Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၄၊ Dr နန္ဒာမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၎

Dr နန္ဒာမာလာဘိဝံသ

ပဋ္ဌာန်းမြတ်ဒေသနာအပိုင်း၎မှာ အဓိပတိပစ္စယော … ၂၄ပစ္စည်းထဲက လွှမ်းမိုးကြီးစိုးတဲ့ အဓိပတိပစ္စယောကို ရှင်းလင်းပြီးတော့ ဟောကြားပါမယ်။

လူ့ရဲ့စိတ်ကိုလွှမ်းမိုးကြီးစိုးနေတဲ့နေရာမှာ သဘာဝတရားလေးခုဟာ လူ့ရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးထားတတ်တယ်။ ကျန်တဲ့သဘာဝတရားတွေက ဒီလောက်မလွှမ်းမိုးဘူး။ ဒီမှာပါတဲ့ သဘာဝတရားလေးမျိုးဟာ လူ့ရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးတတ်တယ်။ တစ်ဖက်ကလည်း အာရုံတွေမှာ အချို့ချို့သောအာရုံများက စိတ်ကိုလွှမ်းမိုးကြီးစိုးနိုင်ခြင်းမရှိဘူး။

အချို့ချို့သောအာရုံများက လူ့ရဲ့စိတ်ကို လွှမ်းမိုးကြီးစိုးနိုင်တယ်တဲ့။ ဒါကြောင့်လည်း အဓိပတိပစ္စယောကို - အဓိပတိပစ္စယော အတူဖြစ်ပြန် ရုပ်နှင့်နာမ်ကိုတဲ့ ဧကန်လွှမ်းမိုးကြီးစိုးနိုင်ဘိ အဓိပတိတရား …။ ကြီးစိုးနိုင်တဲ့အဓိပတိတရား
ဆိုတာ ဆန္ဒတို့၊ ၀ီရိယတို့၊ ၀ီမံသာတို့၊ စိတ္တတို့၊
စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ဒီစေတသိက်၃မျိုးနဲ့ စိတ်ဓာတ်ဟာ နာမ်တရားတွေကို ကြီးစိုးလွှမ်းမိုးထားနိုင်တယ်။ အဓိပတိကို နှစ်ပိုင်းခွဲပြီးတော့ ကြည့်ရမှာ ဖြစ်ပါတယ်။


အဓိပတိပစ္စည်းဟာ နံမည်အားဖြင့် တစ်မျိုးတည်းပြထားသော်လည်း အပိုင်းနှစ်ပိုင်း ရှိတယ်။ အာရုံတွေနဲ့ကြီးစိုးတာရှိသလို၊ အာရုံမဟုတ်ပဲ ကြီးစိုးတာလည်း ရှိတယ်လို့ မှတ်သားထားရမှာ ဖြစ်ပါတယ်။ အဓိပတိပစ္စည်းကို မြတ်စွာဘုရားက နှစ်မျိုးခွဲဟောတယ်။ သဟဇာတာ အဓိပတိ (သို့မဟုတ်) သဟဇာတ အဓိပတိ ။

သဟဇာတ ဆိုတာ အတူဖြစ်လာတဲ့တရားတွေကို မိမိနဲ့အတူဖြစ်ပြီးတော့ အတူဖြစ်လာတဲ့တရားတွေကို လွှမ်းမိုးထားတဲ့ .. လွှမ်းမိုးကြီးစိုးနိုင်တဲ့ သဘာဝတရားလို့ .. အာရမ္မဏာအဓိပတိ .. အာရုံဖြစ်ပြီးတော့ စိတ်ကို လွှမ်းမိုးကြီးစိုးနိုင်တဲ့ သဘာဝတရားလို့ .. ဒီလို နှစ်မျိုးခွဲဟောတယ်။

အဲဒီမှာ သဟဇာတာအဓိပတိ - သဟဇာတ အတူတကွဖြစ်ပေါ်လာကြပြီး လွှမ်းမိုးကြီးစိုးတယ် ဆိုတဲ့ သဘာဝတရားတွေဟာ ဘာတွေတုန်းဆိုတော့ အဓိပတိတရားလေးပါး .. အဓိပတိတရားလေးပါး ဆိုတာ .. ဆန္ဒရယ် ၊ ၀ီရိယရယ်၊ ၀ီမံသရယ်၊ စိတ္တရယ်လို့ … ။

အဲဒီထဲမယ် ဆန္ဒရယ်၊ ၀ီရိယရယ်၊ ၀ီမံသရယ်တို့က စေတသိက်တွေ။
ဆန္ဒက တစ်ခုခုကို ပြုလုပ်ချင်တဲ့ ပြုလုပ်လိုတဲ့ သဘာဝတရား .. ဆန္ဒ .. လောဘနဲ့ခပ်ဆင်ဆင်ပေါ့။ သို့သော် ဆန္ဒနဲ့လောဘဆိုတာ မတူတဲ့အချက်တွေ အများကြီးရှိတယ် … တူလည်း မတူဘူးပေါ့။ ဆန္ဒဆိုတာ ပြုလုပ်ချင်တာ၊ လောဘဆိုတာ လိုချင်မက်မောတာ။

ဝီရိယဆိုတာ အားလုံးသိကြတဲ့အတိုင်း … ကြိုးပမ်းအားထုတ်မှု .. တဲ့။
နောက် ၀ီမံသဆိုတာတော့ အသိပညာ .. စူးစမ်းဆင်ခြင်နိုင်တဲ့ စွမ်းရည်သတ္တိ ပညာ။ ဒါက စေတသိက်တရားတွေ။ စေတသိက်တရားတွေက … စိတ်နဲ့စေတသိက်နှစ်မျိုးကို လွှမ်းမိုးကြီးစိုးထားနိုင်သလိုပဲ စိတ်သက်သက်ကလည်း စေတသိက်တရားတွေကို ပြန်ပြီး လွှမ်းမိုးကြီးစိုးထားနိုင်တာ ရှိတယ်။ အဲဒါကြတော့ စိတ္တာဓိပတိလို့ ခေါ်တယ်ပေါ့။

အဓိပတိနဲ့တွဲပြီးတော့ ခေါ်တဲ့အခါ ဆန္ဒာဓိပတိ၊ ၀ီရိယာဓိပတိ၊ ၀ိမံသာဓိပတိ၊ စိတ္တာဓိပတိလို့ ဒီလို အဓိပတိတရား လေးမျိုးလို့ … အင်မတန်မှ အစွမ်းထက်တဲ့တရားလေးမျိုးလို့ ဒီတရားလေးမျိုးက … အင်မတန်မှ အစွမ်းထက်တယ်။ ဒါက သဟဇာတဓိပတိပိုင်းက …။

အာရုံပိုင်းကပြောမယ်ဆိုယင် တွယ်တာ စွဲမက် နှစ်သက်စရာအာရုံ ..။ လေးနက်ပြီးတော့ သိမ်မွေ့မွန်မြတ်တဲ့ အာရုံတွေဟာ စိတ်ကို လွှမ်းမိုးကြီးစိုးထားနိုင်တယ်တဲ့။ ဒါကြောင့်မို့ သူတို့ကို အာရမ္မဏာဓိပတိလို့ ခေါ်တယ်။

ပါဠိတော်မှာ မြတ်စွာဘုရားက … ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော … တဲ့။

