Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၃၊ Dr နန္ဒာမာလာဘိဝံသ

 
 
ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၃

Dr နန္ဒာမာလာဘိဝံသ

အာရမ္မဏပစ္စယော - ထိုအာရမ္မဏပစ္စယောကို ပစ္စယုဒ္ဒေသပါဠိမှာ ပါဠိအပြည့်အစုံဟောထားတယ်။ ထိုအာရမ္မဏပစ္စယောရဲ့ အာရမ္မဏပစ္စည်းဆိုတဲ့နေရာမှာ အာရမ္မဏဆိုတဲ့ပုဒ်က - အာ - ဆိုတာ = လာရောက်ပြီးတော့၊ ရမ္မဏ = မွေ့လျော်တယ် ။ လူတွေရဲ့စိတ်ကလေးဟာ (စိတ်လို့ပြောလိုက်ယင် စေတသိက်လည်းပါတယ်လို့မှတ်ထားပေါ့။) ၊ လူတွေရဲ့ စိတ်ကလေး အတွေးတွေဟာ ဆိုင်ရာအာရုံစီကိုသွားရောက်ပြီးတော့ ပျော်မွေ့နေကြတယ်။ အာရုံမရှိပဲနဲ့ လူ့ရဲ့စိတ်ဟာ ဘယ်တော့မှ မဖြစ်ဘူးး။ နေ့စဉ်နဲ့အမျှ လူတွေပြောနေကြတဲ့ စိတ်ဟာ အာရုံပေါ်မှီပြီးတော့ ဖြစ်တယ်။ ဒါကြောင့်မို့လို့ လူ့စိတ်ထဲမှာ အဓိက အကြောင်းတရားတခုက ဘာတုန်းဆိုယင် ဒီ အာရမ္မဏပစ္စည်း ပဲ ။

အဲဒီ အာရမ္မဏကိုပဲ အဓိပ္ပာယ် တစ်မျိုးနဲ့ပြောလို့ ရှိယင် အာလမ္ဗဏ စိတ်ကလေးဟာ ဘာနဲ့ အလားသဏ္ဍာန်တူတုန်းဆိုယင် မသန်စွမ်းတဲ့လူနဲ့အလားသဏ္ဍာန်တူတယ်။ မသန်စွမ်းတဲ့လူတစ်ယောက်ဟာ ကြိုးတန်းတို့ တုတ်ကလေးတွေတို့ကို အားပြုပြီးမှ ထလို့ရတယ်။ စိတ်ကလေးဟာလည်း အာရုံပေါ်ကိုမှီတွယ်ပြီးတော့မှသာ ထနိုင်တယ်တဲ့။ အာရုံမရှိပဲနဲ့ စိတ်မဖြစ်ဖူးလို့ ဒီလိုပြောလိုတာ။


ဒါကြောင့်မို့လို့ အဋ္ဌကထာဆရာများက ဥပမာပေးထားတယ်။
*** တောင်ဝှေးကြိုးတန်းစွဲကိုင်လှမ်းလျက် မစွမ်းလူမှာ ထရရှာသို့၊ ခုနှစ်ဖြာမှတ် ၀ိညာဏ်ဓာတ်တို့ (မြင်သိစိတ် = စက္ခုဝိညာဏဓာတ်၊ ကြားသိစိတ် = သောတ၀ိညာဏဓာတ်၊ နံသိစိတ် = ဃာန၀ိညာဏဓာတ်၊ လျက်သိစိတ် = ဇိဝှါဝိညာဏဓာတ်၊ ထိသိစိတ် = ကာယ၀ိညာဏဓာတ်) ၊ ထို အာရုံတွေနဲ့တွဲပြီးတော့ ကြံသိစိတ်တို့ရဲ့ ရှေ့နောက် ၊ ထိသိစိတ်၊ ကြားသိစိတ်စသည်တို့ရဲ့ရှေ့နောက်မှာဖြစ်တဲ့ မနောဓာတ် ။ နော် …

စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ မနောဓာတ် ၊ နောက်ပြီးတော့ မနောဝိညာဏဓာတ် တဲ့။ တွေးသိပြီးတော့ သိတဲ့စိတ် မနောဝိညာဏဓာတ် ။ အဲဒါကို ၀ိညာဏဓာတ်လို့ ဘာဖြစ်လို့ ဓာတုဆိုတဲ့ စကားလုံးနဲ့သုံးသလည်းဆိုလို့ရှိယင် - ဓာတုဆိုတာ element ဇီဝမဟုတ်ဘူး၊ သတ္တ၀ါမဟုတ်ဘူး။ အတ္တမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်။ ဓာတုရဲ့အဓိပ္ပာယ်က ကိုယ့်သဘောကိုယ်ဆောင်တယ်၊ သူ့ရဲ့သဘာဝသက်သက် phenomenon သက်သက်ပဲ။ ဓာတုဆိုတဲ့စကားလုံးလေးက အဓိပ္ပာယ်က အဲဒါကိုပြောတာ။

ဒါကြောင့်မို့လို့ စိတ်တွေကို ဓာတ်နဲ့ခွဲလိုက်တဲ့အခါကြတော့ ၇ ခု ရတယ်။ စက္ခုဝိညာဏဓာတ်၊ သောတ၀ိညာဏဓာတ်၊ ဃာန၀ိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ ကာယ၀ိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ် လို့ ။ အဲဒီလို ၀ိညာဏဓာတ် ၇ပါး ဆိုတာ၊ ၀ိညာဏဓာတ် စွဲမှတ်မျှော်ရှု မှီရာဟုဖြင့် ကျေးဇူးပြုငြား အာရုံခြောက်ပါးပစ္စည်းတရား၎င်းလို့။ အာရုံခြောက်မျိုး။

အာရမ္မဏပစ္စယောဆိုတာ လူတွေရဲ့သဏ္ဍာန်မှာ နေ့စဉ်နဲ့အမျှ ဘယ်အချိန်ဖြစ်ဖြစ် မွေးလာတဲ့ သန္ဓေတည်တဲ့အချိန်ကစလို့ နောက်ဆုံးစိတ်လေးအထိ အာရုံနဲ့ကင်းတယ်လို့ မရှိပါဘူး။ နောက်ဆုံးမှာ အိပ်နေတဲ့အချိန်မှာလည်း အာရုံရှိတယ်။ သို့သော် ထိုအာရုံသည် ပစ္စုပ္ပန်အာရုံမျိုးမဟုတ်ဘူး။ ဘ၀င်စိတ်မှာလည်း ဘ၀င်စိတ်အာရုံလေးနဲ့ဖြစ်တယ်

အဲဒါကြောင့်မို့လို့ ဗုဒ္ဓရဲ့တရားတော်အရ လူမှာ အသိစိတ်ရှိနေယင် အာရုံမဲ့တဲ့စိတ်ဆိုတာ မရှိနိုင်ဘူး။ ဒါကြောင့်မို့လို့ တစ်ချို့က unconscious လို့ အာရုံမဲ့နေတဲ့စိတ်လို့ ထင်ကောင်းထင်လိမ့်မယ်။ မရှိနိုင်ဘူး။ ဆိုင်ရာဆိုင်ရာ အာရုံလေးတွေတော့ ရှိနေတာပဲ။

အာရမ္မဏသတ္တိက ကျေးဇူးပြုတယ်။ သို့သော် စိတ်ကလေးရဲ့ သိမ့်မွေ့မှု ၊ ပြင်းထန်မှု ၊ ဒီလိုတော့ level တို့ degree တို့တော့ ကွာတာပေါ့။ ထိုစိတ်ရဲ့လှုပ်ရှားမှုဟာ အရှိန်အဟုန်ခြင်းတော့ ကွာတာပေါ့။ ဘ၀င်စိတ်ဆိုယင် သိပ်ပြီးတော့ သိမ့်မွေ့တယ်။ လူတွေ ဟာ အိပ်နေတုန်း အသက်ရှုနေတာ ဘ၀င်စိတ်ကြောင့် ရှုတာ၊ အဲဒီ ဘ၀င်စိတ်ကလေးကြောင့်မို့လို့ အသက်ရှုမှုဟာဖြစ်ပြီးတော့နေတယ်လို့ ဒီလို ပြောတာ နော် ။ ဒါကြောင့်မို့လို့ အာနာပါနဟာ စိတ္တဇ၀ါယောဓာတ် စိတ်ကြောင့်ဖြစ်တဲ့ ၀ါယောဓာတ်လို့ ဒီလိုပြောတာ ... ။

