နှစ်ပွင့်ရသဖြင့် ၀မ်းသာကာ ပြုံးရယ်မိကြောင်း ကြာပန်းကို နမ်းရှိုက်စဉ် ခံတွင်းမှ ကြာညိုပန်းနံထွက်သော ယခုရဟန်းပြုသွားပြီဖြစ်သော လင်ဟောင်းကို သတိရသဖြင့် ငိုကြွေးမိကြောင်း အကြောင်းစုံကို လျှောက်တင်လေ၏။
ပသေနဒီကောသလမင်းကြီးသည် သုံးကြိမ်တိုင်တိုင်မေးမြန်း စစ်ဆေး၍ မယုံကြည်သေးသဖြင့် နောက်နေ့တွင် နန်းတော်သို့ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို ပင့်ဖိတ်၍ အလှူကြီးပေးကာ ဆွမ်းကိစ္စပြီးသောအခါ၌ ထိုမောင်းမကို မေးမြန်းမှတ်သား၍ ဘုရားရှင်အား ရှိခိုးကာ “အရှင်ဘုရား၊ ရဟန်းအပေါင်းနှင့် တကွ ပြန်ကြွတော် မူပါ။
တပည့်တော်တို့အား ဤမည်သောရဟန်း တရားဟောပါလိမ့်မည်”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် (သူဌေးသမီး၏ လင်ယောက်ျားဖြစ်ဘူးသော) ထိုရဟန်းကို ချန်ထား၍ ပြန်ကြွတော်မူ၏။
မထေရ်သည် အနုမောဒနာတရား ဟောအံ့သောငှါ ပါးစပ်ဟလိုက်လျှင်ပင် နန်းတော်တစ်ခုလုံး နံ့သာကြုတ် ကဲ့သို့ဖြစ်၍ အလွန်မွှေးကြိုင်သွား၏။ မင်းကြီးသည် မောင်းမ၏ စကားကို ယုံကြည် သွားပြီး နောက်နေ့၌ ဘုရားရှင်ကို မေးလျှောက်လေ၏၊
မြတ်စွာဘုရားသည် “ဤရဟန်းကား အတိတ်ဝေးစွာ ရှေးအခါတုန်းက တရားစကား နာကြားရသည်ရှိသော် “သာဓုသာဓု” ဟု ကောင်းချီးနုမော် သာဓုခေါ်လျက် ပတ္တာနုမောဒန ကုသိုလ်ကို အရိုအသေ ဖြစ်စေခဲ့ဖူးလေပြီ ။ ထိုကုသိုလ် အကြောင်းရင်းကြောင့် ဤသို့သော အကျိုးအာနိသင်ကို ရရှိခြင်းဖြစ်၏။ ဟု မိန့်တော်မူ၏။
(အံ၊ ဋ္ဌ၊ ၁၊ ၂၂ )
“သတည်း” ချတိုင်း ၀တ္တရားအရ သာဓုခေါ်ရခြင်းမျိုးမဟုတ်ပဲ တရားတော်၌ နားစိုက်ကာ ဓမ္မရသ သောက်သုံးရသဖြင့် အားရရွှင်လန်း ၀မ်းမြောက်သည့်အနေ ချီးမွမ်းသည့်အနေဖြင့် သာဓုခေါ်နိုင်လျှင် ၀ဏ္ဏဘာသန ပတ္တာနုမောဒန ကုသိုလ်တရားများ ဟောသူနှင့်မခြား အလားတူ ရရှိနိုင်သည်။
ဟောလစ် အသင်္ချေ

သံယုတ်ပါဠိတော် ကိံဒဒသုတ်တွင် “ အမတံဒဒေါ စ သော ဟောတိ ၊ ယော ဓမ္မမနုသာသတိ။ “အကြင်သူသည် တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမ၏။ ထိုသူသည် အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်မည်၏” ဟု ဘုရား ရှင်ဟောတော် မူပါသည်။( သံ၊ ၁၊ ၂၉)
ယင်းသုတ်၏ အဋ္ဌကထာ အဖွင့်တွင် “ တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမခြင်း- အရ အကြောင်းအကျိုးကို အစဉ်အားဖြင့် ဆုံးမခြင်း ပိဋကတ်သုံးပုံ၏ အဋ္ဌကထာကို ဖွင့်ဆိုပြသခြင်း၊ ပါဠိတော်ကို ပို့ချခြင်း၊ ကမ္မဋ္ဌာန်းတရား ညွှန်ကြားပြသခြင်း၊ သူတစ်ပါးတို့အား တရားနာအောင် သွေးဆောင်တိုက်တွန်းခြင်းတို့ ပါဝင်ကြောင်း ဖွင့်ဆို ရှင်းပြထား၏။ (သံ၊ ဋ္ဌ၊၁၊၇၉)
တဖန် အများသိပြီးဖြစ်သော ဓမ္မပဒပါဠိတော်လာ “ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ” (ခပ်သိမ်း ဒါန ဟူသမျှတွင် ဓမ္မဒါန တရားအလှူ မြတ်ဆုံးဟူ၏။ ) ဟူသော ဂါထာပါဒ၏ အဋ္ဌကထာအဖွင့်ကို အဓိပ္ပယ်သိသာရုံမျှ ဘာသာပြန်ပြရလျှင်-ဤစကြ်ာဝဠာတိုက်အတွင်းမှသည် ဗြဟ္မာပြည်တိုင်အောင် စည်ဝေးတည်နေတော် မူကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့အား မွန်မြတ်ကုန်သော ဆွမ်း ၊သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါးတို့ကို ပေးလှူရာ၏ ။
ထိုပေးလှူအပ်သော အာမိသဒါန ကုသိုလ်သည် ထိုအစည်း အဝေး၌ လေးပါဒမျှရှိသော ဂါထာတစ်ပုဒ်ကို ဟောကြားအပ်သော ပုဂ္ဂိုလ်၏ ဓမ္မဒါနကုသိုလ်ကို ၁၆-စိတ်(၀ါ) ၂၅၆ စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမှီနိုင်။အဘယ်ကြောင့်ဆိုသော် ထိုဆိုအပ်ပြီးသော ကုသိုလ်ကြီးတို့ကို ပြုလုပ်နိုင်ကြခြင်း သည် တရားတော်ကို နာရ၍သာ ပြုလုပ်နိုင်ကြခြင်း ဖြစ်၏။
အကယ်၍သာ တရားတော်ကို မနာရသဖြင့် အကျိုးအကြောင်းကို မသိမြင် မယုံကြည်နိုင်ကြလျှင် ယာဂုတစ်ရှုတ် ဆွမ်းတစ် လုပ်ကိုမျှ လှူနိုင်ကြလိမ့်မည်မဟုတ်ကုန်၊ ဤအကြောင်းကြောင့် ဓမ္မဒါနသည် ခပ်သိမ်းသော ဒါနတို့ထက် သာလွန်မွန်မြတ်၏။
တစ်နည်းလည်း ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါတို့မှ တစ်ပါး ရွာသွန်းနေသော မိုးရေမိုးပေါက် တို့ကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော ပညာနှင့်ပြည့်စုံသော အရှင်သာရိပုတ္တရာအစရှိသော ပုဂ္ဂိုလ်တို့သည်ပင် မိမိတို့ အလိုလို သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ခြင်းငှါ မတတ်နိုင်ကုန် ။ အရှင်အဿဇိမထေရ် စသော ပုဂ္ဂိုလ်များ ဟောကြားတော်မူအပ်သော တရားဒေသနာများကို နာကြားရမှသာ မဂ်ဖိုလ်ရနိုင်ကြပါသည် ။ ဤအကြောင်းကြောင့်လည်း အလှူအားလုံးထက် တရားအလှူက သာ၍မြတ်၏ ။
ဤမျှဖြင့် ဟောခြင်း နာခြင်းတို့၏ အကျိုးတရားတို့ကို အမြွက်မျှသိရပေပြီ။ နာကိုးတောင်းရှစ် စသည်ဖြင့် ဘ၀ဖြင့် ပိုင်းခြားပြသော အကျိုးတရားတို့ကို ပိဋကတ်တော်၌ တိုက်ရိုက် မတွေ့ရသော်လည်း မဖြစ်နိုင်ဟု မမှတ်ယူစေလို၊ ထိုထက်သာ၏-ဟုပင် ဆိုနိုင်ပါသည်။ အကြောင်းမှာ တရားနာရခြင်း ဟောရခြင်းတို့ကြောင့် ဘ၀ကိုမုန်းကာ ဘ၀ဆုံး အောင် အားထုတ်သဖြင့် မြန်မြန်နိဗ္ဗာန်ရနိုင်သောကြောင့် ဖြစ်ပါသည် ။
အရှင်ကောဝိဒ (ယော )

အရိယာဟု ၀န်ခံကြသူများ


> ရန်ကုန်မြို့ရှိ မိတ်ဆွေတစ်ယောက်ထံမှ ‘အရိယာကြေညာစာတမ်း’ များကို ဖတ်ရပါသည်။ တာမွေမြို့နယ်မှ လူပုဂ္ဂိုလ်ဆရာတစ်ဦး၏ တရားပြမှုဖြင့် တရားထိုင်ကြကာ မိမိတို့ အရိယာတွေ ဖြစ်နေကြပါပြီဟူသော လူပုဂ္ဂိုလ်များ၏ ကြေညာစာရွက်များ ဖြစ်ပါသည်။ မိတ်ဆွေက လက်ခံချင်ပုံရပါသည်။ ထို့ကြောင့် ကျွန်တော်ထက် ပရိယတ္တိပညာ ကြီးသူများ၏ အဖြေများဖြင့် သူကိုရှင်းလင်းပြလိုသောကြောင့် လူသိရှင်ကြား မေးမြန်းအပ်ပါသည်ခင်ဗျား–