(စကားမစပ်ဗျာ…. ဆရာတော်ကြီးပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်တဲ့အသံဟာ တကယ့်ကိုကြည်ညိုဖွယ်ကောင်းလှပါတယ်။ ဆရာတော်ရဲ့ပဋ္ဌာန်းရွတ်တဲ့အသံကို မကြားဖူးသေးယင် နာကြည့်ကြပါဦးခင်ဗျာ။ ပဋ္ဌာန်းကိုအမြဲရွတ်ဖတ်ပူဇော်နေသူများအနေနဲ့လည်း သိပ်အမြန်ကြီးမရွတ်ဖတ်ကြပဲနဲ့ စိတ်အာရုံလေးနှစ်ပြီး အသံနေထားလေးပေါ့နော်..ကိုယ့်အသံကို ကိုယ်ပြန်နာယူယင်း … နားထောင်ကောင်းအောင် ရွတ်ဖတ်စေချင်မိပါတယ်ခင်ဗျာ။ ဒါကလည်း တစ်ချို့တွေ့ဖူးလို့ပါ။ ငယ်တော့ငယ်ပါသေးတယ် .. အသက်အရွယ်ငယ်သေးပေမယ့် ပဋ္ဌာန်းပစ္စယနိဒ္ဒေသကို အလွတ်ရအောင် ကျက်မှတ်ထားတဲ့ တရားတော်ကိုမြတ်နိုးမှုကိုတော့ ချီးကျူးပါတယ်။ ဒါပေမယ့် မေ့သွားမှာစိုးလို့ပဲလားတော့ မသိဘူးဗျ…အသက်မရှုနိုင်လောက်အောင်ကိုရွတ်သွားတာပါ။ အဲဒါကျတော့ သိပ်မကောင်းဘူးထင်ပါတယ်ခင်ဗျာ။ ဆရာလုပ်တယ်လို့တော့ မထင်ကြပါနဲ့ခင်ဗျာ။ ဆရာတော်ကြီးရဲ့ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်သံကြားရတဲ့ပီတိခံစားမှုလေးကို တရားတော်ကပေးတဲ့ ၀မ်းမြောက်မှုလေးကို မိတ်ဆွေများ ဆင်ခြင်မိစေချင်တဲ့ စေတနာလေးနဲ့ စကားမစပ်ပြောပြရတာပါခင်ဗျာ။ ကျေးဇူးပါ။ TNO)

တရားတော်ကို ပြန်ဆက်ကြရအောင်ပါ … ။

ပါဠိတော်မှာ မြတ်စွာဘုရားက … ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော … တဲ့။

အဓိပတိဆိုတာ တစ်ခုတည်းရှိလို့ တစ်ခုခြင်းဟောရတာ ..။ ဆန္ဒကအဓိပတိဖြစ်နေတဲ့အခိုက် ကျန်တဲ့ဟာတွေက အဓိပတိ မဖြစ်ဘူး။ အဓိပတိဆိုတာ တစ်ဦးတည်းရှိရမယ်။ နှစ်ဦးရှိယင် ဘယ် အဓိပတိဟုတ်တော့မလဲ။ နော် … ပြိုင်ဘက်ဖြစ်သွားပြီ။ ဒါကြောင့်မို့လို့ အဓိပတိလေးပါးကို မြတ်စွာဘုရားက တစ်ခုဆီခွဲဟောတာ။

… ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော …
ဆန္ဒာဓိပတိ - ဆန္ဒလို့ ဆိုရတဲ့ လွှမ်းမိုးကြီးစိုးနိုင်တဲ့ သဘာဝတရားသည် ၊ ဆန္ဒသမ္ပယုတ္တကာနံ - ဆန္ဒနှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်လာတဲ့ ၊ ဓမ္မာနံ - စိတ် စေတသိက်တရားတို့အား၎င်း၊ တံသမုဋ္ဌာနာနံ - ထိုစိတ် စေတသိက်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ ထိုဆန္ဒကကြီးစိုးလွှမ်းမိုးထားတဲ့ စိတ်စေတသိက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ၊ ရူပါနဉ္စ - ရုပ်တရားတို့အား၎င်း ၊ အဓိပတိပစ္စယေန - လွှမ်းမိုးကြီးစိုးထားနိုင်ေ
သာ အဓိပတိသတ္တိဖြင့်၊ ပစ္စယော ဥပကာရကော - ကျေးဇူးပြုတတ်သည် ၊ ဟောတိ - စင်စစ်မသွေဖြစ်ပါပေတော့၏။
ဒါက မြတ်စွာဘုရားကဟောတာ တရား … ။

အဲတော့ … နားလည်ရမှာက ဆန္ဒက ဘယ်သူ့အပေါ်ကြီးစိုးတုန်းဆိုယင် … စာလိုပြောယင်တော့ .. သာဓိပတိဇောတို့ ဘာတို့ ရေးထားတယ်ပေါ့။ သာဓိပတိဇောဆိုတာ အဓိပတိနဲ့တကွ ဖြစ်တဲ့ ဇော။

ဆိုလိုတာက … ဒီ … အဓိပတိတရားတွေဟာ … ဆန္ဒဆိုတဲ့ စေတသိက်ကို ပြန်ပြီးတော့ ကြည့် ကြည့်။ ဆန္ဒဆိုတဲ့ စေတသိက်ဟာ စိတ်ပေါင်း ဘယ်လောက် ယှဉ်တုန်း ဆိုတာကို ကြည့်တော့ …. အကုသိုလ် စိတ်တွေမှာလည်း သူက ယှဉ်တယ်။ ကုသိုလ်စိတ်တွေမှာလည်း သူက ယှဉ်တယ်။ ကြိယာစိတ်တွေမှာလည်း ယှဉ်တယ်။ ၆၉ မျိုး စိတ်တွေမှာ ယှဉ်ပေမယ့်လို့ …. အဓိပတိအနေနဲ့ ဖြစ်နိုင်တာကတော့ .. အားလုံးမှာ မဟုတ်ဘူးတဲ့။ အဲတော့ … ဒီသရုပ်တွေကိုတော့ မပြောတော့ဘူး။

ဆန္ဒဆိုတာလေးက … သူ .. ဆန္ဒနဲ့အတူတကွ ဖြစ်ပေါ်လာတဲ့ .. စိတ်သဘောထားတွေ .. ထိုစိတ်ကြောင့် .. စိတ်ကထုတ်လုပ်လိုက်တဲ့ ရုပ်တရားတွေကို သူက လွှမ်းမိုး ချုပ်ကိုင်ထားနိုင်တယ်လို့ … ။ … ဘယ်လိုများ လွှမ်းမိုးချုပ်ကိုင်ထားနို
င်တာတုန်း ဆိုလို့ရှိယင် ..
ဆန္ဒဆိုတဲ့ သဘောလေးကို အယင်ကြည့် .. ဆန္ဒဟာ … လောဘမူစိတ်မှာ ယှဉ်သည့်အတွက်ကြောင့် လောဘနဲ့ယှဉ်ပြီးတော့လည်း ဖြစ်လာတတ်တယ်။ အဲဒါကျတော့ လောဘဆန္ဒ .. တဏှာဆန္ဒလို့ ခေါ်တယ် .. လိုချင်တဲ့ ဆန္ဒ။
အဲဒီ ဆန္ဒဟာ ဒေါသမူစိတ်မှာ ယှဉ်ပြီးတော့ ဒေါသနဲ့တွဲလာလို့ ရှိယင် .. မုန်းတီးပြီးတော့ ရန်လိုတဲ့ .. ဆန္ဒ။

သတ်ချင် ..ဖြတ်ချင် .. ရိုက်ချင် .. နှက်ချင် .. တဲ့ ဆန္ဒ ဖြစ်လာတယ်။ ယှဉ်တွဲတဲ့ သဘာဝတရားနဲ့ သူက .. ချုပ်ကိုင်ပြီးတော့ လွှမ်းမိုးပြီးတော့ ကြီးစိုးတာ။
အေး … ကုသိုလ်စိတ် .. အလောဘတို့ .. အဒေါသတို့ .. အမောဟတို့နဲ့ယှဉ်တွဲပြီးတော့ လာတဲ့အခါ ဆိုလို့ ရှိယင် .. ဒါနကောင်းမှု ပြုလိုတဲ့ ဆန္ဒ .. သီလဆောက်တည်လိုတဲ့ ဆန္ဒ .. ဘာဝနာတရား ပွားများအားထုတ်လိုတဲ့ ဆန္ဒ … ။

