မေတ္တာဟာ မိမိရဲ.သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ်.လို. လေ.ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ.ကျင်.ရင် အစွမ်းမထက်ဘူး။
အဲဒီတော. မေတ္တာဆိုတဲ. သဘောတရားကို ဘာနဲ.လေ.ကျင်.ရမလဲ၊ အာရုံနဲ.ပဲ လေ.ကျင်.ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ.ကျင်.ချင်ရင် အာရုံနဲ.လေ.ကျင်.ရမယ်။ ဓားထက်အောင် ဘာနဲ.လုပ်ရမလဲ၊ ကျောက်နဲ.သွေးရတယ်၊ ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို.အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ.လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော. လေ.ကျင်.ရမယ်။
မေတ္တာကို လေ.ကျင်.ခန်းလုပ်တဲ. နည်းတစ်ခု။ သာမာန်ကုသိုလ်ရရုံပို.တဲ.မေ
မေတ္တာလေ.ကျင်.ခန်းဝင်ပြီဆို
ကောင်းပြီ၊ လေ.ကျင်.မယ်ဆိုလို.ရှိရင် ပုဂ္ဂိုလ်ကို ရွေးချယ်ရလိမ်.မယ်၊ နံပါတ်(၁) အသက်ရှင်ဆဲပုဂ္ဂိုလ်၊ သေတဲ.ပုဂ္ဂိုလ်ဆိုပြီး နှစ်ဦးရှိတဲ.အထဲမှာ သေတဲ. ပုဂ္ဂိုလ်ကိုမရွေးနဲ. ၊ဘယ်တော.မှ မအောင်မြင်ဘူးတဲ.၊ သေသွားတဲ. ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာမပို.နဲ.။ မေတ္တာကိုလေ.ကျင်.ပြီးတော. ယူချင်တယ်ဆိုရင် သေတဲ.ပုဂ္ဂိုလ်ကို ဖယ်ထားလိုက်၊ “အသက်ထင်ရှားရှိနေတဲ. ပုဂ္ဂိုလ်”ကို ရွေးပါတဲ.။
အဲဒီလို ရွေးတဲ.အခါမှာလည်းပဲ လူကို ၃ မျိုးလောက်ခွဲလိုက်။ တစ်ဦးက ကိုယ်နဲ့အင်မတန် ခင်မင်ရင်းနှီးတဲ.ပုဂ္ဂိုလ် ဒါက တစ်ဦး၊ နောက်တစ်ဦး ခင်လည်းမခင်ဘူး၊ မုန်းလည်းမမုန်းတဲ. သာမာန်ပုဂ္ဂိုလ်၊ နောက်တစ်ဦးက မုန်းတဲ. ကိုယ်.ရန်သူလို. ၃ မျိုးခွဲလိုက်၊ ပုဂ္ဂိုလ် ၃ စားရှိတယ်။ လူတိုင်း လူတိုင်းဟာ အများအားဖြင်. ဒီလို ၃ စားရှိနေမှာပဲ။ ဒါက ယေဘုယျ အားဖြင်.ပြောတဲ. စကားပေါ.။
အဲဒီထဲမယ် ဘယ်ပုဂ္ဂိုလ်ကို ရွေးရမလဲ၊ မေတ္တာစပြီးတော. ပျိုးတော.မယ်ဆိုလို.ရှိရင် ကိုယ်နဲ. ခင်လည်းမခင်၊ မုန်းလည်းမမုန်းတဲး. ပုဂ္ဂိုလ်ကို သွားရွေးမယ်ဆိုလို.ရှိရင် မေတ္တာပျိုးဖို.ခက်လိမ်.မယ်။
