Video

Wednesday, 3 September 2014

ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၅၊ Dr နန္ဒမာလာဘိဝံသ


ပဋ္ဌာန်းမြတ်ဒေသနာတော် အပိုင်း ၅

Dr နန္ဒမာလာဘိဝံသ

ဒီကနေ့ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ အညမညပစ္စယော၊ နိဿယပစ္စယောလို့ ဒီပစ္စည်းတွေကို အကျဉ်းချုံးပြီးတော့ ဥပနိဿယပစ္စယောကို အကျယ်ဟောပေးပါ့မယ်။

အနန္တရပစ္စယောဆိုတာက ရှေ့စိတ်နဲ့နောက်စိတ် ရှေ့စိတ်နဲ့နောက်စိတ်ဟာ အခြားအကွယ်မရှိပဲနဲ့ ကျေးဇူးပြုတယ်။ အနန္တရဆိုတာ - န အန်တရ ကြားထဲမှာ အခြားတစ်ပါးတရားမခြားဘူးဆိုတဲ့ အဓိပ္ပာယ်ကိုပြောတာ။ Mental Process လို့ ခေါ်တဲ့ ၀ီထိကို ကြည်မယ်ဆိုယင် မျက်စိကို အဆင်းအာရုံလေးက လာတိုက်လိုက်လို့ မျက်စိတံခါးကို ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ကလေးက ဖွင့်ပေးလိုက်တယ်။ အဲဒီ ပဉ္စဒွါရ၀ဇ္ဇန်းစိတ် ပြီးသွားတာနဲ့တစ်ပြိုင်နက် စက္ခုဝိညာဏ်စိတ် ချုပ်သွားတာနဲ့တစ်ပြိုင်နက် သမ္ပဋိစ္ဆိုင်း လက်ခံတဲ့စိတ် ၊ လက်ခံတဲ့ သမ္ပဋိစ္ဆိုင်း စိတ် ချုပ်သွားတာနဲ့ သန္တီရဏစိတ်၊ ဒီလို Mental Process မှာ အစဉ်အတိုင်းသွားနေတာ။


အဲဒီလို အစဉ်အတိုင်းသွားနေတဲ့အထဲမယ် ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ကလေးနဲ့ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ကလေးဖြစ်ြ
ပီးချုပ်သွားတဲ့နောက်မှာ စက္ခုဝိညာဏ်စိတ်ဖြစ်ဖို့ ကြားထဲမှာ တစ်ခြားတရား မခြားဘူးလို့ ပြောတာ။ ဆက်တိုက်လို့ ပြောတာ ဒီလိုဆိုလိုတယ်။ အဲဒါကို အခြားမဲ့ အခြားမဲ့လို့ဆိုတာ အခြားမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ရတယ်။
သမနန္တရပစ္စယောကလည်း ထို့အတူပဲ အခြားမရှိဘူးဆိုတဲ့နေရာမှာ ရှေ့စိတ်က လုံးဝချုပ်ငြိမ်းသွားတာလည်း ဖြစ်ရမယ် ဒါမှမဟုတ် နတ္ထိပစ္စယောလို့ ၂၂ခု မြောက်မှာ နတ္ထိပစ္စယော ။

လုံးဝကင်းပျောက်ပြီးသားဖြစ်ရမယ်.. ၂၃ခု မြောက်မှာ ၀ိဂတပစ္စယော။

အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ နတ္ထိပစ္စယော၊ ၀ိဂတပစ္စယောဆိုတာ Mental Process နဲ့ ပတ်သက်တယ်လို့ ပြောတာ၊ ရှေ့ကဖြစ်သွားတဲ့စိတ်ချုပ်သွားမှ နောက်ကစိတ်ဖြစ်တယ်။ အဲဒီ နှစ်ခုကြားမှာ ဘာမှမခြားဘူးလို့ ဒီလိုနားလည်ရမယ်။

ပိုပြီးတော့ အရေးပါတာလေးကတော့ ဘာတုန်းဆိုလို့ရှိယင် ဘ၀တစ်ခု အဆုံးသတ်သွားတဲ့ နောက်ဆုံးစိတ်ကို စုတိလို့ခေါ်တယ်။ ဒါ ဒီဘ၀ရဲ့နောက်ဆုံးစိတ်။ ထို ဒီဘ၀ရဲ့နောက်ဆုံးစိတ် စုတိရဲ့ အခြားမဲ့မှာ ဘာလာတုန်းဆိုယင် ဘ၀သစ်က ပဋိသန္ဓေဆိုတာ လာတယ်။ အဲဒီ နှစ်ခုအကြားမှာလည်းပဲ … ပဋ္ဌာန်းတရားတော်အရ အခြားမရှိဘူးလို့ပြောတာ … နော်။

ဘ၀တော့ ခြားသွားပြီ ဒါပေမယ့် စုတိစိတ်ချုပ်သွားတာနဲ့တစ်ပြိုင်နက် ပဋိသန္ဓေစိတ်က ဆက်တိုက်လာရတာ။ အဲဒီလိုမှ အနန္တရပစ္စယောဆိုတဲ့ အဓိပ္ပာယ်နဲ့ရတယ်။ အဲဒါမဟုတ်ပဲနဲ့ တစ်ချို့ဗုဒ္ဓဘာသာ အယူအဆတွေ ပေါ်လာတယ်။ စုတိနဲ့ပဋိသန္ဓေကြားမှာ ဘ၀ကလေးတစ်ခု ၊ ဆိုပါစို့ … တိဘက်တွေရဲ့ အယူအဆ ဆိုလို့ရှိယင် လူတစ်ယောက်သေဆုံးသွားလို့ စုတိစိတ်ဖြစ်သွားပြီးတဲ့နောက် ပဋိသန္ဓေမယူခင် ၄၉ရက်တဲ့ စောင့်ဆိုင်းနေတယ်။ နေရာလိုက်ရှာနေတယ်ပေါ့….။

ဗမာတွေကျတော့ ရက်လည်ဖို့ဆိုတာကိုသွားပြီး အတွေးလဲပြီး ရရက် လို့ ပြောကြတယ်။ မနေပါဘူး တောက်လျောက်သွားတာ …. နော်… နေလို့ရှိယင်လည်း တစ္ဆေဖြစ်လို့နေတာ … ဘ၀တစ်ခုပဲ … အဲဒါဟာ။ …. နော် … စုတိသွားတာနဲ့တစ်ပြိုင်နက် နောက်က ပဋိသန္ဓေ၊ ဒီနှစ်ခုကြားမှာ ဘာစိတ်မှမခြားဘူးလို့ပြောတယ်။ အချိန်ကာလအားဖြင့်လည်း မခြားဘူး၊ စိတ်အနေနဲ့လည်း မခြားဘူးလို့ ပြောတာ … အနန္တရပစ္စည်းဆိုတာ။

အဲဒါကြောင့်မို့လို့ သေပြီးသည်၏အခြားမဲ့၌ နောက်ထပ် စိတ်အစဉ်ဆိုတာ ပြတ်မသွားဘူးတဲ့ …။

