Video

Tuesday 16 December 2014

မဟာရောရုဝငရဲ (ကိုယ်ကျင့်အဘိဓမ္မာ - ၉၈)



မဟာရောရုဝ
ဤငရဲကား မီးတောက်မီးလျှံမဟုတ်ဘဲ မီးခိုးတွေ တစ်ငရဲလုံး လွှမ်းဖုံးနေ၏။ ငရဲသို့ကျရောက်သူတို့ကို မီးခိုးတွေက အတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြလေတော့၏။ ငရဲသူ ငရဲသားတို့မှာ ဘာမျှမတတ်နိုင်ကြတော့ဘဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာလေတော့သည်။ ဤငရဲကို “ဓူမရောရုဝငရဲ”ဟုလည်းခေါ်၏။


ဓူမေဟိ ပ၀ိသိတွာန၊ သေဒမာနာ ဒယာဝဟံ။
မဟာရ၀ံ ရ၀န္တေတ္ထ၊ ၀ုစ္စတေ ဓူမရောရုဝေါ။
ဧတ္ထ နိရယေ- ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး ဤမည်သော ငရဲကြီး၌၊
ဓူမေဟိ- တစ်ငရဲလုံး လွှမ်းအုပ်ဖုံးလျက် တရုန်းရုန်းတိုး မီးအခိုးတို့သည်၊
ပ၀ိသိတွာန- ဒွါရ ၉-သွယ် အပေါက်ငယ်မှ ဘယ်ဝယ်မကြွင်း ချင်းနင်းဝင်ရောက်ကြကုန်လျက်၊
သေဒမာနာ- အတင်းအကျပ် နှူးနှပ်အပ်သည့် များလတ်ဘိတောင်း ငရဲသားအပေါင်းတို့သည်၊
ဒယာဝဟံ- အားငယ်ပါးငယ် အများကယ်အောင် သနားဖွယ်ကိုဆောင်သော၊
မဟာသရ၀ံ- ကယ်ပါယူပါ တစာစာနှင့် ကြမ္မာထိန်သီး အသံကြီးကို၊
ရ၀န္တိ- သံကုန်လှစ်၍ ဟစ်အော်ကြရှာလေကုန်၏၊
သော နိရယော- သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်အော်ရိုး ထိုငရဲအိုးကို၊
ဓူမရောရုဝေါ- ဓူမရောရုဝငရဲဟူ၍၊
ဝုစ္စတေ- ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။

No comments:

Post a Comment

Gold price estimated