Video

Friday 12 September 2014

"သုညကမ္ဘာ"ဆိုတာဘာလဲ?


"သုညကမ္ဘာ"ဆိုတာလူတွေ နတ်တွေ ဗြဟ္မာတွေ မရှိဘဲ တိတ်ဆိတ်နေတဲ့ကမ္ဘာကြီးဖြစ်နေတယ်လို့ အချို့ကထင်ကြပါတယ်။ သည် အထင်ဟာမမှန်ပါ။
လူတွေ နတ်တွေ ဗြဟ္မာတွေသာမဟုတ် အပါယ်လေးဘုံသားတွေလည်း အပြည့်အနှက် ရှိနေပါတယ်။ ဒါဖြင့် ဘာကြောင့် "သုညကမ္ဘာ" လို့ခေါ်ရတာလဲလို့ မေးဘွယ်ရာရှိနေပါတယ်။
သတ္တဝါတွေ မရှိလို့ "သုညကမ္ဘာ" ခေါ်တာမဟုတ်ပါ။ မြတ်စွာဘုရားလည်းပွင့်တော်မမူ မြတ်စွာဘုရားရဲ့ သာသနာတော်လည်းမရှိ သုန်းဆိတ်နေတဲ့ ကမ္ဘာကြီးကိုခေါ်ပါတယ်။
ထို "သုညကမ္ဘာ"ကြီးမှာ အပါယ်လေးဘုံ၌လည်း အပါယ်ဘုံသားတွေ အဟောင်းအသစ်မပြတ် ပြောင်းလဲဖြစ်ပေါ်လျက်ရှိနေပါတယ်။ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်တွေမှာလည်း လူတွေ နတ်တွေ ဗြဟ္မာတွေ အဟောင်းအသစ်မပြတ်မစဲ ပြောင်းလဲဖြစ်ပေါ်လျက်ပင် ရှိနေပါတယ်။
သည်လိုဖြစ်ရတာ ဘာကြောင့်လဲလို့စဉ်းစားဘွယ်ရာ ရှိပါတယ်။
အပါယ်ရောက်ကြောင်း "အကုသိုလ်"တရားတွေ……
လူ့ပြည် နတ်ပြည်ရောက်ကြောင်း "ဒါန သီလ" တွေ…