ဘ၀ဆက်ဟာ ပြတ်မသွားဘူး၊ ပြတ်မသွားသည့်အတွက်ကြောင့် on line ပေါ့ … လူ့ရဲ့စိတ်ဟာ လိုင်းကလေးတစ်ခု ၊ အရောင်ပြောင်းချင်ပြောင်းမယ်ပေါ့ … အကုသိုလ်စိတ်ဖြစ်လို့ရှိယင် အမည်းလိုင်းပေါ့။ ကုသိုလ်စိတ်ဖြစ်တဲ့အခါ အဖြူလိုင်း ၊ ဒီလို လိုင်းပြောင်းချင်တော့ပြောင်းသွားမယ်…သို့သော် .. ပြတ်သွားတာ မရှိဘူးလို့ ဒီလို ယူဆရတယ် … မြတ်စွာဘုရားတရားတော်အရ … ပြတ်သွားတာမရှိလို့ .. သုမေဓာရသေ့ဘ၀က ပါရမီတွေဖြည့်လာတာ ဂေါတမမြတ်စွာဘုရားဘ၀အထိ …… ပြတ်သွားတယ်လို့ မရှိဘူး။ ဒီကြားထဲမှာ ဘ၀အမျိုးမျိုး ကြုံလိမ့်မယ် … ကြုံသွားသော်လည်း … ဒီ process ကြီးက ရပ်သွားတယ်၊ ပြတ်သွားတယ်ဆိုပြီး မရှိဘူး….တဲ့။

အဲဒီ လိုင်းထဲမှာ ရှိနေသည့်အတွက်ကြောင့် ကံ ကံ၏အကျိုးဆိုတာ ပေါ်လာတာပေါ့။ ဒီလူရဲ့စိတ်အစဉ်ထဲမှာ အကုသိုလ်က ဖြစ်ယင် ဒီလူနဲ့ပဲသက်ဆိုင်တယ် … ဒါပြောတာ သဗ္ဗေသတ္တာကမ္မသကာဆိုတာ။ ကိုယ်လုပ်တာ ကိုယ့်ဥစ္စာဆိုတာ တကယ်ဟုတ်တာ။ ဘာလို့တုန်းဆို ဒီလိုင်းထဲဝင်သွားတာကို …၊ ဒီလိုင်းထဲဝင်သွားယင် ဒီလမ်းဒီစခန်းပဲရောက်မှာပဲ တခြားမရောက်ဘူး…ဒါ။
အဲဒါ … အနန္တရပစ္စယောတို့၊ သမနန္တရပစ္စယောတို့၊ နတ္ထိပစ္စယောတို့ … ၀ိဂတပစ္စယောဆိုတာ သဘောပေါက်လို့ရှိယင် ဘ၀ကူးတယ်ဆိုတာလည်း ကြားမှာ ဘာမှ မခြားဘူးဆိုတာ သဘောပေါက်ရတယ်ပေါ့။ စိတ်အစဉ် … စိတ်ဟာ ပြတ်သွားတာ မရှိဘူး။ ရုပ်ကတော့ တချို့ရုပ်တွေ ပြတ်သွားတာ ရှိတယ်။

ကမ္မဇရုပ်ကတော့လည်း မပြတ်ဘူးလို့ ပြောရမယ် .. မပြတ်ဘူးဆိုပေမယ့်၊ ဒီဘ၀က ကမ္မဇရုပ်က ပါသွားတယ် မရှိဘူး၊ နောက်ဘ၀ ကမ္မဇရုပ်အသစ်ပဲ။ ဒီဘ၀က ဘာမှတော့ ပါမသွားဘူး .. သို့သော် .. လိုင်းအနေနဲ့တော့ ဆက်စပ်နေတယ်လို့ .. ဒီလို မှတ်ရမယ်။ ပါသွားတာတော့ ဘာတစ်ခုမှ မရှိဘူးး .. ရုပ်လည်းမရှိဘူး .. နာမ်လည်းမရှိဘူး .. ။ ဒါဖြင့် တစ်ချို့က မေးကြတယ် …. လူတစ်ယောက်မှာ ဥပမာမယ် သေခါနီးမှာ .. လက်အဖြတ်ခံရပြီးသေသွားတယ်၊ နောက်ဘ၀ကျ လက်ပြတ်ကြီးဖြစ်နေတယ်။

ဘုန်းကြီးတို့ ကျောင်းမှာ ဦးဇင်းတစ်ပါး ရှိတယ်။ ခေါင်းမှာ ဓားဒဏ်ရာကြီးနဲ့ ၊ တစ်နေ့တော့ ဘုန်းကြီးကမြင်တော့ မေးတယ် .. ဟဲ့.. .. ဒီ ဓားဒဏ်ရာကြီးက ဘာဖြစ်တာတုန်းဆို .. ဘယ်သူက ဓားနဲ့ခုတ်ထားတာတုန်းဆို … မဟုတ်ဘူးတဲ့ … မွေးရာပါတဲ့။

မွေးရာပါ၊ ဟိုဘ၀က ဓားဒဏ်ရာ ဒီဘ၀ ဘယ်လိုလုပ်ပါလာတုန်းဆို .. စိတ်စွဲလမ်းတာ .. အဲဒါဟာ။

စိတ်စွဲလမ်းမှုကြောင့် ဖြစ်တာ၊ ဥပါဒါန်ကြောင့် ဖြစ်တာ။ သူ့စိတ်ထဲမှာ ခေါင်းမှာ ဒဏ်ရာကြီးဆိုတဲ့အနေနဲ့ သေသွားသည့်အတွက်ကြောင့် …. နောင် ဖြစ်လာတဲ့အခါ … အဲဒီ အရာကြီးက အမှတ်ပြပြီး ဖြစ်နေတာ။ စိတ်စွမ်းအားဆိုတာ အင်မတန်ပြင်းထန်တယ်နော်။ စိတ်ရဲ့စွမ်းအားတစ်ခုဟာ လူကိုလည်းအသက်ရှင်စေနိုင်တယ
်၊ လူကိုလည်းသေစေနိုင်တယ်။
တစ်ခါတုန်းက ကြားဖူးးတယ်။ ဆိုက်ကော်လော်ဂျီနဲ့ပတ်သက်ပြီးတော့ စမ်းသပ်တာတစ်ခု ရှိတယ်။

လူတစ်ယောက် ရာဇ၀တ်သားတစ်ယောက် .. သေဒဏ်ပေးမယ့် ရာဇ၀တ်သားတစ်ယောက်ကို .. ရိုက်နှက် ညှင်းဆဲခြင်းမပြုဘဲနဲ့ .. ဒုက္ခရောက်အောင်လုပ်ပြီးတော့ သတ်တာ ရှိဖူးတယ်။ ဘယ်လိုလုပ်တုန်းဆိုလို့ရှိယင် တရားသူကြီးက အမိန့်ချတယ်… ဒီကောင့်ကို လည်ချောင်းသွေးကိုဖောက်ပြီးတော့ သတ်ရမယ်။ လည်ချောင်းကိုဖောက်ပြီးတော့ လည်ချောင်းသွေးကိုထုတ်ပြီးတော့ သတ်ရမယ်လို့ .. တရားသူကြီးက အမိန့်ချတယ်။

အမိန့်ချပြီးတော့ … ကဲ ဒီကောင် သတ်မယ် .. မျက်စိကို တစ်ခါတည်း အ၀တ်နဲ့စည်း ၊ စည်းပြီးပြီဆိုတဲ့အခါကျတော့ .. ရေစလုံတော့ ဘာတို့ အနားနားယူထား .. ကဲ လာ ဒီကောင့်ကို လည်ချောင်းသွေးဖောက်တော့ .. လည်ချောင်းကို နည်းနည်း ဆတ်ခနဲနာသွားအောင်လုပ်ပြီးတော့ .. ရေဇလုံထဲမှာ ရေကျသံကလေးပေးထားတယ်၊ တကယ်က သူ့လည်ချောင်းက ဘာသွေးတစ်စက်မှမထွက်ဘူး၊ အဲဒီလို ရေဇလုံထဲမှာ ရေလေးကျပြီးတော့နေတာကို သူက ငါ့ လည်ချောင်းက သွေးတွေထွက်ပြီးတော့ ကျနေပြီလို့ သူ့စိတ်ထဲမှာ အဲဒီလို အထင်ရောက်သွားတယ်။ အဲဒီလို ထင်အောင်လည်းပဲ အမိန့်ချထားတာ၊ အတော်လေးကြာတော့ ခေါင်းကြီးငိုက်စိုက်ကျပြီး
သေသွားတယ်။ စိတ်နဲ့သတ်တာ …. ဒါ …. နော်။
သူလည်ချောင်းက သွေးတွေထွက်နေပြီလို့ တကယ်ပဲ သူစိတ်ထဲမှာ ထင်ပြီးတော့ .. စိတ်စွမ်းအားနဲ့တင်ပဲ .. ကြည့် .. ဒီရာဇ၀တ်သားဟာ အသက်ဆုံးသွားတယ် …. တဲ့။