မေတ္တာပို.တော.မယ်ဆိုရင် အဲဒါကစမယ်၊ အဲဒီပုဂ္ဂိုလ်ကိုရွေး၊ ဒီလို ရွေးတဲ.နေရာမှာလည်းပဲ နောက်တစ်ခု သတိထားစရာက လိင်တူကိုပဲ ရွေးရမယ်တဲ.၊ လိင်ကွဲကို သွားမရွေးရဘူး။ ဆိုလိုတာက မေတ္တာပို.မယ်.ပုဂ္ဂိုလ်သည် အမျိုးသားဆိုရင် အမျိုးသားသူငယ်ချင်းထဲကရွေး
အမျိုးသားဆိုရင် အမျိုးသားထဲက ချစ်ခင်တဲ. ပုဂ္ဂိုလ်ကိုရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲက ချစ်ခင်တဲ.ပုဂ္ဂိုလ်ကိုရွေးတ
အဲဒီလို လေ.ကျင်.တော.မယ်ဆိုရင် အစပထမ ဘာလုပ်ဖို.လိုလဲ၊ နှိုင်းယှဉ်မှုဟာ အင်မတန်မှ အရေးကြီးတယ်။ မြန်မာလိုပြောရင် ကိုယ်ချင်းစာတရားဆိုတာ ရှိတယ်။ ကိုယ်ချင်းစာတရား ထားတတ်ဖို.အတွက် ကိုယ်.ကိုယ်ကို အရင်ဆုံးစဉ်းစားပြီး မေတ္တာပို.လိုက်ဦး၊ ကိုယ်.ကိုယ်ကို မေတ္တာပို.တာကတော. ဘာဝနာအတွက် မဟုတ်ဘူး၊ လွယ်အောင်လို. ပြင်ဆင်လိုက်တဲ.သဘောပဲ။
ဆိုပါစို.- မေတ္တာပို.တဲ.အခါမှာ “ချမ်းသာပါစေ” လို. ပြောချင်တာလား သို.မဟုတ် "ကျန်းမာပါစေ"လို. ပြောချင်တာလား သို.မဟုတ် "အဆင်ပြေပါစေ" လို. ပြောချင်တာလား၊ တစ်ခုခုကို ကိုယ်ကြိုက်တဲ.ဟာနဲ. ပြောလို.ရတယ်။ "ကျန်းမာပါစေ"လို. ပြောပြော၊ "ချမ်းသာပါစေ"လို.ပြောပြော၊
ဆိုပါစို.- ယောကျာ်းဆိုရင် ယောကျာ်းကလေး သူငယ်ချင်း၊ မိန်းကလေးဆိုရင် မိန်းကလေးသူငယ်ချင်းပေါ.။ ရွေးပြီးတဲ.အခါ ကိုယ်တစ်ယောက်တည်းနေတဲ. အချိန်လေးမှာ ထိုပုဂ္ဂိုလ်ရဲ.မျက်နှာ စိတ်ထဲမှာ ပေါ်လာအောင် ပုံဖော်လိုက်၊ ပုံဖော်လို.မရဘူးဆိုလို.ရှိ
ခုခေတ်သီချင်းဆိုတဲ.အခါ repeation ထပ်ကျော.ပြီးတော. ဆိုတာတာလေ။ အဲဒီတော. မေတ္တာထပ်ကျော.နေရတယ်၊
ဘယ်နှစ်ပြန်ထပ်ကျော.ရမတုန်း
အဲဒီလို ပွတ်ပေးနေလိုက်တဲ.အခါမှာ ဘယ်လိုအနေအထားထိအောင် ရောက်လာသလဲဆိုရင် ဘယ်နေရာသွားသွား ဒီပုဂ္ဂိုလ်ရဲ.မျက်နှာပဲ မြင်နေမယ်၊ မျက်စိထဲက ဒီပုဂ္ဂိုလ်မျက်နှာ မထွက်ဘူး၊ အိပ်မယ်-အိပ်မပျော်သေးခင်လည
