Video

Tuesday 16 December 2014

အ၀ီစိငရဲ (ကိုယ်ကျင့်အဘိဓမ္မာ-၁၀၀)


အ၀ီစိငရဲ
(အ = မရှိ + ၀ီစိ = အကြား) ထိုအ၀ီစိငရဲ၌ မီးတောက်မီးလျှံများလည်း အကြားမရှိ။ တစ်ငရဲလုံး၌ မီးလျှံချင်း ဆက်၍နေ၏။ ငရဲသတ္တ၀ါချင်းလည်း အကြားမရှိ။ ၀ါးကျည်တောက်အတွင်း၌ မုန်ညင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ သတ္တ၀ါတွေ ပြည့်ကျပ်ညှပ်နေတော့၏။ ဆင်းရဲဒုက္ခသည် အကြားမရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့်လုံးဝမရနိုင်။ ဤသို့ မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲဒုက္ခ ဤ ၃-မျိုးတို့ အကြားမရှိအောင် ဆက်စပ်နေသောကြောင့် “အ၀ီစိငရဲ”ဟုခေါ်၏။


ဇာလာနံ သတ္တာနံ ယတ္ထ၊ နတ္ထိ ဒုက္ခဿ အန္တရံ။
ဗာလာနံ နိဝါရသာ သောဟိ၊ အ၀ီစီတိ ပ၀ုစ္စတေ။
ယတ္ထ နိရယေ-၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌၊
ဇာလာနံ- ၀ဲယာရှေ့နောက် အထက်အောက်မှ ထွင်းဖောက်ထွက်သွား မီးလျှံအများတို့၏ လည်းကောင်း၊
သတ္တာနံ၊ ကျည်တောက်အတွင်း နှမ်းမုန်ညင်းသို့ ပြည့်တင်းတင်းကျပ်လှောင် သတ္တ၀ါအပေါင်းတို့၏လည်းကောင်း၊
ဒုက္ခဿ- ကိုယ်ရောစိတ်မှာ မသက်သာအောင် ဆက်ကာနှိပ်နှင်း ဆင်းရဲခြင်း၏လည်းကောင်း၊
အန္တရံနတ္ထိ- တစ်မိနစ်မျှ မလစ်ရ၍ ခေတ္တနားရန် အကြားမကျန်တော့ချေ၊
ဗာလာနံ- ကမ္ဘာတိုက်ဖွား ငမိုက်သားတို့၏၊
နိဝါသော- အမြဲမပြတ် နေထိုင်ရာအရပ်ဖြစ်သော၊
သောဟိနိရယော- အကုသိုလ်ကံ အရင်းခံလျက် သယံဇာတ ထာဝရဖြင့် ကာလကြာပြီး ထိုငရဲကြီးကို၊
အ၀ီစီတိ- အ၀ီစိငရဲဟူ၍၊ ပ၀ုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။

No comments:

Post a Comment

Gold price estimated