တကယ်တော့ .. သူ့လည်ချောင်းလေးဟာ … အရေပါးလေး စုတ်ယုံလောက်သာ လှီးလိုက်တာ …. တဲ့။ စိတ်စွမ်းအားဆိုတာ အလွန်ပြင်းထန်တယ်လို့ ပြောတာ … နော်။ စိတ်စွမ်းအားနဲ့သတ်တာ။
အဲဒါကြောင့်မို့လို့ ဘ၀တစ်ခုမှာ စိတ်စွမ်းအားတွေနဲ့ ဒီလို သွားနေကြတာ။ ရှေ့စိတ်ကနောက်စိတ်ကို တွန်းအားပေးပြီးတော့ သွားလိုက်လို့ …. ဘ၀စဉ်ဆက်ဟာ မပြတ်ဘူး….တဲ့ .. သံသရာ။ အဲဒါကို နားမလည်လို့ ရှိယင် ဘယ်လိုအယူအဆတွေပေါ်လာတုန်းဆိုယင် …… အေး ….. လူ့ခန္ဓာကိုယ်ထဲမှာ ထာဝရမြဲနေတဲ့ … soul ဆိုတဲ့အရာရှိတယ် (သို့မဟုတ်) ဗမာတွေအခေါ်ဆိုယင် လိပ်ပြာပေါ့။ လိပ်ပြာလေးထွက်သွားပြီးတော့ နောက်ခန္ဓာကိုယ်ထဲရောက်သွားတယ်လို့ .. (သို့မဟုတ်) သူတို့ပြောတဲ့ … spirit ပေါ့။

ဘယ်အရာပဲဖြစ်ဖြစ် လူ့ခန္ဓာကိုယ်ထဲကနေထွက်သွားတာ မရှိဘူး….တဲ့။ အကြောင်းကြောင့် အကျိုးပေါ်တာမျှသာ ဖြစ်တယ် ….. ။ အကြောင်းဆက်မပြတ်သည့်အတွက်ကြောင့် အကျိုးဆက် ဆက်နေတယ်။

အဲဒီ သဘောတွေကိုပြောတာ … အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ နတ္ထိပစ္စယော၊ ၀ိဂတပစ္စယောဆိုတာ … ရှေ့စိတ်လေး ချုပ်သွားမှ နောက်စိတ်ဟာ ပေါ်ခွင့်ရတယ် .. တဲ့။
သဟဇာတပစ္စယောဆိုတာကတော့ … ပြိုင်တူဖြစ်တာတွေကို ပြောတာ။ ဥပမာမယ် … စိတ်နဲ့စေတသိက်ဟာ ပြိုင်တူဖြစ်လာတာ။ born together အတူတကွဖြစ်ကြတယ်။

အတူတကွဖြစ်ဖက်ခြင်းမှာ ကျေးဇူးပြုလို့ရလား…၊ ဖြစ်ဖြစ်ခြင်း အကျိုးကို ထုတ်လုပ်လို့ရလား၊ အကျိုးနဲ့အကြောင်းသည် ပြိုင်တူဖြစ်တာဆိုတာ ရှိရဲ့လား၊ ယုတ်တိ ရှိရဲ့လားလို့မေးယင် …ယုတ်တိ ရှိတယ်လေ။ ဖယောင်းတိုင်လေး တစ်တိုင်ထွန်းလိုက်တာနဲ့ တစ်ပြိုင်နက် …. ကြည့် .. မီးတောက်ကလေးပေါ်လာတာနဲ့တစ်ပြိုင်နက် အလင်းရောက်လာတာ မဟုတ်လား။ မီးတောက်ကအယင်ပေါ်ပြီးမှ အလင်းက တစ်ဖြည်းဖြည်း ၀င်လာတာ မဟုတ်ဘူး။

မီးတောက်ကလေးဝင်လိုက်တာနဲ့ မီးအလင်းရောင်က ပေါ်လာတာ …. တစ်ခါတည်းပဲ…. born together ပဲ ။ အဲဒါမျိုးလိုပဲ …. စိတ်နဲ့စေတသိက်တွေ … born together .. မဟာဘုတ်တွေ တစ်ခုနဲ့တစ်ခု ဖြစ်လာယင် born together ပဲ၊ အတူတကွ မွေးလာကြတာ။ စိတ်နဲ့စိတ္တဇရုပ်တွေကလည်း born together ပဲ။ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ရုပ်ကို မထုတ်လုပ်တဲ့ စိတ်ဟာ ၁၄ခု ပဲ ရှိတယ်။ လူ့ပြည်မှာဆိုလို့ရှိယင် ရုပ်ကို မထုတ်လုပ်တဲ့ စိတ်ဟာ ၁၀ခုပဲ ရှိတယ်။ ကျန်တဲ့စိတ်တွေအားလုံးဟာ ရုပ်ကို ထုတ်နေတာပဲ။ စိတ်ဖြစ်လိုက်တာနဲ့တစ်ပြိုင်နက် ရုပ်ကို ထုတ်လုပ်ပြီးသားပဲ။

ရုပ်ကို မထုတ်လုပ်တဲ့စိတ်က … စက္ခုဝိညာဏ်စိတ် … မြင်သိစိတ်၊ သောတ၀ိညာဏ်စိတ် … ကြားသိစိတ်၊ ဃာန၀ိညာဏ်စိတ် … နံသိစိတ်၊ ဇိဝှါဝိညာဏ်စိတ် … လျက်သိစိတ်၊ ကာယ၀ိညာဏ်စိတ် .. ထိသိစိတ် ဆိုတဲ့ အဲဒီ စိတ် ၁၀ခုကတော့ ရုပ်ကိုမထုတ်လုပ်ဘူးတဲ့။ စွမ်းအားနည်းတယ် .. သူတို့က .. စွမ်းအားနည်းသည့်အတွက်ကြောင့် .. စက္ခုဝိညာဏ်စိတ်ပေါ်လိုက်တဲ့အချိန်မှာတဲ့ … သူတို့က စိတ္တဇရုပ်ကို မဖြစ်စေဘူး။

ကျန်တဲ့ စိတ်တွေက ဘာစိတ်ပဲဖြစ်ဖြစ် သူတို့ပေါ်လာလိုက်တာနဲ့တစ်ပြိုင်နက် … ခုနက … မီးတောက်ကလေးပေါ်တာနဲ့ အလင်းရောင်ကို ထုတ်လုပ်လိုက်သလိုပဲ … ဒီစိတ်ကလေးပေါ်လာတာနဲ့ပဲ … စိတ်ကြောင့်ဖြစ်တဲ့ ရုပ်က ဘွားကနဲပေါ်လာတာ။

ဒါကြောင့်မို့လို့ လူတွေဟာ စိတ်စွမ်းအားနဲ့ရောဂါ ကုစားတယ်ဆိုတာ … အဲဒီ သဘောပဲ။ ကောင်းတဲ့စိတ်တွေချည်း များများဖြစ်ယင် ကောင်းတဲ့ ရုပ်တွေချည်းထုတ်မှာပေါ့။ ….. healthy mind က healthy body ကိုထုတ်လုပ်တယ်… ဒါမှန်တယ် … သဘာဝပဲ။