မြန်မာတွေက ဈာန်ဆိုရင် ကောင်းကင်ပျံတာချည်းပဲ အောင်မေ.နေတယ်။ ဒါကောင်းကင်ပျံတာကိုပြောတာ မဟုတ်ဘူး။ ဈာန်ရတယ်ဆိုတာ အဲဒီ အာရုံပေါ်ကို စူးစိုက်ပြီးတော.နေတဲ. စွမ်းအားသတ္တိလေးရလာတာကို ပြောတာ။ ပထမ ဈာန်ဆိုတဲ. စွမ်းရည်သတ္တိ ကိုယ်လိုချင်တဲ.အရှိန်လေး ရလာမယ်၊ ဈာန်ဆိုတာဘာကိုပြောတာလဲဆို
မေတ္တာဈာန်
ဝိတက် ဆိုတာ အာရုံပေါ် စိတ်ကလေးကို ပို.တင်ပေးနေတာ။ ၀ိစာရ ဆိုတာ အာရုံနဲ. စိတ်ကလေး ကွာမသွားအောင် လုပ်ဆောင်ပေးနေတဲ.သဘော၊ အဲဒီ အာရုံလေးနဲ. စိတ်ကျေနပ်နေတာက ပီတိ၊ စိတ်ကျေနပ်နေသလို စိတ်ထဲမှာ ငြိမ်းချမ်းနေတာက သုခ၊ အဲဒီ အာရုံလေးကို စိတ်က ခွာလို.မရတာက ဧကဂ္ဂတာ၊ အဲဒီ ၅ ခုဟာ ဟန်ချက်ညီညီ အလုပ်လုပ်နေပြီ ဆိုလို.ရှိရင် ပထမဈာန်လို.ခေါ်တယ်။ ပထမဈာန် ရပြီပေါ.။ သူငယ်ချင်းရဲ.မျက်နှာပေါ်မှာ
ဒီထက် စွမ်းအားမြှင်.လိုက်တဲ.အခါက
နောက်တစ်ခါ ဒီထက် သမာဓိစွမ်းအားတွေ မြှင်.လိုက်အခါကျတော. အာရုံနဲ.စိတ် တွယ်ကပ်အောင် လုပ်ပေးစရာမလိုတော.ဘဲ ထိုအာရုံလေးပေါ်မှာ ကျေနပ်နေတာရယ်၊ နှစ်သက်နေတာရယ်၊ တည်ငြိမ်နေတာရယ် ဒီအခြေအနေ ၃ ရပ်ကလေးနဲ. ထိုအာရုံပေါ်မှာ ရပ်တည်နေလို.ရှိရင် တတိယဈာန်လို.ခေါ်တယ်။
မေတ္တာပွားတဲ. ပုဂ္ဂိုလ်ဟာ အဲဒီလို ဈာန် ၃ ဆင်.ထိအောင် ရနိုင်တယ်။ အဲဒီ ဈာန် ၃ ဆင်. ရသွားမှ စေတောဝိမုတ္တိ လို.ခေါ်တယ်။ စိတ်လေးဟာ ဗျာပါဒက လွတ်သွားပြီ၊ အဲဒီအချိန်မှာ စိတ်က ဒေါသက လုံးဝလွတ်နေတဲ. စိတ်တဲ.၊ စေတောဝိမုတ္တိ ဆိုတာ ဒီလုံးဝလွတ်မြောက်လာတဲ. အနေအထားတစ်ခု ရောက်လောက်အောင် လေ.ကျင်.ယူထားတဲ. မေတ္တာကိုပြောတာ။
သာမန် မေတ္တာကို မေတ္တာလို.ပဲ သုံးတယ်၊ စေတောဝိမုတ္တိဆိုတဲ. စကားလုံးလေး ထည်းသုံးလိုက်လို.ရှိရင် ထိုမေတ္တာသည် ဈာန်အခြေအနေထိအောင် ရောက်နေတဲ. မေတ္တာမျိုးလို. ဒီလိုပြောတာ။
