Video

Tuesday, 22 July 2014

ဓဇဂ္ဂသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း



အရှင်အာစာရာလင်္ကာရ (စစ်ကိုင်းရွှေဟသ်ာ)
အခါတစ်ပါးမှာ မြတ်စွာဘုရားရှင်က ရဟန်းတော် တွေကို တရားတစ်ပုဒ် ဟောပြတော်မူခဲ့ဖူးပါတယ်။
” ချစ်သားတို့ …
ဟိုး ရှေးရှေးတုန်းက တာဝတိံသာ နတ်ပြည်က နတ်သားတွေနဲ့ အသူရာနတ်သားတွေ စစ်ပွဲကြီးတွေ မကြာခဏ ဖြစ်ခဲ့ကြဖူးတယ်။ အဲဒီတော့ သိကြားမင်းက နတ်တွေကို ”မောင်မင်းတို့ … တိုက်ပွဲမှာ ကြောက် ရွံ့လာကြ ကြက်သီးမွေးညှဉ်းထလာကြရင် ငါ့ရဲ့အလံ ထိပ်ဖျား ပဇာပတိ ဝရုဏ ဤသာန နတ်မင်းကြီးတွေရဲ့ အလံထိပ်ဖျားကို မော့ကြည့်လိုက်ကြ အဲဒီအလံဖျား တွေကို မြင်ရရင် ကြောက်ရွံ့တာတွေ မှန်သမျှ ပျောက်သွား ကြပါလိမ့်မယ်” လို့ အားပေးစကား ပြောကြားခဲ့ဖူးတယ်”
” ဒီလိုပါပဲ ချစ်သားတို့ …
သင်တို့တစ်တွေဟာလည်း လူသူဝေးရာ တော ဟေမဝါတွေမှာ ရောက်နေကြလို့ သိပ်ပြီးကြောက်ရွံ့တာတွေ ဖြစ်လာခဲ့ကြရင် ဘုရားဂုဏ် တရားဂုဏ် သံဃာ့ ဂုဏ်တော်တွေကို အောက်မေ့ဆင်ခြင်ပွားများ ရှုမှတ်ကြ၊ အဲဒီလို ရှုမှတ်ပွားများရင် ကြောက်ရွံ့တာတွေ မှန်သမျှ အားလုံး ပျောက်သွားကြပါလိမ့်မယ်” လို့ ဟောကြား တော်မူခဲ့ပါတယ်။

ခုလို ဘုရား တရား သံဃာ ရတနာမြတ် ၃ ပါး ရဲ့ ဂုဏ်တော်တွေကို ပွားများကြရင် ကြောက်တာတွေ ကြက်သီးမွေးညှင်းထတာတွေပျောက်ပြီး ဉာဏ်ကောင်း လာမယ်၊ နတ်ပြည်မှာ ကမ္ဘာ ၃ သောင်း၊ သိကြားမင်း ဘဝမှာ အကြိမ် ၈ဝ ၊ စကြဝတေးမင်းဘဝမှာ အကြိမ် ၁ဝဝ၊ ဖြစ်ရာဘဝမှာ ဥစ္စာပေါပြီး ကမ္ဘာတစ်သိန်းတိုင်တိုင် အပါယ်မကျဘဲနဲ့ အာသေဝေါကင်းကွာ ရဟန္တာဖြစ်နိုင်ခြင်း ဆိုတဲ့အကျိုးတွေ ရနိုင်ပါတယ်။
ကောင်းကျိုးအထွေအထွေ, ကျက်သရေအဖြာဖြာကို ဖြစ်ပေါ်စေပြီးတော့ တန်ခိုးအာဏာ ထက်မြက်ပါတဲ့ ဂုဏ် တော်စွမ်းအားပြ ဓဇဂ္ဂသုတ်ပရိတ်ဒေသနာတော်ကို ကြည်ညို သဒ္ဓါ ရိုသေစွာနဲ့ ရွတ်ကြဖတ်ကြ နာကြ ကြည်ညိုပူဇော်ပါကြပါစို့ သူတော်ကောင်းတို့ …။
¸
ဓဇဂ္ဂသုတ်တော်အမွှန်း
==========
(၁) ယဿာ နုဿရဏေနာပိ၊ အန္တလိက္ခေပိ ပါဏိနော။
ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံ ဝိယ သဗ္ဗထာ။
(၂) သဗ္ဗုပဒ္ဒဝဇာလမှာ၊ ယက္ခစောရာဒိသမ္ဘဝါ။
ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
(၁-၂) အို သူတော်ကောင်းတို့ အကြင်ဓဇဂ္ဂသုတ်ပရိတ် တော်ကို အောက်မေ့ရုံမျှဖြင့်သော်လည်း သတ္တဝါတို့သည် ကောင်းကင်၌သော်ပင် မြေပေါ်၌ကဲ့သို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထောက်တည်ရာကို ရရှိကြကုန်၏။ ဘီလူး ခိုးသူ စသည်တို့ကြောင့် ဖြစ်ပေါ်လာသော ဘေးရန်ခပင်း ပိုက်ကွန်တွင်းမှ လွတ်မြောက်ကြရသူတို့၏ အရေအတွက်သည်လည်း မရှိတော့ပါပေ၊ ထိုဓဇဂ္ဂသုတ် ပရိတ်တော်ကို ငါတို့သည် ရွတ်ကြကုန်စို့။
ဓဇဂ္ဂသုတ်တော်နိဒါန်း
==========