ညစ်နွမ်းတဲ့စိတ်တွေက ညစ်နွမ်းတဲ့ရုပ်တွေပဲ ထုတ်မှာပဲလေ။ အဲဒါကြောင့်မို့လို့ စိတ်ထောင်းတော့ ကိုယ်ကြေ လို့ ပြောကြတာပေါ့။ စိတ်ပျိုကိုယ်နု စိတ်ထောင်းကိုယ်ကြေ၊ ဘာဖြစ်လို့ ကိုယ်ကြေတာတုန်းဆိုယင် သူက ထုတ်နေတာကိုး။ မကောင်းတဲ့စိတ်တွေက မကောင်းတဲ့ရုပ်တွေ ထုတ်တဲ့အခါကျတော့ unhealthy body တွေ ဖြစ်လာတာပေါ့။ ဖြစ်လာတော့ လူဟာ ညှိုးနွမ်းပြီးတော့ အဲလို နေတာ။ အေး … ဒီ သဘောတွေကို ပဋ္ဌာန်းပစ္စည်းမှာလည်း ရှင်းပြတာပါ … အကြောင်းနဲ့အကျိုးတရား … သဟဇာတ ။

… အညမညဆိုတာ အပြန်အလှန် အကျိုးပြုတဲ့ သဘော။ သုံးချောင်းထောက်ကြီးများ အပြန်အလှန် အကျိုးပြုသလို အကျိုးပြုတာ။

… နိဿယဆိုတာ မှီရာ … မှီရာဆိုတာ

သစ်ပင်တွေဟာ မြေမရှိပဲနဲ့ပေါက်လို့မရဘူး။ မြေကြီးပေါ်ကို အမှီပြုပြီးတော့ ပေါက်ရတယ်။

အဲဒါမျိုးကို နိဿယပစ္စယောလို့ ခေါ်တာ။ သဘာဝတရားတွေဟာ တစ်ခုနဲ့တစ်ခု အထောက်အကူပြု .. မှီရာအနေနဲ့ အထောက်အပံ့ပေးထားလို့ .. ဒါ … နိဿယပစ္စယောလို့ ခေါ်တာ။ အဲဒီ နိဿယပစ္စယောဆိုတဲ့ထဲမယ် … ဥပနိဿယပစ္စယောဆိုပြီးတော့ .. ဥပ .. လေး ..ထည့်လိုက်တယ်။ ဥပ .. ဆိုတဲ့ အဓိပ္ပာယ်က .. ပိုပြီးတော့ အင်အားကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

နိဿယက မှီရာ၊ ဥပနိဿယဆိုတာ … ပိုပြီးတော့ အားကောင်းတဲ့ မှီရာလို့ အဓိပ္ပာယ်ရတယ်။ နိဿယထက် ပိုအားကောင်းတယ် ……….။ ဒါကို .. ဥပနိဿယပစ္စယောကို သုံးမျိုးခွဲပြီးတော့ မြတ်စွာဘုရားကဟောတယ်။

အာရမ္မဏဥပနိဿယ … တဲ့။ အာရုံဖြစ်ပြီးတော့ ကျေးဇူးးပြုတာ။ အာရုံကလည်း စိတ်ရဲ့မှီရာပဲလေ။ လူ့ရဲ့စိတ် အတွေးလေးတွေဟာ အာရုံတန်းပေါ်မှာ မှီနေကြတာ၊ လူတွေ တွေးတယ်ဆိုကတည်းက … အာရုံကို တွေးတာလေ။ စိတ်ကလေးက အာရုံမပါဘဲနဲ့သူက လျောက်မသွားနိုင်ဘူး။

အာရုံကြိုးတန်းလေးနဲ့ .. သူက .. လမ်းလျှောက်တဲ့ သဘောပဲ။ အဲတော့ … အာရုံလေးပေါ်ကို မှီပြီးတော့ ကျက်စားတာ။ ဥပမာမယ် … ကြည့်လေ….. မျက်စိက တစ်ခုခု မြင်လိုက်ယင် …. အဲဒီ မြင်လိုက်တဲ့ .. အာရုံလေးပေါ်မှာ စိတ်က၀င်စားပြီး တွေးနေတာ။ တွေးတဲ့စိတ်တွေအားလုံးဟာ မြင်တဲ့ အာရုံပေါ်မှာ တွေးတာ။ အဲဒီ အမြင်အာရုံလေးသည် စိတ်ရဲ့မှီရာဖြစ်တယ်။

ထို့အတူပဲ … နားကကြားလိုက်လို့ရှိယင် အဲဒီ အသံလေးကိုတွေးပြီးတော့ … အဲဒီ အသံလေးနဲ့ စိတ်တွေကဖြစ်နေတာ။ အသံကတော့ ပျောက်သွားပြီ။ ပျောက်သွားပေမယ့်လို့ အတွေးလေးက ပျောက်ရဲ့လား….။ အတွေးလေးက အဲဒီ အသံလေးကို ယူထားလိုက်တာ … သူက ။ ယူထားလိုက်ပြီးယင် အဲဒီ အာရုံလေးကို မှီပြီးတော့ ဒီစိတ်ကလေးက ဆက်ဖြစ်နေတာ။

အနံကလေး ရလိုက်ယင်လည်း …. ဘာနံပါလိမ့်လို့ … ဟော အတွေးလေးက လိုက်လာတယ်။ အရသာလေးခံလို့ရှိယင်လည်း ….. သြော် ဒီ အရသာလေးက ကောင်းလိုက်တာ ဆိုပြီး အတွေးလေးက လိုက်လာတယ်။ အရသာကြီးက ဆိုးလိုက်တာဆိုယင်လည်း ဒီအတွေးလေးက နောက်ကလိုက်နေတာပဲ။ ခန္ဓာကိုယ် အထိအတွေ့ပေါ်မှာလည်း ထို့အတူပဲ အတွေးလေးက နောက်က လိုက်နေတယ် ….. ဟော အာရုံတွေပေါ်မှာ …. (သို့မဟုတ်) …. စိတ်ကူးပြီးတော့ စိတ်ကူးတဲ့အထဲမယ် ပေါ်လာတဲ့ အပေါ်မှာလည်းပဲ ဒီအတွေးလေးကလိုက်နေတယ် ….တဲ့။

ဒီလို အာရုံဟာလည်း အလွန်အားကောင်းတဲ့ အာရုံမျိုးဖြစ်လို့ရှိယင် အာရမ္မဏဥပနိဿယလို့ ခေါ်တယ် ….. တဲ့။ မနေ့က …. အဓိပတိ သဘောမျိုးပဲ သူကလည်း။ အာရုံကလွှမ်းမိုးကြီးစိုးတဲ့ အာရုံမျိုးလိုပဲ၊ အင်အားကောင်းတဲ့ အာရုံမျိုးကို အာရမ္မဏဥပနိဿယ။ (စကားချပ် … အာရမ္မဏဥပနိဿယကို အာရမ္မဏူပနိဿယလို့လည်းခေါ်ပါေ
သးတယ်နော်။)
နောက်တစ်ခုက အနန္တရဥပနိဿယ ( အနန္တရူပနိဿယ) ရှေ့စိတ်နဲ့နောက်စိတ်၊ ရှေ့စိတ်က အလွန် အင်အားကောင်းလို့ နောက်စိတ်ကလည်းပဲ အင်အားကောင်းရတယ်။ ရှေ့က အင်အားကောင်းမှ နောက်က အင်အားကောင်းတာ။ သူက အင်အားကောင်းတဲ့ မှီရာအနေနဲ့ ကျေးဇူးပြုတာလေ။ ဒီလို အဓိပ္ပာယ်မျိုးကို ယူတာ။ အင်အားကောင်းတယ်။ ရှေ့စိတ်တွေက အင်အားကောင်းလို့ နောက်စိတ်တွေကလည်း အင်အားကောင်းတာ။