အေး … အသက်မရှုတောင်မှပဲ စိတ်ဟာ လုံးဝချုပ်သွားတယ်လို့ ပြောလို့မရဘူး။ သိပ် သိမ်မွေ့သွားတဲ့စိတ်မျိုး ဖြစ်လာတဲ့အခါကြတော့ အသက်ရှုရပ်သွားတာမျိုးလည်း ရှိသေးတယ်။ အသက်ရှုရပ်သွားသော်လည်းပဲ ကမ္မဇရုပ်တွေရှိနေသေးသမျှ လူဟာ မသေဘူးလို့ ဒီလို ပြောတာ။

ကမ္မဇရုပ်နဲ့ ကံကြောင့်ဖြစ်တဲ့ ရုပ်က ဆက်လက်ရှင်သန်နေသေးသမျှ လူ့ရဲ့ ခန္ဓာ ၊ လူ့ရဲ့ဘ၀ဟာ အဆုံးမသတ်သေးဘူး။ ကမ္မဇရုပ်တွေ အဆုံးသတ်သွားပြီ ဆိုလို့ ရှိယင်တော့ ကံကြောင့်ဖြစ်တဲ့ ဒီ ပဋိသန္ဓေစိတ် ဘ၀င်စိတ် ဆိုတာတွေလည်း အဆုံးသတ်သွားပြီ။ နောက်ဆုံး စုတိ ဆိုပြီးတော့။
အဲဒီ လူ့တစ်ဘ၀ စလာတဲ့ အချိန်တုန်းကလည်း ပထမဆုံး စိတ်လေးကို ပဋိသန္ဓေခေါ်တယ်။ အဲဒီ ပဋိသန္ဓေနဲ့ ဘယ်သူနဲ့ယှဉ်တွဲလာတုန်းဆိုယင် ကမ္မဇရုပ်နဲ့ ယှဉ်တွဲ လာတယ်။ ကမ္မဇရုပ်နဲ့ ပဋိသန္ဓေစိတ်တို့သည် အဲဒီအချိန်မှာ ပြိုင်တူဖြစ်လာကြတယ်။ အချင်းချင်း အပြန်အလှန် မှီခိုပြီး ပြိုင်တူဖြစ်လာကြတယ်။ ဒါ ရုပ်နဲ့နာမ် ရှိတဲ့ ဘုံတွေပေါ့။

ဒီ ကမ္မဇရုပ်ကလေးက ပဋိသန္ဓေစိတ် ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် ကံရဲ့စွမ်းအားကြောင့် ပဋိသန္ဓေစိတ်လေးမှာလည်း ဖြစ်တယ်။ နောက် ပဋိသန္ဓေစိတ်လည်းရဲ့ ဥပဒ်အခိုက်မှာလည်း ထပ်အသစ်ဖြစ်တယ်။ ဘင်အခိုက်မှာလည်း ထပ်အသစ်ဖြစ်တယ်။ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း စိတ်ကြောင့်ဖြစ်တာ မဟုတ်ဘူး။ သူက ကံရဲ့စွမ်းအားနဲ့သွားနေတာ။ ကမ္မဇရုပ်က စိတ်တစ်ခုမှာ သူက သုံးခါ သုံးခါထပ်ဖြစ်တယ်။ စိတ်ကလေးတစ်ခုမှာ ခဏငယ်သုံးခုရှိတယ်။ moment လို့ ခေါ်တာ။ moment သုံးမျိုး ရှိတယ်။ ဥပါဒ် ဌီ ဘင် ။ အရပ်လိုပြောမယ်ဆိုယင် ဖြစ် တည် ပျက် ။ ဖြစ်တာရယ်၊ ခဏလေးရပ်တန့်တဲ့သဘောရယ်၊ ပျက်သွားတာရယ်။ ရပ်တန့်တဲ့သဘောဆိုတာ အကြာကြီးမဟုတ်ဘူး။ ဒီခဏသုံးခုဟာ တညီတည်းပဲ။ ပြောမယ်ဆိုလို့ရှိယင် ပိုပြီးတော့ မှတ်လို့ သားလို့ လွယ်အောင် ပြောရလို့ ရှိယင်တော့ ဒီ .. နာရီလေးရဲ့ စက္ကန့်ဆိုတာလေးထက် ပိုပြီးတော့ တိုတယ်လို့တော့ မှတ်ထားပေါ့။ တစ်စက္ကန့်အတွင်းမှာဆိုယင် စိတ်ဟာ ကုဋေတစ်သိန်းလောက်ဖြစ်ပျက်နိုင်လောက်အောင် မြန်တယ်ပေါ့။ သို့သော် နားလည်လွယ်အောင်လို့ စက္ကန့်နဲ့ပဲပြောရအောင်။ သုံးစက္ကန့်ပဲဆိုပါစို့ … စိတ်ကလေးတစ်ခုဟာ သုံစက္ကန့်ရှည်တယ်ဆိုလို့ ရှိယင် ဖြစ်တာက တစ်စက္ကန့်၊ တည်နေတာက တစ်စက္ကန့်၊ ပျက်သွားတာက တစ်စက္ကန့် … ဟော … သုံးစက္ကန့်။

အဲဒီလို စက္ကန့်တိုင်း စက္ကန့်တိုင်း မှာ ကမ္မဇရုပ်တွေက အသစ်သစ် ဖြစ်လာတယ်။ အဲဒီမှာ ပဋိသန္ဓေစိတ်ကလေးကလည်း သူ့အာရုံနဲ့သူ လာတာ။ ဒီ အာရုံက အတိတ်ဘ၀က လာတဲ့ အာရုံ။ သေခါနီး အတိတ်ဘ၀မှာ မြင်ခဲ့တဲ့ အာရုံသည် ၊ ထို အာရုံကို အကြောင်းပြုပြီးတော့ ကံကနေပြီးတော့ တွန်းလွှတ်လိုက်လို့ ကိလေသာတွေက ဖန်တီးပြီး ကံကနေတွန်းလွှတ်လိုက်လို့ ဘ၀သစ် တစ်ခုရလာတာ။ ကံကဖန်တီးပေးလိုက်တာ။ အဲဒီ ကံအရှိန်မကုန်မခြင်း ဟောဒီ ကမ္မဇရုပ်တွေက ဆက်လက်ပြီး ဖြစ်နေတယ်လို့ ဒီလို ပြောတာ .. နော် ။
အဲဒီလို ဆက်လက်ဖြစ်နေတဲ့ အချိန်မှာ သူက စိတ်နဲ့ယှဉ်တွဲပြီးတော့ အမြဲတမ်းလာတယ်။ ကမ္မဇရုပ်နဲ့စိတ်တို့သည် နောက်ဆုံးဘ၀ နောက်ဆုံးအချိန်လေးရောက်သည်အထိအောင် သူသွားနေမှာပဲ။ ဒါဘယ်သူ့အရှိန်နဲ့သွားတာတုန်းဆိုယင် ကံအရှိန်နဲ့သွားနေတာ။