(က) တရားထိုင်တုန်း ကိုက်ခဲနာကျင်မှု ဝေဒနာတွေ ပေါ်လာတာဟာ ၀ဋ်ကြွေးချေရတာ ဖြစ်သည်။
“မဟာနာမ် ငါသည် အခါတစ်ပါး၌ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ နေ၏။ ထိုအခါ များစွာသော နိဂဏ္ဌတို့သည် ဣသိဂိလိတောင်နံဘေး ကျောက်ဖျာနက်ပေါ်၌ ထိုင်နေခြင်းကို ပယ်ကြကုန်လျက် မတ်မတ်ရပ် တည်နေကြကုန်၏၊ အားထုတ်မှုကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲ ဝေဒနာတို့ကို ခံစားကြကုန်၏။
မဟာနာမ် ထိုအခါ ငါသည် ညနေချမ်း အချိန်၌ ကိန်းအောင်းရာမှ ထလျက် ဣသိဂိလိတောင်နံဘေး ကျောက်ဖျာနက်ပေါ်ရှိ ထိုနိဂဏ္ဌတို့ အထံသို့ ချဉ်းကပ်ပြီးသော် “ငါ့ရှင် နိဂဏ္ဌတို့ အဘယ်ကြောင့် သင်တို့သည် ထိုင်နေခြင်းကို ပယ်၍ မတ်မတ်ရပ်တည် နေကြလျက် အားထုတ်ခြင်းကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဒုက္ခဝေဒနာတို့ကို ခံစားကြကုန်သနည်း” ဟု ပြောဆို၏။
မဟာနာမ် ဤသို့ ပြောဆိုသော် ထိုနိဂဏ္ဌတို့က ငါ့အား “ငါ့ရှင် နာဋ၏သား နိဂဏ္ဌသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ သွားနေစဉ် ရပ်နေစဉ် အိပ်နေစဉ် နိုးနေစဉ် ဉာဏ်အမြင်သည် ငါ့အား အမြဲမပြတ် ရှေးရှုထင်၏ ဟု ဉာဏ်အမြင် အကြောင်းကို အကြွင်းမဲ့ ၀န်ခံ၏၊ ထိုနာဋ၏သား နိဂဏ္ဌသည် ‘အိုနိဂဏ္ဌတို့ ရှေး၌ ပြုထားသော မကောင်းမှု ကံသည် ရှိသည်သာတည်း၊ ထိုမကောင်းမှု ကံကို ဤစပ်ရှားလှသည့် ပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းဖြင့် ချေဖျက်ကြ ကုန်လော့၊ ယခုဘ၀၌ ကိုယ်ဖြင့် စောင့်စည်းခြင်း နှုတ်ဖြင့် စောင့်စည်းခြင်း စိတ်ဖြင့် စောင့်စည်းခြင်းသည်ပင် နောင်ဘ၀၌ မကောင်းမှု ကံကို မပြုခြင်းဖြစ်၏၊ ဤသို့လျှင် ကံဟောင်းတို့ကို အကျင့်ဖြင့် ဖျက်ဆီးခြင်း, ကံသစ်တို့ကို မပြုခြင်းကြောင့် နောင်ဘ၀၌ မတိုးပွားခြင်း ဖြစ်၏၊ နောင်ဘ၀၌ မတိုးပွားခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခ ကုန်၏၊ ဆင်းရဲဒုက္ခ ကုန်ခြင်းကြောင့် ခံစားခြင်း ဝေဒနာ ကုန်၏၊ ဝေဒနာ ကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခ အားလုံးသည် ပျက်ပြုန်းလတ္တံ့’ ဟု ဆို၏။ (စူဠဒုက္ခက္ခန္ဓသုတ်)
အထက်ပါသုတ်လာ နိဂဏ္ဌ နာဋပုတ္တ၏ အယူဝါဒနှင့် မေးခွန်းပါ အယူအဆသည် တူညီနေသည်ကို တွေ့ရသဖြင့် အညတိတ္ထိယ၀ါဒ မိစ္ဆာဝါဒဖြစ်ကြောင်း ထင်ရှားပါသည်။ နိဂဏ္ဌတို့အား ဘုရားရှင်အောက်ပါအတိုင်း ကဲ့ရဲ့တော်မူ၏။
“ငါ့ရှင် နိဂဏ္ဌတို့ “ဤသို့လျှင် ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာ၊ မဖြစ်ခဲ့ကြဖူးသည် မဟုတ်” ဟု သင်တို့ မသိကြကုန်။ ငါတို့သည် “ရှေးက မကောင်းမှု ကံကို ပြုခဲ့ကြဖူးသည်သာ၊ မပြုခဲ့ကြဖူးသည် မဟုတ်ကုန်” ဟု မသိကြကုန်။ “ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ” ဟု မသိကြကုန်။ “ဤမျှသော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှသော ဆင်းရဲဒုက္ခကို ချေဖျက်ရ ဦးမည်၊ ဤမျှသော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခ အလုံးစုံသည် ကျေပျက်လတ္တံ့” ဟု မသိကြကုန်။ မျက်မှောက် ဘ၀၌ပင် အကုသိုလ် တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို မသိကြကုန်။ ငါ့ရှင် နိဂဏ္ဌတို့ ဤသို့ဖြစ်သော် လောက၌ ကြမ်းတမ်းသူ သွေးစွန်းသော လက်ရှိသူ ကြမ်းကြုတ်သော အမှု ရှိသူတို့သည် လူဖြစ်လာကုန်လျက် နိဂဏ္ဌတို့၌ ရှင်ရဟန်း ပြုကြလေကုန်ယောင် တကား” ။ (စူဠဒုက္ခက္ခန္ဓသုတ်)
မြတ်ဗုဒ္ဓ၏ ဒေသနာအရမူ–
“ဖဿသမုဒယာ ဝေဒနာသမုဒယော၊ ဖဿနိရောဓါ ဝေဒနာနိရောဓော”
“တွေ့ထိမှု ‘ဖဿ’ ဖြစ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏။ တွေ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ချုပ်ငြိမ်း၏။”
ကတမော စ ဘိက္ခဝေ ဝေဒနာနိရောဓော၊ ဖဿနိရောဓာ ဘိက္ခဝေ ဝေဒနာနိရောဓော။
ရဟန်းတို့ ဝေဒနာတို့၏ ချုပ်ငြိမ်းမှုဟူသည် အဘယ်နည်း။
ရဟန်းတို့ တွေ့ထိမှု ဖဿ ချုပ်ငြိမ်းမှုသည် ဝေဒနာတို့၏ ချုပ်ငြိမ်းမှု ဖြစ်၏။
တရားထိုင်တုန်းဖြစ်စေ၊ ဖဲရိုက်နေတုန်းဖြစ်စေ ကိုက်ခဲနာကျင်မှု ဝေဒနာတွေ ပေါ်လာခြင်းသည် ၀ဋ်ကြွေးကြောင့်မဟုတ်၊ ဖဿကြောင့်သာ ဖြစ်၏။ ဖဿရှိနေသမျှ၊ အာရုံနှင့် အာရမ္မဏိက တိုက်ဆိုင်နေသမျှ၊ မြင်-ကြား-နံ-စား-တွေ့ထိ- ကြံဆနေသမျှ ဖဿရှိနေမည်ဖြစ်၏။ ဖဿရှိနေသမျှ ဝေဒနာရှိမည်ဖြစ်၏၊ လူမသေသမျှ ဝေဒနာမကုန်။
(ခ) ဒီဝေဒနာတွေကို ကျော်အောင်မှတ်နိုင်ရင် ၀ဋ်ကြွေးကျေပြီး ဉာဏ်စဉ်တက်သည်။
ဤမေးခွန်းအတွက် ဖားအောက်ဆရာတော်ကြီး၏ မှတ်ချက်ကို ဖော်ပြချင်ပါသည်။
အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ပြောဆိုချက်———
အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား တရားထိုင်လိုက်သဖြင့် အချိန် အနည်းငယ် ကြာညောင်း၍ ခန္ဓာကိုယ်ဝယ် နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်လာသောအခါ ယင်းနာကျင်ကိုက်ခဲမှု စသည်ကို လိုက်ရှုကြ၏။ ထိုသို့ ရှုလိုက်သဖြင့် နာကျင်ကိုက်ခဲမှု စသည်တို့ ပျောက်ပျက်သွားသောအခါ “ဝေဒနာကို ကျော်သွားပြီ၊ ဝေဒနာကုန်သွားပြီ၊ ဝေဒနာ မရှိတော့ပြီ” ဟု ပြောတတ်ကြ၏။
ထိုသို့ ပြောဆိုလာသူတို့အား “အသိစိတ်ကော ရှိပါသေးသလား”ဟု မေးမြန်း ကြည့်သောအခါ “အသိစိတ်ကား ရှိနေသည် မချုပ်သေးပါ”ဟု အဖြေပေးကြ၏။
ယင်းသို့ ဝေဒနာကို နိုင်အောင်တိုက်နိုင်ပါသည်ဟု ၀န်ခံသော ထိုယောဂါဝစရ ပုဂ္ဂိုလ်မြတ်တို့၏ အလိုမှာ “ဝေဒနာကား ချုပ်သွား၏၊ အသိစိတ်ကား မချုပ်သေး”ဟု ဆိုလိုနေကြ၏။
ဘုရားရှင်၏ အဆုံးအမ သာသနာတော်၌ကား ဝေဒနာစေတသိက်သည် သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် ဖြစ်၏။ စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်၏၊ စိတ်ရှိနေသမျှ ဝေဒနာကား ရှိလျက်ပင် ဖြစ်သည်။ စိတ်ဖြစ်နေသမျှ ဝေဒနာကား ဖြစ်လျက်ပင် ရှိ၏။ ထိုဝေဒနာမှာ သုခသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဒုက္ခသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဥပေက္ခာသော်လည်း ဖြစ်ရာ၏။ ဝေဒနာတစ်မျိုးမျိုးကား စိတ်ဖြစ်တိုင်း ပါဝင်လျက် ရှိ၏။
ဘုရားဟောနှင့် ခေတ်အပြောကား ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေ၏။ မည်သည့် အဆိုကို အမှန်ယူသင့်သည် ဟူသော အချက်ကား အသင်သူတော်ကောင်းကိုယ်တိုင် ဆုံးဖြတ်ယူရမည့် ကိုယ်ပိုင် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ အကယ်၍ အသင်သူတော်ကောင်းဘက်က “ဘုရားဟောကား မှား၏၊ မိမိ၏ ကိုယ်တွေ့ဉာဏ်မြင်ကား မှန်၏”ဟု အဖြေပေးလာသည် ဖြစ်အံ့၊ ထိုဘုရားကိုပင် အသင်သူတော်ကောင်း အနေဖြင့် ယုံကြည်သိမှတ် ဆည်းကပ် ကိုးကွယ်ဖို့ရန် သင့်မသင့်ကိုပါ ထပ်မံ စဉ်းစားရတော့မည် ဖြစ်ပေသည်။ “ဘုရားဟောကား မှား၏”ဟု အဖြေပေးနေသောကြောင့် ဖြစ်၏။
ဝေဒနာ မချုပ်ဘူးလား
ဝေဒနာကား ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရမည့် တရားစုသာ ဖြစ်၏။ ဝေဒနာကို ကုန်အောင်တိုက်ရမည့် တရားကား မဟုတ်ပေ။ ဝေဒနာကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော တဏှာအမျိုးမျိုးတို့ကိုသာ ကုန်အောင်တိုက်ရမှာ ဖြစ်သည်။ တဏှာကို ကုန်ခန်းစေသည့် ကျင့်စဉ်ကား – အကြောင်းတရားနှင့် တကွသော ဝေဒနာ အ၀င်အပါ ဖြစ်သည့် ခန္ဓာ (၅)ပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ၀ိပဿနာ ရှုပွားသုံးသပ်ခြင်း လုပ်ငန်းရပ်ပင် ဖြစ်သည်။ (နိဗ္ဗာနဂါမိနီပဋိပဒါ-ဒု-တွဲ)
ဗုဒ္ဓစာပေကျမ်းဂန်များတွင်———
၁။ အသညသတ်ဘုံတွင် ဖြစ်ရာအခါ၊ ၂။ နိရောဓသမာပတ် ၀င်စားရာအခါ၊ ၃။ ဘုရား ရဟန္တာများ ပရိနိဗ္ဗာန်ဝင်စံပြီးရာအခါ -ဟု ဝေဒနာချုပ်ရာအခါ သုံးမျိုးလာရှိ၏။
ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ၏ ဖြေရှင်းချက်ကိုလည်း ဖော်ပြပါဦးမည်။
“ဝေဒနာက ပိုင်းခြားသိရမယ့် ဒုက္ခသစ္စာထိုက်တဲ့ တရားပါ။ ပယ်ရမယ့် တရားမဟုတ်ပါ။ အဲဒီဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာက ပယ်ရမယ့် သမုဒယသစ္စာ ထိုက်တဲ့တရားပါ။ သဘောပေါက်လား။”
“မှန်ပါ၊ သဘောပေါက်ပါတယ်ဘုရား”
ပယ်မှားဖြစ်မယ်။ ။ ယောဂီတို့ ၀ိပဿနာဘာဝနာတရား ရှုပွားအားထုတ်နေတာဟာ ပယ်ရမယ့်တရားကို ပယ်နိုင်အောင်၊ ပိုင်းခြားသိရမယ့်တရားကို ပိုင်းခြားသိနိုင်အောင် အားထုတ်နေတာပါ။
အင်း ပိုင်းခြားသိရမယ့်တရားကို ပယ်ရင် ပယ်မှားဖြစ်မယ်၊ ပယ်မှားဆိုရင် ဘယ်သွားမှာလဲ၊ မိစ္ဆာဒိဋ္ဌိဖြစ်သွားမှာပေါ့။
တကယ်ပယ်ရမှာက ဝေဒနာကို အာရုံပြု၍ဖြစ်တဲ့ ကိလေသာကို ပယ်ရမှာပါ။ အဲဒီ ကိလေသာကိုတော့ မပယ်ဘဲနဲ့ ဝေဒနာကုန်အောင်ဆိုပြီး ဝေဒနာကို ပယ်နိုင်အောင် ရှုပွားအားထုတ်ရင် အမှားကြီးမှားပါတယ်။
အဲဒီအမှားကြီးဟာ ၀ိပဿနာတရားနယ်ထဲမှာ တော်တော်ကျယ်ပြန့်နေပါတယ်။ ယောဂီတော်တော်များများဟာ အဲဒီအမှားကြီးကို အမှန်ထင်ပြီး စွဲလမ်းနေကြပါတယ်။
ယောဂီတို့ သေသေချာချာ နားထောင်ပါ။ ဝေဒနာဟာ ဒုက္ခသစ္စာ ထိုက်တဲ့တရားပါ။ ပိုင်းခြားသိရမယ့်တရားပါ။ ပယ်ရမယ့်တရား မဟုတ်ပါ။ ကုန်အောင်လုပ်ရမယ့်တရား မဟုတ်ပါ။ (ဝေဒနာရှုပွားနည်း၊ ဓမ္မဒူတအရှင်ပညာဇောတ)
(ဂ) လူကောင်ကြီးကြီး တစ်ယောက်က အပါယ်တံခါး ပိတ်လိုက်တာမြင်ရပြီး၊ ဂျိမ်းခနဲ အသံပါ ကြားလိုက်ရသည်။
ဤမေးခွန်းအတွက်ကား အထူးဖြေရှင်းစရာလိုမည် မထင်ပါ။ ပိဋကတ်တွင်လည်း အလားတူဖြစ်ရပ်မျိုးမရှိပါ။
(ဃ) ထိုင်ရက် ၂၇- ရက်၊ အကြိမ် ၇၀-မှာ မဂ်ကျပြီး၊ ၄-ရက်အကြာ ၁၆-နာရီ ထိုင်ပြီးမှ ဖိုလ် ၁၀-ကြိမ် ၀င်စားနိုင်သည်။
မဂ်ကျပြီး အတော်ကြာမှ ဖိုလ်ကျသည်ဟု ဆိုရာရောက်သောကြောင့် မှားပါသည်။ ဖိုလ်သည် မဂ်စိတ်ဖြစ်ပြီးလျှင် ဆက်တိုက်ဖြစ်သော အချိန်မဆိုင်းသော အကာလိက-တရား ဖြစ်ပါသည်။ အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုသော တရားဖြစ်ပါသည်။
(င) ၎င်းတို့ညွှန်းသော သံလျင်ဘက်မှ ရိပ်သာတစ်ခုတွင် ၁၅-ရက် တရားစခန်း တရားတစ်ပတ်၌ လူ ၅၀-၀င်လျှင် ၄၀-ခန့် သောတာပန်တည်ကြသည်။
ဤမေးခွန်းလည်း ဖြေစရာလိုမည် မထင်ပါ။
(စ) ထိုကဲ့သို့ မိမိကိုယ်မိမိ အရိယာဟု ကြေညာခြင်းဖြင့် ဖြစ်နိုင်သော အကျိုး၊အပြစ်။
၁၃၅။ အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ၀န်ခံ၏၊ ဤသူသည်သာလျှင် ဗြဟ္မာနှင့် တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီးပေတည်း။ (သုတ္တနိပါတ်၊ ၀သလသုတ်)
အထက်ပါ ဒေသနာအရ မိမိကိုယ်မိမိ အရိယာဟု ကြေညာရာတွင် အမှန်တကယ် မဟုတ်ဘဲ ကြေညာက အယုတ်မာဆုံး ခိုးသူကြီး ဖြစ်ပေလိမ့်မည်။
၇၈၉။ အကြင်သူသည် မိမိ၏ သီလနှင့်အကျင့်တို့ကို မမေးပါဘဲလျက် သူတစ်ပါးတို့အား ပြောဆို၏၊ အကြင်သူသည်ကား မိမိ (အကြောင်းအရာ)ကို ကိုယ်တိုင်ပင် ပြောဆို၏၊ ထိုပြောဆိုခြင်း ဟူသမျှကို သူယုတ်မာတို့ သဘောဟူ၍ ပညာရှိ တို့ ဆိုကြကုန်၏။ (ဒုဋ္ဌဋ္ဌကသုတ်)
အထက်ပါသုတ်အရ တကယ်အရိယာဖြစ်သည့်တိုင် မမေးဘဲ ပြောက၊ မိမိအကြောင်းကို ကိုယ်တိုင်ပြောက သူယုတ်မာ သဘောရှိသူ ဖြစ်ပေလိမ့်မည်။ (အမှန်တကယ် အရိယာဖြစ်သူက မိမိအကြောင်းကို မမေးဘဲမပြောပါ။ မေးတိုင်းလည်း မပြောပါ။)
၇၉၀။ လောက၌ အကြင်ရဟန်းသည် ကိလေသာ ငြိမ်းအေးသူ ကိလေသာ ငြိမ်းအေးသော စိတ်ရှိသူ ဖြစ်လျက် ငါသည် သီလတို့၌ တည်သူဟု မကြုံးဝါး မပြောဆို၊ အကြင်ရဟန်းအား သံသရာပွါးစီးကြောင်း ကိလေသာတို့ အနည်း ငယ်မျှ မရှိကုန်၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်မျိုးကို သူတော်ကောင်း သဘောရှိသူ ဟူ၍ ပညာရှိတို့ ဆိုကြကုန်၏။ (ဒုဋ္ဌဋ္ဌကသုတ်)
၇၂၇။ ရေမပြည့်သော အိုးသည် အသံမြည်၏ (ဘောင်ဘင်ခတ်၏)၊ ရေပြည့်သော အိုးသည် ငြိမ်သက်သည် သာတည်း၊ သူမိုက်သည် ရေမပြည့်သော အိုးနှင့် တူ၏၊ ပညာရှိသည် ရေပြည့်သော အိုးကြီးနှင့် တူ၏။ (၄၃) (သုတ္တနိပါတ်၊ နာလကသုတ်)
အထက်ပါသုတ်တို့ကို ထောက်ဆ၍ ချင့်ချိန်ကာ ယုံကြည်ကြပါ။ အားပေးသင့်မှ အားပေးကြပါ။
အရှင်ကောဝိဒ (ယော)
မှတ်ချက် = မေးသူ —- ဦးစံမတူ (မန္တလေး)

Tuesday, 20 January 2015

ယမမင်း တောင့်တသောဆုတောင်း (၅) ချက်




ယမမင်းသည် သူတော်ကောင်းကြီးဖြစ်ပြီး ငရဲပြည်သို့ ရောက်လာသော သူများကို လူ့ဘ၀ တစ်လျှောက်လုံး ဘာကုသိုလ်မှ မပြုဘဲ မေ့လျောနေသူများ အားတွေ့ မြင်ရသောအခါ သံဝေဂ ရကာ အောက်ပါ တောင့်တချက် ငါးမျိုးကို တောင့်တသည်။

၁) ယမမင်းကြီးက လူဖြစ်ရင်ကောင်းမှာဘဲ ဟုတောင့်တသည်။
၂) လူဖြစ်ရင်လည်း ဘုရားနှင့် တွေ့ ရပါစေဟု တောင့်တသည်။
၃) ဘုရားနဲ့တွေ့ ရင်လည်း ဘုရားနားမှာ အလုပ်အကျွေးပြု ပြီး နီးကပ်စွာ ချဉ်းကပ်နိုင်ပါစေ ဟု တောင့်တသည်။
၎) ဘုရား၏ တရားကို နာကြားရပါစေ ဟု တောင့်တသည်။
၅) တရားနာပြီးနောက် တရားသိရပါစေဟု တောင့်တသည်။