ဥပမာမယ် …. လေးပစ်လိုက်တယ်…. လောက်လေးတွေဘာတွေ မြှားပစ်လိုက်တယ် ဆိုပါစို့ … ပစ်လိုက်တဲ့ အရှိန်ပေါ်မှာ မူတည်ပြီးတော့ သူသွားတာ။ ပစ်လိုက်တာက ခပ်ပေါ့ပေါ့ ခပ်လျောလျော့ ဆိုလို့ရှိယင်လည်း သူက ခပ်ပေါ့ပေါ့ ပဲ သွားမယ်။ ပစ်တဲ့ အရှိန်က ပိုပြင်းထန်ယင် ပိုပြင်းထန်တယ်ပေါ့။ ဒီလို သဘောမျိုး … တွန်းအားက ပိုပြီးတော့ များလာတယ် … အဲဒါမျိုးလို … အနန္တရဆိုတာ .. အားကြီးလှစွာ ခြားမဲ့မှာ .. ခြားမဲ့ဆိုတာ … အခြားမရှိဘူးပြောတာ၊ မှီရာ စင်စစ် နောက်စိတ်ဖြစ်မှု အနန္တရူပနိဿယ ၊ ထိုမှတစ်ဖြာ အားကြီးစွာတည့် များစွာကြောင်းစု ကျေးဇူးပြုသည့် ပကတူပနိဿယ။ ပကတိဥပနိဿယ (သို့မဟုတ်) ပကတဥပနိဿယ။

ပင်ကိုယ်က … ခုနက အာရုံအနေနဲ့ အားကြီးတာလည်း မဟုတ်ဘူး…. ရှေ့စိတ်အနေနဲ့ အားကြီးတာလည်း မဟုတ်ဘူးး … တခြားအားကြီးတဲ့အရာတွေ အားလုံးမှန်သမျှ ပကတူပနိဿယလို့ ….. ဟော ….. ဥပနိဿယပစ္စည်း သုံးမျိုး ရှိတယ်။
လောကမှာ ဥပနိဿယပစ္စည်းနဲ့ လွတ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်နော်။ လူတွေပြောကြတယ်….. ကျေးဇူးပြုပါ .. ကျေးဇူးပြုပါ ဆိုတာ နော်…. ၊ ကျေးဇူးပြုတယ်ဆိုတာ မဖြစ်သေးတာ ဖြစ်အောင်လုပ်တာနဲ့ … ဖြစ်ပြီးသားတွေ တည်တံ့နေအောင်လုပ်တာ … ဒါ ကျေးဇူးပြုတယ်လို့ခေါ်တယ်။

ကဲ ကောင်းပြီ … ဥပနိဿယပစ္စယော … တဲ့။ ဒါလေးကို ချဲ့ပြီးတော့ ပြောရအောင် …..
ဥပနိဿယပစ္စယောဆိုတာ တကယ့်ကို အင်အားကြီးတဲ့ မှီရာကြီးပဲ …. မှီရာအနေနဲ့ ကျေးဇူးပြုလိုက်တယ်။ ဒါကြောင့်မို့လို့ လူတွေက ပြောကြတယ် …… တစ်းယောက်ကြီးပွားပြီဆိုလို့ရှိယင် သူက ကြီးပွားမှာပေါ့ .. အမှီကောင်းရထားတာကိုး ….. ဟော .. အမှီကောင်းဆိုပြီး ပြောကြတယ် … ဒီ ဥပနိဿယ ရည်ရွယ်တာပဲ .နော်။

ဘယ်အရာပဲဖြစ်ဖြစ် အမှီကောင်းရမှ .. အမှီကောင်းရမထားလို့ရှိယင် မရဘူး… အမှီကောင်းရထားယင် အဲဒီ ပုဂ္ဂိုလ်က သာတာပဲ၊ … အင်အားကြီးတာ နည်းတာက အဓိက မဟုတ်ဘူး …. အမှီကောင်းက ပိုအဓိက ကျတယ်။ (ဒီနေရာမှာ ဆရာတော်က ထယ်စာခဲထဲက ဘီလုံးငှက်လေးအကြောင်းကိုပြောပါတယ်၊ သိကြမယ်ထင်ပါတယ်၊ ချုံ့လိုက်ပါပြီ။) ….. ဒါကို ပြောတာ …. အမှီကောင်းသွားပြီးဆိုလို့ရှိယင် ကိုယ်ထက် ဘယ်လောက်အင်အားကောင်းတဲ့ ရန်သူပဲဖြစ်ဖြစ် နိုင်သွားတယ် ….တဲ့ ….. ဥပနိဿယသတ္တိ။

ဥပနိဿယရဲ့ထူးခြားချက်တွေက တခြားဟာတွေနဲ့ မတူဘူး၊ ဒါကြောင့်မို့လို့ ဥပနိဿယပစ္စယောမှာ ….

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ၊ ဥပနိဿယ ပစ္စယေန ပစ္စယော။ တဲ့

ရှေ့က အားကောင်းတဲ့ ကုသိုလ်ဆိုယင် နောက်ကလည်း အားကောင်းတဲ့ ကုသိုလ်လာတယ်ပေါ့။ အာရုံအနေနဲ့လည်း အားကောင်းးတဲ့ ကုသိုလ်လာတယ်။ သဘာဝတရားအနေနဲ့လည်း အားကောင်းးတဲ့ ကုသိုလ်လာတယ်လို့ .. ၊ ကုသိုလ်ပြီးယင် ကုသိုလ်ဖြစ်တယ်ဆိုတာ ဒါ သဘာဝကျတယ်ပေါ့။

သို့သော် နောက်တစ်ခုကိုကြည့် ….

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ …. ရှေးရှေးမှာဖြစ်တဲ့ ကုသိုလ်တရားများသည်၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ၊ ဥပနိဿယ ပစ္စယေန ပစ္စယော … ဒီအချက်ကို မှတ်သားရမှာ ဒါ ..။

ပုရိမာ ပုရိမာ - ရှေ့ရှေးဖြစ်ဖြစ်တဲ့၊ ကုသလာ ဓမ္မာ - ကုသိုလ်တရားတွေက၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ - နောက်နောက်မှဖြစ်တဲ့ အကုသိုလ်တရားတွေကို၊ ကေသဉ္စိ ဥပနိဿယ - ပစ္စယေန ဥပနိဿယပစ္စည်း အချို့ဖြင့် ပြောတာ၊ အနန္တရူပ မရဘူးတဲ့ … ကုသိုလ်နဲ့အကုသိုလ်က ဆက်ပြီးလာလို့ မရဘူး။ ရှေ့စိတ်က ကုသိုလ် နောက်စိတ်က အကုသိုလ် ဒီလို လာလို့ မရဘူးတဲ့။

process တစ်ခုတည်းမှာ …. ရှေ့စိတ်က ကုသိုလ်ဆိုလို့ရှိယင် နောက်စိတ်က ကုသိုလ် (သို့မဟုတ်) အဗျာကတတို့ လာလို့ရတယ်၊ ကုသိုလ်နဲ့အကုသိုလ်က သဘာဝခြင်းမတူသည့်အတွက်ကြောင့် ဆက်တိုက်လာလို့ မရဘူး။