(၃) ဧဝံ မေ သုတံ
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ။
ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။
တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။
ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။
ဘဂဝါ ဧတဒဝေါစ ဘူတပုဗ္ဗံ ဘိက္ခဝေ
ဒေဝါသုရသင်္ဂါမော သမုပဗျူဠ္ဇော အဟောသိ။
အထ ခေါ ဘိက္ခဝေ သက္ကောဒေဝါနမိန္ဒောဒေဝေ
တာဝတိံသေ အာမန္တေသိ၊ သစေ မာရိသာ ဒေဝါနံ
သဂၤါမဂတာနံ ဥပၸေဇၨယ် ဘယံဝါ ဆမၻိတတၱံ ဝါ
လောမဟံသော ဝါ မမေဝ တသ္မိံ သမယေ
ဓဇဂ္ဂံ ဥလ္လောကေယျာထ။ မမံ ဟိ ဝေါ
ဓဇဂ္ဂံ ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ
ဝါ ဆမ္ဘိတတံ္တ ဝါ လောမဟံသော ဝါ၊
သော ပဟီယိဿတိ။
(၃) အရှင်ဘုရား တပည့်တော် ဤသို့မှတ်သား နာခဲ့ရပါ သည်၊ အခါတပါး မြတ်စွာဘုရားသည် သာဝတ္ထိ နေပြည် တော်ဝယ် အနာထပိဏ်သူဌေး၏ ဇေတဝန်ကျောင်း တိုက်၌ သီတင်းသုံးနေတော်မူပါသည်၊ ထိုဇေတဝန်ကျောင်း တိုက်၌ပင် ရဟန်းများကို ”ရဟန်းတို့” ဟုခေါ်တော်မူရာ ရဟန်းများက ”အရှင်ဘုရား” ဟု မြတ်စွာဘုရား မိန့်ခေါ်ချက်ကို တုန့်ပြန်ခံယူကြပါသည်။ မြတ်စွာဘုရား သည် ဤသို့ဆိုမည့်စကားတော်ကို မိန့်ကြားတော်မူ ပါသည်။ ရဟန်းတို့ ရှေး၌ဖြစ်ဘူးသည်မှာ တာဝတိံသာ နတ်တို့နှင့် အသူရာတို့၏ စစ်ပြင်ဆင်စုရုံးမှုဖြစ်၏။ ထိုအခါ နတ်တို့သနင်း သိကြားမင်းသည် တာဝတိံသာ နတ်တို့ကို မိန့်ဆို၏၊ ဆင်းရဲမရှိသူ အမောင်နတ်တို့ စစ်မြေပြင် ရောက်နေကြသော အမောင်နတ်တို့အား ကြောက်လန့် ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းများဖြစ်လျှင် ထို အချိန်မှာ ငါ၏အလံတော်ထိပ်ဖျားကိုသာ မော်ကြည့်ကြ ကုန်လော့၊ အကြောင်းမှာ ငါ၏အလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန်သော သင်တို့အား ဖြစ်ရမည့် ကြောက် ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းများ ပြေပျောက်မည် ဖြစ်သောကြောင့်တည်း။
(၄) နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
အထ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ
ဥလ္လောကေယျာထ၊ ပဇာပတိဿ ဟိ ဝေါ
ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတံ္တ ဝါ
လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
(၄) ငါ၏အလံတော်ထိပ်ဖျားကို အကယ်၍ မကြည့် မိကုန်ငြားအံ့၊ ထိုသို့မကြည့်မိကုန်သည်ရှိသော် ပဇာပတိ မည်သော နတ်မင်း၏အလံတော်ထိပ်ဖျားကို မော်ကြည့်ကြ ကုန်လော့၊ မော်ကြည့်ရခြင်းအကြောင်းကား ပဇာပတိမည် သော နတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန် သော သင်တို့အား အကြင်ကြောက်လန့်ခြင်းသည်လည်း ကောင်း၊ အကြင်ကိုယ်တုန်လှုပ်ခြင်းသည်လည်းကောင်း၊ အကြင်ကြက်သီးထခြင်းသည်လည်းကောင်း ဖြစ်ပေလတ္တံ။ ထိုကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းကို ပယ်ဖျက်အပ်ပေလတံ္တ။