ကံကရှိသေးလားဆို မရှိဘူး။ ဒီဘ၀အသစ်လုပ်တာက အသစ်ကံ ။ သန္ဓေရလာတဲ့ ကံလေးက ချုပ်သွားပြီ၊ မရှိတော့ဘူး။ ဘာဥပမာနဲ့ နားလည်ရတုန်းဆိုယင် … မျိုးစေ့လေးတစ်စေ့၊ သရက်စေ့လေးတစ်ခု မြေကြီးထဲမှာ ချပြီးတော့ စိုက်လိုက်တယ်။ စိုက်လိုက်လို့ အဲဒီ အစေ့ကလေးက အမြစ်ကလေး ဆင်းလာလို့ အညှောင့်ကလေး ထွက်လာတယ်။ အဲဒီ သရက်စေ့လေးက ဘာဖြစ်သွားသတုန်း…?...ပုပ်သွားတယ် ။ ဘာကျန်ရစ်တုန်းဆို အမြစ်နဲ့ အငြောင့် ကျန်ရစ်တယ်။ အဲဒီ အမြစ်နဲ့အငြောင့်ကနေ ပင်စည်ကြီး ဖြစ်လာတာ ဘယ်သူကထိန်းနေတုန်းဆို မြေနဲ့ရေနဲ့က ထိန်းသွားတယ်။ အပင်ကိုပေါက်ပွားစေတတ်တဲ့ မျိုးစေ့ဟာ ရှိသေးလား .. ? မရှိတော့ဘူး။

အဲတာလိုပဲ လူတွေရဲ့ကံက ဒီ သန္ဓေစိတ်လေးကို ချပေးလိုက်တဲ့ ကံသည် မရှိတော့ဘူး။ သို့သော် ဘယ်သူတွေကနေဆက်ထိမ်းသွားတုန်းဆိုယင် ဒီပစ္စုပ္ပန်မှာ အာရုံတွေတို့ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေတို့၊ ဥတုကြောင့် ဖြစ်တဲ့ ရုပ်တွေတို့၊ အာဟာရတို့ အပြန်အလှန် ဒါတွေကနေ ဆက်ပြီးတော့ ထိန်းသွားတာ။ ကမ္မဇရုပ်တွေရဲ့ အရှိန်ဟာ သူ့အရှိန်မကုန်မခြင်း ဒီရုပ်တွေနဲ့ ဆက်သွယ်ပြီးတော့ နောက်ဆုံး စုတိစိတ်လေး ဖြစ်သည်ထိအောင် … ။

အဲတော့ စိတ်ဆိုယင် ဘယ်စိတ်ဖြစ်ဖြစ် အာရုံနဲ့ကင်းပြီးဖြစ်တဲ့ စိတ်လို့ မရှိဘူးလို့ ဒါက ကျမ်းဂန်အရ ဒီလိုပဲ မှတ်ရမယ်။ စိတ်ရှိယင် အာရုံရှိတယ်ဆိုတာ ဒါသေချာပေါက်မှတ်ရမဲ့ တစ်ခုပဲ .. နော် ။ စိတ်က သိမ်မွေ့ယင် အာရုံကလည်း သိမ်မွေ့တယ်လို့ပဲမှတ်။ တစ်ခါတစ်လေ စိတ်မရှိတော့ဘူးလို့ ထင်ရလောက်အောင် သိမ်မွေ့တာမျိုး ရှိတယ်လေ။ သို့သော်လည်း ရှိနေတယ်။ ဥပမာမယ် အိပ်ပျော်နေတဲ့အချိန် ဘ၀င်စိတ် ဖြစ်နေတယ်။ အာရုံမရှိဘူးလို့ လူကထင်ချင်ထင်နေလိမ့်မယ်။ သို့သော် အဲဒီ ဘ၀င်စိတ်ကလေးမှာ သူ့အာရုံရှိနေတယ်။ သို့သော် လူက မသိဘူး။ မသိသည်အတွက်ကြောင့် unconscious တို့ ဘာတို့ပြောတာ။ ဒီဘ၀င်စိတ်တို့ ဘာတို့ဆိုတာ ပစ္စုပ္ပန်အာရုံနဲ့ဘာမှမဆိုင်ဘူး။ အတိတ်အာရုံနဲ့သွားနေတာ။ ကံရဲ့စွမ်းအားကြောင့် အတိတ်အာရုံနဲ့သွားနေတာတဲ့။ အဲတော့ အာရုံကင်းတဲ့စိတ် စေတသိက်ဆိုတာ မရှိဘူးလို့ … အဘိဓမ္မာမှာ အာရုံခြောက်မျိုးဆိုတာ့  ဒီ အာရမ္မဏပစ္စယောမှာ နားလည်ဖို့ အာရုံခြောက်မျိုးဆိုတာ ပြတယ်။

ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ။ တဲ့
ဒီ ရူပါရုံဆိုတာ မျက်စိက မြင်ရတဲ့ အဆင်းအာရုံလေးကိုခေါ်တာ၊ နားကကြားရတဲ့ အသံကို သဒ္ဒါရုံ၊ အနံ့က နံရတဲ့ အာရုံကို ဂန္ဓာရုံ၊ လျှာနဲ့ထိရတဲ့ အရသာကို ရသာရုံ၊ ခန္ဓာကိုယ်နဲ့ထိတွေ့ပြီးသိတာကို ဘာလဲဆို ပျော့သဘော မာသဘော ပထ၀ီရဲ့သဘော၊ အေးတယ် ပူတယ် တေဇောရဲ့သဘော၊ လှုပ်ရှားတယ် တွန်းကန်တယ် ၀ါယောရဲ့သဘော၊ အဲဒါကို ဖောဋ္ဌဗ္ဗလို့ ခေါ်တယ်။ ကျန်တဲ့ အာရုံတွေမှန်သမျှ စိတ်အာရုံကော နိဗ္ဗာန်အာရုံတွေကော ကျန်တဲ့ ရုပ်တရားတွေ အာရုံတွေကော အားလုံးပေါင်းပြီးတော့ ဓမ္မာရုံလို့ ခေါ်လိုက်တာ .. နော် ။

*** ဒါကြောင့်မို့လို့ ဓမ္မာရုံဟူရာ၌ မျက်စိ နား နှာခေါင်း လျှာ ကာယ အကြည်ရုပ်များ ၊ ထိုအကြည်ရုပ်များတွင် ထင်လာခြင်း မရှိသော ရုပ်များ၊ စိတ်အားလုံး စေတသိက်အားလုံး နိဗ္ဗာန် ပညတ်များ ပါဝင်သည်လို့ … ဓမ္မာရုံဆိုတဲ့အထဲမယ် အဲဒါတွေပါတယ်တဲ့။

ပသာဒရုပ်တွေတင်ထင်လာတဲ့ အာရုံက တစ်မျိုး၊ ဆိုပါစို့ … ရူပါရုံဆိုတာ စက္ခုပဿာဒရုပ်မှာ ထင်ဟပ်လာတဲ့ အာရုံကို ခေါ်တာ .. နော် ။ သဒ္ဒါရုံဆိုတာ သောတပသာဒရုပ်မှာ ထင်ဟပ်လာတဲ့ အာရုံကို ခေါ်တာ၊ ဂန္ဓာရုံဆိုတာ ဂန္ဓပသာဒရုပ်မှာ ထင်ဟပ်လာတဲ့ အာရုံကို ခေါ်တာ၊ ရသာရုံဆိုတာ လျှာ ဇိဝှါပသာဒမှာ ထင်ဟပ်လာတဲ့ အာရုံကို ခေါ်တာ၊ ဖောဋ္ဌဗ္ဗာရုံဆိုတာ ကာယပသာဒမှာ ထင်ဟပ်လာတာကို ခေါ်တယ်။ အဲဒါတွေ မထင်ဟပ်ပဲနဲ့ စိတ်နဲ့တွေ့တဲ့ အာရုံတွေ အားလုံးကို ဓမ္မာရုံလို့ ဒီလို ပြောတယ် … နော် ။

အဲဒီတော့ အာရမ္မဏပစ္စည်းကို မြတ်စွာဘုရားက ဟောတဲ့ အခါမှာ ….
ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော … လို့