အဲဒါကြောင့်မို့လို့ ဆက်တိုက်မလာတော့ ဘာနဲ့ပြောတာတုန်းဆိုတော့ …. အာရုံပြုပြီးတော့လည်း …. ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေတယ်။ နောက် ကုသိုလ်က အကုသိုလ်ကို ဖြစ်စေတယ် … အာရုံအနေနဲ့လည်း ဖြစ်စေတယ် … တခြား ပကတူပနိဿယအနေနဲ့လည်း ဖြစ်စေတယ်လို့ … ဒါကို ပြောတာ .. နော်။

ကဲ … ဘယ်လိုဖြစ်စေတာတုန်းဆိုလို့ရှိယင် …. ကုသိုလ်က အကုသိုလ် …ဘယ်လိုလုပ်ဖြစ်စေတာတုန်း …. တစ်ချို့က ကုသိုလ်လုပ်ယင် ကုသိုလ်ပဲရတယ်ထင်တာ … ကုသိုလ်ကိုအကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တာရှိတယ်။

ဘယ်လိုဖြစ်တုန်းဆိုယင် … ဆိုပါစို့ …. လူတစ်ယောက်မှာ သဒ္ဒါတရားတွေဖြစ်တယ်၊ လှူချင်တယ် .. တန်းချင်တယ်၊ အဲဒီ သဒ္ဒါတရားက ကုသိုလ်ပဲနော်။ သို့သော် …. ငါ့ သဒ္ဒါတရားလေးက ကောင်းလိုက်တာလို့ … သဒ္ဒါတရားလေးကို တွယ်တာတဲ့စိတ် …. လောဘစိတ်နဲ့ကြည့်တဲ့အခါကျေ
တာ့ … အဲဒီ ကြည့်တဲ့စိတ်ကျတော့ … ဘာဖြစ်သွားတုန်း ….. ၊ ဟော … ဒါ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တယ် ခေါ်တယ်။
အဲတော့ …. ကုသိုလ်ကနေ …. အကုသိုလ် ပြောင်းသွားနိုင်တာကို သတိထားဖို့ …. နော်။ ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်ကြတယ်၊ ….. ဟော ကိုယ့်ရဲ့သီလလေးကိုကြည့်ပြီး ငါ့သီလလေးက ကောင်းလိုက်တာဆိုပြီး သီလကို အကြောင်းပြုပြီး မာနဖြစ်မယ်ဆို …… သီလက ကုသိုလ် … …. မာနက …. အကုသိုလ် …. ဥပနိဿယပစ္စည်းလို့ခေါ်တယ် ..ဒါ။

သဒ္ဒါကိုကြည့်ပြီးတော့ တွယ်တာမှုဖြစ်တယ် …. ရာဂဖြစ်တယ်။

ကိုယ့်သဒ္ဒါတရားကို ရှုံချတဲ့အခါ ဒေါသဖြစ်တယ် ….။

သဒ္ဒါကိုအကြောင်းပြုပြီး ဒေါသလည်းဖြစ်နိုင်တာပဲ။

ထို့အတူပဲ ကိုယ့်သီလကိုကြည့်ပြီး ကျေနပ်နေတယ်၊ နှစ်သက်နေတယ်။ ကျေနပ်တယ်ဆိုတာ တဏှာလောဘနဲ့ ကျေနပ်တာကိုပြောတာ၊ ကုသိုလ်စိတ်နဲ့ကျေနပ်တာကို
ပြောတာမဟုတ်ဘူး။ နော်
သီလက ကုသိုလ် ဖြစ်ပေါ်လာတဲ့ လောဘက အကုသိုလ် ဖြစ်လာတယ်။ ကုသိုလ်ကနေ အကုသိုလ်ကိုဖြစ်စေတယ်လို့ ဒီလို ပြောတာ။

စာဂ…ကိုယ့်ရဲ့စွန့်ကျဲမှုကို အကြောင်းပြုပြီးတော့ ကိုယ့်ရဲ့စွန့်ကျဲလှူဒါန်းမှုကို အကြောင်းပြုပြီးတော့ ငါလို ဘယ်သူမှမလှူနိုင်ဘူးဆိုပြီး စာဂအပေါ်မှာ တွယ်တာ ကျေနပ် နှစ်သက်နေတဲ့ စိတ်ကလေး ဖြစ်ပြန်ယင် စာဂကို အကြောင်းပြုပြီးတော့ အကုသိုလ် ဖြစ်ပြန်တာပဲ။

သုတ… မိမိကစာတွေတတ်လာတယ်၊ ဗဟုသုတတွေများလာတယ်၊ အဲဒီအပေါ်မှာ ကျေနပ် နှစ်သက် တွယ်တာမိတော့ ရာဂတွေဖြစ်လာတယ်။ မာနတွေတက်လာတယ်။ ဟော … သုတကို အကြောင်းပြုပြီးတော့ ရာဂတွေ မာနတွေ အကုသိုလ်တွေ ဖြစ်လာတယ်ပေါ့။ ဒါ … ကုသိုလ်ကြောင့် အကုသိုလ် ဖြစ်တာတွေ။

တစ်ခါ ဈာန်တရားကို အားထုတ်တယ်ဆိုယင် … ထိုဈာန်တရားမှာ တွယ်တာနှစ်သက်နေပြန်ယင်လည်း
ကုသိုလ်ကနေ အကုသိုလ်ဖြစ်နိုင်ပြန်ရော။
သို့သော် ကိုယ်ရထားတဲ့ မဂ်စိတ်ဖိုလ်စိတ်ကျတော့ ဒီလိုမဖြစ်ဘူး။ လောကုတ္တရာတရားကျတော့ အလွန်သိမ်မွေ့တာဆိုတော့ အဲဒါကျ လောဘတွေက အာရုံပြုလို့ မရဘူး။ သူက လောကီစိတ်သာ ချည်းကပ်နိုင်တာ၊ လောကုတ္တရာစိတ်ကျတော့ ချည်းမကပ်နိုင်ဘူး။ အေး … ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်တွေဖြစ်ကြသေးတယ်တဲ့
။ ဒါကိုအကြောင်းပြုပြီးတော့ …..
ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ၊ ဥပနိဿယ ပစ္စယေန ပစ္စယော။ တဲ့

ကေသဉ္စိဆိုတဲ့ စကားက အနန္တရတော့ မဖြစ်နိုင်ဘူး၊ အာရမ္မဏဖြစ်နိုင်တယ်။ အာရုံပြုပြီးတော့ လောဘဖြစ်မယ်၊ ဒေါသဖြစ်မယ်၊ မာန်မာနတွေဖြစ်မယ်၊ ဣဿာတွေဖြစ်မယ်၊ အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိတွေဖြစ်မယ်၊ ဖြစ်လာသမျှသည် နောက်က အကုသိုလ်တွေချည်းပဲ ဖြစ်လာသည့်အတွက်ကြောင့် ကုသိုလ်ကို အကြောင်းပြုပြီးတော့ အကုသိုလ်ဖြစ်တယ်လို့ ဒီလို ပြောတာ။ အဲတော့ သဘာဝတရားနှစ်ခုဟာ ကုသိုလ်က သူ့သဘာဝနဲ့သူ ၊ အကုသိုလ်ကလည်း သူ့သဘာဝနဲ့သူပဲ။ ကုသိုလ်ကို အကုသိုလ်လို့လည်း ပြောလို့မရဘူး။ အကုသိုလ်ကို ကုသိုလ်လို့လည်း ပြောလို့မရဘူး။

တစ်ချို့ကပြောကြတယ် … ဆရာသမားတွေက (သို့မဟုတ်) မိဘတွေက မလိမ္မာလို့ ရိုက်တာ … ဒါ ကရုဏာဒေါသ လို့ ခေါ်ကြတယ် …. ဘယ်လိုလုပ် ကရုဏာကဒေါသဖြစ်မတုန်း … ဒေါသကကော ဘယ်လိုလုပ် ကရုဏာဖြစ်မတုန်း … ဟုတ်ကဲ့လား ….

