Video

Monday 21 July 2014

စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း




(၁)အကြောင်းအရင်း
သာသနာနှစ်(၄၅၀)ကြာသော် သီဟိုဠ်နိုင်ငံသို့  သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်
သူပုန်ဘေးကြီး (၁၂)နှစ်ကြာ ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို
အကြောင်းပြုပြီးတင်ခဲ့သည်။
(၂)သာသနာနှစ်
(၄၅၀)နှစ်
(၃)နေရာ
သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ
(၄)ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်
(၅)သံဃာဦးရေ
ရဟန္တာပေါင်း(၅၀၀)
(၆)မင်း
ဝဋ္ဋဂါမဏိမင်း
(၇)ကြာမြင့်ချိန်
တစ်နှစ်


သီရိဓမ္မာသောကမင်း၏ သားတော်ရပာန္တာ မပိာန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ 
ပြုခဲ့သောသာသနာတော်သည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ
(၁၂)နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယိကာ၊ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှု မရှိတော့သဖြင့်
ဝိနည်းလေးစားသော သံဃာအစစ်တို့ သည် ဒုက္ခရောက်ကြရသည်။
အချို့ သော သံဃာအစစ်တို့ သည် ဘုရားရှင်၏ ဓမ္မများမပျောက်ပျက်ရလေအောင် နှုတ်ဖြင့်
ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများတင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်း
နေကြသည်။ အချို့ သံဃာတို့ တွင်လည်း လွန်စွာချို့ တဲ့လာကြသဖြင့် နီဝရဏတရားများ
လွှမ်းမိုးလာကြသည်။သူပုန်ဘေး(၁၂)နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်
နေသဖြင့် အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်သော ရဟန္တာ(၅၀၀)တို့ ပါဝင်သော
သံဃာထု အထောက်အပံ့ ပြုကြသော ၀ဋ္ဋဂါမဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူ
လူထု ထု(၃)ထု ပူးပေါင်းဆောင်ရွက်ကြသည်။
ပိဋကတ်တော်များသည် နှုတ်ထက် အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်
သွားနိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာ
တင်ခဲ့ရာ တစ်နှစ်ကြာမြင့်ခဲ့သည်။
(တစ်ခဏဖြစ်ရ လူ့ ဘ၀အနှစ်ပြည့်အောင် ကြိုးစားကြ)
စတုတ္ထအကြိမ်သင်္ဂါယနာတင်ခြင်း by စကားဝါမြေ

No comments:

Post a Comment

Gold price estimated