ဈာန်စိတ်တွေနဲ့ယှဉ်တွဲလာတဲ့အခါကျတော့ ကာမဂုဏ် အာရုံ တွေကို လုံးဝ ဖယ်ရှားပြီးတော့ ဈာန်တရားနဲ့ ပျော်မွေ့လိုတဲ့ ဆန္ဒ …. ဟော။ မဂ်စိတ်တွေ ဖိုလ်စိတ်တွေကြတော့ ကိလေသာတွေကို လုံးဝဖယ်ရှားပစ်လိုတဲ့ ဆန္ဒ … ဆိုပြီးတော့ …။

ဆန္ဒက ဆိုင်ရာဆိုင်ရာ သဘာဝတရားတွေနဲ့ယှဉ်တွဲလာတဲ့အတိုင်း သူက လွှမ်းမိုးပြီးတော့ ကြီးစိုးထားတယ်။ သာမာန်ဆန္ဒမဟုတ်ဘူး။ အလွန်ပြင်းထန်တဲ့ဆန္ဒ .. ။

ဆန္ဒဟာ ရံဖန်ရံခါ လောဘနဲ့သွားပြီး ရောတတ်တယ် .. ။ လောဘနဲ့သွားပြီးရောတတ်တယ်… ဘာဖြစ်လို့တုန်းဆို.. မြန်မာလိုပြန်တော့ .. သူကလည်း … ချင် ..နဲ့ပြန်တာ။ …. လိုချင်တယ် .. သွားချင်တယ် … စားချင်တယ်။ အဲတော့ … လောဘနဲ့ယှဉ်တွဲလာယင်တော့ …. လောဘသဘောပါတာပေါ့။ သို့သော် .. ဆန္ဒတိုင်းဟာ လောဘလားဆိုတော့ … မဟုတ်ဘူး။ (ဒီနေရာမှာချုံပါမယ် … နားလည်တယ်လို့ပဲယူဆပါမယ်ခင်ဗျာ)

လောဘက အဓိပတိမဟုတ်ဘူးး။ ပျော့ညံ့တယ်။ ဟောဒီ ဆန္ဒကျမှ အဓိပတိတဲ့။ ဆန္ဒဓိပတိသည် သံသရာထဲကပါလာတဲ့ လူတွေရဲ့ လိုချင်တက်မက်တဲ့ လောဘကိုပဲ ဖယ်ရှားပစ်နိုင်လောက်အောင် စွမ်းရည်သတ္တိရှိတယ်တဲ့ .. အဓိပတိက .. သူက .. အင်မတန် အစွမ်းသတ္တိရှိတယ် .. ထက်တယ်ပေါ့။

ဘုရားအလောင်းတော်တွေဟာ ဗျာဒိတ်ရတယ်ဆိုတာ သာမာန်အနေအထားနဲ့ မရဘူး။ ဘုရားဖြစ်ချင်တဲ့ ဆန္ဒဟာ … သူတို့စိတ်ကို လွှမ်းမိုးပြီး နေပြီဆိုလို့ရှိယင် .. ဗျာဒိတ်ရတယ်။ ဒါကြောင့်မို့လို့ … ဘုရားအလောင်းတွေ ဗျာဒိတ်ရဖို့ အင်္ဂါရှစ်ချက်ဆိုတာ ရှိသေးတယ်။
မနုဿတံ လိင်္ဂ သမ္ပတိ ဟေတု သဋ္ဌာရ ဒဿနံ - လူသားဖြစ်ရမယ်၊ ပြည့်စုံတဲ့ Sex ရှိရမယ်၊ လူသားဖြစ်ရမယ်၊ အမျိုးသားဖြစ်ရမယ်။ နော် … လိင်္ဂ ၊ မနုဿတံ လိင်္ဂ သမ္ပတိ … မနုဿတံဆိုတာ လူသားဖြစ်ရမယ်၊ လိင်္ဂ သမ္ပတိ က .. အမျိုးသားဖြစ်ရမယ်။ … လူသားဖြစ်တယ် … အမျိုးသားဖြစ်တယ် .. .။ ဟေတု … အကြောင်းတရားတွေ လုံလောက်ပြီးသား ရှိရမယ် ၊ သဋ္ဌာရ ဒဿနံ … ဘုရားနဲ့တွေ့ရမယ်။ အဓိကာရ .. ကုသိုလ်ကောင်းမူ ဆောက်တည်ပြီးသားဖြစ်ရမယ်။ ဆန္ဒ … ပြင်းပြတဲ့ ဆန္ဒ ရှိရမယ် … တဲ့ ။

သမ္ပတိဆိုတာ … ဈာန်မဂ်ဖိုလ်တရားတွေကို ရထားတဲ့ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံပြီးသား ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ .. ဆိုတယ် .. ။ သာမာန်နဲ့ဗျာဒိတ် မရဘူး။ သုမေဓာရသေ့ ဗျာဒိတ်ရတာဟာ ဒီအင်္ဂါရပ်တွေနဲ့ညီတယ်။

ဒါဖြင့် … သူ့ဆန္ဒက ဘယ်လောက်ပြင်းသလည်းလို့ … မေးလို့ရှိယင် …. သူ .. ဘုရားဖြစ်ချင်တဲ့ဆန္ဒက ဘယ်လောက်ပြင်းလဲ … ??? …. သာမာန်ပုဂ္ဂိုလ်တွေလို ဖြစ်ချင်ယုံသက်သက်မဟုတ်ဘူး … သူက ။ ဘယ်လောက်ထိအောင် ဘုရားဖြစ်ချင်သလဲဆိုလို့ရှိ
ယင် …. … ကြည့် ..
တဖက်ကကြည့်လိုက်မယ်ဆိုလို့ရှိယင် … ဒီပင်္ကရာမြတ်စွာဘုရား နဲ့ တွေ့တဲ့အခါမှာ … သူက ဈာန်အဘိဥာဏ်ရတန်ခိုးရှင်ရသေ့ဖြစ်နေတာ .. .. .. သို့သော် … ဘုရားဖြစ်ချင်တဲ့ဆန္ဒကလွှမ်းမိုးထားသည့် အတွက်ကြောင့် ….. ထိုဘုရားတရားနာပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကိုရမယ်ဆိုလို့ရှိယင် သူရဟန္တာဖြစ်သွား နိုင်တာပေါ့ .. အဲဒီမှာ ..။ သို့သော် .. ဘုရားဖြစ်ချင်တဲ့ဆန္ဒကြောင့် ဒါကို လက်လွှတ်လိုက်တယ်။ မယူဘူး။

ဒီလက်လွှတ်တယ်ဆိုတာ နည်းတဲ့ သတ္တိ မဟုတ်ဘူး … ။ ဘ၀ပေါင်းမြောက်မြားစွာ သေရဦးမယ် အိုရဦးမယ် နာရဦးမယ် သူသိတယ်။ ဟုတ်ကဲ့လား။ အကယ်၍သာ … ဒီပင်္ကရာမြတ်စွာဘုရားထံမှာ တရားနာပြီး ရဟန္တာဖြစ်လိုက်မယ်ဆို .. တစ်ခါပဲသေမယ် .. ။ တစ်ခါပဲသေမှာကို … အခါပေါင်းမြောက်မြားစွာ သေမှာနဲ့သူလဲနိုင်တယ်။ ဆန္ဒ … ဒါ ဆန္ဒ လို့ ပြောတာ။ အဋ္ဌကထာဆရာကြီးကတော့ ပိုပြီးတော့ နားလည်အောင် ဘယ်လိုပြောတုန်းဆိုတော့ … ဘုရားဖြစ်ဖို့ ဆန္ဒဟာ ဘယ်လောက်ထိအောင် ကြီးကျယ်သလည်းလို့ဆိုလို့ရှိယင်တဲ့ …. စင်္ကြာဝဠာတိုက်ကြီးတစ်တိုက်လုံးအပြည့် မီကျီးခဲတွေရဲနေအောင် ထည့်ထား …. အဲဒီ မီးပင်လယ်ကြီး … မီကျီးခဲပင်လယ်ကြီးပေါ်မှဖြတ်ပြီးတော့ ဟိုဘက်ကို ရောက်အောင်သွားနိုင်ယင် မင်းဘုရားဖြစ်ပြီဆိုယင် သွားမယ် …. တဲ့ ။ … အဲလောက်ထိအောင် ဆန္ဒပြင်းတယ်လို့ ဆိုလိုတာ။ မီးပင်လယ်ကို ဖြတ်ပြီးတော့သူသွားမယ်လို့ပြောတာ။ ဆန္ဒအဲလောက်ပြင်းတယ်လို့ပြောတာ …. နော် ။