သဘာဝနှစ်ခုမတူတာကော ရောစပ်ပြီးပြောနေတာ … ဒီလိုပြောယင်တော့ ရတယ်ပေါ့ …. သနားတဲ့အပေါ်မှာ အခြေခံပြီး ဒေါသဖြစ်တာ … အဲတော့ သနားတာ ကတော့ ကုသိုလ်ပဲ .. ကရုဏာက ကုသိုလ် … ဒေါသက အကုသိုလ်ပဲလေ။ အဲတာကို တစ်ချို့က အပြစ်မရှိဘူးလို့ ထင်နေတယ် … ဒေါသဆိုယင် ဘာဒေါသဖြစ်ဖြစ် ကရုဏာပေါ်အခြေခံခံ ဘာခံခံ …. ဒေါသက အကုသိုလ်ပဲ (သတိပြုဖို့ကောင်းပါတယ်နော် .. TNO)

…. တစ်ချို့က ကရုဏာဒေါသအပြစ်မရှိဘူးလို့ ဒီလိုထင်ကောင်းထင်တယ်၊ မဟုတ်ဘူး၊ အပိုင်းက နှစ်ပိုင်းပဲ၊ သူ့ဟာနဲ့သူ၊ အကုသိုလ်က အကုသိုလ်အပိုင်းပဲ၊ ကုသိုလ်က ကုသိုလ်အပိုင်းပဲ၊ ကုသိုလ်နဲ့အကုသိုလ်ဆိုတာ ရောပြစ်လို့လည်း မရဘူး၊ သဘာဝခြင်းကိုက အလွန်ခြားနားတယ်။
ကုသလ အန၀စ္စ သုခ ၀ိပါက လက္ခဏာ … ကုသိုလ်မှန်လို့ရှိယင် အပြစ်ကင်းတယ် …. ကောင်းတဲ့ အကျိုးတွေကိုပေးနိုင်တယ် … ဒါ ကုသိုလ်ရဲ့ သဘာဝတရား ။

အကုသိုလ်ကျတော့ …

သာဝစ္စ ဒုက္ခ ၀ိပါက လက္ခဏာ … အပြစ်ရှိတယ်တဲ့ … သဘာဝကိုကအပြစ်ရှိတယ်။

အပြစ်ရှိယုံတင်မကဘူးး … ဒုက္ခ ၀ိပါက … ဆင်းရဲ့တဲ့အကျိုးကို ထုတ်လုပ်သေးတယ်တဲ့။ ဟော … အဲဒီနှစ်ခုက ဘယ်လိုလုပ်ပေါင်းစပ်လို့ ရမလည်း …. မရဘူး … တစ်ပိုင်းစီပဲမှတ်ရမယ် .. အကုသိုလ်ဖြစ်ယင် အကုသိုလ်ပဲ။

တစ်ချို့က ဒါနကောင်းမှုပြုပြီး .. ဥပမာမယ် … လမ်းမှာတွေ့တဲ့ ကိုယ်တော်တပါးကိုလှူလိုက်မယ် .. အဲဒီ ကိုယ်တော်က ဘုန်းကြီးအစစ်မဟုတ်ဘူး .. ဘုန်းကြီးအရေချုံလာတယ် ဆိုပါစို့ … သြော် ငါ လှူမိတာ မှားလိုက်တာဆိုပြီး .. ကိုယ့်ဒါနကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်တာပဲ … ဒါလည်း ….။ လှူတုန်းကတော့ … ဒါန … ကုသိုလ်ပဲ၊ အဲဒီ ဒါနကို စိတ်ပျက်သွားပြီဆိုလို့ရှိယင် ဘာဖြစ်လည်း အကုသိုလ်ပဲဖြစ်တာပဲ။ ဒါဘာတုန်းဆို …. ဥပနိဿယပစ္စည်း …။ ကုသိုလ်ကလည်း အကုသိုလ်ကို ဒီလို ဖြစ်စေတယ်ဆိုတာ .. သတိထားရမှာပေါ့။ အဲတော့ ကုသိုလ်လုပ်တိုင်း ကုသိုလ်ရတာ မဟုတ်ဘူး။ သူ့အပိုင်းလိုက်သူပဲ။ ကုသိုလ်ရတဲ့အပိုင်းကရတယ်။ အကုသိုလ်ဖြစ်တဲ့အပိုင်းက အကုသိုလ်ပဲ။

အေး .. ဒါက …. ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ …. ရှေ့ရှေးက ဖြစ်လာတဲ့ ကုသိုလ်တရားတွေဟာတဲ့ … နောက်နောက်အကုသိုလ်တရားတွေကို ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပါတယ်တဲ့။

ကုသိုလ်ကနေ ကုသိုလ်ဖြစ်စေတာတော့ နားလည်တယ်ထား…။

ကုသိုလ်က အဗျာကတဖြစ်စေတယ်ဆိုတာကတော့ … ဒါက ကုသိုလ်ကနေ အကျိုးပေးတာတွေပေါ့ … ရုပ်အကျိုးပေးတာတွေရှိတယ် … နာမ်တရားထဲက ၀ိပါက်ဆိုတာတွေ ထုတ်လုပ်ပေးတာတွေ ရှိတယ် … ဒါကတော့ ထင်ရှားတယ် ထားတော့ …။

နောက် ပွိုင့်တစ်ခုပြောရအောင် …

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ၊ ဥပနိဿယ ပစ္စယေန ပစ္စယော။ တဲ့

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ … ရှေ့ရှေးဖြစ်နှင့်တဲ့ အကုသိုလ်များသည်တဲ့ ၊ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ … နောက်နောက်မှ ဖြစ်လာတဲ့ အကုသိုလ်တွေကိုတဲ့ … ဥပနိဿယပစ္စယေန … ဥပနိဿယသတ္တိဖြင့် ၊ ပစ္စယော .. ကျေးဇူးပြုတယ်တဲ့။

ရှေ့ကဟာလည်း အကုသိုလ်၊ နောက်ကဟာလည်း အကုသိုလ်။

အာရုံအနေနဲ့လည်း ဖြစ်နိုင်တယ်။

အနန္တရအနေနဲ့ … အကုသိုလ်ပြီးယင် … အကုသိုလ်။ ဒီလိုလည်း ဖြစ်လို့ရတယ်။ ရှေ့စိတ်က အကုသိုလ် နောက်စိတ်က အကုသိုလ်.။ အနန္တရူပနိဿယ
ရှေ့စိတ်က အာရုံအနေနဲ့အကုသိုလ်ဖြစ်တယ် … နောက်က ပေါ်လာတာကလည်း အကုသိုလ်ဖြစ်တယ်။ ဟော … ဆိုပါစို့ …. ရာဂကို … ကိုယ့်ရဲ့ရာဂကို ကိုယ်ပြန်ပြီးတော့ တွယ်တာတယ် … တစ်ချို့က ကိုယ့်ရဲ့ ဒေါသကို ကိုယ်ပြန်ပြီးတော့ ကျေနပ်တယ်၊ အဲတာဆို … ဒေါသကလည်း အကုသိုလ်ပဲ၊ ကိုယ့်ဒေါသကို ပြန်ကျေနပ်နေတာကလည်း အကုသိုလ်ပဲ။ အကုသိုလ်က အကုသိုလ်ကို ကျေးဇူးးပြုတယ်လို့ ဒီလို ပြောရမယ်။