အဓိက မျက်စိနဲ့အဓိက စပ်ဆိုင်ပြီးတော့ မျက်စိနဲ့စက္ခုပသာဒကို မှီပြီးတော့ ရူပါရုံကို အမှီပြုပြီးတော့ ဖြစ်တဲ့ စိတ်ကလေးကို အဓိကထားပြီးတော့ မြတ်စွာဘုရားက ဟောတယ်။

*** ရူပါယတနံ အဆင်းအာရုံလို့ဆိုတဲ့ ရူပါယတနသည် ၊ စက္ခုဝိညာဏဓာတုယာ စက္ခုဝိညာဏဓာတ်အား၎င်း၊ တံသမ္ပယုတ္တကာနံ ထိုစက္ခုဝိညာဏဓာတ်နဲ့ယှဉ်တဲ့ ၊ ဓမ္မာနံ စေတသိက်တရားတို့အား၎င်း၊ အာရမ္မဏပစ္စယေန အာရမ္မဏပစ္စယသတ္တိဖြင့် ၊ ပစ္စယော ဥပကာရကော ကျေးဇူးပြုတတ်သည်၊ ဟောတိ ဖြစ်၏။ တဲ့


အဲတော့ ဆိုလိုတာက မြင်သိဆိုတဲ့ စိတ်ကလေး ပေါ်လာတာဟာ ရူပါရုံမရှိပဲနဲ့ ပေါ်လို့မရဘူးလို့ ပြောတာ .. နော်။ ဆိုပါစို့ … ဂက်စ်မီးခြစ်ထဲက မီးတောက်ကလေးပေါ်လာတာဟာ ဖိခြစ်မှုဆိုတာလေး မရှိပဲနဲ့ပေါ်ပါ့မလား။

အကြောင်းတခုထပ်ပြီးတော့ လူတစ်ယောက်ကနေ ဖိခြစ်လိုက်ပြီဆိုတဲ့အခါ အထဲမှာ ဂက်စ်ကလည်းရှိနေတဲ့အခါ condition တွေ စုံသွားတဲ့အခါမှာ မီးတောက်ကလေး ပေါ်လာသလိုပဲ ။

ဒီမှာလည်းပဲ စက္ခုပသာဒဆိုတဲ့ ပသာဒအပေါ်မှာ ရူပါရုံဆိုတဲ့ အာရုံနိမိတ်လေးလာထင်လိုက်တာ ထင်လိုက်တာနဲ့တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ်ကလေးပေါ်လာတယ်။ ဒီ စိတ်ကလေးကို ဒဿနစိတ် မြင်တဲ့စိတ်လို့ ပြောတာ။

မြင်တယ်လို့ ဆိုပေမယ့်လို့ အဲဒီအချိန်မှာ သူဘာမြင်တယ်လို့ ဆိုတာ မသိနိုင်သေးဘူး။ ဥပမာမယ် … ပန်းပွင့်ကလေးတပွင့်ကို ကြည့်လိုက်လို့ ဒီပန်းပွင့်လေးနဲ့မျက်စိနဲ့ တိုက်ဆိုင်သွားမှုလေး ပန်းပွင့်ဆိုတဲ့အာရုံလေးကို ရယူမှုလေးတင် သူကမြင်တယ်လို့ပြောတာ။

ပါးစပ်ကမြင်တယ်လို့ပြောတဲ့ အဆင့်ကြတော့ စိတ်ပေါင်းများစွား ဖြစ်ပြီးမှပြောလို့ရတယ်။

ဒီစိတ်လေးက ဘာမှမသိသေးဘူး။ ဆိုလိုတာက အမြင်တံခါးကို စဖွင့်လိုက်တဲ့ သဘောလေးလောက်ပဲ ရှိသေးတယ်။ အဲဒါကို စိတ်ဖြစ်စဉ်နည်းနည်းကြည့်ရအောင် …

ဆိုပါစို့ … ပန်းပွင့်လေးတပွင့်ကိုမြင်တဲ့အခါ ပန်းပွင့်လေးပွင့်သည် ပထမဘယ်မှာလာပြီး reflect ဖြစ်သလဲ၊ မျက်လုံးထဲမှာလာပြီး reflect ဖြစ်တယ်။ အဲဒီ reflect လာဖြစ်တာသည် တိုက်ခိုက်မှုတစ်ခု၊ ပန်းပွင့်လေးက မျက်လုံးကို လာပြီး reflect ဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် ၊ သူကဘွားကနဲ အသိစိတ်ကလေး ပေါ်လာတယ်။ သာမာန်အားဖြင့် ကြည့်မယ်ဆိုယင် ရူပါရုံကမျက်စိကို လာတိုက်တာ ဘာမှမရှိဘူးလို့ ထင်ကောင်းထင်မယ်။ ဒါပေမယ့် တိုက်ခိုက်မှုလေးပဲ၊ အဲဒါလေးက။ အာရုံကဒီမှာလာထင်ဟပ်လိုက်တာသည် ထိခိုက်မှု၊ အင်မတန်သိမ်မွေ့တဲ့ ထိခိုက်မှုပင်ဖြစ်စေကာမူ မြင်သိစိတ်ကလေးကို သူက ပေါက်ဖွားစေနိုင်တယ်။ ဒါဖြင့် မြင်သိစိတ်ကလေးက စက္ခုဝိညာဏ်စိတ်ကလေးက ဘယ်နားမှာ ရှိနေတာတုန်း … ? စက္ခုပသာဒရုပ် မျက်လုံးထဲမှာ ရှိနေတာလား ? လာပြီးတော့တိုက်တဲ့ ရူပါရုံထဲရှိနေလားဆိုတော့ ဘယ်မှမရှိဘူး။

ဘယ်လိုဥပမာနဲ့နားလည်ရတုန်းဆိုလို့ရှိယင် စည်ကိုတုတ်ကလေးနဲ့ရိုက်လို့ ထွက်ပေါ်လာတဲ့ အဲဒီအသံသည် စည်ထဲမှာရှိတာလား သို့မဟုတ် တုတ်ထဲမှာရှိတာလားဆိုယင် စည်ထဲမှာလည်း မရှိဘူး၊ တုတ်ထဲမှာလည်း မရှိဘူး။ ဒါဖြင့် ဘယ်ကနေရောက်လာတာလည်းဆိုယင် စည်နဲ့တုတ်နဲ့ပေါင်းမိသွားလို့ ထိခိုက်မှုစွမ်းအားကြောင့် ပေါ်လာတဲ့ အသံမျှသာဖြစ်တယ်။ တဲ့ …

အဲတော့ ဒီ စက္ခုဝိညာဏ်စိတ်လေးဟာ ဘယ်မှာရှိနေတာမှ မဟုတ်ဘူး။ အာရုံကြောင့်ပေါ်လာတယ်ဆိုတာ ဘယ်လောက်ထင်ရှားတုန်း။

ပန်းကလေးတစ်ပွင့်ကိုကြည့်လိုက်တယ်၊ အဲဒီပန်းကလေးတပွင့်ကို ကြည့်လိုက်တယ်၊ အဲဒီပန်းကလေးတစ်ပွင့်က မျက်လုံးကိုလာပြီးတော့ ထင်ဟပ်လိုက်ဟာ တိုက်ခိုက်လိုက်တာပဲ ထိခိုက်လိုက်တာပဲ၊ အဲဒီထိခိုက်မှုစွမ်းအားကြောင့် မြင်သိစိတ်ဆိုတဲ့ စက္ခုဝိညာဏ်စိတ်လေးပေါ်လာတယ်။ တစ်ခါထိ တစ်ခါပေါ်မယ်၊ နှစ်ခါထိ နှစ်ခါပေါ်မယ်။ ပေါ်ပြီးယင် ပျောက်သွားပြီ သူက … ။ ပန်းလို့သူမသိဘူး။

သို့သော် မျက်စိထဲမှာထင်လိုက်တာလေးကို သူက ယူလိုက်တယ် … စက္ခုဝိညာဏ်စိတ်က ။ အဲတော့ ဒီရူပါရုံလေးက မျက်စိထဲလာပြီးတော့ ထင်ဟပ်မှုမရှိဘူးဆိုယင် မြင်သိစိတ်ပေါ်နိုင်ပါ့မလား။ မပေါ်နိုင်ဘူးး။