ကောင်းပြီ၊ ပိယပုဂ္ဂလ လို.ခေါ်တဲ. ကိုယ်ချစ်ရတဲ. ချစ်ခင်တဲ.ပုဂ္ဂိုလ်နဲ. လေ.ကျင်.လိုက်လို. အောင်မြင်သွားတဲ. မေတ္တာလေးကို ဒီအတိုင်းမထားနဲ.ဦး၊ မေတ္တာကို ဖြန်.ကျက်ကြည်.ဦး၊ ထိုမေတ္တာလေးကို transfer လုပ်ရမယ်၊ ဘယ်သူ.အပေါ် transfer လုပ်မလဲဆိုရင် ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ. ကိုယ်မသိတဲ.ပုဂ္ဂိုလ်အပေါ်မှာ
အဲဒီလိုလုပ်ပြီးတော. တစ်လောကလုံးမှာရှိတဲ. သတ္တ၀ါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား။ နောက်ဆုံးမှာ လူ ၄ ယောက်၊ နံပါတ်တစ်က မိမိကိုယ်တိုင်၊ နံပါတ်နှစ်က ကိုယ်ချစ်ခင်တဲ.ပုဂ္ဂိုလ်၊ နံပါတ်သုံးက ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ. သာမန် ပုဂ္ဂိုလ်၊ နံပါတ်လေးက ၇န်သူ၊ ထိုပုဂ္ဂိုလ်လေးယောက်သည် အပိုင်းအခြားတွေ။ လူဆိုတာ ကိုယ်.ကိုယ်ကို ပိုချစ်တတ်တယ်၊ အဲဒီ ၄ ယောက်ကို ရန်သူလို.လည်း မမြင်တော.ဘူး၊ ကိုယ်.ကိုယ်လို.လည်း မမြင်တော.ဘူး၊ ကိုယ်.မိတ်ဆွေလို.လည်း မမြင်တော.ဘူး၊ ကိုယ်နဲ.မသိတဲ. ပုဂ္ဂိုလ်လို.လည်း မမြင်တော.ဘူး၊ ကိုယ်.ရန်သူလို.လည်း မမြင်တော.ဘူး၊ အားလုံး ဒီ ၄ ယောက်စလုံးဟာ တစ်မျိုးတည်း တစ်ခုတည်းလို.မြင်သွားပြီဆိ
အဲဒါကို ဥပမာလေးတစ်ခုပေးထားတယ်၊ ဒီ ပုဂ္ဂိုလ် ၄ ယောက်ကို - ဆိုပါစို.- ရှေးတုန်းက လူကိုသတ်ပြီးတော. ယဇ်ပူဇော်တဲ. အလေ.အထရှိတယ်၊ တောထဲမှာနေတဲ.ရဟန်းတွေ ဒီလိုပဲ ယဇ်ပူဇော်တာခံလိုက်ရတာမျိုး
အဲဒီလို မဟုတ်ဘဲနဲ. ငါနဲ. မတည်.တဲ.ကောင်လိုက်သွား ဆိုလို.ရှိရင် ရန်သူပေါ်မှာ အမုန်းစိတ်မပျောက်သေးတာပဲ။ အဲဒီ ၄ ယောက်စလုံးကို တစ်ယောက်မပေးနိုင်ဘူး၊ အားလုံးဟာ အတူတူပဲဖြစ်နေတယ်၊ ဘယ်သူ.ကိုမှ ရွေးလို.မရတော.ဘူး ဆိုရင် အဲဒီမေတ္တာဟာ ကန်.သတ်ချက်တွေကို ကျော်ဖြတ်သွားတဲ. အင်မတန်ခိုင်မာတဲ. မေတ္တာတရား ဖြစ်သွားပြီတဲ. -ဒီလိုဆိုလိုတာ။