ထို့အတူပဲ … အကုသိုလ်ကလည်း … ကုသိုလ်ဖြစ်နိုင်သေးတယ်တဲ့။ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ …. ရှေးရှေးဖြစ်တဲ့ အကုသိုလ်တရားတွေကတဲ့ …. ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ … နောက်နောက်ဖြစ်လာမယ့် ကုသိုလ်တရားတွေကို … ကေသဉ္စိ ဥပနိဿယ ပစ္စယေန ….. ဥပနိဿယပစ္စည်းအချို့ဖြင့် …ဥပါကာရကော … ကျေးဇူးပြုတတ်တယ်တဲ့။

အချို့ဆိုတာ ခုနပြောသလို အနန္တရ .. အကုသိုလ်ကနေ … ကုသိုလ်တိုက်ရိုက်ဆက်လို့မရဘူးလို့ပြောတာ။ သို့သော် …. အကုသိုလ်ကို အာရုံပြုပြီးတော့ … ကုသိုလ်ဖြစ်နိုင်တယ်။

ရှေးတုန်းက သူငယ်ချင်းနှစ်ယောက် (အတိုချုပ်ပဲ .. ကျွန်တော်ပြောပါတော့မယ်) လယ်ထွန်သွားကြတယ်၊ လယ်ထွန်ယင်းမောလာတော့ သူတို့ရေဗူးကိုယ်စီထားခဲ့တဲ့နေရာမှာ တစ်ယောက်ကပြန်လာပြီး ရေသောက်တယ်၊ သောက်တော့ သူ့ရေဗူးထဲကရေကုန်မှာစိုးလို့ သူသူငယ်ချင်းရဲ့ဗူးထဲကနေ မပန်ကြားပဲနဲ့ ခိုးသောက်တယ်ပေါ့။ အဲဒီလိုနဲ့ လယ်ထွန်ပြီးလို့ ရေမိုးချိုးပြီး နားကြတဲ့အခါ ကြတော့ အဲဒီ ခိုးသောက်တဲ့ တစ်ယောက်က ငါ ဒီနေ့ ဘာအမှားတွေ လုပ်မိသလဲ၊ ဘာမဟုတ်တာတွေပြုမိသလဲလို့ စဉ်းစားတယ်၊ အဲဒီလို စဉ်းစားတဲ့အခါမှာ နေ့လယ်က ရေခိုးသောက်တဲ့အဖြစ်ကိုသွားသတိရလိုက်တယ်။

ခိုးသောက်တယ်ဆိုတာ အကုသိုလ်မဟုတ်လား ၊ အဲဒီ အကုသိုလ်ကို ကြည့်ပြီး သူ့စိတ်ထဲမှာ သံဝေဂတွေဖြစ်လာတယ်။ ဒီ အကုသိုလ်တွေ ကြီးထွားသွားမယ်ဆိုယင် ငါ အပယ်ဒုက္ခရောက်တော့မှာပဲ။ ဒီ အကုသိုလ်တွေကို နှိမ်မှပဲဆိုပြီးတော့ …. သူ့စိတ်ရဲ့အပြစ်တွေကို မြင်ပြီး၊ သင်္ခါရတရားတွေရဲ့အပြစ်ကိုဆင်ခြင်လိုက်တာ …သူကလည်း ပစ္စေကဗုဒ္ဓဖြစ်မယ့်သူ ပါရမီရင့်တဲ့သူဖြစ်တော့ … အဲဒီနားမှာ ပစ္စေကဗုဒ္ဓဥာဏ်ရသွားတယ်။ အဲဒါဘာတုန်းဆိုယင် အကုသိုလ်ကနေ ကုသိုလ်ဖြစ်တယ် ပြောတာ .. နော်။

အကုသိုလ်ကို ရှုဆင်ခြင်တာ ….

****နောက်တစ်ခါ လူတစ်ယောက်ဟာ ဒေါသဖြစ်တယ် … အဲဒီ ဒေါသဖြစ်ပြီး … သြော် ဒီ ဒေါသဟာ မကောင်းပါလား .. မကောင်းမှုလို့ မြင်လိုက်ကတည်းက …. ဒါ … ကုသိုလ်ဖြစ်ပြီ … သူက။ ဒေါသဟာ မကောင်းပါ့လား .. ဒေါသရဲ့အပြစ်တွေဟာ .. အင်မတန်ကြီးလေးပါလားလို့

… ဒေါသရဲ့အပြစ်တွေကို ဆင်ခြင်စဉ်းစားတာကလည်း ကုသိုလ်တွေရလာတယ် .. ဟော .. ဒေါသဖြစ်တုန်းက အကုသိုလ် … ဆင်ခြင်စဉ်းစားတာကြတော့ ကုသိုလ် .. တဲ့။

ဒါကြောင့်မို့လို့ စိတ္တနုပဿနာမှာ မြတ်စွာဘုရားက ဟောထားတာလေ .. ၊ သရာဂံဝါ စိတ္တံ သရာဂါ စိတ္တံတိ ပဇာနာတိ ၊ သဒေါသံဝါ စိတ္တံ သဒေါသံ စိတ္တံတိ ပဇာနာတိ။ ကိုယ်စိတ်လေးဟာ တဏှာရာဂနဲ့တွဲနေယင်လည်း တဏှာရာဂနဲ့တွဲနေတယ်လို့ သိရမယ်တဲ့။

ကိုယ်စိတ်လေးဟာ ဒေါသနဲ့တွဲနေယင်လည်း ဒေါသနဲ့တွဲနေတယ်လို့ သိရမယ်တဲ့။

****သိတယ်ဆိုတာ … အာရုံပြုတာကို ပြောတာ။

အဲတော့ …. ကြည့်လေ … ငါ့စိတ်လေးဟာ ရာဂနဲ့တွဲနေပါလားလို့ ဆိုတော့ … ရာဂက အကုသိုလ် …. သိလိုက်တဲ့ စိတ်ကျတော့ ကုသိုလ် ၊ ရာဂဆိုတဲ့ အကုသိုလ်တရားကြောင့် ….. သိခြင်းဆိုတဲ့ …. ကုသိုလ်တရား ဖြစ်လာတယ်တဲ့။ ဒါကိုပြောတာနော် …. စိတ္တနုပဿနာအားထုတ်တဲ့အခါကျတော့ အကုသိုလ်ကနေ ကုသိုလ်ဖြစ်တယ်တဲ့။ ရာဂကိုရှုမယ်ဆိုယင် …. ရာဂက အကုသိုလ် … အာရုံက အကုသိုလ် … ၊ …. ရှုတဲ့စိတ်က ကုသိုလ်…တဲ့။ ဒေါသကိုအာရုံပြုမယ်ဆိုယင် … ဒေါသက အကုသိုလ် … ရှုတဲ့စိတ်က ကုသိုလ်၊ …. စိတ္တနုပဿနာမှာ မြတ်စွာဘုရားက ဒီလို ဟောထားတာလေ … ။ … အဲတော့ .. ဒါ ဥပနိဿယပစ္စည်းပဲ။

ကိုယ့်သန္တာန်မှာဖြစ်လာတဲ့ ရာဂပဲဖြစ်ဖြစ်၊ ဒေါသပဲဖြစ်ဖြစ်၊ မောဟပဲဖြစ်ဖြစ်၊ မာနပဲဖြစ်ဖြစ်၊ ဣဿာပဲဖြစ်ဖြစ် … ရှေးသူတော်ကောင်းများဟာ ကိုယ်သန္တာန်မှာဖြစ်တဲ့ … မာနာတရားတွေ …ဣဿာတရားတွေ… ဖြစ်ပြီ

Credit to Ko Thein Naing Ohn
https://www.facebook.com/notes/560525184060557/

No comments:

Post a Comment

Gold price estimated