ယခု အခါ မိမိတို့မှာ ယမမင်းလိုချင်နေသော တောင့်တချက်ကို ပိုင်ဆိုင်ပြီးသူများ ဖြစ်နေကြသည်။ ဘုရား သာသနာနှင့် တွေ့ ပြီး ၊ ဘုရား၏ တရားကို ဘုရားသားတော် များထံမှ ကြားနာနေကြရသည်။ ဘုရားနဲ့ တန်းတူ ဆည်းကပ်နိုင်သောသံဃာ တော်များကို အနီးကပ် ဆွမ်းကျွေး လှူဒါန်းခွင့်၊ တရားမေးလျှောက်ခွင့်များပါ ရရှိနေပါသည်။ နာကြားရသောအတိုင်း လိုက်နာကျင့် ကြံ ပါက တရားရနိုင်သော ဘ၀ကို လည်း အမှန်တကယ် ပိုင်ဆိုင်ထားသောကြောင့် မိမိရောက်ရှိနေသော အနေအထားနှင့် ဘ၀ကို တန်ဖိုးထားကာ မိုးရွာတုန်းရေခံ ပြီး ဘ၀ ဇာတ်သိမ်း ချုပ်ငြိမ်းကာ သာသနာတော်ကို တန်ဖိုးထားလေးစားနိုင်ကြပါစေ။

နတ်ရေကန်ဆရာတော်၏ တရားတော်ကို ကိုးကား ကာ ပြန်လည် ရေးသားဖော်ပြပါသည်။
ဖေ့ဘုတ်မှတဆင့်တင်ပြသည်။

အလှူပေး တကယ်သူဋ္ဌေးဖြစ် ။


 
အလှူပေး တကယ်သူဋ္ဌေးဖြစ် ။
သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ
ထမင်းစားပြီး ပန်းကန်ဆေး၍ သွန်ပစ်သော ရေတွင်ပါဝင်သည့် ထမင်းစေ့ကလေးများ ကိုပုရွက်ဆိတ် ပိုးဟပ် စသောတိရိစ္ဆန်များက စားရသည်ကိုပင် ကုသိုလ်
ရပြီး ဒါနမြောက်သည်ဟုဆိုလျှင်
အခြားဆိုဘွယ်ရာမရှိချေ လောကတွင်ရေတခွက် တိုက်ဘူးသူ မုန်တခုကြွေးဘူးသူ ပိုက်ဆံတစ်ကျပ်မျှ စွန့်ကျဲဘူးသူ လဲနေသူကို ထူဖူးသူ ကုသိုလ်ရလို၍ မဟုတ်ဘဲ လူမှုရေးအရ ကူညီသူအများ အပြားရှိကြ၍ တနည်းနည်း ဖြင့်ကုသိုလ် ရဖူးသူများဖြစ်ကြသည့် အတွက် မလှူဖူး
သူမရှိပါဟုဆိုရခြင်းဖြစ်ပါသည်။
အခြားဘာသာဝင်များ အတွက်မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်များအတွက် အလှူဆိုသော (ဒါန) အကြောင်းလေးပြောပြ ချင်ပါတယ် (ဒါန)ဟုဆိုသော စာလုံးလေး
နှစ်လုံးထည်း ရှိပေမယ့် လောကီမှာကော လေကုတ္တရာတွင်ပါ အလွန်ကျယ်ဝန်းသော အကြောင်းများစွာတိုနှင့်ပြည့် နက်နေမည်ကို သူတော်ကောင်းတို့အားလုံး
လက်ခံကြမည်ထင်ပါသည်၊ ဒါနဆိုသော အကြောင်းအရာမှာ ဘုရားဟောသော သုတ္တန်ဒေသနာတော်မှ လာသည်ဟုသိရပါသည်၊ ဒါန=အလှူ=ငွေကြေး၊လုံးလ
ဝရိယ စိုက်ထုတ်မှု တခုခုပါမှ ပင်အထမြောက် အောင်မြင်ရသည်၊ ထိုကြောင့်အရင်းအနှီး စိုက်ထုတ်ဆောင်ရွက်ရသော ကိစ္စမို့မှန်ကန်စွာ အကျိုးရှိဖြစ်ထွန်းဖို့
အလွန်အရေးကြီးပါသည် ထို့ကြောင့်သူတော်ကောင်း တို့လည်းကြားဘူးပါသည်၊ “ ညောင်စေ့လောက်လှူ၍ ညောင်ပင်ကြီးလောက် အကျိုးရှိပါသည် ” ဆိုသော်လည်း “ ညောင်ပင်ကြီးလောက်လှူ သော်လည်းညောင်စေ့ လောက်ရ ” သည့်အလှူများလည်း ရှိပါသည်၊ အဘယ်ကြောင့်ဤ သို့ဖြစ်ရသည်ဆိုလျှင်
အကြောင်းများရှိပါသည် သူတော်ကောင်းတို့ ကြားဘူးသော မဟာဒုတ်လင်မယား အလှူသည် လှူဘွယ်ပစ္စည်း၏ စင်ကြယ်ခြင်း၊ မည်သည့်ကိုယ်တော်ကိုပင်
လှူရ လှူရဖြစ်မြောက်အောင် လှူတန်းမည်ဆိုသော စိတ်ဇောထက်သန်ခြင်း၊ အလှူခံပုဂ္ဂိုလ်၏ သီလ၊ သမာဓိ၊ ပညာ ကြီးမြတ်ခြင်း(ဘုရားရှင်ကိုယ်တော်တိုင်)
ဖြစ်ခြင်း တို့အတွက် ရှေးယခင်က ပြုလုပ်ခဲ့သောကုသိုလ် ပင်မပါဘဲ ယခုလက်ငင်း ဒါနနှင့် ချက်ခြင်းအကျိုးပေး သူဋ္ဌေးဖြစ်ခဲ့သည်မှာ သူတော်ကောင်းတို့အားလုံး
အသိဖြစ်ပါသည်၊
နောက်သာရက တခုပြောပြရလျှင် ခရီးသွားယောင်္ကျား တယောက်သည်၊ခရီးသွားရင်းရေဆာသဖြင့် ကြံချောင်းတချောင်း ၀ယ်စားလာရာ၎င်း နောက်မှလိုက်ပါ
ခရီးသွားနေသော သားအဖနှစ်ယောက်တွင် ခလေးငယ်ဖြစ်သူက ရှေ့ကလူကြံစားနေသည်ကို တွေရာသူလည်းစား ချင်သဖြင့်ရှေ့က လူထံမှ တကျီကျီငိုယိုတောင်း နေရာ့ ကြာ၍ နားညီးသဖြင့် ကြံအနည်းငယ်ချိုးကာ စိတ်ဆိုးပြီးနောက်ပြန်ပစ်ပေး လိုက်တော့မှခလေး ကြံစားရပြီးအငိုရပ်တော့သည်၊
ထိုအကျိုးမှာနောက်ဘ၀ တခုတွင်အကျိုးပေးပြီး ကြံခင်းပိုင်ရှင်ဖြစ်လေတော့သည်၊ သို့သော်၎င်းကြံခင်း ထဲမှ ကြံများကိုမည်သူ မှခုတ်မရ နှုတ်မရ ရောင်းမရဖြစ်
သည်မှာ ပိုင်ရှင်ကိုယ်တိုင် နှုတ်၍မရပါ ဤသို့ဖြင့်နေလာရာ ပစ္စေကဗုဒ္ဓ တပါးကြံခင်း အနီးမှကြွသည်ကို ပိုင်ရှင်မြင်ပြီး ဤကဲ့သို့လျှောက်တင်လေ သည်၊
အရှင်ဘုရား တပည့်တော်ကြံခင်း မှကြံများကိုလှူချင် သော်လည်း နှုတ်ယူလိုက်ပါက ပျောက်ပျောက်သွား သဖြင့်တပည့်တော် မလှူနိင်ပါဘုရားဟု လျှောက်ရာ
ပစ္စေကဗုဒ္ဓ ကလည်းတကာ၏ ယခင်ဘ၀ အကြောင်းကို ဥာဏ်တော်ဖြင့်ဆင်ခြင်ကြည့်ရာ ယခင်ကနောက်ပြန်ပစ် ပေးခဲ့သောကြံ အလှူကြောင့် ယခုကြံခင်းပိုင်ရှင် ဖြစ်နေသည်ကို သိမြင်တော်မူပြီး “ တကာကြံ ကိုလှူချင်ရင် လှူလို့ရပါတယ် ဒါပေမယ့် တကာကြံနှုတ်တဲ့ အခါလက်နောက်ပြန်ကျောခိုင်ပြီးနှုတ်ပါလို့ ” မိန့်ကြားရာတကာ လည်းကြံကို နောက်ပြန်နှုတ်၍ လှူရာအထမြောက် အောင်မြင်သွားသဖြင့် အလွန်ဝမ်းသာသွား
သည် နောင်တွင်လည်း နောက်ပြန်နှုတ်၍ ကြံများကိုရောင်းရာ မပျောက်တော့ဘဲ စီးပွားရေး အဆင်ပြေလာလေသည်။
ထိုကြောင့်လှူသည်ဆိုရာ၌ ယခုဘ၀၊ နောင်ဘ၀ ချမ်းသာချင်၍ အကျိုးမျှော် ပြီးချစ်တီးအတိုး ပေးငွေချေးသလို မလှူဖို့အထူးအရေးကြီးပါသည်၊ ညောင်စေ့
လောက်ဖြစ်သွားပါမည်၊ နောက်တချက် လှူဖွယ်ဝတ္ထု ၏စင်ကြယ်မှုကလည်း အရေးကြီးပါသည် သူများမသထာ ပေးထားသော ပစ္စည်းများငွေများ အဓမ္မယူထားသော ငွေများ၊ ပစ္စည်းများ ဖြစ်ပါက အကျိုးပေးသန်မည် မဟုတ်ပါ၊ ဒါနတွင် ပုပ္ပ၊ မုံစ၊ ပရ၊ ဆိုသော စေတနာ သုံးတန်ပါဝင်ပါသည်၊ ထိုစေတနာများတွင် လှူမည်ဟုရည်စူးစတင်သော ပုပ္ပစေတနာ၊ လှူနေဆဲ၊ ကျင်းပဆဲ၊ အလှူတွင် ၀မ်းသာခြင်းကျေနပ်ခြင်း၊ ပီတိဖြစ်ခြင်းမှာ မုံစ စေတနာ
ထိုစေတနာတွင် အနည်းငယ်ပြောစရာရှိပါသည် လှူသည်ဆိုရာ၌ အယုတ်၊ အလတ်၊ အမြတ် မရွေးဖို့လိုအပ်ပါတယ် ဟိုအရာရှိကြီးဇနီးမောင်နှံ့ မို့ ရှယ်ကြွေးပြီး
စုတ်စုတ်ပြတ်ပြတ် ခလေးတယောက် လိုက်ပွဲတောင်းတာကိုတော့မသိချင်ယောင် ဆောင်နေလျှင် မုံစ စေတနာပျက်ပါသည်၊ နောက်ဆုံး ပရ စေတနာကတော့
အရေးကြီးဆုံး ဖြစ်ပါသည်၊ ကြိုတင်ကြံစည်၊ ငွေကုန်လူပန်း လှူတန်းပြီးခါမှ နောင်တချိန်တွင် ထိုအလှူကိုနောင်တရ၍ ၎င်း မှားပြီဟုယူဆလျှင်သော် ၎င်း စိတ်
ညိုညင်၊ ခဲ့သော်၎င်း အစမှအဆုံးအလှူတခုလုံး အဟောသိကံ အကျိုးမဲ့ဖြစ်သွားပါသည်၊ သိုသော် ယင်းအလှူကို သတိရ၍ ခဏခဏ၀မ်းသာပီတိ ဖြစ်လျှင်မူ
ကုသိုလ်တရားတို့မှာ ဆထက်တဖိုး တိုး၍တိုး၍ ညောင်ပင်ကြီးလောက်ဖြစ်လာပါမည်၊ နောက်တခု ဘာအလှူဘဲ တွေ့တွေ့ ၊အလှူခံပုဂ္ဂိုလ် အနေနဲ့ဘဲစားစား
ကိုယ်နဲ့မဆိုင်သောအလှူ ဖြစ်ပါစေမြင်တွေ့ရပါက ကြည်နူး ၀မ်းသာစွာ သာဓုခေါ်ပေးပါ ကိုယ်တိုင်မလှူသော် လည်းသာဓုခေါ်ပါက ခေါ်သူလည်းကုသိုလ်ရပါ
သည်၊
အလှူဆိုသည်မှာ ဆုတောင်းစရာ အထူးမလိုကြောင်း ဥပမာတခုပေးခြင်ပါတယ် သူတော်ကောင်းတို့ ၀မ်းစာရေးအတွက် အလုပ်လုပ်ကြတဲ့အခါ မှာ လစာငွေ
တသိန်းရသူ က လကုန်၍ လစာထုတ်လျှင် တသိန်းရပါမည် နှစ်သိန်းရသူက နှစ်သိန်းရပါမည် ထိုလစာငွေကို လကုန်လျှင်ရပါစေဟု အထူးဆုတောင်းနေစရာ
မလိုပါ ထိုနည်းအတိုင်းဘဲ ကိုယ်ကတစ်ထောင် လှူရင်တထောင် ဖိုးပြန်ရဖို့ ဆုတောင်းနေရန်မလိုပါ၊ အချိန်တန်လျှင် ရကို ရပါမည်၊ မပြတ်မသား မလှူဖို့လိုပါ
သည်၊
နိဂုံးချုပ်ဆို၇သော် ဒါန ဆိုသော အလှူအတန်း လုပ်တော့မည် ဆိုလျှင်ဦးစွာ သာသနာတော်ကို အကျိုးဖြစ်ထွန်းရာ အထောက်အပံ့ဖြစ်ရာ ကိုသာရည်စူးပါ
လှူနေစဉ် လှူပြီးချိန်တွင်လည်း နိဗ္ဗာန်နပစ္စယော ဟောတု ဆိုသည့်အတိုင်း နိဗ္ဗာန်ကိုသာရည်စူးပြီး လှူပါ၊ အကျိုးပြန်ရမည် ကို လုံးဝသံသယ မထားပါနှင့်
အတိုးပေးသလိုလည်း မမျှော်ကိုးပါနှင့် လှူသည်ဆိုရာမှာ တနည်းအားဖြင့် လောဘကိုလျော့ပါးစေခြင်းငှာ ပေးကမ်းစွန့်ကျဲခြင်းဖြစ်ပါသည်၊ ထို့ကြောင့် ဘာမျှ
လိုချင်တပ်မက်မှု မထားပါနှင့် လှူပြီးသော အလှူကိုပြန်တွေးတိုင်းလည်း စိတ်ချမ်းသာစရာတွေ ပီတိတွေသာဖြစ်အောင်တွေးပါ၊ဒါဆိုရင် သူတော်ကောင်းတို့
အလိုရှိသော ညောင်ပင်ကြီး လောက်ဖြစ်လာမည်မှာမလွဲဧကန် ဖြစ်လာပါလိမ့်မည်။ သူတော်ကောင်းတို့အားလုံးလည်း သူဋ္ဌေးဖြစ်ကြပါစေ ။
(ကိုယ်တိုင်ရေးသားတင်ပြသည်)
(၀ိဇ္ဇာစရဏသမ္ပတော)

ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါ၏။

         လောကသားအားလုံး၏ အနှိုင်းမဲ့ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဘုန်းတော်
အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူပါတယ်။ ဘုရားရှင်၏ ဂုဏ်ကျေးဇူး
တော်များကို အောက်မေ့နှလုံးသွင်းနေစဉ်၊ ဘုရားရှင်ကို သတိရနေစဉ်တွင် အတွင်းသန္တာန်၌ အ
ပူအညစ်များ ကင်းဝေးဖြူစင် နေပါတယ်။ ဘုရားရှင်ကို သတိရနေသောစိတ်က မကောင်းသော
အကုသိုလ်များ မပြုမိအောင် တားဆီးနိုင်စွမ်း ရှိပါတယ်။
         တစ်ခါတုန်းက ဘုရားအလောင်းတော်ဟာ တိလောက၀ိဇယမင်းကြီး ဖြစ်ခဲ့ဖူးပါတယ်။ တိ
လောက၀ိဇယမင်းကြီးဟာ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါတယ်
နောက်... ဝေဇယန္တာဆိုတဲ့ အထပ်ပေါင်း များစွာရှိတဲ့ ကျောင်းတော်ကြီးကို စိတ်ကူးနဲ့   ဆောက်
လိုက်ပါတယ်။ ကျောင်းဆောင်ကြီးထဲမှာ မြတ်စွာဘုရားထိုင်ဖို့ ရွှေပလ္လင်၊ သံဃာတော်တွေထိုင်ဖို့
အခင်းတွေ၊ သောက်သုံးဖို့ ရေအိုးတွေ၊ နေဖို့ အခန်းတွေ စသည်ဖြင့် ကျောင်းတစ်ခုမှာ   လိုအပ်
တာတွေ အကုန် ပုံဖေါ်လိုက်ပါတယ်။
         ပြီးမှ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ပင့်ပြီး စိတ်ကူးနဲ့ ဆွမ်းကပ်ပါတယ်။
ဆွမ်းကပ်ရုံတင်မကပါဘူး၊  တစ်ပါးစီကို တိစီဝရိတ်သင်္ကန်း သုံးထည်စီကိုလည်း စိတ်ကူးနဲ့   လှူ
လိုက်ပါသေးတယ်။ ဆွမ်းစားပြီးတဲ့အခါ ကိုယ့်အခန်းကို ကိုယ်ဝင်ပြီး နားစေပါတယ်။ ဈာန်ဝင်စား
စေပါတယ်။ ကျောင်းဆောင်ရဲ့ အရပ်လေးမျက်နှာမှာ ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ ရေကန်ကြီး
လေးကန်ကိုလည်း စိတ်ကူးနဲ့ တည်ဆောက်လိုက်ပါတယ်။   နံဘေးမှာ ပန်းဥယျာဉ်တွေကိုလည်း
စိတ်ကူးနဲ့ ပုံဖေါ်လိုက်ပါတယ်။ မင်းကြီးရဲ့ ဆွမ်းကျွေးပွဲကို ရောက်လာတဲ့ လူ၊ နတ်၊ ဗြဟ္မာ အား
လုံးကိုလည်း စိတ်ကူးနဲ့ မိမိပြုတဲ့ ကုသိုလ်အဖို့ကို အမျှပေးဝေ လိုက်ပါသေးတယ်။
         ဒီလိုနဲ့ နေ့စဉ်နေ့တိုင်း စိတ်ကူးနဲ့ ပုံဖေါ်ပြီး လှူနေလိုက်တာ သက်တမ်းနဲ့အမျှ ပါပဲ။   တိ
လောက၀ိဇယမင်းကြီး သေလွန်တဲ့အခါ   တာဝတိံသာနတ်ပြည်မှာ နတ်သားသွားဖြစ်ပါတယ်။
ပုံတော်ကို အာရုံပြုပြီး ကောင်းကျိုးရသွားပါတယ်။
         တိလောက၀ိဇယမင်းကြီးရဲ့ ၀တ္ထုဟာ တကယ့်မှတ်သားစရာပါပဲ။ စိတ်ကူးနဲ့   ကျောင်း
ဆောက်၊ စိတ်ကူးနဲ့ ဆွမ်းကျွေး၊ စိတ်ကူးနဲ့ သင်္ကန်းလှူ၊ စိတ်ကူးနဲ့ ရေစက်ချ လူနတ်ဗြဟ္မာတွေ
ကို နေ့တိုင်း အမျှဝေ၊ သေလွန်တဲ့အခါ နတ်ပြည်ရောက်သွားရတာဆိုတော့ အားနေတဲ့အခါလေး
တွေမှာတောင် တောင်တွေးမြောက်တွေး တွေးမနေဘဲ တိလောက၀ိဇယမင်းကြီးလို  စိတ်ကူးနဲ့
လှူနေရင်လဲ အကုသိုလ်မ၀င်ဘဲ ကုသိုလ်ဖြစ်ပါတယ်။
         တိလောက၀ိဇယမင်းကြီးရဲ့ ၀တ္ထုကြောင်းကို သိရှိနားလည် သဘောပေါက်ကြပြီး မိမိတို့
လည်း တောင်တွေးမြောက်တွေး တွေးနေမယ့်အစား အကျိုးရှိရှိ ကုသိုလ်စိတ်နဲ့   နေနိုင်ကြကာ
အေးချမ်းတည်ငြိမ်တဲ့ ဆင်းရဲကင်းရာ နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
 { ရဝေနွယ်(အင်းမ)၏ ပုံတော်နှင့် ဂုဏ်တော်ကို ကိုးကားရေးသားပါသည်။ }
    ဦးသိန်းဝေ။
            http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
  

"မြတ်စွာဘုရား ညွှန်ပြသော ပစ္စုပ္ပန်စီးပွားချမ်းသာရေးနှင့် တမလွန် ချမ်းသာရေး လမ်းညွှန်"




ဗုဒ္ဓမြတ်စွာ လက်ထက်တော် ကာလတုန်းက
ကောလိယတိုင်း၊ ကက္ကရပတ္တဆိုတဲ့မြို့ မှာ မြတ်စွာဘုရား
ရောက်ရှိနေတဲ့ အချိန်ပိုင်းလေးမှာ အဲဒီ ကက္ကရပတ္တ က
ဒီဃဇာဏု ဆိုတဲ့ အမျိုးသား ဦးဆောင်ပြီးတော့
ဗုဒ္ဓမြတ်စွာထံ ၀င်ရောက်ချဉ်းကပ်ကြတယ်။

သူတို့ က
မြတ်စွာဘုရားကို လျှောက်တယ်။ "အရှင်ဘုရား၊
တပည့်တော်တို့ ဟာ ဒီဘ၀မှာလဲ ချမ်းချမ်းသာ၊ ပျော်ပျော်ရွှင်ရွှင်
မိသားစုနဲ့  သိုင်းသိုင်းဝိုင်းဝိုင်း နေချင်ပါတယ်။ နောင်ဘ၀မှာလဲ
ကောင်းရာ ဘုံဘ၀ကို ရောက်ချင်တယ်။ အဲဒီလို ဖြစ်နိုင်တဲ့
အခြေအနေကောင်းတွေများ ရှိပါသလား" တဲ့။


မြတ်စွာဘုရားက ရှိတယ်၊ ဒီဘ၀အတွက် "ဟိတသုခ"
အခြေအနေကောင်းတွေနဲ့  ချမ်းသာသုခကို ရစေနီုင်တဲ့
အချက်လေးချက်ရှိတယ်။ နောင်ဘ၀အတွက်လည်းပဲ
အခြေအနေကောင်းတွေ ပေးပြီးတော့ချမ်းသာသုခကို
ရစေနိုင်တဲ့ အကြောင်းတရား လေးမျိုး ရှိတယ် ဆိုပြီး
အဂုင်္တ္တရ နိကာယ်မှာပဲ မြတ်စွာဘုရားဟောထားတဲ့
သုတ်တစ်သုတ်ကို မှတ်တမ်းတင်ထားတာ ရှိပါတယ်။

အဲဒီသုတ်မှာ မြတ်စွာဘုရားက ဒီဘ၀အတွက် "ဟိတသုခ"
အခြေအနေကောင်းနဲ့ ချမ်းသာကို ရစေတတ်တဲ့ အချက်ကတော့-

နံပါတ်(၁) ဥဋ္ဌာနသမ္ပဒါ - ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့
ကြိုးကြိုးစားစား လုပ်ကိုင်ရမယ်။ အဲဒီ "ဥဋ္ဌာနသမ္ပဒါ"
တက်တက်ကြွကြွ၊ ကြိုးကြိုးစားစား လုပ်တယ်ဆိုတဲ့နေရာမှာ
မြတ်စွာဘုရားက ထပ်ပြီးတော့ ရှင်းထားတယ်။ ကြိုးစားတယ်
ဆိုတဲ့ အချက်မှာ ဘာတွေပါတုန်း ဆိုလို့ ရှိရင် "ဒက္ခ "လုပ်ငန်း
ကျွမ်းကျင်မှုရှိရမယ်၊ "အနလသ" ဇွဲကောင်းမှု ရှိရမယ်၊
"ဥပါယ၀ီမံသ" နည်းပညာ ရှိရမယ်။

ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က မြတ်စွာဘုရားက
စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အောင်မြင်ဖို့  နည်းလမ်းတစ်ခု
ပေးထားတာပါ။ ဒါက မြတ်စွာဘုရားဟောတဲ့ ပိဋကတ်တော်
တွေထဲမှာ ပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊
နည်းပညာ အဲဒီ(၃)ရပ် ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှု
ဆိုတာ ရှိရမယ်တဲ့။

နောက်တစ်ချက်က "အာရက္ခသမ္ပဒါ" - ထိန်းသိမ်းစောင့်ရှောက်မှု
ရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့  ငွေကြေးဓနမြောက်မြားစွာ
ရလာတယ်။ ကုန်ပစ္စည်းတွေ မြောက်မြားစွာ ထုတ်နိုင်တယ်။
သို့ သော် မထိန်သိမ်းဘူးဆိုရင် အလေအလွင့်တွေများပြီးတော့
စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။ ဒါကြောင့်မို့ လို့ 
ထိန်းသိမ်းဖို့ နည်းပညာတတ်ရမယ်။ အလုပ်လုပ်ပြီး ရလာတဲ့
ပစ္စည်းကို ရန်သူမျိုးငါးပါးထဲက တစ်ခုခုနဲ့ မှ မပျက်စီးရအောင်၊
အလေအလွင့်မရှိရအောင် သေချာစောင့်ရှောက်မှုဆိုတဲ့
"အာရက္ခ သမ္ပဒါ" တရားရှိဖို့ လိုသေးတယ်။

နောက်တစ်ခုကတော့ "ကလျာဏမိတ္တတာ" မိတ်ကောင်း
ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အာကံပေးမည့် ပုဂ္ဂိုလ်၊ အကျင့်စာရိတ္တကောင်းတဲ့ ပုဂ္ဂိုလ်၊ အသိပညာရှိတဲ့ ပုဂ္ဂိုလ်၊
ကိုယ်ကျင့်တရား ကောင်းတဲ့ ပုဂ္ဂိုလ်၊ အဲဒီလို မိတ်ကောင်းဆွေကောင်း
တွေလဲပဲ အင်မတန် လိုအပ်ပါတယ်။

နောက်ဆုံး စီးပွားရေးနဲ့ ပတ်သက်ပြီး တကယ့်ကို အရေးကြီးတဲ့
အချက်တစ်ခုကတော့ "သမဇီဝိတာ" ရလာတဲ့ စည်းစိမ်ဥစ္စာ၊
ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်း၊ ကိုယ့်ရဲ့ ဝင်ငွေထွက်ငွေနဲ့ 
ပတ်သက်လာလို့ ရှိရင် စာရင်းဇယား ခိုင်ခိုင်မာမာထားပြီးတော့
ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတဖြစ်နေဖို့  အရေးကြီးတယ်။
"သမဇိဝိတာ'ဆိုတဲ့ သဘောက ၀င်ငွေနှင့် ထွက်ငွေ အမြဲတမ်း
ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီးပွားရေးပညာလိုပဲ။

မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ငါးရာကတည်းက
ကြိုးပမ်းအားထုတ်မှု၊ အလေအလွင့် မရှိအောင်၊ ထိန်းသိမ်းမှု၊
မိတ်ကောင်းဆွေကောင်းရှိမှု၊ ၀င်ငွေထွက်ငွေ မျှမျှတတသုံးစွဲမှု
ဆိုတဲ့ ဒီအချက်ကြီး (၄) ချက်ကို ဟောခဲ့တာဖြစ်တယ်။
ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ဘူး။
ဒီစည်းကမ်းအတိုင်း ဆောင်ရွက်ကြမယ်ဆိုလို့ ရှိရင် စီးပွားရေးက
တိုးတက်လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွား
နိုင်ဘူး။ ဒါ ဒီဘ၀မှာ ကောင်းတဲ့ အခြေအနေတွေနဲ့ 
ကောင်းတဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်လေးချက်ပဲ။

တမလွန်ဘ၀အတွက်ကတော့ ဒီဘ၀ကလုပ်တဲ့ ဟာတွေပါ။
အဲဒီ တမလွန်ဘ၀အတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အသွေး
ကတော့ အခြားမဟုတ်ဘူး။ ဓမ္မနှင့် ပတ်သက်တဲ့ အသိဥာဏ်။
အခုနက ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ သိတဲ့ မျက်စိရှိရမယ်။
ကိုယ်ကျင့်တရားနဲ့  ပတ်သက်လာလို့ ရှိရင်
နံပါတ် (၁) ကိုယ်ကျင့်တရားကောင်းရမယ် လို့ ဆိုလိုတယ်။

နံပါတ် (၂) ယုံကြည်ချက် ရှိရမယ်။ ယုံကြည်ချက်ဆိုတာ
ဘာသာတရားနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓမြတ်စွာရဲ့ မှန်စွာသိတဲ့
အသိဥာဏ်ကို လက်ခံလို့  မြတ်စွာဘုရား သွန်သင်ဆုံးမသမျှကို
လေးစားလိုက်နာမှု၊ ယုံကြည်မှု ရှိရမယ်။ ယုံကြည်မှု ရှိသလို
ကိုယ်ကျင့်တရား ကောင်းရမယ်။

နံပါတ် (၃) စွန့် လွှတ်နိုင်မှု ရှိရမယ်။ လူဟာ မိမိရလာတဲ့
အခွင့်အရေးကို တစ်ယောက်တည်းမသုံးဘဲ၊ ကိုယ်တစ်ယောက်တည်း
မခံစားဘဲ မိမိပတ်ဝန်းကျင်နှင့် မျှဝေခံစားတတ်ရမယ်။ ဒါကို
'စာဂသမ္ပဒါ"လို့ ခေါ်တယ်။

နံပါတ် (၄) က "ပညာသမ္ပဒါ"၊ အကြောင်းအကျိုး အကောင်းအဆိုး
ခွဲခြားသိတာက အစ လောကမှာရှိတဲ့ သဘာဝတရားတွေဟာ
ဘယ်ဟာမှ မမြဲဘူးဆိုတာကို သိရှိနားလည်ထားတဲ့
ပညာမျိုး ရှိရမယ်။

အကျဉ်းချုပ် ပြောရလို့ ရှိရင် "သဒ္ဓါသမ္ပဒါ" ယုံကြည်မှု ရှိရမယ်။
"သီလသမ္ပဒါ" ကိုယ်ကျင့်တရားနှင့် ပြည့်စုံရမယ်။
"စာဂသမ္ပဒါ" မျှဝေခံစားဖို့ ၊ စွန့် ကြဲတတ်မှု ရှိရမယ်။
"ပညာသမ္ပဒါ" အသိပညာရှိရမယ်။ အဲဒီ အခြေအနေကောင်း
(၄) မျိုး ရှိနေလို့ ရှိရင် သုခ လို့ ဆိုတဲ့ အရာရာမှ အဆင်ပြေမှု၊
ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု ဆိုတာတွေ ဖြစ်ပေါ်လာမှာပါ။

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ ကမ္ဘာ တရားတော် မှ)

 http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။

ဝဋ်ကျွတ်တဲ့အလှူ


မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတော်မူခဲ့သော ဒါနပြုပုံပြုနည်းလေးတွေကို ဆရာတော်ဘုရားကြီး၏အာဘော်မပျက်စေဘဲ ဆက်လက်တင်ပြနေပါတယ်။