အဲဒီလို လေ.ကျင်.ပြီးတဲ.အခါမှာ တစ်လောကလုံးမှာရှိတဲ. သတ္တ၀ါတွေအပေါ်မှာ မေတ္တာတရားကို ဖြန်.ကျက်ပြီး နေမယ်ဆိုလို.ရှိရင် ဒေါသဆိုတာ လုံးဝလာလို.မရတော.ဘူး။ နောက်ဆုံးမှာ ထိုမေတ္တာကို အခြေခံပြီးတဲ.အခါမှာ ဘာလုပ်ရမလဲ၊ ထိုမေတ္တာစိတ်ဓာတ်မှာပါတဲ. သဘာဝတရားတွေကို ရှုမှတ်ဆင်ခြင်ပြီး ၀ိပဿနာတရား ပွားများအားထုတ်ရတယ်။ မေတ္တာနဲ.ယှဉ်ပြီး ဖြစ်ပေါ်လာတဲ. စိတ်အခြေအနေတွေက နာမ်တရား၊ ထိုမေတ္တာရဲ.တည်ရာနှလုံးသားက
မေတ္တာစိတ်ဓာတ်ကို ရှုတာဟာ နာမ်တရားကို ရှုတာ၊ ထိုမေတ္တာစိတ်ဓာတ်ရဲ. တည်ရာမှီရာ နှလုံးသားရုပ်တရားကို ရှုတာဟာ ရုပ်ကိုရှုတာ၊ ဒီလို ရုပ်နဲ.နာမ်နဲ.ကွဲသွားပြီးဆ
အဲဒီရုပ်နာမ်နှစ်ခု ခွဲခြားသိပြီးတဲ.အခါမှာ ဒီရုပ်ဒီနာမ်တွေဟာ ဘာကြောင်.ဖြစ်တာတုန်းလို. အကြောင်းတရားကို လေ.လာသုံးသပ်နိုင်တဲ. အသိဥာဏ်တစ်မျိုးထပ်ဆင်.ရလြာ
အဲဒီဥာဏ်နှစ်မျိုးကို အခြေခံပြီး ဒီရုပ်နာမ်ဓမ္မသခါင်္ရတွေနဲ. ဆက်ပြီးတော. အလုပ်လုပ်တဲ.အခါမှာ မမြဲတဲ.သဘောတွေ တွေ.လာတယ်၊ ဖြစ်ပြီးပျက်သွားတဲ. သဘောတွေ တွေ.တယ်၊ ဖြစ်ပျက်မှုတွေက အမြဲတမ်းနှိပ်စက်နေတဲ. ဒုက္ခသဘောတွေ တွေ.လာတယ်၊ မဖြစ်ရအောင် မပျက်ရအောင် ကိုယ်.မှာစွမ်းအင်သတ္တိတွေမရ
ဒီလို မေတ္တာနဲ.ပက်သက်ပြီးတော. ရုပ်တရား နာမ်တရားတွေအပေါ်မှာ အနိစ္စလို.လည်း ရှုနိုင်လာတယ်၊ ဒုက္ခလို.လည်း ရှုနိုင်လာတယ်၊ အနတ္တလို.လည်း ရှုနိုင်လာတယ်၊ ဒီလို ရှုလာနိုင်တာက သမ္မသနဥာဏ် လို.ခေါ်တယ်။
အဲဒီကနေ ဆက်လက်ပြီး ဖြစ်တာပျက်တာလေးတွေကိုပဲ အာရုံစိုက်မိလာတဲ.အခါ ဥဒယဗ္ဗယဥာဏ်၊ ထိုဥဒယဗ္ဗယဥာဏ် ရင်.သန်လာတဲ.အခါ ဖြစ်တယ်ဆိုတာကို အာရုံမပြုတော.ဘူး၊ ပျက်နေတာတွေက မြန်လွန်းအားကြီးသည်. အတွက်ကြောင်. အပျက်အပျက် အပျက်ပဲ မြင်နေတာကို ဘင်္ဂဥာဏ် လို.ခေါ်တယ်။ အဲဒီလို ပျက်တာချည်းပဲ မြင်နေသည်. အတွက်ကြောင်. ဥာဏ်ထဲမှာ ဘာပေါ်လာလဲဆိုတော. ပျက်နေတာဟာ ကြောင်စရာကြီးပါလားလို. တွေးလာတယ်၊ အဲဒါ ဘယဥာဏ်လို.ခေါ်တယ်။
ကြောက်စရာလို. မြင်လာတဲ.အခါ ဖြစ်ပျက်မှုတွေက နှိပ်စက်လို. စိတ်ပျက်စရာ၊ ငြီးငွေ.စရာချည်းပါလားဆိုပြ