သုမေဓာ … ရသေ့ရဲ့ … အလောင်း … သုမေဓာသဋ္ဌေးသားလေးဟာ .. ကြည့် .. ပစ္စည်းဥစ္စာတွေ အင်မတန်ချမ်းသာတယ်။ ရွှေတိုက် ငွေတိုက် ဘဏ္ဍာတိုက်တွေ … မက်မောစရာတွေပဲ။ သို့သော် … အဲဒါတွေကို အားလုံး မငဲ့မညာ .. လိုချင်သူ ယူဆိုပြီးတော့ .. တိုက်ခန်းတွေဖွင့်ပြီးတော့ … လှည့်မကြည့်ပဲနဲ့သွားနိုင်တ
ယ် မဟုတ်လား …။ စာထဲမှာ ဥပမာပေးထားတာ …
လူတွေမှာ လှည့်မကြည့်ပဲသွားတာ တစ်ခုပဲရှိတယ် … ကိုယ့်ပါးစပ်ထဲမှာ အသုံးမ၀င်တော့လို့ … ထွေးထုတ်လိုက်တဲ့ .. တံတွေး … ဟုတ်ကဲ့လား။ ဘယ်သူမှလှည့်ကြည့်မနေဘူး …………. အင်း နည်းနည်းတော့ ကြည့်ချင်ကြည့်မှာ ငါ့တံတွေးထဲမှာသွေးများပါလားလို့ (ရယ်မောသံများ) ။

အဲဒီလို ဥစ္စာပစ္စည်းတွေကို လှည့်ကိုမကြည့်ဘူး။ အဲဒါ ဘယ်သူက စွန့်လွှတ်တာလည်းဆို … ဆန္ဒက စွန့်လွှတ်တာ။ တရားကျင့်လိုတဲ့ဆန္ဒသည် လောဘကိုဖယ်ရှားနိုင်တဲ့ စွမ်းအားရှိတယ်။

ဒါကြောင့်မို့လို့ …. အဓိပတိ ကို ဆန္ဒလို့ ဟောတာ။ သူနဲ့အတူတူ ဖြစ်တဲ့စိတ်တွေကို လွှမ်းမိုးထားတာ … ။ ဒါက ကောင်းတဲ့ အဓိပတိတွေပေါ့။ မဟာကုသိုလ်စိတ်နဲ့ယှဉ်တဲ့ အဓိပတိတွေ။ ကိုယ်မစားရချင်နေပါစေ။ ဒုက္ခရောက်နေတဲ့သူတွေ သွားကယ်တယ်။ ကိုယ်စားမယ့် အစားအစာထဲက ကိုယ်အငတ်ခံပြီး သူများကို ကျွေးတယ်။ ဒါလည်း ဆန္ဒပဲ။ ဆန္ဒတွေ … ဆန္ဒပြင်းလာပြီဆိုယင် လူက အကုန်လုပ်နိုင်တယ်။ ကောင်းတဲ့ … ကိစ္စတွေ အကုန်လုပ်နိုင်တယ်။ မကောင်းတဲ့ ….. ကိစ္စမှာကော ဆိုယင် … မကောင်းတဲ့ ကိစ္စမှာလည်း လုပ်နိုင်တာပဲ .. ။ တဲ့
ဆန္ဒကို တစ်နေရာမှာ ဣဒိပါဒ် လို့ ဟောတာ ရှိသေးတယ်။ ဣဒိ ဆိုတာ အစွမ်းတန်ခိုး … ပါဒ က အကြောင်းတရား …. အစွမ်းတန်ခိုးရခြင်းရဲ့အကြောင်းတရား ၊ အကျိုးတစ်ခုကို ဖြစ်ပေါ်စေနိုင်တဲ့ အစွမ်းတန်ခိုး။ အဲဒီအစွမ်းတန်ခိုးရခြင်းရဲ့အကြောင်းဟာလည်း ဆန္ဒပဲ … တဲ့။

မြတ်စွာဘုရား ၄၅ ၀ါ သီတင်းသုံးပြီးတော့ နောက်ဆုံး ၀ါ မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဖို့ ၁၀ လ အလိုလောက် …. ဝေသာလီပြည်နားက … ဝေဠုဝရွာကလေးမှာ ၀ါကပ်လိုက်တဲ့အချိန်မှာ … ရောဂါအပြင်းအထန် ဖြစ်တယ်။

အဲဒီရောဂါက နောက်ဆုံးမှာ အသက်ပျောက်သွားလောက်တဲ့ရောဂါ …. ကုလို့မရဘူး … Incurable … မာရဏံဓိကဝေဒနာလို့ ခေါ်တယ်။ သေခြင်းအဆုံးသတ်သွားမယ် … သို့မဟုတ် … သေဖို့အတွက် နီးသွားမယ့် ရောဂါမျိုး။ အဲဒီရောဂါဖြစ်တဲ့အခါမယ်ကျတော့ .. မြတ်စွာဘုရားက … နောက် ၁၀ လ မှာ သုဘဒ္ဒ ဆိုတဲ့ ပရဗိုဒ်ကြီးနဲ့တွေ့ပြီး တရားဟောဖို့က ရှိနေတယ်။ သုဘဒ္ဒကြီးကအခုချိန်လည်း တွေ့ဦးမှာ မဟုတ်သေးဘူး။ တွေ့ယင်လည်း သူနားလည်ဦးမှာ မဟုတ်သေးဘူး။ နောက် ၁၀လ လောက်မှ သူက mature ဖြစ်မှာ … စောင့်ရမယ် … ဘုရားက သူ့အတွက်ဆိုယင်တော့ စောင့်မယ်မဟုတ်ဘူး။

အဲဒီတော့ သုဘဒ္ဒကြီးကိုငဲ့ညှာပြီးတော့ မြတ်စွာဘုရားက အဲဒီ မာရဏံတိကလို့ ခေါ်တဲ့ Incurable ရောဂါကြီးကို … ဣဒိပါဒ်လေးပါးနဲ့ပွားပြီးတော့ တားထားလိုက်တယ် .. ဆန္ဒနဲ့တားထားလိုက်တယ်။ ကြည့် … ၀ီရိယနဲ့တားတယ် .. ၀ီမံသနဲ့တားတယ် .. စိတ္တနဲ့တားတယ်။ ဣဒိပါဒ်လေးပါး။ အဲဒါကို .. ဆန္ဒ ၊ ၀ီရိယ ၊ ၀ီမံသ ၊ စိတ္တ ဆိုတဲ့ … ဒီသဘာဝတရားလေးမျိုးကို အာယုသင်္ခါရ လို့ခေါ်တယ်။