(၅) နော စေ ပဇာပတိဿ ဒေဝရာဇဿ ဓဇဂ္ဂံ
ဥလ္လောကေယျာထ၊ အထ ဝရုဏဿ
ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
ဝရုဏဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ
ဥလ္လောကယတံ ယံ ဘဝိဿတိ ဘယံ ဝါ
ဆမ္ဘိတတ္တံ ဝါ လောမဟံ သော ဝါ၊
သော ပဟီယိဿတိ။
(၅) ပဇာပတိမည်သော နတ်မင်း၏ အလံတော်ဖျားကို
အကယ်၍ မော်မကြည့်မိကုန်သည်ဖြစ်အံ့၊ ထိုသို့ မော် မကြည့်မိကုန်သည်ရှိသော် ဝရုဏမည်သော နတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်ကြည့်ကုန်လော့၊ မော်ကြည့် ရခြင်းအကြောင်းကား ဝရုဏမည်သော နတ်မင်း၏ အလံ တော်ထိပ်ဖျားကို မော်ကြည့်ကြကုန်သော သင်တို့အား အကြင်ကြောက်လန့်ခြင်းသည်လည်းကောင်း အကြင် ကိုယ်တုန်လှုပ်ခြင်းသည်လည်းကောင်း အကြင်ကြက်သီး ထခြင်းသည်လည်းကောင်း ဖြစ်ပေလတ္တံ၊ ထိုကြောက် ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းကို ပယ်ဖျောက်အပ် ပေလတံ္တ။
(၆) နော စေ ဝရုဏဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
အထ ဤသာနဿ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
ဤသာနဿ ဟိ ဝေါ ဒေဝရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ
ယံ ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊
သော ပဟီယိဿတီတိ။
(၆) ဝရုဏမည်သော နတ်မင်း၏ အလံတော်ထိပ်ဖျားကို အကယ်၍ မော်မကြည့်မိကုန်သည်ဖြစ်အံ့၊ ထိုသို့ မော် မကြည့်မိကုန်သည်ရှိသော် ဤသာနမည်သော နတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန်လော့၊ မော်ကြည့် ရခြင်းအကြောင်းကား ဤသာနမည်သော နတ်မင်း၏ အလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန်သော သင်တို့အား အကြင်ကြောက်ခြင်းသည်လည်းကောင်း၊ အကြင်ကိုယ် တုန်လှုပ်ခြင်းသည်လည်းကောင်း၊ အကြင်ကြက်သီးထ ခြင်းသည်လည်းကောင်း ဖြစ်ပေလတ္တံ၊ ထိုကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းကို ပယ်ဖျောက်အပ်ပေ လတ္တံ ဤသို့မိန့်တော်မူသည်။
(၇) တံ ခေါ ပန ဘိက္ခဝေ သက္ကဿ ဝါ ဒေဝါန မိန္ဒဿ
ဓဇဂ္ဂံ ဥလ္လောကယတံ၊ ပဇာပတိဿ ဝါ ဒေဝရာဇဿ
ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဝရုဏဿ ဝါ ဒေဝရာဇဿ
ဓဇဂ္ဂံ ဥလ္လောကယတံ၊ ဤသာနဿ ဝါ ဒေဝရာဇဿ
ဓဇဂ္ဂံ ဥလ္လောကယတံ၊ ယံ ဘဝိဿတိ ဘယံ ဝါ
ဆမ္ဘိ တတ္တံ ဝါ လောမဟံ သော ဝါ၊
သော ပဟီယေထာပိ နောပိ ပဟီ ယေထ။