အပြစ်တွေ မြင်လာတဲ.အခါ မလိုချင်တော.ဘူး၊ ငြီးငွေ.လာတယ်၊ စွန်.လွှတ်ချင်လာတယ်- နိဗ္ဗိဒဥာဏ်၊ ငြီးငွေ.လာတဲ.အခါ လွတ်ချင်လာတယ်၊ ဒါတွေက လွတ်ချင်လာတယ်၊ မုစ္စိတုကမျတာဥာဏ်၊ လွတ်ဖို.ရာအတွက် လွတ်ရာလွတ်ကြောင်းကို ပြန်ဆင်ခြင်စဉ်းစားတာ ပဋိသခါင်္ဥာဏ်၊ ပြန်လည်စဉ်းစားရင်းက သခါင်္ရတရားတွေရဲ. သဘာဝပေါ်မှာ နေသားတကျဖြစ်သွားပြီး စိတ်လှုပ်ရှားမှုတွေ နည်းသွားပြီး တည်ငြိမ်မှုတွေ ရလာပြီး အသိဥာဏ်တွေ လွှမ်းမိုးလာပြီဆိုရင် သခါင်္ရုပေက္ခာဥာဏ်လို.ခေါ်တယ်။
အဲဒီ သခါင်္ရုပေက္ခာဥာဏ် ရင်.သန်သွားပြီ ဆိုလို.ရှိရင် ဗျာပါဒ ဆိုတဲ. သဘာဝတရားကို အဆင်.ဆင်.ပယ်ရှားသွားနိုင်တ
မေတ္တာပွားလို.ရှိရင် အမုန်းတရားဟာ ပြန်ထလာနိုင်သေးတယ်။ အခုခေတ် ရောဂါစစ်သလို စစ်ကြည်.လို.ရှိရင် positive ဖြစ်နေဦးမယ်။ နှလုံးသားထဲမှာ အမုန်းရှိသေးသလားလို. ဆေးစစ်သလို စစ်ကြည်.ရင် positive တွေ.လိမ်.မယ်။ အနာဂါမိမဂ် ရသွားတာနဲ. တပြိုင်နက် Negative ဖြစ်သွားပြီ၊ လုံးဝမရှိတော.ဘူး၊ အဲဒါကျတော. ဒေါသဆိုတဲ. စိတ်ရဲ.လှုပ်ရှားမှု၊ စိတ်ရဲ.ပူပန်စေတတ်တဲ. သဘာဝတရားရဲ. လုံးဝထွက်ပေါက်ပဲ။ မေတ္တာတရားကို အခြေခံတဲ. အနာဂါမိမဂ်ဥာဏ်၊ အနာဂါမိဖိုလ်ဥာဏ်ဟာ ဒေါသရဲ. လုံးဝထွက်ပေါက်ဖြစ်ပါတယ်။ ဒေါသဆိုတာ လာချင်လို.တောင် မလာတော.ဘူး၊ ဒေါသဆိုတဲ. သဘာဝတရားဟာ မိမိသန္တာန်မှာ ဘယ်တော.မှ ဖြစ်လာမှာ မဟုတ်တော.ဘူး။ အစဉ်ထာဝရ ငြိမ်းချမ်းတဲ. အခြေအနေတစ်ခုကို ရရှိသွားနိုင်တယ်။
ဒါကြောင်.မို. မြတ်စွာဘုရားက ဟောတယ်။ “ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ - စိတ်ရဲ. လွတ်မြောက်မှုလို.ဆိုတဲ. ဒီမေတ္တာတရားဟာ ၊ ဗျာပါဒ ဆိုတဲ. စိတ်ထဲမှာ အလိုမကျနေတဲ. ဒေါသရဲ. ထွက်ပေါက်ပါပဲ တဲ.။ ဒီနည်းနဲ.သာလျှင် စစ်မှန်တဲ. ထွက်ပေါက်ကို ရနိုင်တယ်။
ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
(စိတ်၏ထွက်ပေါက်များ တရားတော်မှ ကောက်နုတ်ပူဇော်ပါသည်)
မေတ္တာဖြင်. -
အနှိုင်းမဲ.စာတိုပေစများ
No comments:
Post a Comment