ဒါနပြုတဲ့အခါ စေတနာနဲ့လှူဒါန်းချိန်မှာ လူနတ်ချမ်းသာခံစားချင်လို့လှူရင် ပုညာဘိသင်္ခါရပဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်တယ်။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာဖြစ်သွားတာ။ သမုဒယသစ္စာဖြစ်ပြီဆိုတော့ သေသည်မှနောက်၌ လူခန္ဓာ နတ်ခန္ဓာ ဒုက္ခသစ္စာ အကျိုးပေးတော့မယ်။ လူခန္ဓာ အစ ဇာတိ၊ အလယ်က ဇရာ၊ ဆုံးခါနီးတော့ ဗျာဓိ၊ နောက်ဆုံးပိတ်က မရဏ၊ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဟာ မသိလှူ သမုဒယသစ္စာကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ ဒုက္ခသစ္စာရတယ်။ လှူလဲလှူရသေး ဒုက္ခလဲရောက်သေးတယ်။ ဒါကြောင့် `အ၀ိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော- ဖြစ်အောင်လုပ်ရမယ်၊ တဒင်္ဂဖြစ်တော့ ရအောင်လုပ်ရမယ်´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူတယ်။
တဒင်္ဂမြင်အောင်ဘယ်လိုလုပ်မလဲဆိုရင် ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်တော့ ရှူလိုက် ရှိုက်လိုက် အောင့်လိုက် အင့်လိုက် ညောင်းလိုက် ကိုက်လိုက် ယားလိုက် နာလိုက် ထုံလိုက် ကျင်လိုက်နဲ့ ခန္ဓာက ပြတယ်။ ဒါဟာ ဒုက္ခသစ္စာကို ပြတာပဲ။ ခန္ဓာကြီးက ဒုက္ခသစ္စာဆိုတာ လက်တွေ့ပြနေတာပါ။ ဒီဒုက္ခသစ္စာဟာ ၀ဋ်အားဖြင့် ၀ိပါက၀ဋ်ပဲ။ ဒီ ဒုက္ခသစ္စာ ၀ိပါက၀ဋ်မှ မျက်မြင်အားဖြင့်လဲ ကျွတ်လို၊ ဉာဏ်မြင်အားဖြင့်လဲ ကျွတ်လိုပါတယ်ဘုရားဆိုတော့ သစ္စာမြင်တဲ့ဉာဏ်၊ ၀ိပဿနာဉာဏ်ဖြစ်လာတယ်။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက ၀ိပဿနာဉာဏ်။ ဖြစ်ပျက်မြင်တာ သစ္စာမြင်တဲ့ဉာဏ်ပဲ။ သစ္စာမြင်တဲ့ ဉာဏ်နဲ့ ခန္ဓာနဲ့ ဦးတည့်ပေးရမယ်။ ဒါဟာ လှူဆဲအခိုက်မှာ ၀ိပဿနာခြံရံလိုက်တာပဲ။ `စိတ္တာလင်္ကာရစိတ္တပရိက္ခာရမေ၀ သေဋ္ဌံ – သမထ ၀ိပဿနာခြံရံပြီးလှူတဲ့အလှူဟာ အမြတ်ဆုံးပဲ´လို့ ဘုရားကလဲ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်မှာ ဟောတော်မူထားပါတယ်။
လှူဆဲအခိုက် မုဉ္စစေတနာအချိန်မှာ ကိုယ့်ခန္ဓာကို ၀ိပဿနာရှုရလိမ့်မယ်။ ရုပ်ရှုတဲ့သူက ရုပ်ကို ဖြစ်ပျက်ရှု၊ ဝေဒနာရှုတဲ့သူက ဝေဒနာဖြစ်ပျက်ရှု၊ စိတ်ရှုတဲ့သူက စိတ်ဖြစ်ပျက်ရှုပေါ့။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲ။ ဒီလို ကိုယ်တွေ့ မျက်မြင်ဒုက္ခကြီးမှ ကျွတ်လိုလို့ လှူဒါန်းချင်တဲ့စိတ်ပေါ်အောင် ရှုရမယ်။ ဒီလို စိတ်ကို သမထ ၀ိပဿနာ တန်ဆာမဆင်ဘဲ လှူလိုက်မယ်ဆိုရင် ဒါနရိုးရိုးဖြစ်မယ်။ ဒါနရိုးရိုးဖြစ်ရင် အမြတ်ဆုံး ဒါနတော့ မဖြစ်တော့ဘူး။ အမြတ်ဆုံးဒါနမဖြစ်တော့ အရင်းများပြီး အမြတ်နဲမယ်ဆိုရင် ဒီကုန် မကူးထိုက်ဘူး၊ အရင်းနဲပြီး အမြတ်များမယ်ဆိုရင်တော့ ဒီကုန် ကူးထိုက်တယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက ဥပမာကို ထိထိမိမိပေးတော်မူခဲ့ပါတယ်။ လှူပြီးနောက်မှ ၀ိပဿနာခြံရံမယ်ဆိုရင် အပရစေတနာမှာ သွားပြီးခြံရံလိမ့်မယ်။ ဒါကြောင့် လှူဆဲ မုဉ္စစေတနာအခိုက်မှာ ၀ိပဿနာခြံရံပြီး လှူမှ အမြတ်ဆုံးဒါနဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကို ကြည့်လိုက်တော့ ဖြစ်ပျက်မှတစ်ပါး အခြားမတွေ့ရဘူး။ ဖြစ်ပျက်ပဲ တွေ့နေရတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ တွေ့တာက လောကီမဂ္ဂသစ္စာ။ လောကီမဂ္ဂသစ္စာနဲ့ မြင်တဲ့အခါမှာ သတိ သမာဓိ ၀ီရိယဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးလဲ မပါမဖြစ်ပါနေရတော့ သမထဖြစ်တယ်၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်နှစ်ပါးလဲ မပါမဖြစ် ပါနေရတော့ ၀ိပဿနာဖြစ်တယ်။ တွေ့လိုက်တဲ့ မဂ္ဂသစ္စာထဲမှာ ဟောဒီလောကီမဂ္ဂင်ငါးပါး ပါဝင်နေတော့ သမထ ၀ိပဿနာပြည့်စုံသွားတယ်။ ဒီလို မျက်မြင်ဝိပဿနာ ဒိဋ္ဌ၀ိပဿနာ ဖြစ်ပြီဆိုရင် သမထ၀ိပဿနာ မုဉ္စစေတနာမှာ ခြံရံပြီးတော့ လှူလိုက်ပါတော့။
ကိုယ့်ဘ၀အစကို စဉ်းစားကြည့်လိုက်တော့ ဇာတိက စခဲ့တယ်ဆိုတာ လူတိုင်းသိတယ်။ အမိဝမ်းခေါင်းမှာ ကျဉ်းမြောင်းစွာအောင်းခဲ့ရတဲ့ ဒီဇာတိဟာ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ ဒီဇာတိဒုက္ခသစ္စာကို မလိုချင်လို့ အဇာတိ- ပဋိသန္ဓေမနေရာ နိဗ္ဗာန်ကို ရည်မှန်းပြီးတော့ လှူရတယ်။ ဒါဟာ ဇာတိကို ကြောက်ပြီး အဇာတိရောက်ချင်လို့ လှူတဲ့အလှူ၊ ဇာတိကြောက်လို့ လှူတဲ့အလှူဖြစ်သွားတယ်။ ဇာတိက ဒုက္ခသစ္စာ၊ ကြောက်တာက မဂ္ဂသစ္စာ။ ယခု ဘာဒုက္ခနဲ့ နေကြရပါသလဲဆိုတော့ ဇရာဒုက္ခနဲ့နေကြရတယ်။ အိုတာ အသက်ကြီးတာဟာ ဇရာဒုက္ခပဲ။ အရင်ဘ၀က သမထ ၀ိပဿနာမခြံရံတဲ့ ဒါနမျိုးတွေလုပ်ခဲ့လို့ အခုလို အိုခြင်းဆိုးနဲ့ ကိုယ်တိုင်တိုးနေရတာ။ ရှေးက အ၀ိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာကြောင့် ဒီအိုခြင်းဆိုး ဒုက္ခသစ္စာကြီး ရ ထားတာ။ ဒီလို အိုခြင်းဆိုးကြီးကို နောက်တစ်ခါ မတွေ့ချင် မရချင်လို့ လှူဒါန်းပါ၏လို့ စိတ်ကို ပြောင်းယူလိုက်။ အိုခြင်းဆိုးက ဒုက္ခသစ္စာ၊ နောက်တစ်ခါ မတွေ့ချင် မရချင်တာက မဂ္ဂသစ္စာ။ ဒါဟာ ၀ဋ်ကို ရွံမုန်းလို့လှူတဲ့အလှူဖြစ်သွားလို့ ၀ဋ်ကျွတ်တဲ့အလှူလို့ မှတ်လိုက်။ ၀ဋ်က ဒုက္ခသစ္စာ၊ ရွံမုန်းတာက မဂ္ဂသစ္စာ။ သမထ၀ိပဿနာခြံရံပြီး ၀ဋ်ကို မတောင့်တတော့ ၀ိဝဋ္ဋအလှူဖြစ်သွားတယ်။
အခု အိုဘေးနဲ့ ရင်ဆိုင်နေရတဲ့ ဒီခန္ဓာကြီးက ရှေ့ နာဘေးရှိရာကို အရောက်ပြေးနေတယ်။ အိုလမ်းကနေ နာလမ်းကို လှမ်းနေတယ်။ ဒါဟာ ဘုရားလဲ မတားနိုင်ဘူး၊ သိကြားလဲ မတားနိုင်ဘူး။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-ရဲ့ဒဏ်ချက်သင့်နေတာ။ အတိတ်က မသိလှူ လှူခဲ့လို့ ရလာတဲ့ခန္ဓာက ခန္ဓာ့လမ်းစဉ်အတိုင်း မြန်းနေတာပဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-ရဲ့ ဒဏ်ချက်ကြောင့် အိုဘေးကြီးထမ်းပြီး နာဘေးရှိရာပြေးနေရတယ်။ ရပ်လို့လဲ မရ၊ တားလို့ လဲမရ၊ ထုံးစံအတိုင်းပြေးနေတယ်။ ဒါကြောင့် ဇရာပြီးရင် ဗျာဓိ- နာတဲ့ ဒုက္ခကြီးကလဲ မြေကြီးလက်ခတ်မလွဲ ကြုံရဦးမယ်။ အိုပွဲပြီးရင် နာပွဲနွှဲရဦးမယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီဘ၀မှာတော့ ဘယ်သူမှ မတတ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အ၀ိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ ကြောင့်။ ဒါကြောင့် လူ့ဘ၀ နတ်ဘ၀ ရချင်လို့လှူမယ်ဆိုရင် အိုခြင်းဆိုးထမ်းပြီး နာခြင်းဆိုးရှိရာ ပြေးချင်သေးလို့ဆိုတဲ့သဘောပဲ။ အအိုရှိလျက် အအိုရှာ အနာရှိလျက် အနာထပ်ရှာနေသလိုဖြစ်နေတယ်။ အိုခြင်း နာခြင်းရှိလျက်နဲ့ အိုခြင်း နာခြင်းကိုထပ်ရှာမယ်ဆိုရင်တော့ `မိုက်ချက်သန်တာပဲ´တဲ့။ မိုက်ချက်က အ၀ိဇ္ဇာ၊ သန်တာက သင်္ခါရ။ ဒါဖြင့် လှူတဲ့အခါမှာ အိုခြင်းဆိုး ထမ်းပြီး နာပွဲ မနွှဲချင်လို့ လှူတဲ့အလှူအဖြစ် ဉာဏ်ကိုပြောင်းယူလိုက်။ ဒါဆိုရင် ရိုးရိုးအလှူမဟုတ်တော့ဘူး။ ဒုက္ခသစ္စာမြင်ပြီး ဒုက္ခ၀ဋ် ကျွတ်ချင်လို့ လှူတဲ့အလှူဖြစ်သွားတယ်။ ဒုက္ခက ဒုက္ခသစ္စာ၊ ကျွတ်ချင်တာက မဂ္ဂသစ္စာ
ဒေါက်တာအရှင်ပါရမီ
http://www.myakyunthar.comမှတဆင့်ခံစားတင်ပြသည်။

မစ္ဆရိယ ငါးမျိုး သိကောင်းစရာ။

         ကိုယ်ရသလို သူတစ်ပါး မရစေလိုခြင်းကို မစ္ဆရိယ ဟု ခေါ်ပါတယ်။ မစ္ဆရိယ
အားကြီးသူသည် ငရဲသို့ ကျရောက်ပါတယ်၊ ငရဲကလွတ်၍ လူဖြစ်လာလျှင်လည်း ငတ်
ပြတ်ဆင်းရဲပြီး အထီးကျန် တစ်ယောက်တည်း နေရတတ်ပါတယ်။ မစ္ဆရိယ ငါးမျိုးရှိပါ
တယ်၊ ယင်းတို့မှာ-==
     ၁။အာဝါသ မစ္ဆရိယ= အဆောက်အဦး ကောင်းကောင်းဖြင့်  ကိုယ်သာနေလိုပြီး
အခြားသူများ မနေစေလိုခြင်း။
     ၂။လာဘ မစ္ဆရိယ  = ကိုယ်သာ  လာဘ်လာဘ  စီးပွါးဥစ္စာ  ပေါများလိုပြီး  အခြား
သူများကို  မပေါများစေလိုခြင်း။
     ၃။ကုလ မစ္ဆရိယ   =ပေးကမ်းထောက်ပံ့ နိုင်သော ဆွေမျိုးများ၊  ဒကာများအား အခြား
သူများထံသို့   အသွားအလာ  အဆက်အသွယ်  မရှိစေလိုခြင်း။
     ၄။ဝဏ္ထ မစ္ဆရိယ    = ကိုယ့်ထက်သာသူ၏ ဂုဏ်ကျေးဇူးကို  မချီးမွမ်း နိုင်ခြင်း။
     ၅။ဓမ္မ မစ္ဆရိယ      =တရားသဘောကို  မိမိသိသလို  သူတစ်ပါးကို မသိစေလိုခြင်း။
တို့ဖြစ်ကြပါတယ်။
            ဒါကြောင့် မိမိတို့ကလည်း ကိုယ့်ထက်သာတဲ့သူအပေါ် “ မုဒိတာ ” ၀မ်းမြောက်
ဝမ်းသာဖြစ်ပြီး၊ ကိုယ့်ထက်နိမ့်တဲ့သူအပေါ် ဂရုဏာထားနိုင်ကာ တစ်ဆင့်ပြီးတစ်ဆင့်၊
ကောင်းသထက်ကောင်း၊ မြင့်သထက်မြင့်ကာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို မျက်
မှောက်ပြု ခံစားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။
    {မေတ္တာဖြင့် စီးပွားရှာခြင်း(အရှင် ဇ၀န) ကို ကိုးကားရေးသားပါသည်။}
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
---------------------------------------------
    “အဓိဌာန်”
     ========
ငါ့တွက်များမြောက်  ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်  အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ   သာသနာ၏
ရှည်စွာအဓွန့်   ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား   ငါကြိုးစားသည်
စိတ်ထား  ငါ့မှာ  အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)
-----------------------------------------------------------------------------------------
  “ ဘာသာဝါဒ ရွေးချယ်ကြ ”
   ================
ဘာသာဝါဒ၊  ရွေးချယ်ကြ
မှန်မှ  ကျိုးများမည်။
အယူဝါဒ၊  မှားယွင်းက
မုချ  ကျိုးနည်းမည်။
အမှားအမှန်၊  ရွေးချယ်ရန်
စံမှန်  ရှိရမည်။
မှတ်ကျောက်မှာတင်၊  စံမှာယှဉ်
ရွေးလျှင်  မမှားပြီ။ ။
(ချမ်းမြေ့ဆရာတော်)
 http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဗန်းမော်ဆရာတော်ကြီး၏ ပဌာန်းဒေသနာတော်ကို စံချိန်ကိုက်ရွတ်ပွားခြင်း အကျိုးကျေးဇူး။

         နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် န၀မ ဗန်းမော်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ညွှန်ပြတော်မူချက်အရ မိမိလိုလားသော ကောင်းကျိုးကို ရလို
ပါက ပဌာန်းဒေသနာတော်ကြီးကို “စံချိန်ကိုက် ရွတ်ပွားနိုင်အောင်” ကြိုးစားရပါမည်။ စံချိန်ကိုက်
ရွတ်ပွားနည်းဆိုသည်မှာ (၁) ပထမ အရေးကြီးဆုံးအနေဖြင့် “မရွတ်ပွားမီ ကိုယ်လက် သန့်စင်
ဆေးကြောရပါမည်။” ပဌာန်းဒေသနာတော်ရွတ်ပွားသံကို နတ် ဗြဟ္မာများက လာပြီး နာယူတတ်
ကြပါသည်။ လူသားများ၏ ကိုယ်နံ့မှာ မကောင်းလှသဖြင့် နတ် ဗြဟ္မာများခမျာ အနားကပ်ပြီး
မနာယူနိုင်ကြရှာပါ။ သို့ဖြစ်၍ နတ် ဗြဟ္မာများ လူအနံ့ကို ခံနိုင်ရည်ရှိအောင် မရွတ်ပွားမီ ကိုယ်
လက်သန့်စင် ထားရပါမည်။
         (၂) ဒုတိယ အရေးပါသော စံချိန်ကိုက်နည်းမှာ “အချိန်မှန်မှန် ရွတ်ပွားရန် ဖြစ်ပါသည်။”
နတ် ဗြဟ္မာများ ပဌာန်းဒေသနာတော် ရွတ်ပွားသံကို နာယူကြသည့်အခါ အပေါင်းအဖေါ်များကို
ခေါ်လာပြီး အချိန်မှန် နာယူတတ်ကြပါသည်။ ပုံမှန် ရွတ်ပွားနေကျအချိန်တွင် တစ်ခြားအလုပ်ကို
လုပ်နေမိပါက ရွတ်ပွားချိန်ကို မစောင့်နိုင်ရှာကြသဖြင့် စိတ်နောက်ပြီး ပြန်ကြရပါသည်။ ရွတ်ပွား
နေကျအချိန်၌ ပုံမှန်ရွတ်ပွားသောအခါမှသာ နတ် ဗြဟ္မာများ ကျေနပ်အားရကြပါသည်။
         (၃) တတိယ စံချိန်ကိုက် ရွတ်ပွားနည်းမှာ “ပီပီသသ ရွတ်ရန်နှင့် ကျယ်ကျယ် ရွတ်ရန်”
ဖြစ်ပါသည်။ နတ် ဗြဟ္မာများသည် ရှင်းရှင်းလင်းလင်း ပီပီသသ နာကြားခွင့်ရသဖြင့် ကျေနပ်အား
ရ ကြပါသည်။
         (၄) စံချိန်ကိုက် ရွတ်ပွားနည်းတွင် နောက်ဆုံး အရေးကြီးဆုံးအချက်မှာ “ပဌာန်းဒေသနာ
တော် ရွတ်ပွားရသော ကုသိုလ်အဖို့အစုကို နတ် ဗြဟ္မာနှင့်တကွ ဝေနေယျ သတ္တ၀ါအားလုံးအား
အမျှပေးဝေရန် ” ဖြစ်ပါသည်။
         ယင်းသို့ စံချိန်ကိုက် ရွတ်ပွားနိုင်လာပြီဆိုပါက သုံးလေးလအကြာတွင် နတ် ဗြဟ္မာတို့က
နိမိတ်ပြသည့်အနေဖြင့် အမွှေးအကြိုင်အနံ့များ ရလာတတ်ကြောင်း ကိုယ်တွေ့သာဓကဟောင်း
များ ရှိသည်ကို ဆရာတော်ကြီးက မိန့်ကြားတော်မူပါသည်။
         ထို့ထက် ပို၍ကြီးမားသော အကျိုးကျေးဇူးမှာ ပဌာန်းဒေသနာတော်ကို ပုံမှန်စူးစိုက် ရွတ်
ပွားပါလျှင် ရုပ်နာမ်များကို ခွဲခြားသိတတ်သော “နာမရူပ ပရိစ္ဆေဒဉာဏ်” ရင့်သန်လာခြင်း ဖြစ်
ပါသည်။ ယင်းဉာဏ် ရင့်သန်လာပါက မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ မဝေးတော့ပါ။ လောကီအကျိုးကျေးဇူး
ဆိုသည်မှာ သာမန်မျှသာဖြစ်ပါသည်။
        ထို့ကြောင့် တရားချစ်ခင် တရားအားထုတ်နေကြသော သူတော်ကောင်းတို့ကလည်း ပဌာန်း
ဒေသနာတော်ကြီးကို “စံချိန်ကိုက် ရွတ်ပွားနိုင်ကြပြီး” ဘ၀ မြင့်မြတ်သထက် မြင့်မြတ်ကာ  မြတ် နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် န၀မ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ
  ဘဒ္ဒန္တကုမာရာဘိဝံသ၏ ပဌာန်းတရားတော်မှ ကောက်နုတ်ရေးသားပါသည်။ }
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
----------------------------------------------------
   “ ကြိုးစားကြပါစို့ ”
    ===========
လူနတ်ဗြဟ္မာ၊  သတ္တ၀ါတို့
များစွာကျိုးရ၊  ချမ်းသာလှသည့်
ဗုဒ္ဓမြတ်စွာ၊  သာသနာသည်
ရှည်ကြာတည်တံ့၊  ရှည်ခိုင်ခံ့၍
ပျံ့နှံ့တိုးပွား၊  ကျင့်သူများလျက်
ရငြားချမ်းသာ၊  ချမ်းမြေ့သာအောင်
ညီညာတို့များ၊ တာဝန်ထား
ကြိုးစားကြပါစို့ (လား)။ ။
(ချမ်းမြေ့ဆရာတော်)

လောက သံသရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက်ဆိုလျှင်။

     ဗုဒ္ဓမြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဒေသနာတော်အရ ဘ၀ကြီးပွားတိုးတက်ရေးအတွက်
မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ ဘ၀သံသရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုဖို့ အတွက်လည်း မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ လောကီရေးကိစ္စမှာ
ဖြစ်ဖြစ် လောကုတ္တရာရေးကိစ္စမှာဖြစ်ဖြစ် မိတ်ကောင်းဆွေကောင်းဟာ အင်မတန်မှ အရေးကြီး
တဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။
         မြတ်စွာဘုရားက လောကသံသရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက် (၁)။ မိတ်ကောင်း
ဆွေကောင်း ရှိရမယ်။ ဒါက အပြင်ဘက်က အကြောင်းတရား Externak Condition ပါ။ (၂)။
“ ယောနိသော မနသိကာရ ” မှန်မှန်ကန်ကန် နှလုံးသွင်း ဆင်ခြင်တတ်မှု ရှိရမယ်။ ဒါက အတွင်းဘက် အကြောင်းတရား Internal Condition ပါ။
         အပြင်အကြောင်းတွေက ဘယ်လောက်ကောင်းကောင်း“ ယောနိသော မနသိကာရ” ဆို
တဲ့ အတွင်းအကြောင်း မကောင်းဘူးဆိုရင် ကြီးပွားတိုးတက်မှု မရနိုင်ဘူး။ အတွင်းအပြင် ဘက်
စုံကောင်းဖို့  လိုအပ်တယ်လို့ မြတ်စွာဘုရားက ဟောထားပါတယ်။
         အပြင်ဘက်က အကြောင်းတရား၊ အတွင်းဘက်က အကြောင်းတရား။ အတွင်းနှင့်အပြင်
ဒီ အကြောင်းနှစ်ခု ပေါင်းစပ်ပြီးမှ အကျိုးတရား ထုတ်လုပ်လို့ ရပါတယ်။ အပြင်ဘက်က    မိတ် ကောင်းဆွေကောင်း ရှိရမယ်။ အတွင်းလူ ကိုယ်တိုင်ကလည်း မှန်ကန်တဲ့ နှလုံးသွင်းတရား ရှိရ
မယ်။ အဲဒီနှစ်ခု ပေါင်းစပ်ပြီဆိုရင် ကောင်းကျိုးချမ်းသာတွေ ရနိုင်ပါတယ်။
         အပြန်အလှန်အားဖြင့် နားလည်ရမှာက အပြင်ဘက်က မိတ်ကောင်းဆွေကောင်း မရှိဘူး။
ကိုယ်ကိုယ်တိုင်ကလည်း “ ယောနိသော မနသိကာရ” လို့ခေါ်တဲ့ မှန်ကန်စွာ တွေးတောဆင်ခြင်
တတ်မှု မရှိဘူးဆိုရင် အကျိုးဆုတ်ယုတ် လိမ့်မယ်။
         မကောင်းကျိုးတွေဖြစ်ဖို့ အခြေခံအားဖြင့် ဒီ အကြောင်းတရားတွေပါပဲ။ ကောင်းကျိုးတွေ
ရဖို့ ဟာလည်း အခြေခံအားဖြင့် ဒီ အကြောင်းနှစ်ခုပဲ။ အတွင်းနှင့် အပြင် အကြောင်းတရားနှစ်ရပ်
ပေါင်းစပ်ပြီးတဲ့အခါမှ အကျိုးတစ်ခု ဖြစ်ပေါ်တာပါ။
         ဆိုပါစို့။ သူတော်ကောင်းတို့တတွေ နေ့စဉ်စားနေတဲ့ အစာအဟာရပဲ ကြည့်လေ။ ခန္ဓာ
ကိုယ်က ကျန်းမာမှု။ ကံကြောင့်ဖြစ်တဲ့ “သြဇာ ”လို့ ခေါ်ရတဲ့ အတွင်းအဟာရ ရုပ်က အခြေအ
နေကောင်းဖို့ လိုပါတယ်။ အပြင်ဘက်က စားလိုက်တဲ့အစာထဲမှာ ပါလာတဲ့ ဗဟိဒ္ဓသြဇာကလည်း
ကောင်းဖို့လိုပါတယ်။ အဇ္ဈတ္တသြဇာ၊ ဗဟိဒ္ဓသြဇာ အဲဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့ အခါကျတော့မှ
 ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
         ဒါကြောင့်မို့ အပြင်အစားအစာလည်း လိုအပ်ပါတယ်။ အတွင်းက ကျန်းမာရေး အခြေအ
နေ ကောင်းဖို့လည်း လိုအပ်ပါတယ်။ ကျန်းမာရေး မကောင်းတဲ့ ပုဂ္ဂိုလ်ကို ဘယ်လောက် အစာ
ကျွေးနေနေ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ပါ။ ထို့အတူပဲ အပြင်ဘက်က မိတ်ကောင်းဆွေ
ကောင်း ကိုယ်ကိုယ်တိုင်ကလည်း မှန်ကန်တဲ့ နှလုံးသွင်းတရားရှိပါက လောက၊ သံသရာနှစ်ဖြာ
ကြီးပွားတိုးတက်အောင်မြင်ပါမယ်။ ဖြစ်ကြောင်း သိရှိနားလည်ကြပြီး မိမိကိုယ်တိုင်ကလည်း
အများရဲ့ မိတ်ကောင်းဆွေကောင်း ဖြစ်အောင် ကြိုးစားကြဖို့၊ မိမိတို့ ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တွေ
ကလည်း တကယ့်မိတ်ကောင်းဆွေကောင်းတွေဖြစ်ဖို့ အာရုံထားပြီး ကျင့်ကြံကြိုးကုတ် အားထုတ်
နိုင်ကြပါစေ ကုန်သတည်း။
 { ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်၊ လှိုင်မြို့နယ်၊ တိုင်းရင်း 
 သားများ ဖွံ့ဖြိုးရေး ပရဟိတကျားကျောင်း၌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိ
   ၀ံသ၏ မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပါသည်။ }
   ဦးသိန်းဝေ။
       http://www.facebook.com/damanadi.tk
 http://www.facebook.com/damanady.tk
   http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
----------------------------------------------------------------------
      “အဓိဌာန်”
     ========
ငါ့တွက်များမြောက်  ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်  အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ   သာသနာ၏
ရှည်စွာအဓွန့်   ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား   ငါကြိုးစားသည်
စိတ်ထား  ငါ့မှာ  အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)

ကောဌာသ (၃၂) ပါး။

၁။ ကေသာ = ဆံပင်။
၂။ လောမာ = အမွေး။
၃။ နခါ = ခြေသည်းလက်သည်း။
၎။ ဒန္တာ = သွား။
၅။ တစော = အရေ။
၆။ မံသံ = အသား။
၇။ နှာရု = အကြော။
၈။ အဌိ = အရိုး။
၉။ အဌိမိဉ္ဇံ = ရိုးတွင်းချဉ်ဆီ။
၁၀။ ၀က္ကံ = အညှို့။
၁၁။ ဟဒယံ = နှလုံး။
၁၂။ ယကနံ =  အသည်း။
၁၃။ ကိလောမကံ = အမှေး။
၁၄။ ပိဟကံ = အပျဉ်။
၁၅။ ပပ္ဖသံ = အဆုတ်။
၁၆။ အန္တံ = အူမ။
၁၇။ အ န္တဂုဏံ = အူသိမ် အူဖွဲ။
၁၈။ ဥဒရိယံ = အစာသစ်။
၁၉။ ကရီယံ = အစာဟောင်း။
၂၀။ မတ္ထလုင်္ဂံ = ဦးနှောက်။
၂၁။ ပိတ္တံ = သည်းခြေ။
၂၂။ သေမှံ = သလိပ်။
၂၃။ ပုဗ္ဗော = ပြည်။
၂၄။ လောဟိတံ = သွေး။
၂၅။ သေဒေါ = ချွေး။
၂၆။ မေဒေါ = အဆီခဲ။
၂၇။ အဿု = မျက်ရည်။
၂၈။ ၀သာ = ဆီကြည်။
၂၉။ ခေလော = တံတွေး။
၃၀။ သိင်္ဃာနိကာ = နှပ်။
၃၁။ လသိကာ = အစေး။
၃၂။ မုတ္တံ = ကျင်ငယ်တို့ ဖြစ်ပါတယ်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပါသည်။ }
      ဦးသိန်းဝေ။
            http://www.facebook.com/damanadi.tk
     http://www.facebook.com/damanadi.tk
          http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
==============================
“စိတ်ငြိမ်းချမ်းမှု”
==========
* အတွယ်ရှိသမျှ၊ စိတ်သောက
  မုချ ရှိလိမ့်မည်။
* တွယ်တာကင်းမှ၊ စိတ်သောက
  လုံးဝ ကင်းနိုင်သည်။
* သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း
  တက်လှမ်း နိဗ္ဗာန်ပြည်။
  (ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ)

Monday, 19 January 2015

ဇာတာရက်ချုပ်


ဗေဒင်ယုံကြည်မှု လောင်ရိပ်အောက်တွင် ကျရောက်နေသောသူများသည်
ကလေးတစ်ယောက် ဖွားမြောက်လာသော်
"ဇာတာရက်ချုပ်" ပြုလုပ်တတ်ကြသည်မှာ အစဉ်အလာဖြစ်ခဲ့ပါသည်။
လူမှန်သမျှ "ဇာတာရက်ချုပ်" ရှိရမည်။
ဇာတာရက်ချုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဟူ၍လည်း "အယူသီး" တတ်ကြပါ၏။
ဤသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာကို အစဉ်တစိုက် ဆန့်ကျင်ဖီလာလုပ်ခဲ့သော
ဗြဟ္မဏ ပုဏ္ဏားတို့၏ မှိုင်းမိထားရခြင်းဖြစ်ပါ၏။
      ကောင်းပြီ။