စွမ်းပြီးတော့ ဖလသမ္မာပါဒ်ဝင်စားတာ … အဲဒီ ဖလသမ္မာပါဒ်ကို အာယုသင်္ခါရလို့ခေါ်တယ်။ ဟောဒီ ဣဒိပါဒ်လေးပါးကို ကျကျနန ပွားထားတဲ့ ပုဂ္ဂိုလ်သည် သက်တမ်းစေ့အောင်နေလို့ရတယ်တဲ့…… ...သက်တမ်းကျော်အောင် လည်း နေလို့ရတယ်တဲ့။ ဒါကသဘာဝတရား။

အဲတော့ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ၁၀လ တိတိ … အာယုသင်္ခါရနဲ့ဖမ်းထိမ်းလိုက်တယ်။ ၁၀လအတွင်း မသေနိုင်ဘူး၊ ဒီရောဂါပြန်မပေါ်စေရဘူး။ ထိန်းထားတာ။ ၁၀လ ပြည့်ပြီးတော့နောက် …. မြတ်စွာဘုရား ရောဂါပြန်ဖြစ်တာပဲ … တောက်လျောက်။

နောက်ဆုံး သက်တော် ၈၀ လုပ်စရာအလုပ်လုပ်ပြီးတဲ့အခါ နောက်ဆုံးညမှာ သုဘဒ္ဒပုရဗိုဒ်ကြီးကို တရားဟောပြီးတော့ ပရိနိဗ္ဗာန်စံသွားတယ်တဲ့။ အဲဒီထဲမှာလည်းပဲ ဣဒိပါဒ်လေးပါးထဲမယ် ဆန္ဒဆိုတာပါတယ်။ လွှမ်းမိုးကြီးစိုးနိုင်တဲ့ စွမ်းအားသတ္တိတွေ ရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ ဆန္ဒတရားဟာ အင်မတန်မှ ပြင်းထန်တယ်။ အဓိပတိထဲမှာဖြင့် လွှမ်းမိုးနိုင်တဲ့ သဘာဝတရားတစ်ခု..တဲ့။

ဒါကြောင့်မို့လို့ လူတွေက ပြောကြတယ်ပေါ့။ ဆန္ဒရှိယင် ကြံသမျှ ဖြစ်တယ်။ ဆန္ဒရှိနေမှ ဘာမဆို ဖြစ်နိုင်တယ်လို့ ပြောကြတယ်ပေါ့..နော်။

နောက်တစ်ခုက ဆန္ဒလိုပဲ ဆိုင်ရာဆိုင်ရာကို ကြီးစိုးထားနိုင်တာ ၀ီရိယဆိုတာ ရှိသေးတယ်။ အဲဒါကို မြတ်စွာဘုရားက …. ၀ီရိယာဓိပတိ ၊ ၀ီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ၊ အဓိပတိပစ္စယေန ပစ္စယော….တဲ့။

ဝီရိယဓိပတိ - ၀ီရိယလို့ဆိုတဲ့ ကြီးစိုးလွှမ်းမိုးထားနိုင်တ
ဲ့ သဘာဝတရားတစ်ခုသည် ၊ ၀ီရိယသမ္ပယုတ္တကာနံ - ၀ီရိယနှင့်ယှဉ်ဖက် ဖြစ်ပေါ်လာကြတဲ့ ၊ ဓမ္မာနံ - စိတ် စေတသိက်တို့အား၎င်း၊
(၀ီရိယနဲ့ယှဉ်တယ်ဆိုတာ … ယှဉ်တယ်ဆိုတဲ့စကားလုံးထဲမှာ ဘာတွေပါတုန်းဆိုယင် ဖြစ်တာလည်း အတူတူဖြစ်တယ်၊ ချုပ်သွားတော့လည်း အတူတူချုပ်တယ်၊ အာရုံလည်း တစ်ခုတည်းကိုယူတယ်၊ မှီရာဝတ္ထုကလည်း တစ်ခုတည်းပဲ၊ အဲဒီ လေးချက်ညီတာကို ယှဉ်တယ်လို့ပြောတာ…နော်။ အဲတော့ တစ်ခုတည်းလိုဖြစ်တယ်။ သမ္ပယုတ္တဆိုတာ တစ်ခုတည်း ယှဉ်တွဲလိုက်တာ။ )

ဝီရိယသမ္ပယုတ္တကာနံ - ၀ီရိယနှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်လာတတ်တဲ့ ၊ ဓမ္မာနံ - စိတ် စေတသိက်တို့အား၎င်း၊ တံသမုဋ္ဌာနာနံ - ထိုဝီရိယနဲ့ယှဉ်တွဲဖြစ်ပေါ်လာတဲ့ စိတ်စေတသိက်တို့ကြောင့် ဖြစ်ပေါ်လာတဲ့ ၊ ဓမ္မာနံ - ရူပါနဉ္စ ရုပ်တရားတို့အား၎င်း ၊ အဓိပတ္တိပစ္စယေန - အဓိပတိပစ္စယသတ္တိဖြင့် ၊ ပစ္စယော ဥပါကာရကော - ကျေးဇူးပြုတတ်သည် ၊ ဟောတိ - စင်စစ်မသွေ ဖြစ်ပါပေတော့၏ …. ။ ဟော … ၀ီရိယကလည်း လွှမ်းမိုးကြီးစိုးထားနိုင်တယ် … တဲ့။

(ဒီမှာ ဇာတ်တော်ကို ချုံလိုက်ပါသည်)

မဟာဇနက္ကဇာတ်တော်မှာကြည့်လေ…. နတ်သမီးက မေးတယ် …. ဒီလောက်ကမ်းမမြင်လမ်းမမြင်ဖြစ်နေတဲ့ ပင်လယ်ပြင်မှာ လက်ပစ်ကူးနေတာ၊ ရောက်မယ်လို့ထင်လို့လားလို့ မေးတယ်။ ဒါတွေ သူမစဉ်းစားဘူးတဲ့။

သူလုပ်ရမယ့်ဟာကိုလုပ်တယ်။ ၀ီရိယကလွှမ်းမိုးထားတာ။ ဒါတွေကို သူမစဉ်းစားဘူး…တဲ့ … သူလုပ်ရမယ့် ကိစ္စတစ်ခုကိုပဲလုပ်တယ် …. တဲ့။ ရောက်တာမရောက်တာ သူနဲ့မဆိုင်ဘူး။ ကူးတာသူ့တာဝန်။ နောက်ဆုံးမှာ သူက အကျိုးကျေးဇူးကို ပြောပြတယ်။ ကြည့် …တဲ့…သူနဲ့ပါလာတဲ့ သင်္ဘောသားတွေ တစ်ယောက်မှ မရှိဘူး။ ဘာဖြစ်လို့တုန်းဆို သူတို့က လုံ့လမထုတ်ပဲနဲ့ နတ်ကိုထိုင်ရှိခိုးဆုတောင်းနေကြတာလေ။ ကိုယ့်ဝီရိယမှကိုယ် မထုတ်တာကို … ဟုတ်ကဲ့လား။ ဘုရားလောင်း မဟာဇနက္ကမင်းကတော့ ဒါတွေ တမ်းတမနေဘူး။ သူဘာလုပ်သင့်တယ်ဆိုတာတွေကို လုပ်တယ်။ သူ့ရဲ့လုံ့လ၀ီရိယကို သူ အားထားတယ်။ ဒါကြောင့်မို့လို့ ဒီအားထားတဲ့ လုံ့လ၀ီရိယက သူ့စိတ်ကို ဘယ်လောက် လွှမ်းမိုးထားသလဲဆိုလို့ရှိယင် ပင်လယ်ပြင်ကြီးကို သူရောက်မယ်မရောက်ဘူး လုံးဝ မစဉ်းစားဘူး။ လုပ်ရမှာ သူ့တာဝန် …. တဲ့။ မလုပ်ဘဲသေသွားယင် သူရှက်စရာကြီးပဲ၊ ဒါပဲသူတွေးတယ်၊ ဒီပြင်ဘာမှသူမတွေးဘူး။