ဒါကြောင့်မို့လို့ ရူပါရုံလေးသည် စက္ခုဝိညာဏ်စိတ်ကလေး မြင်သိစိတ်ကလေး ပေါ်ဖို့ရာအတွက် သူက ကြီးမားတဲ့ စွမ်းရည်သတ္တိတစ်ခုပေးလိုက်တာလို့ ပြောတယ်။

ဒီမြင်သိစိတ်ကလေးကိုမှီပြီးတော့ စက္ခုဝိညာဏ်စိတ်ကလေးပေါ်လာရတာ၊ သူမပါယင် ပေါ်လို့မရဘူးလို့ဆိုလိုတယ်။ ဒါကြောင့်မို့လို့ ***သုတ္တန်တွေမှာလည်း မြတ်စွာဘုရားက … “စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပစ္စတိ စက္ခုဝိညာဏံ” ဒီလိုပဲ ဟောတာပဲ။ မျက်စိနဲ့ရူပါရုံ နှစ်ခုဆုံမိလိုက်တဲ့အခါမှာတဲ့ ဒီနှစ်ခုဆုံမိမှုကိုအကြောင်းပြုပြီးတော့ မြင်သိစိတ်လေးပေါ်လာတာပါလို့ မြတ်စွာဘုရားကဟောတယ်။

အဲတော့ မျက်စိမှာထင်ဟပ်လာတဲ့ ပန်းပွင့်လေးဆိုတဲ့ ရူပါရုံလေးရဲ့သက်တမ်းသည် စက္ကန့်ပေါင်း ၅၁ ဆိုယင် ပြီးသွားပြီ။ ပျက်သွားပြီ။ နောက်တစ်ခါမြင်တာ နောက်တစ်ခု ။ သူ့ရဲ့သက်တမ်းကဒါပဲ။

ပစ္စုပ္ပန် - စက္ခုဝိညာဏ်စိတ်လေးက ဒီသက်တမ်းကာလ ရှိနေတာကို ပစ္စုပ္ပန်လို့ ခေါ်တယ်။ တစ်စက္ကန့်ကနေ ၅၁အတွင်းတိုင်အောင် သူ့ဒီသက်တမ်းလေးကို ပစ္စုပ္ပန်လို့ ခေါ်တယ်။ ဒါပစ္စုပ္ပန်ရူပါရုံကို မြင်တယ်လို့ ပြောတာ..အဲဒါကိုပြောတာနော်။ အဲဒီ ၅၁စက္ကန့်ပြည့်သွားတာနဲ့တစ်ပြိုင်နက်ချုပ်သွားပြီ၊ ဒါမရှိတော့ဘူး။ နောက်ထပ်ပြန်တာကတွေးပြီးတော့ကြည့်တာ၊ နောက်ကစိတ်ကနေပြန်တွေးပြီးတော့ကြည့်တာ။ ပြန်တွေးကြည့်တဲ့ အဆင်းအာရုံသည် စိတ်ထဲကကြံတွေးချက်တာဖြစ်တယ်။ အစစ်မဟုတ်တော့ဘူးး။

အစစ်ရဲ့သက်တမ်းလေးက ၅၁ချက်ပဲရှိတယ်။ အဲဒါပြီးတာနဲ့ သူကချုပ်သွားပြီ။ ဒါပြန်ကြည့်ယင်တော့ ပြန်မြင်တာပေါ့။
တစ်ခါကြည့်ရဲ့သက်တမ်းလေးကိုပြောတာ။ နောက်ထပ်ကြည့်တာ နောက်ထပ်သက်တမ်း။ မရပ်မနားကြည့်ယင် သူ့သက်တမ်းလေးက ဒီအတိုင်းပဲသွားနေမှာပဲ။ ၅၁ပြီးယင်ပျက်သွားပြီ။ နောက်ထပ် ၅၁ပြီးယင် ပျက်သွားပြီ။ ဒီထက်သက်တမ်းမရှည်ဘူး…သူက။ ဒါလေးတွေကိုမြင်နိုင်သလားဆ
ိုတော့ … မမြင်နိုင်ဘူး။
အဘိဓမ္မာသဘောနဲ့ဒီဟာလေးကိုမမြင်နိုင်ဘူး…။ သို့သော်… ၀ိပဿနာဥာဏ် ထက်မြက်လာတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီဟာထိအောင်မြင်နိုင်လာတယ်။

ဒီလောက်လျင်လျင်မြန်မြန်ပျက်စီးနေတယ်ဆိုတာ နောက်ကျသဘောပေါက်လာနိုင်တယ်

ဆိုပါစို့ သမာဓိကောင်းကောင်းရပြီး ၀ိပဿနာဥာဏ်လေးတက်လာတဲ့ ယောဂီတွေကျတော့ ဘယ်လိုထိအောင်မြင်လာလည်းဆိုယင် … ခန္ဓာကိုယ်မှာ ယားမှုလေးပေါ်လာတဲ့အခါမှာ သာမာန်အားဖြင့်ကြည့်လိုက်မယ်ဆိုယင် တစ်ဆက်တည်းဖြစ်နေတယ်လို့ထင်ရတယ်၊ ယားတဲ့နေရာလေးကို စိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိယင် အဲဒီယားမှုလေးသည် ပေါ်လိုက်ပျောက်လိုက် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာကို တွေ့ရမယ်။ သူ့မှာအပြတ်အပြတ်လေးဖြစ်နေတာ၊ သူ့ရဲ့ moment လေးနဲ့သူထင်တာ၊ ဒလစပ်ကြီးဖြစ်နေတာ မဟုတ်ဘူး။

ထို့အတူပဲ မျက်စိကမြင်ရတဲ့အဆင်းအာရုံလေးရဲ့သက်တန်းသည် ၅၁စက္ကန့် သို့မဟုတ် ၅၁၊ ခဏငယ် ၅၁ ရှည်တယ်။ အဲဒီ ပစ္စုပ္ပန်ရူပါရုံဆိုတဲ့ မျက်စိထဲမှာ လာထင်ဟပ်လာတဲ့ အာရုံလေးနဲ့ စိတ်ပေါင်းဟာ … စိတ်ပေါင်းဘယ်လောက်အလုပ်လုပ်သွားကြသလဲဆိုယင် စိတ်ပေါင်း ၁၇ခု အလုပ်လုပ်သွားတယ်။ အဲဒီစိတ်ပေါင်း၁၇ခုသည် ဟောဒီရူပါရုံဆိုတဲ့ အတွေးအာရုံကြိုးတန်းလေးနဲ့ ရှင်သန်သွားကြတယ်။ ရူပါရုံဆိုတဲ့ကြိုးတန်းလေးက
ိုစွဲပြီးတော့ပေါ်လာကြတာ … အကုန်လုံး။
ဒီထဲမယ် … မြတ်စွာဘုရားက ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော … လို့ ဒီလိုဟောတာ စက္ခုဝိညာဏ်စိတ်ပေါ်ပုံလေးကိုဟောတာ…ဒါလေးက။

****ကဲ … စက္ခုဝိညာဏ်စိတ်ရဲ့ရှေ့မှာ ဘာစိတ်ရှိတုန်းဆိုလို့ရှိယင် စဉ်းစားကြည့်ပေါ့ … process ဆိုတာ နေရာတိုင်းမှာ ရှိတယ်။ ဒါလေးက သဘာဝကို သေချာကျကျ စဉ်းစားကြည့်။*** မျက်စိထဲကို အာရုံလေးက တိုက်လာခြင်းခြင်း မြင်တာ မဟုတ်ဘူး။