"ဇာတာရက်ချုပ်" ပြုလုပ်ခြင်းသည်
   (၁) ဗုဒ္ဓဘာသာဝင်တို့၏ လုပ်ငန်းဟုတ်ပါသလော။
   (၂) လူတိုင်း "ဇာတာရက်ချုပ်" ပြုလုပ်ရမည်ဟု ဘုရားရှင်က ညွှန်ကြားထားသလော။
   (၃) "ဇာတာရက်ချုပ်" က လူတို့၏ ဘ၀ကံကြမ္မာကို ကောင်းအောင်ဆိုးအောင် ဖန်တီးနိုင်ပါသလော။
   (၄) ဇာတာရက်ချုပ် ပြုလုပ်သော အလေ့အထကို စတင်တီထွင်သူများသည် ဗုဒ္ဓဘာသာဝင်များလော။ ဗုဒ္ဓဘာသာကို အိန္ဒိယနိုင်ငံမှ လုံးဝပျောက်ကွယ်သွားအောင်
အစဉ်တစိုက် နှောက်ယှက်တိုက်ခိုက်ခဲ့သော "ဗြဟ္မဏ" များလော။
    
စင်စစ်သော် ဇာတာရက်ချုပ် ပြုလုပ်ခြင်းသည် ဗုဒ္ဓဘာသာ အယူမဟုတ်ပါ။
ဗုဒ္ဓဘာသာနှင့်လည်း လုံးဝမပတ်သတ်ပါ။
ဗုဒ္ဓဘာသာနှင့် အယူအမြင် အတွေးအခေါ်တို့တူညီခြင်းမရှိသော
ဗြဟ္မဏပုဏ္ဏားတို့တီထွင်သွားခဲ့သော လုပ်ငန်းသာ ဖြစ်ပါ၏။
သူတို့သည် အဘယ်ကြောင့် ဤလုပ်ငန်းကိုတီထွင်သွားခဲ့ရသနည်း။
သူတို့သည် ဆေးကုသခြင်း၊ အ၀တ်အထည်ချုပ်လုပ်ခြင်း၊ စသော လူသားအကျိုးပြု
လူမှုဝန်ဆောင်မှု လုပ်ငန်းများကို လက်ကြောတင်းစွာ လုပ်ကိုင်စားသောက်ခြင်း မပြုလိုကြ။
စပါးစိုက်ပျိုးခြင်း စသော လူသားအကျိုးပြု ကုန်ပစ္စည်းထုတ်လုပ်မှု
လုပ်ငန်းများကိုလည်း အပင်ပန်းခံ ဆောင်ရွက်လိုခြင်းမရှိကြ။
ထိုအခါ "စားပေါက်ချောင်" စေလိုသော ရည်ရွယ်ချက်ဖြင့်
"ဇာတာရက်ချုပ်" ကိုတီထွင်ခဲ့ခြင်းသာဖြစ်၏။
လူတိုင်းမဖြစ်မနေ "ဇာတာရက်ချုပ်" ပြုလုပ်ကြမည်ဆိုလျှင်
ဇာတာဖွဲ့သူ ပညာရှင်တို့ ၀င်ငွေကောင်းလာပေမည်။ မိမိတို့၏ အကျိုးစီးပွားအတွက်
ဗြဟ္မဏပုဏ္ဏားတို့သည် ကိုယ်ဖဲ ကိုယ်ချိုးပြီး ကိုယ့်ဖာသာဝေခဲ့ကြခြင်းသာ ဖြစ်၏။

ဇာတာရက်ချုပ် မလုပ်၍ကော ဘာဖြစ်မည်နည်း။
ဘာမှမဖြစ်ပါ။
ကမ္ဘာမှာရော၊ မြန်မာမှာပါ "ဇာတာရက်ချုပ်" မရှိသူတွေ အနတဂ္ဂမ၊ ဒုနှင့်ဒေး။
ထိုသူများထဲတွင် ဘ၀၌ အောင်မြင်ကျော်ကြားနေသူတွေ
မရေမတွက် နိုင်အောင် ရှိနေသည်ပင်။ အချို့ဆိုလျှင် ဇာတာရက်ချုပ် မဆိုထားဘိ၊
ငယ်စဉ်ကပင် သူများမွေးစားတာခံခဲ့ရသဖြင့်
မိမိ၏ မွေးရက်၊ မွေးသက္ကရာဇ် ကို မသိသူတွေ ရှိခဲ့သည်။
ထိုသူများတွင်လည်း ကံ၊ ဥာဏ်၊ ၀ီရိယ အစွမ်းဖြင့် ဘ၀တွင်
လူတစ်လုံး သူတစ်လုံး ဖြစ်နေကြသူတွေ ရှိသည်ပင်။
ကမ္ဘာတွင် အောင်မြင်ကျော်ကြားနေသူ ပုဂ္ဂိုလ်များမှာ မည်သည်မျှ "ဇာတာ" မဖွဲ့ကြ။
ဇာတာရက်ချုပ် မရှိကြ။
ကောင်းပြီ။ ဇာတာရက်ချုပ်လုပ်ထားကြသူတွေကော၊
ထိုသူတိုင်း ဘ၀တွင်အောင်မြင်ကျော်ကြားကြပါသလား။ ချမ်းသာကြပါသလား။
တစ်သက်လုံး "ဇာတာ" ကို မြတ်မြတ်နိုးနိုး ထုပ်ထုပ်ပိုက်ပိုက် လုပ်နေသူများတွင်
ဆင်းဆင်းရဲရဲ၊ ချို့ချို့ငဲ့ငဲ့ နှင့် ဘ၀မှ ထွက်ခွာခဲ့သူတွေလည်း အနတဂ္ဂမပင်။

အမှန်တော့ "ဇာတာရက်ချုပ်" ဆိုသည်က ဇာတာရှင်၏ ကောင်းကံ၊ ဆိုးကံကို
မည်သို့မျှ ဖန်တီးပေးနိုင်စွမ်းမရှိ။ ခြယ်လှယ်စိုးမိုးနိုင်ခြင်းမရှိ။
ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီးက
"ဇာတာခွင် အတိုင်း သတ္တ၀ါတွေ ဖြစ်ကြရတာမဟုတ်ကြောင်း"
အောက်ပါအတိုင်း ဆုံးမတော်မူခဲ့ဖူးပါ၏။

"ဗေဒင်အတိုင်းသာ သတ္တ၀ါတွေ ဖြစ်နေကြရရင် သိဒ္ဓတ္တမင်းသား ဖွားမြင်သောအခါ
ဖွားဘက်တော် ခုနစ်ယောက်လဲ တစ်ချိန်တည်း မွေးဖွားကြတယ်။
ဖွားဘက်တော်တို့၏ ဇာတာခွင်နဲ့ သိဒ္ဓတ္တမင်းသား ဇာတာခွင်သည် အတူတူပဲ။
သိဒ္ဓတ္တမင်းသား ဘုရားဖြစ်လျှင် ဖွားဘက်တော်တွေလဲ ဖြစ်သင့်တယ်။
အခုတော့ သတ္တ၀ါတွေ ဖြစ်ကြရတာ ဗေဒင်၏ ဇာတာခွင်အတိုင်းမဟုတ်။
ကံကြမ္မာအတိုင်းသာ ဖြစ်ရသောကြောင့် သိဒ္ဓတ္တမင်းသားက ဘုရားဖြစ်တာ၊
ကာဠုဒါလီတို့က ရဟန္တာ ဖြစ်ကြရတယ် မဟုတ်လား"
"မှန်ပါ့ဘုရား"
 "အဲဒါကြောင့် ဗေဒင်အခေါ်ဖြစ်သော ပြဿဒါး၊ ရက်ရာဇာ၊ စွမ်းရက်နောရက်၊
ဝါရမိတ္တူ၊ ကမ္ဘာပျက်တို့သည် ပညတ်တွေဟု မှတ်၊ ကောင်းကျိုး ဆိုးကျိုးမပေးနိုင်။
ဗေဒင်ဆရာတွေကို ထမင်းအိုးခွဲတာမဟုတ်ဘူးကွယ့်။
ပညတ်စွဲကွာအောင် ခွာရတာပဲကွယ့် မောင်ရဲ့"

ဇာတာရက်ချုပ် ပြုလုပ်ခြင်းသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မည်သို့မျှ မပတ်သတ်။
ဗုဒ္ဓဘာသာဝင်တို့၏ အယူမဟုတ်။
ဗြဟ္မဏ ဘာသာဝင်တို့၏ အယူဖြစ်သောကြောင့်
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် ဤအယူ၊ ဤအလေ့အထအပေါ်
မည်သို့ခံယူရမည်ကို ဝေဖန်စိစစ်ဥာဏ်ရှိသူတိုင်း ဝေဖန်ဆုံးဖြတ်နိုင်ပါလိမ့်မည်။
မင်းနန် အယူအမြင်မှန်ကန်ရေးမှ
Credit: mmcybermedia မှတင်ပြသည်။

ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇ ပါး။

၁။ ဆိတ်   = ဆိတ်ငြိမ်နေရာ ဖြစ်ရမည်။
၂။ တင်     = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။
၃။ ဖြောင့်  = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။
၎။ ငါး       = ဒွါရငါးပါး ပိတ်ထားရမည်။
၅။ ရှေ့      = မိမိရှေ့ မနီးမဝေး၌ ဗောဓိပင်နှင့် မြတ်စွာဘုရား ထင်ရှားရှိပုံကို နှလုံးသွင်းရမည်။
၆။ မြဲ        = သက်တော်ထင်ရှား မြတ်စွာဘုရားကို စွဲစွဲမြဲမြဲ နှလုံးသွင်းရမည်။
၇။ ပွား      = သက်တော်ထင်ရှား မြတ်စွာဘုရားကို ကြည့်၍ အရဟံ အရဟံ စသည်ဖြင့် ဂုဏ်
တော်ကို ပွားရမည်တို့ ဖြစ်ပါတယ်။ (စစ်ကိုင်းတောင်ရိုး မဟာဂန္ဓာရုံဆရာတော်နည်း)
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ဖေါ်ပြပါသည်။}
   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

အသုဘပွဲတွင် ရေအိုးခွဲခြင်း


တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ နေရာဒေသအလိုက်
ဆောင်ရွက်ကြသော "ဒုမင်္ဂလာဆိုင်ရာ" ဓလေ့ထုံးစံများကား များပြားလှ၏။
ယင်းဓလေ့ထုံးစံများထဲတွင် "အသုဘပွဲတွင် ရေအိုးခွဲခြင်းအလေ့" လည်းပါဝင်ပါသည်။

သက်မဲ့ခန္ဓာကိုယ်ကို အိမ်မှထုတ်ဆောင်သောအခါ
တစ်ပါတည်းယူဆောင်လာသော ရေအိုးကို ရိုက်ခွဲရ၏။
ယင်းသို့ရိုက်ခွဲရာ၌ ရေအိုးကွဲဖို့ အရေးကြီး၏ဟု ယုံကြည်ကြသည်၏ အချို့သည်
ရေအိုးကို ရိုက်ခွဲရာ၌ ပထမအကြိမ်တွင် မကွဲသော် ဒုတိယအကြိမ်ရိုက်ခွဲရ၏။
ယင်းသို့ပထမအကြိမ်တွင် ရေအိုးမကွဲသောအခါ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်လျှင်
ဗေဒင်ဆရာ နတ်ကတော်ဆရာထံ ချဉ်းကပ်မေးမြန်းပြီး ယတြာချေကြသူတွေပင် ရှိ၏။
ကောင်းပြီ။

အသုဘပွဲတွင် ရေအိုးကို ဘာကြောင့် ရိုက်ခွဲရသနည်း။
ယင်းသို့ရိုက်ခွဲရန် ဘုရားရှင်က ညွှန်ကြားထားခဲ့၍လော။
ပိဋကတ်တော်ထဲမှာ ပါဝင်၍လော။
မည်သူက စတင်ခဲ့သော 'ဓလေ့' နည်း။
      အစဉ်အလာသာ ဆောင်ရွက်လာခဲ့ကြသည်။
တိတိကျကျ ရေရေရာရာ အဖြရှာဖို့မူ စိတ်ဝင်စားခဲ့ဟန်မတူ။

အချို့ကမူ ဤအစဉ်အလာ ဓလေ့ထုံးစံမှာ ဘုရားဟော အဿကဇာတ်
(ဇာတက-ဋ္ဌ၊ ဒု-၁၄၂) နှင့် နှီးနွယ်ဆက်စပ်နေသည်ဟု ယူဆပြောဆိုကြပါသည်။
အဿကဇာတ်၏ အကျဉ်းချုပ်ကို တင်ပြပါမည်။

ကာသိတိုင်း၏ ဘုရင် 'အဿကမင်းကြီး' သည် အင်မတန်ချောမောလှပသော
သူ၏ မိဖုရားကြီး 'ဥပရီ' ကို အလွန်ချစ်ခင်စုံမက် မြတ်နိုးလှပါ၏။

တစ်နေ့၌ ဥပရီ မိဖုရားကြီး ကွယ်လွန်သွားပါသည်။
မင်းကြီးခမြာ မြတ်နိုးလွန်းလှသော မိဖုရားကြီး၏ အလောင်းကို မပစ်ရက်သောကြောင့်
မပုပ်သိုးစိမ့်သောငှာ စီမံထားရှိပြီး သူအိပ်သော ကုတင်အောက်တွင် ထားသည်။
သောကပရိဒေ၀၏ ဒဏ်ကို အပြင်းအထန် လူးလှမ့်ခံစားနေရရှာသည်။
မည်သူကမျှ ဖျောင်းဖျ၍ မရခဲ့ပါ။

ထိုအချိန်၌ ဘုရားလောင်းရသေ့သည် အဿကမင်းကို ဆုံးမရန်
မင်းကြီး၏ ဥယျာဉ်ထဲသို့ ကြွလာပါ၏။
ရသေ့မြတ်က သူ့အားဖူးမြော် လာသူတစ်ဦးအား-
         "အဿကမင်းက ငါ့ကိုလာပြီးမေးမယ်ဆိုရင် ငါကသူ့ကို
ဥပရီမိဖုရားရဲ့လားရာဂတိကို ပြောပြမယ်။ အဿကမင်းရဲ့ ရှေ့မှာပဲ
အဲဒီ ဥပရီ မိဖုရားကို စကားပြောခိုင်းမယ်" ဟုပြောကြားလိုက်ပါသည်။
ဤစကားကိုကြားလျှင်ကြားချင်း အဿက မင်းကြီးက ဘုရားအလောင်းတော် ရသေ့ထံ
ဝင်ရောက်လာပြီး
"အရှင်ဘုရားက ဥပရီမိဖုရားရဲ့ ဖြစ်ရာဌာနကို သိတယ်ဆိုတာ ဟုတ်ပါသလားဘုရား"
"ဟုတ်ပါတယ် ဒကာတော်မင်းမြတ်"
"မင်းမြတ်၊ သင့်ရဲ့ မိဖုရားဟာ ကိုယ့်ကိုကိုယ် အလှပြင်နေတာနဲ့ပဲ အချိန်ကုန်ပြီး
ကုသိုလ်ကောင်းမှု မပြုလုပ်ခဲ့တဲ့အတွက် ဒီဥယျာဉ်ထဲမှာပဲ နွားချေးပိုးမ ဖြစ်နေပါတယ်"
"တပည့်တော် မယုံနိုင်ပါ ဘုရား"
"ဒီလိုဆိုရင် နွားချေးပိုးမကို ခေါ်ပြပြီး စကားပြောခိုင်းမယ် ဆိုရင်ရော"
"ကောင်းပါတယ် ဘုရား"
      အလောင်းတော် ရှင်ရသေ့သည် သူ၏ တန်ခိုးဖြင့် နွားချေးပိုး ဇနီးမောင်နှံ နှစ်ကောင်လုံးကို
သူ့ရှေ့သို့ ရောက်အောင် ခေါ်လိုက်ပါသည်။