(မှတ်ချက်။ ။ ဒီနေရာလေးမှာဗျာ…သူတော်ကောင်းတွေရဲ့ကြည်ညိုဖွယ်ကောင်းလှတဲ့၊ ဟီရိသြတ္တပ္ပဆိုတဲ့ … ရှက်တတ်တဲ့ တရားလေးကို နည်းနည်းလောက်လှမ်းကြည်ညိုကြည့်ကြရအောင် ...... ။ မဟာဇနက္ကမင်းသားကလည်း သူလုပ်ရမယ့်အလုပ်ကို မလုပ်ပဲသေသွားရမှာကိုရှက်တယ်တဲ့။ အဲဒီလိုပါပဲ။ အယင် ကျွန်တော်တင်ဖူးခဲ့တဲ့ပို့စ်တွေရှိပါတယ်၊ တိဿရဟန်းကြီးအကြောင်းကို …. ခြေနှစ်ချောင်းကို ကိုယ်တိုင်ရိုက်ချိုးလို့ အာမခံချက်ပေးပြီး၊ မဂ်ဖိုလ်နိဗ္ဗာန်ကို ရအောင်ကြိုးစားအားထုတ်သွားတဲ့၊ တိဿရဟန္တာမထေရ်မြတ်၊ ဒီတိဿရဟန်းကြီးကလည်းပဲ၊ မဂ်ဖိုလ်နိဗ္ဗာန်တရားကို ရအောင် အားထုတ်သွားတဲ့ တွန်းအားလေးက … သရာဂ မရဏံ …. ပုထုဇဉ်အဖြစ်နဲ့သေရမှာ ရှက်တယ် …. တဲ့ …ပါဗျာ။ ကဲ…ကြည်ညိုကြည့်လိုက်ကြပါဦးခင်ဗျာ….သူတော်ကောင်းတွေရဲ့ ရှက်တတ်တဲ့စိတ်က ဘယ်လောက် ကြည်ညိုဖို့ကောင်းလိုက်ပါသလဲခင်ဗျာ…. ဆရာဦးဖေသက်ထွန်းရဲ့ပို့စ်တစ်ခုမှာလည်း တရားအားထုတ်ဖို့ ဖြည့်ဆီးရမယ့် အခြေခံလိုအပ်ချက်တွေထဲမှာ … ဟီရိသြတ္တပ္ပဆိုတဲ့… လောကပါလတရားက ပထမပါတဲ့။ ဒါကြောင့်မို့လို့ …. ဟီရိသြတ္တပ္ပရဲ့သဘောတရားလေးဟာ ဘယ်အထိအောင် စွမ်းဆောင်သွားသလဲဆိုတာ သတိပြုမိစေဖို့ စကားလက်ဆောင်လေးပါးလိုက်ပါရစေခင်ဗျာ။)

အဲတော့ .. ဆရာတော်တရားကို ပြန်ကောက်ကြရအောင်ပါခင်ဗျာ။

မလုပ်ဘဲသေသွားယင် သူရှက်စရာကြီးပဲ၊ ဒါပဲသူတွေးတယ်၊ ဒီပြင်ဘာမှသူမတွေးဘူး။ ယောက်ျားတွေ အားထုတ်သင့်တဲ့ လုံ့လ၀ီရိယကို အားမထုတ်ဘူးလို့ အပြောခံရမှာ သူကြောက်တယ်။ အားထုတ်မယ် … ကြိုးပမ်းအားထုတ်မယ်ဆိုတဲ့ စိတ်နဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်ကူးနေတာ ၇ရက် ဖြတ်ကူးနေတာ။ အဲဒီမှာလည်း ၀ီရိယဓိပတိလို့ခေါ်တယ် .. သူက။ ၀ီရိယကနေလွှမ်းမိုးကြီးစိုးထားတာ။

ဝီရိယကလည်း လောဘနဲ့တွဲတဲ့ ၀ီရိယ .. ဒေါသနဲ့တွဲတဲ့ ၀ီရိယ … မောဟနဲ့တွဲတဲ့ ၀ီရိယလို့ ရှိတယ်။ (ချုံ့လိုက်ပါတယ်ခင်ဗျာ၊ သဘောပေါက်မှာပါ၊ ကုသိုလ်နဲ့တွဲလာယင် ကောင်းမှုတွေကြိုးစားပြုလုပ်တယ်၊ အကုသိုလ်နဲ့တွဲလာယင် မကောင်းမှုအတွက် ကြိုးပမ်းအားထုတ်တယ်ပေါ့) အဲဒီလို ၀ီရိယဓိပတိကလည်း စိတ်ကိုလွှမ်းမိုးထားပြီးတော့ လူ့ရဲ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်တယ်။ အဲဒါအဓိပတိပစ္စယောလို့ပြောတာ..နော်။

နောက်တစ်ခုက စိတ္တာဓိပတိ ….

စိတ္တာဓိပတိ ၊ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ၊ အဓိပတိပစ္စယေန ပစ္စယော … ။

စိတ္တာဓိပတိ - စိတ်လို့ဆိုရတဲ့ လွှမ်းမိုးကြီးစိုးတတ်တဲ့ သဘာဝတရားသည် ၊ စိတ္တသမ္ပယုတ္တကာနံ - စိတ်နဲ့ယှဉ်၍ဖြစ်တတ်တဲ့ ၊ ဓမ္မာနံ - စေတသိက်တရားတို့အား၎င်း ၊ တံသမုဋ္ဌာနာနံ - ထိုစိတ်နဲ့စေတသိက်တရားတို့ေ
ကြာင့် ဖြစ်ပေါ်လာတဲ့ ၊ ရူပါနံ - ရုပ်တရားတို့အား၎င်း ၊ အဓိပတိပစ္စယေန - အဓိပတိပစ္စယသတ္တိဖြင့် ၊ ပစ္စယော ဥပါကာရကော - ကျေးဇူးပြုတတ်သည် ၊ ဟောတိ - စင်စစ်မသွေ ဖြစ်ပါပေတော့၏ ….။ မြတ်စွာဘုရားက …..
တစ်ခါတစ်လေကျတော့ စိတ်သက်သက်။ ဆန္ဒမဟုတ်ဘူး၊ ၀ီရိယမဟုတ်ဘူး။ စိတ်ဓာတ်ကကိုကခိုင်မာတာ။ စိတ်ဓာတ်ကိုက လွှမ်းမိုးကြီးစိုးထားတာ။ စိတ်ကအားလုံးချုပ်ကိုင်ထားလိုက်သည့်အတွက်ကြောင့် စေတသိက်တွေလည်း သူ့နောက်အကုန်ပါလာရတာ။

နောက်တစ်ခုက …. ၀ီမံသာဓိပတိ ၊ ၀ီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ ၊ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ၊ အဓိပတိပစ္စယေန ပစ္စယော … ။
ဝီမံသာဓိပတိ - အသိဥာဏ်လို့ဆိုရတဲ့ လွှမ်းမိုးကြီးစိုးတတ်တဲ့ သဘာဝတရားသည် ၊ ၀ီမံသသမ္ပယုတ္တာကာနံ - ၀ီမံသနဲ့ယှဉ်၍ ၊ အသိဥာဏ်နဲ့ယှဉ်၍ ဖြစ်ပေါ်လာတတ်တဲ့ ၊ ဓမ္မာနံ - စိတ်စေတသိက်တရားတို့အား၎င်း ၊ တံသမုဋ္ဌာနာနံစ ရူပါနံ - ထိုစိတ် စေတသိက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တရားတို့အား၎င်း ၊ အဓိပတိပစ္စယေန - အဓိပတိပစ္စယသတ္တိဖြင့် ၊ ပစ္စယော ဥပါကာရကော - ကျေးဇူးပြုတတ်သည် ၊ ဟောတိ - စင်စစ်မသွေ ဖြစ်ပါပေတော့၏ …. ။