ဆင်ခြင်မှုဆိုတာလေးပါသေးတယ်။ Attention ပေါ့။ အာရုံစိုက်လိုက်တာလေးတစ်ခု ပါလာတယ်။ အဲဒီမျက်စိပေါ်မှာ အဆင်းအာရုံလေးက လာဆုံလိုက်တဲ့ အခါမှာ အာရုံစိုက်တဲ့ စိတ်ကလေးက အယင်ပေါ်တယ်။ မြင်တဲ့စိတ်က နောက်မှလာတယ်။

ဒါကြောင့်မို့လို့ လူတွေပြောကြတယ် မဟုတ်လား။ အထူးသဖြင့် လေယာဉ်စီးတဲ့အခါမှာလေ … May I have your attention, please. ကျေးဇူးးပြု၍နားစဉ်ပါဆိုတာ။ နို့မို့ဆို ကြားချင်မှ ကြားတာလေ။ အဲဒါ Attention ပဲ။ အဲဒီ Attention လေးကို ဘာခေါ်တုန်းဆိုလို့ရှိယင် ပဉ္စဒွါရ၀ဇ္ဇန်းလို့ခေါ်တယ်။ အာဝဇ္ဇနလို့ ဒီလို ခေါ်လိုက် မခေါ်တတ်လို့ ရှိယင် .. ။

အာဝဇ္ဇနဆိုတာ နှလုံးသွင်းစိတ်ကို ခေါ်တာ။ ဟိုလို တရားနှလုံးသွင်းတဲ့စိတ် မဟုတ်ဘူး။ အာရုံကို တံခါးဖွင့်ပေးတဲ့စိတ်ကိုပြောတာ … နော်.။ အဲဒီ အာရုံကို တံခါးဖွင့်ပေးတဲ့စိတ်လေးကို ဘာလို့ခေါ်လည်းဆိုယင် မနောဓာတ်လို့ ခေါ်တယ်။ စာပေမှာ မနောဓာတ်လို့ခေါ်တယ်။ ဒါကြောင့်မို့ … ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊ ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ ၊ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ အာရမ္မဏပစ္စယေန ပစ္စယော။ ဆိုတာ …. နောက်နားလေးမှာ ဟောတာ…။

အဲတော့ မျက်စိက ရူပါရုံလေးက တိုက်ဆိုင်လိုက်တာနဲ့တစ်ပြိုင်နက် ဘယ်သူအယင်ဝင်လာတုန်းဆိုယင် မနောဓာတ်ဆိုတဲ့ အာဝဇ္ဇန်းစိတ်လေးဝင်လာတယ်။ သူက … မျက်စိမှာလာတိုက်လည်းပဲ သူအယင်ပေါ်တယ်။ နားမှာ အသံကလာတိုက်ယင်လည်း သူအယင်ပေါ်တယ်။ နှာခေါင်းမှာ အနံ့လာတိုးလည်း သူအယင်ပေါ်တယ်။ လျှာမှာ အရသာနဲ့တွေ့လည်း သူအယင်ပေါ်တယ်။ ခန္ဓာကိုယ်မှာ တစ်ခုခု လာထိယင်လည်း သူအယင် ပေါ်လာတယ်။ သူက တံခါးဖွင့်ပေးတဲ့စိတ်…။

ဆိုလိုတာက New Object ကို Welcome လုပ်တယ် … ပေါ့ .။ ဟုတ်ကဲ့လား….။ Object တစ်ခုကို ကြိုဆိုလိုက်တာပဲ။ ဒီ Object က အသစ်ဝင်လာတဲ့ Object လေ။ အသစ်ဝင်လာတာ…။ နဂိုလူမွေးရာပါ Object က ဘာတုန်းဆိုယင် ပဋိသန္ဓေစိတ်ရဲ့ Object က မွေးရာပါ။ သန္ဓေစိတ်က … ဘ၀င်စိတ် အိပ်နေတဲ့အချိန်က မွေးရာပါ။ ဒါကြောင့်မို့လို့ …. ပဋိသန္ဓေစိတ်၊ ဘ၀င်စိတ်၊ စုတိစိတ်တို့ရဲ့ Object သည် တသက်တာမှာ ပြောင်းလို့မရဘူး…။ ဘ၀ဆိုတာ …. ဒါပဲ .. ။
သို့သော် ကျန်တဲ့ Object တွေက အခု ပစ္စုပ္ပန်နဲ့ဆိုင်တယ်။ ပစ္စုပ္ပန်အချိန်မှာ … လူတွေမှာ ဒီ အာရုံကိုယူတတ်တဲ့ အင်္ဂါရပ်တွေရှိသည့်အတွက်ကြောင့် ထိုအင်္ဂါရပ်တွေနဲ့ အပြင်ဘက်က အာရုံတွေနဲ့ သွားပြီးတော့ ဆက်သွယ်တယ်။ ပဋိစ္စသမုပ္ပဒ်လည်း … ဒါဟောတာပဲ။ သဠာယတနပစ္စယာ ဖေဿ။ ဆက်သွယ်မိသွားတာ … ။

***အဲတော့ မျက်စိကို … မျက်စိထဲကို လာပြီးတော့ အဆင်းအာရုံလေး လာထိလိုက်တာနဲ့ တစ်ပြိုင်နက် ခုနက … အဲဒီ အာရုံကို … Attention လုပ်တဲ့စိတ် … ဂရုစိုက်လိုက်တဲ့စိတ် … နှလုံးသွင်းလိုက်တဲ့စိတ် … စိတ်ထဲမှာထည့်လိုက်တဲ့စိတ်က အာဝဇ္ဇနစိတ်လို့ … သူက …. မျက်စိမှာတင် မဟုတ်ဘူး။ မျက်စိ .. နား .. နှာခေါင်း .. လျှာ .. ကိုယ် .. ငါးဒွါရလို့ ခေါ်တယ်။ ဒွါရဆိုတာ တံခါး …. ။ လူ့ရဲ့ခန္ဓာကိုယ်မှာလည်းပဲ … ဒါ တံခါးပေါက်လို့ပြောတာပဲ .. နော် .. ။ ပြင်ပအာရုံတွေ ၀င်လာတဲ့ တံခါးပေါက်တွေပဲ ။ ဒီတံခါးပေါက်တွေ မရှိယင် မ၀င်နိုင်ဘူး။ အဲဒီပြင်ပအာရုံတွေ ၀င်လာတဲ့ တံခါးပေါက်ကနေပြီးတော့ … အသစ်အပြင်ဘက်ကနေပြီးတော့ အာရုံတစ်ခုဝင်ပြီးတော့ တိုက်လိုက်တာနဲ့တစ်ပြိုင်နက် ပထမဆုံး ဆင်ခြင်တဲ့စိတ်ကလေးပေါ်တယ်။*
** အဲဒီ ဆင်ခြင်တဲ့စိတ်ကလေးကို အာဝဇ္ဇနလို့ ခေါ်တယ်။ အဲဒါကို ငါးဒွါရမှာ ဆင်ခြင်တာဖြစ်သောကြောင့် ပဉ္စဒွါရအာဝဇ္ဇန … တဲ့ ။ နော်
Attention consciousness in high door. Five door မှာ Attention လုပ်တာ။ အဲဒီ Attention လုပ်ပြီးတဲ့အခါကျတော့မှ မြင်သိစိတ်ဆိုတာလေး ပေါ်လာနိုင်တယ်။

***ကဲ … မြင်သိစိတ်ကလေးကပေါ်လာပြီ။ Attention လုပ်တဲ့စိတ်ကလေးက ဘယ်မှာရှိနေတာတုန်းလို့ မေးမယ်ဆိုလို့ရှိယင် …. သူက … ဟဒယ၀တ္ထုဆိုတဲ့ … တခြားမှီရာတစ်ခုမှာ .. သူရှိနေတယ်။ ဟဒယ၀တ္ထုမှာရှိတယ်။ ဟဒယ၀တ္ထုကိုမှီပြီးတော့ ဖြစ်တယ်။
ဝတ္ထုရုပ် ခြောက်ပါး ရှိတယ်။ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှ၊ ကာယ၊ ဟဒယ။ လို့ဆိုပြီးတော့….။ ဟဒယဆိုတာ ကျန်တဲ့စိတ်တွေရဲ့ မှီရာဝတ္ထုလို့ပဲ မှတ်ထားလိုက်။ အဲဒီမှာ ဒီ Attention လုပ်တဲ့ စိတ်လေးက ၊ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်လေးက .. ဟဒယ၀တ္ထု … အဲဒီ ဟဒယ၀တ္ထုမှာ … ဘ၀င်စိတ်ရဲ့အစဉ်ကို … ဖြတ်တောက်သွားပြီးတော့ .. သူက .. ပေါ်လာတာ။