(၇) ရဟန်းတို့ နတ်တို့၏ အရှင်ဘုရင်ဖြစ်သော သိကြား မင်း၏ ထိုအလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန်သော နတ်တို့အားလည်းကောင်း၊ ပဇာပတိမည်သော နတ်မင်း၏ ထိုအလံတော်ထိပ်ဖျားကို မော်ကြည့်ကြကုန်သော နတ်တို့ အားလည်းကောင်း ဝရုဏမည်သော နတ်မင်း၏ ထိုအလံတော်ထိပ်ဖျားကို မော်ကြည့်ကြသော နတ်တို့အား လည်းကောင်း၊ ဤသာနမည်သော နတ်မင်း၏ ထိုအလံတော် ထိပ်ဖျားကို မော်ကြည့်ကြသော နတ်တို့ အားလည်းကောင်း၊ အကြင်ကြောက်လန့်ခြင်းသည် လည်းကောင်း၊ အကြင်ကိုယ်တုန်လှုပ်ခြင်းသည်လည်း ကောင်း၊ အကြင်ကြက်သီးထခြင်းသည်လည်းကောင်း ဖြစ်ပေလတ္တံ၊ ထိုကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီး ထခြင်းကို ပယ်ဖျောက်အပ်သည်လည်း ရှိရာ၏၊ မပယ် ဖျောက်အပ်သည်လည်း ရှိရာ၏။
(၈) တံ ကိဿ ဟေတု
သက္ကော ဟိ ဘိက္ခဝေ ဒေဝါနမိန္ဒော
အဝီတရာဂေါ အဝီတဒေါသော အဝီတမောဟော
ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။
(၈) ထိုကြောက်ခြင်းစသည် ပျောက် မပျောက်နှစ်မျိုး ဖြစ်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ အကြင်ကြောင့် နတ်တို့၏ အရှင်ဘုရင်ဖြစ်သော သိကြားမင်းသည် မကင်းသေးသောရာဂ ရှိ၏၊ မကင်းသေး သော ဒေါသရှိ၏၊ မကင်းသေးသော မောဟရှိ၏၊ ကြောက် တတ်၏၊ ကိုယ်တုန်လှုပ်တတ်၏၊ ထိတ်လန့်တတ်၏၊ ထွက်ပြေးတတ်၏ ထို့ကြောင့်ပင်တည်း။
(၉) အဟဉ္စ ခေါ ဘိက္ခဝေ ဧဝံ ဝဒါမိ၊ သစေ
တုမှာကံ ဘိက္ခဝေ အရညဂတာနံ ဝါ ရုက္ခ
မူလဂတာနံ ဝါ သုညာဂါရဂတာနံ ဝါ
ဥပ္ပဇ္ဇေယျ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံ သော ဝါ၊
မမေဝ တသ္မိံ သမယေ အနုဿ ရေယျာထ။
(၉) ရဟန်းတို့ ငါဘုရားသည်ကား ဤသို့ဟောတော်မူ၏၊ ရဟန်းတို့ တောအရပ်သို့ ကပ်ရောက်သည်မူလည်းဖြစ်
ကုန်သော သစ်ပင်ရင်းသို့ ကပ်ရောက်သည်မူလည်း ဖြစ် ကုန်သော ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ရောက်သည်မူလည်း ဖြစ်ကုန်သော သင်တို့အား ကြောက်လန့်ခြင်းသည် လည်းကောင်း၊ ကိုယ်တုန်လှုပ်ခြင်းသည်လည်းကောင်း ကြက်သီးထခြင်းသည်လည်းကောင်း အကယ်၍ဖြစ်ငြားအံ့၊ ထိုအခါ၌ ငါဘုရားကိုသာလျှင် အဖန်တလဲလဲ အောက်မေ့ ကြကုန်လော့။
(၁ဝ) ဣတိပိသော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ
အနုတ္တရောပုရိသဒမ္မသာရထိ သတ္ထာဒေဝမနု ဿာနံ
ဗုဒ္ဓေါ ဘဂဝါတိ။
(၁ဝ) ဘုန်းတော်ကြီးမား ထိုမြတ်စွာဘုရားသည် ဗြဟ္မာ နတ်လူတို့၏ အပူဇော်ကို ခံတော်မူထိုက်သော အကြောင်း ကြောင့်လည်း အရဟံ မည်တော်မူ၏၊ တရားအားလုံးစုံကို အမှန်အတိုင်းသာ ဆရာမရှိ သိတော်မူသော အကြောင်း ကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ ဝိဇ္ဇာဉာဏ် အကျင့်စရဏ ပြည့်ဝစုံလင်တော်မူသော အကြောင်း ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့် လည်း သုဂတ မည်တော်မူ၏၊ လောကသုံးပါးကို အကြွင်းမဲ့ သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ သီလစသောဂုဏ်အစုဖြင့် အတုမရှိ အမြတ်ဆုံးဖြစ်တော်မူသော အကြောင်းကြောင့် လည်း အနုတ္တရ မည်တော်မူ၏၊ ဆုံးမထိုက်သော သတ္တဝါတို့ကို အယဉ်ကျေးဆုံးဖြစ်အောင် ဆုံးမပဲ့ပြင် တတ်သော အကြောင်းကြောင့်လည်း ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ ကုန်သည်ကြီးမှူးဦးစီးပမာ သတ္တဝါတို့ကို သံသရာခရီးဝဲမှ ထုတ်ဆောင်ကယ်တင်တော်မူတတ်သော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည် တော်မူ၏၊ သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် လည်းသိ ဝေနေယျတို့ကိုလည်း သိစေတော်မူတတ်သော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏၊ ဤသို့အောက်မေ့ကြလေ။
(၁၁) မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ ဘဝိဿတိ ဘယံ
ဝါ ဆမ္ဘိတတ္တံ ဝါ လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
(၁၁) အောက်မေ့ရခြင်းအကြောင်းမှာ ရဟန်းတို့ ငါ ဘုရားကို အဖန်တလဲလဲ အောက်မေ့ကြကုန်သော သင်တို့ အား အကြင်ကြောက်လန့်ခြင်းသည်လည်းကောင်း၊ အကြင် ကိုယ်တုန်လှုပ်ခြင်းသည်လည်းကောင်း၊ အကြင် ကြက်သီးထခြင်းသည်လည်းကောင်း ဖြစ်ပေလတ္တံ၊ ထိုကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းကို ပယ်ဖျောက်အပ်ပေလတံ္တ။
(၁၂) နော စေ မံ အနုဿရေယျာထ၊
အထ ဓမ္မံ အနုဿရေယျာထ။
(၁၂) ငါဘုရားကို အကယ်၍ မအောက်မေ့မိကုန်သည် ဖြစ်အံ့၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော် တရား တော်ကို အောက်မေ့ကြကုန်လော့။
(၁၃) သွာက္ခာတော ဘဂဝတာ ဓမ္မော
သန္ဒိဋ္ဌိကော အကာလိကော
ဧဟိ ပဿိကော သြပနေယျိကော
ပစ္စတံ္တ ဝေဒိတဗ္ဗော ဝိညူဟီတိ။
(၁၃) ငါဘုရားကို မအောက်မေ့မိသော် တရားတော်ကို အောက်မေ့ကြလော့၊ မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောကြားတော်မူအပ်၏၊ ကောင်းစွာဟောအပ် တရားတော်မြတ်သည် ကိုယ်တွေ့သိမြင်အပ်သော တရား တော်ပေတည်း။ အခါမလင့်အကျိုးကို ပေးတတ်၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ထိုက်သော တရားတော် ဖြစ်၏၊ အရေးကြီးစွာ စိတ်မှာစွဲအောင် အမြဲဆောင် ထိုက်ပေ၏၊ တရားသိမြင် ပညာရှင်တို့သည် အသီးသီး မိမိသန္တာန်၌ သိမြင်အပ်ပေ၏၊ ဤသို့အောက်မေ့ကြလေ။
(၁၄) ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ
ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံ သော ဝါ သော ပဟီယိဿတိ။
(၁၄) အောက်မေ့ရခြင်းအကြောင်းကား ရဟန်းတို့တရား တော်ကို အဖန်တလဲလဲ အောက်မေ့ကြကုန်သော သင်တို့ အား အကြင်ကြောက်လန့်ခြင်းသည်လည်းကောင်း၊ အကြင် ကိုယ်တုန်လှုပ်ခြင်းသည်လည်းကောင်း၊ အကြင်ကြက်သီး ထခြင်းသည်လည်းကောင်း ဖြစ်ပေလတ္တံ၊ ထိုကြောက်ခြင်း ကိုယ်တုန်လှုပ်ခြင်း ကြက်သီးထခြင်းကို ပယ်ဖျောက်အပ်ပေ လတ္တံ။
(၁၅) နော စေ ဓမ္မံ အနုဿရေယျာထ၊
အထ သံဃံ အနုဿရေယျာထ။
(၁၅) တရားတော်ကို အကယ်၍ မအောက်မေ့မိကုန် သည်ဖြစ်အံ့၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော် သံဃာတော်ကို အောက်မေ့ကြကုန်လော့။