ထို့နောက် အဿကမင်းကြီးအား -
"မင်းကြီး ဒီနွားချေးပိုးဟာ သင်ရဲ့ ဥပရီမိဖုရားပဲ၊ သင့်ကို စွန့်ထားခဲ့ပြီး၊
နွားချေးပိုးဖိုရဲ့ နောက်က တကောက်ကောက် လိုက်ပါနေတယ်"
"အရှင်ဘုရား၊ ဥပရီလို မိန်းမတစ်ဦးက
နွားချေးပိုးမ ဖြစ်နေတယ်ဆိုတာ တပည့်တော် လုံးဝ မယုံနိုင်ပါ”
"မင်းကြီး သူ့ကို စကားပြောခိုင်းရမလား"
"ခိုင်းတော်မူပါ ဘုရား"
အလောင်းတော် ရသေ့သည် သူ၏ တန်ခိုးဖြင့် စေခိုင်းလိုက်ရာ
နွားချေးပိုးမက လူ့ဘာသာစကားနှင့် ပြန်ပြောပါသည်။
"နင်ဟာ အတိတ်ဘ၀တုန်းက ဘယ်သူလဲ"
"အရှင်ဘုရား တပည့်တော်ဟာ အဿကမင်းကြီးရဲ့ မိဖုရား ဥပရီပါ"
"သင်ဟာ အခု မင်းကြီးကို ချစ်သလား၊ ဒါမှမဟုတ် ဒီနွားချေးပိုးထီးကို ချစ်သလား"
"အရှင်ဘုရား၊ ဒီဥယျာဉ်အရပ်က တပည့်တော်ကို အင်မတန်ချစ်မြတ်နိုးတဲ့
လင်ဖြစ်သူ "အဿကမင်း" နဲ့ အတူ တပည့်တော် လှည့်လည်သွားလာနေကျအရပ်ပါ။
အသစ်ဖြစ်တဲ့ ချမ်းသာ ဆင်းရဲက အဟောင်းဖြစ်တဲ့ ချမ်းသာဆင်းရဲကို
ဖုံးကွယ်ပိတ်ဆို့ထားလိုက်ပါတယ်။ ဒီနွားချေးပိုးထီးကို သာပိုပြီး ချစ်ခင်မြတ်နိုးပါတော့တယ်"
ဘ၀ဟောင်းက ဥပရီမိဖုရားကြီး ဖြစ်ခဲ့ဖူးသော နွားချေးပိုးမ၏ စကားကို
ကြားလိုက်ရသောအခါ အဿကမင်းကြီးက စိတ်နာပြီး ပြင်းစွာ ဒေါသထွက်သွားပါသည်။

မိဖုရားအလောင်းကောင်ကို ခြေဖြင့် ကန်ပြီး ချက်ချင်းပင် သယ်ဆောင် သင်္ဂြိုလ်စေခဲ့ပါသည်။
အလောင်းအောက်က ကြမ်းပြင်ကို ရေဖြင့်ဆေးကြောပြီး ကြမ်းခင်းပြင်များကို ထုတ်နှုတ်ပစ်ခဲ့ပါသည်။

အဿကမင်းကြီး၏ ဤထုံးကို နှလုံးမူလျက်
"ရေစက်ကုန်ပြီ"၊ "အိုးစားကွဲပြီ" ဆိုသောသဘောဖြင့် ရေအိုးခွဲခြင်းဖြစ်သည် ဟုဆိုကြပါ၏။
အဿကမင်းကြီး၏ထုံး နှလုံးမူရအောင် ကွယ်လွန်သူအပေါ် ကျန်ရစ်သူ မိသားစုက
(အဿကမင်းကြီးက ဥပရီမိဖုရားကြီးအပေါ် စိတ်နာသလို) စိတ်နာကြလို့လား။
"ရေစက်ကုန်ပြီ" ဟုဆိုရအောင် ကျန်ရစ်သူ မိသားစုတွေက
ကွယ်လွန်သူအပေါ် ဘာများနာကြည်းစရာတွေ ရှိခဲ့လို့လဲ။
"အိုးစားကွဲပြီ" ဟုဆိုရအောင် ကျန်ရစ်သူ မိသားစုက
ကွယ်လွန်သူအပေါ် ဘာများစိတ်ဆိုးစရာ ရှိလို့လဲ။

စင်စစ်မူ "ရေစက်ကုန်ပြီ"၊ "အိုးစားကွဲပြီ" ဆိုသည့် သဘောနှင့်
"ရေအိုးကို ရိုက်ခွဲခြင်း" သည် လက်တွေ့ခံစားချက်ကို သစ္စာဖောက်လိုက်ခြင်းသာဖြစ်ပါ၏။
လက်တွေ့တွင်မူ ကွယ်လွန်သူအပေါ် ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးသားချင်းများက
တမ်းတမ်းတတ ရှိကြသည်။ လွမ်းလွမ်းဆွတ်ဆွတ် ရှိကြသည်။ နှမြောတသ ရှိကြသည်။
ဖြစ်နိုင်လျှင် သေသူနှင့် ဘ၀ပေါင်း အသင်္ချေ ပြန်၍ဆုံချင်ကြပေသည်။
မလွန်ဆန်သာ၍သာ ကွယ်လွန်သူ၏ သက်မဲ့ခန္ဓာကိုယ်ကြီးကို "စွန့်ပစ်" ကြရသည်။
မည်သူကမျှ ကွယ်လွန်သူနှင့် ရေစက်လည်း မကုန်ချင်ကြ၊ အိုးစားလည်း မခွဲချင်ကြပါ။

အချို့ကမူ "ရေအိုးကွဲအောင် ရိုက်ခွဲ" မှ
သေသူ၏ ၀ိညာဉ်လိပ်ပြာက မိသားစုထံတွင် ရစ်ဝဲခြင်းမရှိနိုင်။
တ၀ဲလည်လည်တွယ်တာ ခြင်းမရှိနိုင်ဟု ဆိုတတ်ကြသည်။
မှားလေစွတကား။
ကွယ်လွန်သူမှန်သမျှ သူပြုခဲ့သော ကံ၏စေရာ ဘုံဘ၀တစ်ခုခုသို့
(သေသည်နှင့် တပြိုင်နက်) မိနစ်ပင်မခြား ကူးပြောင်းခဲ့ပြီး ဖြစ်ရာ
သူ၏လားရာဂတိသည် ရေအိုးကို ရိုက်ခွဲခြင်းနှင့် မဆိုင်ပေ။
သို့ဖြစ်၍ အသုဘပွဲတွင် ရေအိုးကို ရိုက်ခွဲသော ဓလေ့သည်
ဘာသာရေး ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊
လက်တွေ့စိတ်ခံစားမှု ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊
မည်သို့မျှ အဓိပ္ပာယ်မရှိသော "အယူသီးမှုတစ်ခု" သာဖြစ်သည်မှာ
ငြင်းပယ်၍ မရနိုင်ပါချေ။
မင်းနန် မော်ကျွန်း - အယူအမြင်မှန်ကန်ရေး မှ
http://www.dhammagarden.comမှတဆင့်ခံစားတင်ပြသည်။

ဣနြေ္ဒ ၅ ပါး။

၁။ သိဒ္ဓိနြေ္ဒ   = ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း။
၂။ ၀ီရိယနြေ္ဒ = ၀ီရိယဖြင့် စိတ်ကို အစိုးရခြင်း။
၃။ သတိနြေ္ဒ  = သတိဖြင့် စိတ်ကို အစိုးရခြင်း။

၎။ သမာဓိနြေ္ဒ= သမာဓိဖြင့် စိတ်ကို အစိုးရခြင်း။
၅။ ပညိနြေ္ဒ   = ပညာဖြင့် စိတ်ကို အစိုးရခြင်းတို ဖြစ်ပါတယ်။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ဖေါ်ပြပါသည်။}
   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ




၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။



၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။

၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသောဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

ဆောင်ပုဒ် ...

၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့ သောသားသမီးတို့သည် မိဘကိုပစ်ပယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ထားကြသည်။ အချို့သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန် ပင်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး ဖြစ်ပါသည်။

မိဘကျေးဇူးအနန္တကို သိတဲ့အတိုင်း ဆပ်ခွင့်ရနိုင်ကြပါစေ….

https://www.facebook.com/photo.php?fbid=506832116066998&set=a.5... မှတင်ပြသည်။

ဘုရားရှစ်ခိုးတိုင်းရွတ်နေကြပါဘဲ( လူငယ်များအတွက်)

 
အပါယ်လေးပါးဆိုသည်ကား။
၁။ ငရဲ                   …….. ချမ်းသာ အနည်းငယ်မရှိပဲ ၊ မီးတောက် မီးလျှံ ဓါးလှံ စက်တို့၌ ခံရခြင်းကို ငရဲဟု ခေါ်ပါသည်။
၂။ တိရစ္ဆာန်            …….. တရားကို မသိ ၊ စားခြင်း အိပ်ခြင်း မေထုန်မှီဝဲခြင်းကိုသာသိသော ၊ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ။
၃။ ပြိတ္တာ                …….. ချမ်းသာသုခမှ ကင်းဝေးသော ဖုတ် တစ္ဆေ စသောသတ္တ၀ါ။

၎။ အသူရကာယ်       …….. စည်းစိမ်ချမ်းသာ မြူးထူးခြင်း စသည်တို့ဖြင့် မမြူးထူးမထွန်းပတက်သော သတ္တ၀ါ။
(နေ့စံ၍ ညဉ့်ခံ ၊ ညဉ့်စံ၍ နေ့ခံသော သတ္တ၀ါ)

ကပ်သုံးပါး ။
၁။ ဒုဗ္ဘိက္ခန္တရကပ်      …….. အစာခေါင်းပါး ငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း။
၂။ သတ္တန္တရကပ်      …….. သေစေတက်သော ဓါး ၊ လှံ ၊ သေနတ် စသောလက်နက်တို့ဖြင့် အချင်းချင်းတိုက်ခိုက်ထိုးခုတ်၍ များစွာ သေကြေပျက်စီးခြင်း။
၃။ ရောဂန္တရကပ်       …….. ကူးစက်တက်သော အနာရောဂါ ကျရောက်သဖြင့် များစွာသေကြေ ပျက်စီးခြင်း။
(ကပ် – ကာလအပိုင်းအခြား)

အရပ်ပြစ်ရှစ်ပါး။
၁။ ငရဲ                   …….. ချမ်းသာအလျဉ်းမရှိသောအရပ်။
၂။ တိရစ္ဆာန်            …….. မဂ် ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ။
၃။ ပြိတ္တာ                …….. ချမ်းသာသုခကင်းဝေးသော ဖုတ်-တစ္ဆေ စသောသတ္တ၀ါ။
၎။ အသညဇော        …….. အရူပဘုံ ၊ အသညသတ်ဘုံ။
၅။ ပစ္စန္တရော            …….. ရတနာသုံးပါး မတည်၍ ရိုင်းစိုင်းသော သူတို့အရပ်။
၆။ ၀ိကလိန္ဒြိယ         …….. ပဋိသန္ဓေအားဖြင့် ကျိုး ၊ ကန်း ၊ ဆွံ့အ သောသူအဖြစ်။
၇။ မိစ္ဆာဒိဌိ             …….. မှားသောအယူကိုယူသော မိစ္ဆာဒိဌိတက္ကဒွန်းဖြစ်ရခြင်း။
၈။ ဗုဒ္ဓသုညော တိဟေတုကော …….. ဘုရားမရှိသော အခါကာလ၌ တိဟိတ်ပဋိသန္ဓေ နေသောသူ။
(အရပ်ပြစ်ရှစ်ပါး – မဂ်ကိုရခြင်းမှ ကင်းသောအရပ် ၈-ပါး)


ရန်သူမျိုးငါးပါး။
၁။ မီး                    …….. လောင်ကျွမ်းစေတက်သော ဓါတ်တစ်မျိုး။
၂။ ရေ                   …….. သောက် ၊ ချိုး ၊ ဖွတ် ၊ လျှော် ဆေးကြောရသော အရည်ဓါတ်တစ်မျိုး။
၃။ မင်း                   …….. ရေ မြေ ကို အစိုးရသော လောကသမုတိနတ်။
၎။ ခိုးသူ                 …….. သူတစ်ပါး ပစ္စည်းကို မသိအောင် တိတ်တဆိတ် ယူတက်သောသူ။
၅။ အချစ်မနှစ်သက်သောသူ …….. မိမိကိုမုန်း၍ ပျင်စီးရာ ပျက်စီးကြောင်း ကြံတက်သူ။

ဝိပတ္တိတရားလေးပါ။
၁။ ဂတိဝိပတ္တိ           …….. အပါယ်လေးဘုံ၌ဖြစ်ခြင်း။
၂။ ဥပဓိဝိပတ္တိ           …….. ယုတ်ညံ့သော အတ္တဘောကို ရခြင်း။
၃။ ကာလ၀ိပတ္တိ        …….. မကောင်းသော မင်းတို့၏ လက်ထက်ဟု ဆိုအပ်သောကာလ။
၎။ ပယောဂ၀ိပတ္တိ      …….. မကောင်းသောလုံ့လရှိခြင်း။
(၀ိပ္ပတ္တိ – ပျက်စီးခြင်း ၊ ဖေါက်ပြန်ခြင်း)။

ဗျသနတရားငါးပါး။
၁။ ညာတိဗျသန        …….. အဆွေအမျိုးတို့ ပျက်စီးခြင်း။
၂။ ဘောဗျသန         …….. စည်းစိမ်ဥစ္စာအရာအထူးတို့ ပျက်စီးခြင်း။
၃။ ရောဂဗျသန         …….. အနာရောဂါကြောင့် ပျက်စီးခြင်း။
၎။ သီလဗျသန         …….. ကောင်းသော အကျင့်သီလ ပျက်စီးခြင်း။
၅။ ဒိဌိဗျသန            …….. ကောင်းသောအယူဝါဒ ပျက်စီးခြင်း။
 ဒုစရိုက်တရား။
ဒုစရိုက်သည် – မကောင်းသောအကျင့်ကို ဆိုပါသည်။
ဒုစရိုက်သည် – အကုသိုလ်ဖြစ်ပါသည်။
ကာယကံ ၃-ပါး ၊ ၀စီကံ ၄-ပါး ၊ မနောကံ ၃-ပါး အားဖြင့် ဒုစရိုက် ၁၀-ပါး ဖြစ်ပါသည်။ ဒုစရိုက် ၁၀-ပါး တို့တွင် တစ်ပါးပါးကို ကမ္မပထမြောက်အောင် လွန်ကျူးမိပါက အပါယ်လေးပါးသို့ လားစေတက်သောကြောင့်၎င်း ၊ ကမ္မပထ မမြောက်သော ဒုစရိုက်သည် ဖြစ်လေရာဘ၀၌ အခွင့်သာသောအခါ ဆင်းရဲစွာသော မကောင်းကျိုးကို ဖြစ်စေတက်သောကြောင့်၎င်း ၊ ဗုဒ္ဓဘာသာဝင်ဖြစ်သူ အပေါင်းတို့သည် ဒုစရိုက် ၁၀-ပါးကို ကောင်းစွာရှောင်ကြဉ်ရာ၏။
http://sandarthuriya.wordpress.com မှတင်ပြသည်။

Gold price estimated