အသစ်အာရုံဝင်လာသည့်အတွက်ကြောင့် … သူကအသစ်အာရုံမ၀င်ခင်ထိကတော့ မူလကအမြဲတမ်းသွားနေမှာပဲ။ အသစ်ဝင်လာယင် တစ်မျိုးဖြစ်တာပဲ။ အသစ်မ၀င်လို့ရှိယင် .. ဒီ .. ပဋိသန္ဓေစိတ်…က … စိတ်အစဉ်က သွားတယ်။ သူကတော့ non stop ။ သို့သော် … အသစ်အာရုံဝင်လာတဲ့နဲ့ သူက Cut Out ဖြစ်သွားတယ်။ ဘာဖြစ်လိုတုန်းဆိုယင် အသစ်အာရုံရဲ့ ဖိအားကြောင့် သူက ပြတ်သွားတာ … ပြတ်သွားပြီး… နောက်ထပ် အာရုံအသစ်နဲ့ဆက်တဲ့စိတ်တွေ ပေါ်လာတာ … ဒီလို နားလည်ရတာ … နော် .. ဘ၀င်စိတ်အစဉ်က ပြတ်ထွက်သွားတယ် .. အဲဒီ အချိန်လေးမှာ .. ။ ပြတ်ထွက်သွားပြီးတော့ .. ဒီ အာရုံကို .. နှလုံးသွင်းဆင်ခြင်တဲ့ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်လေး ပေါ်လာတယ်။ ပြီးတော့ .. မြင်သိစိတ်ကလေး .. စက္ခုဝိညာဏ်စိတ် ပေါ်လာတယ်.. ။

နောက်ပြီးတော့ ..*** မြင်သိစိတ်နောက် ဘာပေါ်တုန်းဆိုတော့ .. သမ္ပဋိစ္ဆန ဆိုတာ လက်ခံတယ် ဒီအာရုံကိုလက်ခံလိုက်တာ .. ခန္ဓာကိုယ်ကလည်း တခါတလေ လက်ခံတာမှ မဟုတ်ပဲ … စိတ်ကလည်း .. သူက .. လက်ခံတဲ့စိတ် ရှိသေးတယ်။ လက်ခံလိုက်တယ်ဆိုတာ အာရုံကို အသိအမှတ်ပြုလိုက်တာကို ပြောတာ .. နော် ။ အသိအမှတ်ပြုလိုက်တဲ့ သမ္ပဋိစ္ဆိုင်းလေး … ။ သမ္ပဋိစ္ဆန ဆိုတာ လက်ခံစိတ်လို့ပဲ ဒီလိုပဲ မှတ်ထားပေါ့ .. နော် ။ အာရုံအသစ်ဝင်လာလို့ရှိယင် လက်ခံလိုက်တယ်။

ပြောမယ်ဆိုလို့ရှိယင် …*** အာဝဇ္ဇန .. ဆိုတာ .. တံခါးဖွင့်ပေးလိုက်တဲ့စိတ်။
***စက္ခုဝိညာဏ်စိတ် .. ဆိုတာ .. မြင်တဲ့စိတ်။ ***သမ္ပဋိစ္ဆန … ဆိုတာ .. လက်ခံတဲ့စိတ်…တဲ့။
***အဲဒီ သမ္ပဋိစ္ဆန လို့ခေါ်တဲ့ လက်ခံစိတ်ရယ်၊ တံခါးဖွင့်ပေးတဲ့စိတ်ရယ်၊ အဲဒီစိတ်နှစ်ခုကို မနောဓာတ်လို့ ခေါ်တယ်။ သူတို့ရဲ့စွမ်းရည်သတ္တိတွေကအများကြီး မရှိဘူး။ သူတို့လုပ်နိုင်တာက ဒါပဲ ရှိတယ်။ ဒီထက်ပို မလုပ်နိုင်ဘူး။

ဒါက Order of Mind စိတ္တနိယာမ လို့ခေါ်တယ်။ ဘယ်စိတ်ပြီး ဘယ်စိတ်ဖြစ်ရမယ်ဆိုတဲ့ … process.. က .. Order of mind … ပဲ ။ Mental Order လို့ခေါ်တယ် … စိတ္တနိယာမ .. တဲ့။ သူ့နိယာမနဲ့သူ သွားနေတာရှိတယ်။ ဒါကို အင်္ဂလိပ်လို process လို့ခေါ်တယ်။ ၀ီထိလို့ ပြောတယ်။ ပါဠိစာပေစကားနဲ့ပြောယင် ၀ီထိ .. ဖြစ်စဉ်တစ်ခု … ၀ီထိဆိုတာ အထူးအဆန်းမဟုတ်ဘူး။

ကဲ .. အာရုံလေးကလာပြီး ခုနက မျက်စိကို ပန်းပွင့်လေးကို မြင်တယ်ဆိုပါစို့ … အဲဒီ ပန်းပွင့်ဆိုတဲ့ ရူပါရုံလေးက စက္ခုပသာဒကိုလာထင်ဟပ်လိုက်တာနဲ့တစ်ပြိုင်နက် … တံခါးဖွင့်ပေးတဲ့စိတ်ကလေးကဖျတ်ကနဲ ဖွင့်လိုက်တယ် … ဖွင့်လိုက်တဲ့အခါသူက … ဖွင့်ပြီးယင်သွားပြီ .. သူကမရှိတော့ဘူး … သူ့ကိစ္စပြီးသွားပြီ … သူကဖွင့်ပေးယုံပဲ … ဖွင့်ပေးပြီးသူက ချုပ်သွားပြီ။

ချုပ်သွားတော့ … သူ့နောက်က ဘာ .. Follow... လိုက်လာတုန်းဆို … မြင်သိစိတ် .. စက္ခုဝိညာဏ်စိတ်လေးက .. Follow… လိုက်လာတယ် … သူကလည်းပဲ .. 3 စက္ကန့် ပဲ … သွားပြီ … သူကလည်း ရှေ့စိတ်ဖြစ်သွားတာ .. သူမမြင်လိုက်ဘူး .. နောက်စိတ်ဖြစ်သွားတာ .. သူမမြင်လိုက်ဘူး .. ။ အဲဒါ … အနန္တရပစ္စယော .. ဆိုတာ .. အဲဒါပြောတာ .. နော် . ။

အနန္တရပစ္စယော .. ဆိုတာ .. ဒီစိတ်ကလေးတွေ တစ်ခုနဲ့တစ်ခုကြားမှာ ဘာမှ အခြားမရှိဘူး။ တစ်ခုပြီးတစ်ခု … ရှေ့စိတ်ချုပ်မှ နောက်စိတ်ဖြစ်တယ်ဆိုတာ .. အနန္တရပစ္စယောပဲ ..။ အနန္တရပစ္စယောပါ .. နားလည်သွားမယ်.. ဒီဟာက .. နော်။
မြင်သိစိတ်ကလေးက သူ့ဟာသူဖြစ်ပြီး သူ့သက်တမ်းလေးနဲ့သူ ချုပ်သွားလို့ရှိယင် .. သူချုပ်လိုက်တာနဲ့တစ်ပြိုင်နက် နောက်စိတ်က .. ဘွားကနဲ .. ပေါ်တာ .. သူချုပ်ခြင်းသည် .. အကြောင်း .. လို့ခေါ်တယ်။ သူနေရာဖယ်ပေးလိုက်တာနဲ့ဟိုကတောက်လျှောက်ဝင်လာတာ .. အစားဝင်လာတာ ..။