တစ်ခါတစ်ရံကျ ဥာဏ်ကလွှမ်းမိုးထားတယ်။ ဟော … ကမ္မဋ္ဌာန်းထိုင်တဲ့အခါတွေ ဘာတွေမှာ ဥာဏ်က လွှမ်းမိုးထားတယ်။ ပညာလိုက်စားတဲ့အခါမှာ ဥာဏ်က လွှမ်းမိုးထားတယ်။ အသိဥာဏ်က အားလုံးကို လွှမ်းမိုးထားတယ်။

ရှင်သာရိပုတ္တရာမထေရ်မြတ်တို့ဆို အသိဥာဏ်က ဘုရားအရာမေးတဲ့မေးခွန်းတောင်မှ ဖြေနိုင်လောက်အောင် သူ့ဥာဏ်ရည်ဥာဏ်စွမ်းက အလွန်ထက်တယ်။ အားလုံးကို ဥာဏ်က အုပ်စိုးထားလိုက်တယ်။ ဘယ်လိုမေးခွန်းတွေ မေးမေး ဥာဏ်ရည်ဥာဏ်သွေးက အလွန်ထက်ပြီးတော့ … ဥာဏ်ထဲမှာ အကုန် လာ လာပြီးတော့ ထင်တယ် … ။ ဖြေစရာတွေ ကွက်ကွက်ကွင်းကွင်း သိလာတယ်၊ ဥာဏ်ရည်ဥာဏ်သွေးက လွှမ်းမိုးထားတာ …. တဲ့ ။

အဲဒီ ၀ီမံသ ဆိုတာ … ဟေတုနဲ့ပစ္စည်းနဲ့ပြောမယ်ဆိ
ုလို့ရှိယင် …. အမောဟပဲသူက … အမောဟဆိုသည့်အတွက်ကြောင့် … ဟေတုသတ္တိပါပါဝင်တယ်လို့ ဒီလိုမှတ်ရမယ် … ။
အဲဒီ ၀ီမံသပိုင်းရောက်တဲ့အခါကျတော့ .. ခုနက .. လောဘဆိုတာမပါဘူး၊ ဒေါသဆိုတာမပါတော့ဘူး၊ အကောင်းပိုင်းသက်သက် … အဲဒီကျတော့ .. ၀ီမံသာဓိပတိကျတော့ အကောင်းပိုင်းသက်သက်။

ခုနတုန်းက ဆန္ဒဓိပတိတို့ ၀ီရိယဓိပတိတို့ကျတော့ ကုသိုလ်လည်းပါတယ် … အကုသိုလ်လည်းပါတယ် …. နော် ။ ဒီဘက်ကျတော့ ၀ီမံသာဓိပတိကျတော့ ကောင်းတဲ့ကုသိုလ်ပိုင်းပဲပါတယ် … အကုသိုလ်တွေ မပါတော့ဘူး။ အမောဟဆိုတော့ အသိပညာနဲ့လာတာ … ။ ပညာရပ်က လွှမ်းမိုးထားသည့်အတွက်ကြောင့် သိစရာရှိတာ အကုန်လုံး သိတယ်။ ဘယ်အရာမှ ချွင်းချွင်းချံချံမရှိဘဲနဲ့အားလုံးကို အကုန်အစင် သိနိုင်တယ်….။

ပညာကလွှမ်းမိုးထားတဲ့ အဓိပတိသတ္တိတင်ရှိတာ မဟုတ်ဘူး … အမောဟဆိုတော့ … ဟေတုသတ္တိ။ သူနဲ့ယှဉ်ဖက်တရားတွေကို ခိုင်မာအောင်လည်း လုပ်ထားနိုင်သေးတယ် … ဟေတုပစ္စည်း ပါလာတယ် ဒီကျတော့ … ။

ခုနတုန်းက ဆန္ဒဓိပတိတို့ ၀ီရိယဓိပတိတို့ စိတ္တဓိပတိတို့တုန်းက …. ဟေတုပစ္စည်း မပါဘူး။

အခုကျတော့ သတ္တိတစ်ခုထပ်တိုးတယ် … ဟေတုပစ္စည်း။

သဟဇာတဖြစ်သည့်အတွက်ကြောင့် ဆန္ဒသည် ဆန္ဒနဲ့ယှဉ်တဲ့ စိတ်ကို …. ပြိုင်တူဖြစ်တယ်ဆိုတော့ သဟဇာတသတ္တိလည်း ရှိတယ်၊ အပြန်အလှန်ရသည့်အတွက်ကြောင့
် အညမညသတ္တိ ရှိတယ်၊ မှီရာဖြစ်သည့်အတွက်ကြောင့် နိဿယသတ္တိ ရှိတယ် ။
ကြည့် … ရှိနေတုန်း ကျေးဇူးပြုတတ်သည့်အတွက်ကြေ
ာင့် အတ္ထိသတ္တိတဲ့၊ မကင်းကွာခင်ကျေးဇူးပြုလို့ အ၀ိဂတိသတ္တိလို့ … ဒီလို ပြောလို့ ရတယ်ပေါ့ … ။ ….. ပါဝင်လာတဲ့ ပစ္စည်းတွေ အများကြီးရှိတယ်ပေါ့ ။ ဒါက အကြမ်းဖြင်းပြောပြတာနော်။
ဝီရိယဓိပတိလည်း ထို့အတူပဲ ပါဝင်လာတဲ့ သဘာဝတရားတွေ ရှိတယ်။

စိတ္တာဓိပတိကျတော့ ဘာတွေထိအောင် ပါဝင်လာတုန်းဆိုယင် …. အာဟာရပစ္စယောတို့ပါ ပါလာတယ်။ ဘာဖြစ်လို့တုန်းဆို ….. ၀ိညာဏ … စိတ်ဆိုတာ … ၀ိညာဏပဲ ။ ၀ိညာဏနဲ့စိတ်နဲ့သွားပြီးတော့ တူလို့ … ။

ဝီမံသကျတော့ ဘာတွေ ပါလာတုန်းဆိုယင် … ဣန္ဒြိယတို့လည်း ပါလာနိုင်တယ် … မဂ္ဂတို့လည်း ပါလာနိုင်တယ် … ဘာဖြစ်လို့တုန်းဆို … ပညိနြေ္ဒ ရှိတယ် ၊ ပညာနဲ့ပတ်သက်တာတွေ … .။
တရားဓမ္မဟာ တစ်ခုနဲ့တစ်ခု ပတ်သက်တာတွေကိုကြည့်ပြီးတော
့ … ၂၄ ပစ္စည်းဟာ အားလုံး … သဘာဝခြင်းတူပြီဆိုယင် ဆွဲပါသွားတာပဲ … အကုန်လုံး …. ။ နော် ….
အဲတော့ … ဒီ ၂၄ ပစ္စည်းဆိုတာ မြတ်စွာဘုရားက ဘာကို သရုပ်ဖော်တာတုန်းဆို … သင်္ခါရကို သရုပ်ဖော်တာပဲ။ ဘုရားက … သင်္ခါရ …. သင်္ခါရ နဲ့ ပြောနေတာ … ဘာတုန်းဆိုယင် …. သင်္ခါရတို့၊ သင်္ခတတို့။ သန် ဆိုတာ အကြောင်းတရားတွေက စုပေါင်းပြီးတော့ ၊ ခါရ (သို့မဟုတ်) ခတ - ပြုလုပ်ထားတဲ့ အကျိုးတရားတွေ ….။