ဗြဟ္မာပြည်သို့ရောက်ကြောင်း "သမထ"တရားတွေ ကျင့်သုံးနေကြလို့ပေါ့ဟုဆိုရပါလိမ့်မယ်။
ထိုသို့ဆိုလျှင် မသိလို့ကျူးလွန်ကြတဲ့ အကုသိုလ် တရားတွေကိုထားအုံးတော့
ဒါန သီလ သမထ တွေကိုတော့ ဘုရားမပွင့်ဘဲနှင့် ဘယ်သူတွေကလာရောက်ဟောပြောပါသလဲလို့ မေးစရာ ဖြစ်လာပါလိမ့်မယ်။
ဘုရားမပွင့်ပေမဲ့ ထို ဒါန သီလ သမထတွေဟာ **ကမ္ဘာ့နိယာမတရား**များဖြစ်ကြလို့ လူသူတော်ကောင်း ရသေ့ သူတော်ကောင်း တွေက ဆရာအဆက်ဆက် တပည့်အဆက်ဆက် အစဉ်အလာဟောကြားခဲ့ သောကြောင့်ဖြစ်ပါတယ်။
ကံသာလျှင်ဥစ္စာဖြစ်တယ်။ကံသာလျှင် ကိုးကွယ်ရာဖြစ်တယ် လို့သိတဲ့ ကမ္မဿကတာ ဉာဏ်ပညာဟာ ဗုဒ္ဓပွင့်တော်မူသည်ဖြစ်စေ မပွင့်သည်ဖြစ်စေ လောကမှာထင်ရှားရှိတယ်။
လက္ခဏာရေးသုံးပါးကို မြင်အောင်ရှု့တဲ့ "ဝိပဿ နာပညာ"ကတော့ ဗုဒ္ဓပွင့်တော်မူမှသာ ကြားရသိရပါတယ်။
ဗုဒ္ဓမပွင့်လျှင် ကြားရ သိရ နာရ လိမ့်မည် မဟုတ်ပါ။
ဦးစံရှိန်
မန္တလေး၏ ဒိဋ္ဌိဖြုတ်ပုံ အလုပ်တရား
စာအုပ်မှ……
"သုညကမ္ဘာ"ဆိုတာဘာလဲ?  "သုညကမ္ဘာ"ဆိုတာလူတွေ နတ်တွေ ဗြဟ္မာတွေ မရှိဘဲ တိတ်ဆိတ်နေတဲ့ကမ္ဘာကြီးဖြစ်နေတယ်လို့ အချို့ကထင်ကြပါတယ်။ သည် အထင်ဟာမမှန်ပါ။ လူတွေ နတ်တွေ ဗြဟ္မာတွေသာမဟုတ် အပါယ်လေးဘုံသားတွေလည်း အပြည့်အနှက် ရှိနေပါတယ်။ ဒါဖြင့် ဘာကြောင့် "သုညကမ္ဘာ" လို့ခေါ်ရတာလဲလို့ မေးဘွယ်ရာရှိနေပါတယ်။  သတ္တဝါတွေ မရှိလို့ "သုညကမ္ဘာ" ခေါ်တာမဟုတ်ပါ။ မြတ်စွာဘုရားလည်းပွင့်တော်မမူ မြတ်စွာဘုရားရဲ့ သာသနာတော်လည်းမရှိ သုန်းဆိတ်နေတဲ့ ကမ္ဘာကြီးကိုခေါ်ပါတယ်။  ထို "သုညကမ္ဘာ"ကြီးမှာ အပါယ်လေးဘုံ၌လည်း အပါယ်ဘုံသားတွေ အဟောင်းအသစ်မပြတ် ပြောင်းလဲဖြစ်ပေါ်လျက်ရှိနေပါတယ်။ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်တွေမှာလည်း လူတွေ နတ်တွေ ဗြဟ္မာတွေ အဟောင်းအသစ်မပြတ်မစဲ ပြောင်းလဲဖြစ်ပေါ်လျက်ပင် ရှိနေပါတယ်။   သည်လိုဖြစ်ရတာ ဘာကြောင့်လဲလို့စဉ်းစားဘွယ်ရာ ရှိပါတယ်။ အပါယ်ရောက်ကြောင်း "အကုသိုလ်"တရားတွေ…… လူ့ပြည် နတ်ပြည်ရောက်ကြောင်း "ဒါန သီလ" တွေ… ဗြဟ္မာပြည်သို့ရောက်ကြောင်း "သမထ"တရားတွေ ကျင့်သုံးနေကြလို့ပေါ့ဟုဆိုရပါလိမ့်မယ်။  ထိုသို့ဆိုလျှင် မသိလို့ကျူးလွန်ကြတဲ့ အကုသိုလ် တရားတွေကိုထားအုံးတော့ ဒါန သီလ သမထ တွေကိုတော့ ဘုရားမပွင့်ဘဲနှင့် ဘယ်သူတွေကလာရောက်ဟောပြောပါသလဲလို့ မေးစရာ ဖြစ်လာပါလိမ့်မယ်။  ဘုရားမပွင့်ပေမဲ့ ထို ဒါန သီလ သမထတွေဟာ **ကမ္ဘာ့နိယာမတရား**များဖြစ်ကြလို့ လူသူတော်ကောင်း ရသေ့ သူတော်ကောင်း တွေက ဆရာအဆက်ဆက် တပည့်အဆက်ဆက် အစဉ်အလာဟောကြားခဲ့ သောကြောင့်ဖြစ်ပါတယ်။  ကံသာလျှင်ဥစ္စာဖြစ်တယ်။ကံသာလျှင် ကိုးကွယ်ရာဖြစ်တယ် လို့သိတဲ့ ကမ္မဿကတာ ဉာဏ်ပညာဟာ ဗုဒ္ဓပွင့်တော်မူသည်ဖြစ်စေ မပွင့်သည်ဖြစ်စေ လောကမှာထင်ရှားရှိတယ်။ လက္ခဏာရေးသုံးပါးကို မြင်အောင်ရှု့တဲ့ "ဝိပဿ နာပညာ"ကတော့ ဗုဒ္ဓပွင့်တော်မူမှသာ ကြားရသိရပါတယ်။ ဗုဒ္ဓမပွင့်လျှင် ကြားရ သိရ နာရ လိမ့်မည် မဟုတ်ပါ။  ဦးစံရှိန် မန္တလေး၏ ဒိဋ္ဌိဖြုတ်ပုံ အလုပ်တရား စာအုပ်မှ……

No comments:

Post a Comment

Gold price estimated