ဒီ မြင်သိစိတ်ကလေး ဖြစ်ပြီးတော့ လက်ခံတဲ့စိတ်ကလေးက … မြင်သိစိတ်ကလေး ချုပ်သွားတာနဲ့တစ်ပြိုင်နက် … လက်ခံတဲ့စိတ်ကလေးပေါ်လာတယ်၊

လက်ခံတဲ့စိတ်ကလေးကလည်း သူ့ရဲ့ ၃ စက္ကန့် ပြည့်ယင် ချုပ်သွားတာ .. သူချုပ်သွားလိုက်တာနဲ့တစ်ပြိုင်နက် … စုံစမ်းတဲ့စိတ်ကလေးပေါ်လာတယ် .. သန္တီရဏ .. စုံစမ်းတဲ့စိတ်ကလေးပေါ်လာတဲ့ အခါမှာ … ဆုံးဖြတ်တဲ့စိတ်ကလေးပေါ်လာတယ် .. ၀ုဋ္ဌော .. အဲဒါလေးချုပ်သွားတဲ့အခါမှ …. အာရုံရဲ့အရသာကို ခံစားတယ်ဆိုတဲ့စိတ်ကလေးက .. အာရုံပေါ်မှာ ထပ်ထပ်..ထပ်ထပ်ပြီးတော့ .. အဲဒီအာရုံဆိုတဲ့ကြိုးတန်းလေးပေါ်မှာသူက .. ထပ်ထပ် .. ထပ်ထပ်ဖြစ်တာ ဇောလို့ခေါ်တယ်။

သူကအရှိန်အဟုန်ကောင်းကောင်းနဲ့ဖြစ်လာတာ.. သူဘာလို့ အရှိန်ရသွားတာတုန်းဆိုယင် .. ရှေ့က ဟာတွေက တွန်းအားတွေ သူရလာတာ ..။ ရှေ့ကတွန်းအားတွေရှိတယ်။ နောက်ဆုံးဇောဆိုတာ ခုနှစ်ခါဖြစ်ပြီးတော့ .. ထိုဇောရဲ့အရှိန်ကြောင့်နောက
်ကနေလိုက်ဖြစ်သွားတာ .. တဒါရုံ .. လို့ ခေါ်တယ်။
တချို့စာအုပ်တွေက Registration လို့ ပြန်တယ် .. မဟုတ်ဘူး ။ retentive လို့ပြန်တာ ပိုနီးစပ်တယ်။ တဒါရုံဆိုတာ ဇောရဲ့ အာရုံကို ထပ်ပြီးတော့ ခံယူတဲ့စိတ် .. ။
အဲဒီ တဒါရုံပြီးသွားတာနဲ့တစ်ပြို
င်နက် သူက စိတ်က ၁၇ချက် ပြည့်သွားတယ်။ စိတ်၁၇ချက် ပြည့်သွားယင် … ခုနက .. မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးဟာ သက်တမ်းစေ့လို့ ပျောက်သွားတယ်။ ပျောက်သွားပြီ။။။
ဒါပေမယ့် .. လူတွေက ထပ် .. ထပ် .. မြင်နေတော့ .. ဒါလေးရှိနေသေးတယ်လို့ထင်နေတာ .. ။ ဘယ်အရာမှ မမြဲဘူး။

တချို့သိပ္ပံဆရာတွေကပြောတယ်။
လျှပ်စစ်မီးဟာ တစ်စက္ကန့်အတွင်းမှာ ဘယ်နှစ်ခါငြိမ်းတယ်ဆိုတာ သူတို့တွက်ထားတာ ရှိတယ်။ ဒါပေမယ့် လူတွေသိတာ မီးငြိမ်းတယ်လို့ဆိုတာ လုံးဝအဆက်ပြတ်သွားမှသိတာ။
အဲဒီလို စိတ်အစဉ်တန်းတွေဟာ ဘယ်သူ့ကြောင့်ဖြစ်ရတာလည်းဆိုယင် .. အာရမ္မဏပစ္စယော .. တဲ့ .။ ပေါ်လာတဲ့အာရုံလေးကြောင့်ဖြစ်တာတဲ့။ အဲဒီမှာ … ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊ ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ မနောဓာတုယာ ၊ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ အာရမ္မဏပစ္စယေန ပစ္စယော။ ဆိုတာ …. ပဉ္စဒွါရတံခါးဖွင့်ပေးတဲ့စိတ်ရယ် .. လက်ခံတဲ့စိတ်ရယ် .. အဲဒီနှစ်ခုကို ရည်ညွှန်းပြီးတော့ ပြောတာ …. တဲ့။

***ကျန်တဲ့စိတ်တွေကို ရည်ညွှန်းပြီးတော့ … သဗ္ဗေဓမ္မာ မနောဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော .. တဲ့ ။ ဟော .. သဗ္ဗေဓမ္မာ … ကျန်တာတွေ အားလုံးလို့ ပြောလိုက်တာ။

ကျန်တာဆိုတာ ဘယ်လောက်ကျန်တုန်းလို့ တွက်ကြည့်လိုက်မယ်ဆိုလို့ရှိယင် .. ခုနတုန်းက .. စက္ခုဝိဥာဏ်စိတ်၊ သောတ၀ိဥာဏ်စိတ်၊ ဃာန၀ိဥာဏ်စိတ်၊ ဇိဝှါဝိဥာဏ်စိတ်၊ ကာယ၀ိဥာဏ်စိတ်၊ ၁၀ခု ။ ဟုတ်လား။ အဘိဓမ္မာသင်ဖူးတဲ့သူကသိမယ်။ ၀ိဥာဏ်စိတ်ဟာ ၁၀ခု ရှိတယ် .. နော်။ အဲဒီ ၁၀ခု ပြီးတဲ့ အခါကြတော့ …. အာဝဇ္ဇန်းစိတ်ရယ် .. နောက်ပြီးတော့ .. သမ္ပဋိစ္ဆိုင်းက ၂ ခုရယ် .. ပေါင်းလိုက်တော့ အဲဒီက ၃ခု။ ၁၀ခုရယ် ၃ခုရယ် ပေါင်းတော့ ၁၃ ခု။ ကျန်တာဆိုတာ ကျန်တဲ့ဟာတွေအကုန်လုံး။ စိတ် ၈၉ ထဲက ကျန်တာတွေ။ ဒီလိုဆိုလိုတယ်။

ကျန်တဲ့ .. ဒီနေရာမှာ .. သဗ္ဗေဓမ္မာ .. မနောဝိညာဏဓာတ်ကိုပြောတာလေ။ သဗ္ဗေဓမ္မာဆိုတာ ကျန်တဲ့အာရုံတွေ ဘာအာရုံပဲဖြစ်ဖြစ် လို့ပြောတာ .. ရူပါရုံပဲဖြစ်ဖြစ် .. သဒ္ဒါရုံပဲ … ဂန္ဓာရုံပဲဖြစ်ဖြစ် .. ရသာရုံပဲဖြစ်ဖြစ် .. ဓမ္မာရုံပဲဖြစ်ဖြစ် .. တရားအားလုံးသည် .. မနောဝိညာဏဓာတုယာ .. မနောဝိညာဏဓာတ်ဆိုတာ ဘာတွေပြောတာတုန်း .. ခုနက .. သန္တီရဏတို့ .. ၀ုဋ္ဌောတို့ .. ဇောတို့ .. တဒါရုံတို့ … ကျန်တာတွေအားလုံးကိုပြောလိုက်တာ။

အဲဒီမှာ စက္ခုဝိညာဏ်စိတ်ကလေး ဘာဖြစ်လို့ သီ�

Credit to Ko Thein Naing Ohn
https://www.facebook.com/notes/560521537394255/

No comments:

Post a Comment

Gold price estimated