အကြောင်းတရားတွေ မြောက်မြားစွာ ပေါင်းစုပြီးလုပ်ဆောင်ထားတာ
လို့ ဒီလို ပြောတာ …။
Function တွေက မတူဘူး။ မတူသည့်အတွက်ကြောင့် သဘာဝတရားတွေဟာလည်း သူ့ ဆိုင်ရာဆိုင်ရာ စွမ်းရည်သတ္တိတွေခြင်း မတူကြဘူး ….. လို့ … ဒီလို မှတ်ရမယ် …။
အဲတော့ …. အကျိုးတရားကို …. အကျိုးတရားတစ်ခုကို အထောက်အကူပြုတယ်ဆိုတဲ့နေရာမ
ှာ …. စွမ်းရည်သတ္တိတွေ မြောက်မြားစွာ ပေါင်းပြီးတော့ လုပ်ဆောင်တာ …. အဲဒါကို … သင်္ခါရ (သို့မဟုတ်) သင်္ခတ လို့ ခေါ်တာ …. ။ ….. အကြောင်းတရားတွေ စုပေါင်းပြီးတော့ လုပ်ကိုင်ထားတာလို့ …
ဒါက အဓိပတိပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ….. ဆန္ဒဓိပတိ ၊ ၀ီရိယဓိပတိ ၊ ၀ီမံသာဓိပတိ ၊ စိတ္တာဓိပတိ … လို့ အဓိပတိတရားလေးပါး။ ဒီတရား လေးပါးက သဟဇာတမျိုးဖြစ်လို့ … သဟဇာတဓိပတိလို့ ခေါ်တယ်။
ဒီ အကြောင်းတရားနဲ့အကျိုးတရားသည် ပြိုင်တူ ဖြစ်တယ်။ born together …. သဟ ဆိုတာ … အတူတကွ ၊ ဇာတ … ဖြစ်လာတာ … အတူတကွဖြစ်လာပြီးတော့ ကျေးဇူးပြုတာတွေလို့ …. ဒီလို မှတ်ရမယ် ..။

နောက်တစ်ခါ အာရမ္မဏာဓိပတိဆိုတာက …. စိတ်ရဲ့ … ကြိုးတန်းလေးလို … စိတ်ကို လွှမ်းမိုးကြီးစိုးထားနိုင်တ
ဲ့ အာရုံအနေနဲ့ … ကျေးဇူးပြုတာ … ။
အဲဒီ အာရမ္မဏာဓိပတိကလည်း အာရုံတိုင်းက စိတ်ကို မလွှမ်းမိုးနိုင်ဘူး …. စိတ်ကို လွှမ်းမိုးနိုင်တဲ့ အာရုံ ဆိုတာ … အမြင့်ကနေဆက်ပြီးပြောမယ်ဆို
လို့ရှိယင် … ကြည့် … သောတာပန်တို့ … အနာဂါမ်တို့ .. ရဟန္တာတို့ရဲ့ စိတ်ကို ခန့်မှန်းပြီးတော့ ကြည့်ရအောင် ….။
သောတာပန်ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကို အာရုံပြုချင်ယင် ဘာလုပ်ရမှာတုန်းဆို … ၀ိပဿနာရှုရမှာ ..။

သူသွားချင်ယင် ၀ိပဿနာလမ်းကြောင်းကပဲသွားရတယ် … သူက …. ၊ … နိဗ္ဗာန်ကို အာရုံပြုချင်ယင် ဒီတိုင်းတန်း အာရုံပြုလို့ မရဘူး။ ဘာဖြစ်လို့တုန်းဆိုလို့ရှိယ
င် ….. ကြည့် ..
နိဗ္ဗာန်ဆိုတာ …. သင်္ခါရာနံ အပ၀တိ … သင်္ခါရတရားတွေ မဖြစ်တာ နိဗ္ဗာန်။ တရားနဲ့တွေ့တဲ့ နိဗ္ဗာန်က … ကြည့် …
ဝိပဿနာတရားက ၀ိပဿနာအာရုံဆိုတာ သင်္ခါရတရားတွေကို ရှုမှတ်နေတာ … သင်္ခါရတရားဆိုတာ ရုပ်နဲ့နာမ် … ပေါ့ ..။ …. အကြောင်းတရားတွေက စုပြီးတော့ ဖန်တီးထားတာ … အဲဒီ သင်္ခါရတရားတွေကို အာရုံပြုတဲ့ ၀ိပဿနာဥာဏ်က …. သင်္ခါရတရားတွေကို … ဟုတ်လား … trace လုပ်တာ … လိုက်နေတာ … ။

လိုက်ရင်း လိုက်ရင်းနဲ့သင်္ခါရတရားတွေဟာ တဖြည်းဖြည်း သိမ့်မွေ့သိမ့်မွေ့သွားပြီး
နောက်ဆုံး ... သင်္ခါရတရားတွေ ချုပ်သွားတဲ့ အဆင့်ကို ရောက်သွားတာ … အဲဒါ .. နိဗ္ဗာန်ပဲ …။
အဲဒီရောက်မှ နိဗ္ဗာန်ကို သူ အာရုံပြုတာ ၊ ဆိုပါစို့ … ၀ိပဿနာဥာဏ်နဲ့ဆိုလို့ရှိယင် .. ပထမ သူက ဘာက စကြည့်တာတုန်းဆိုလို့ရှိယင် … သတ္တ၀ါဆိုတဲ့ … လူတွေရဲ့အတွေးအထင်တွေကို ဖယ်ရှားလိုက်ပြီးတော့ … ရုပ်နဲ့နာမ် နှစ်ခုပဲ ရှိတယ်ဆိုတာ မြင်လာတယ်။ အဲဒီ ရုပ်နဲ့နာမ်ဟာလည်း သူ့ဟာသူဖြစ်တာ မဟုတ်ဘူး … ဆိုင်ရာဆိုင်ရာအကြောင်းတရား
တွေ ရှိတယ်ဆိုတာ မြင်လာတယ် … အဲဒီ မြင်လာပြီးသား ရုပ်နာမ်တွေဟာ ဖြစ်ပြီးယင် ပျက်သွားတယ်ဆိုတဲ့ သဘောတွေကို သူသုံးသပ်မိလာတယ် … ၊ …. သုံးသပ်မိလာတဲ့ အခါကျတော့ ရုပ်တွေ နာမ်တွေဟာ ဖြစ်ပြီးယင် ပျက်လာတယ်ဆိုတာကို သူမြင်လာတယ် … ဒါကို .. ဥဒယဗ္ဗယ ခေါ်တယ် ။
ဖြစ်ပျက်သွားပြီးတဲ့ဟာတွေဟာ သိပ်ပြီးတော့ .. အသိဥာဏ်ကမြန်လာတဲ့အခါကျတော့
.. ဖြစ်တာတောင် မမြင်တော့ဘူး … ပျက်တာချည်း တွေ့လာတယ် … ဒါ … ဘင်္ဂ ..။
အဲဒီ အပျက်တွေချည်း မြင်လာတဲ့အခါကျတော့ .. ကြောက်စရာလို့ မြင်လာတာ … ဘယ …၊ ကြောက်စရာကြီးပါလား … ပျက်နေချည်းဆိုတော့ ပျက်နေတာကြီးပေါ်နေရသလို ကြောက်နေတယ်…။

ကိုယ်က အားထားနေတဲ့အရာကြီးက ထာဝရပျက်နေတဲ့အရာကြီး ပြိုပျက်နေတာကြီးဆိုတော့ .. ကြောက်စရာကြီးလို့မြင်လာတယ်
… ဘယဥာဏ် ..။
အပြစ်တွေမြင်လာတယ် … အာဒီဝနဥာဏ် ..။

ညီးငွေ့လာတယ် … နိဗ္ဗိဒဥာဏ် .. ။ ဟောဒီ … သင်္ခါရကြီးပေါ်မှာ ညီးငွေ့တယ်။
ညီးငွေ့တဲ့အခါ ဘာလုပ်တုန်း … မုစ္စိတုကမျဥာဏ် ..။ ဒီထဲကနေ ထွက်ပြေးချင်လာတယ် .. လွတ်ချင်လာတယ် .

Credit to Ko Thein Naing Ohn
https://www.facebook.com/notes/560523767394032/

No comments:

Post a Comment

Gold price estimated