(၁၆) သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ
ဧသ ဘဂဝတော သာဝကသံဃော
အာဟုနေယျော၊ ပါဟုနေယျော၊
ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယော၊
အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။
(၁၆) တရားတော်ဂုဏ်ကို မအောက်မေ့မိသည်ရှိသော် သံဃာတော်ဂုဏ်ကို အောက်မေ့ကြကုန်လော့၊ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် ကောင်းစွာ ကျင့်တော်မူ တတ်၏၊ ဖြောင့်မတ်စွာ ကျင့်တော်မူတတ်၏၊ နိဗ္ဗာန်ရရေး အလေးပေးကာ ကျင့်တော်မူတတ်၏၊ နတ်လူတို့ အရို အသေခံထိုက်အောင် ကျင့်တော်မူတတ်၏။ အစုံအားဖြင့် လေးစုံအသီးသီးအားဖြင့် ရှစ်ပါးသော ဤဘုရားသား သံဃာတော်သည် အဝေးမှဆောင်ယူ အလှူကိုသော်ပင် ခံတော်မူထိုက်၏ ဧည့်သည်ကောင်းတို့အတွက် စီမံ အပ်သော ပစ္စည်းဝတ္ထုကိုပင် ခံတော်မူထိုက်၏၊ အလှူ ကောင်း အလှူမှန်ကို ခံယူဖို့ ထိုက်တန်တော်မူ၏၊ လက်အုပ်ချီမိုးရှိခိုးခြင်းကို ခံတော်မူထိုက်၏၊ တစ်လောက လုံး၏ အတုမရှိသော ကောင်းမှုစိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ်ဖြစ်တော်မူ၏၊ ဤသို့အောက်မေ့ကြလေ။
(၁၇) သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ ယံ
ဘဝိဿတိ ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ
လောမဟံသော ဝါ၊ သော ပဟီယိဿတိ။
(၁၇) အောက်မေ့ရခြင်းအကြောင်းကား ရဟန်းတို့ သံဃာတော်ကို အဖန်တလဲလဲ အောက်မေ့ကြကုန်သော သင်တို့အား အကြင်ကြောက်လန့်ခြင်းသည်လည်းကောင်း အကြင်ကိုယ်တုန်လှုပ်ခြင်းသည်လည်းကောင်း၊ အကြင် ကြက်သီးထခြင်းသည်လည်းကောင်း ဖြစ်ပေလတ္တံ၊ ထိုကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးထခြင်းကို ပယ်ဖျောက်အပ်ပေလတ္တံ။
(၁၈) တံ ကိဿ ဟေတု
တထာဂတောဟိ ဘိက္ခဝေ အရဟံ
သမ္မာသမ္ဗုဒ္ဓေါ ဝီတရာဂေါ ဝီတဒေါသော
ဝီတမောဟော အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။
(၁၈) ထိုသို့ အကြောက်အလန့်စသည် ပျောက်ကင်း ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ အကြင်ကြောင့် ပူဇော်အထူးကို ခံတော်မူထိုက်သော တရား စုံကို အကုန်လုံးဝ ညွှန်ပြသူမရှိ အမှန်အတိုင်းသိတော် မူသော ငါဘုရားသည် ကင်းပြီးသော ရာဂရှိတော်မူ၏၊ ကင်းပြီးသော ဒေါသရှိတော်မူ၏၊ ကင်းပြီးသော မောဟ ရှိတော်မူ၏၊ ကြောက်လန့်ခြင်း ရှိတော်မမူ၊ ကိုယ် တုန်လှုပ်ခြင်း၊ ရှိတော်မမူ၊ ထိတ်လန့်လေ့မရှိ၊ ပြေးလေ့ရှိ တော်မမူ ထို့ကြောင့်ပင်တည်း။
(၁၉) ဣဒမဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော၊
အထာပရံ ဧတဒဝေါစ သတ္ထာ။
(၁၉) မြတ်စွာဘုရားသည် ဤ ”သစေ တုမှာကံ ဘိက္ခဝေ” အစရှိသော စုဏ္ဏိယစကားပြေ ဒေသနာတော် မြတ်ကို မိန့်တော်မူခဲ့ပေပြီ၊ ကောင်းသောစကားကို မိန့်ဆို တတ်သား မြတ်ဘုရားသည် ဤစုဏ္ဏိယစကားပြေ ဒေသနာတော်မြတ်ကို မိန့်တော်မူပြီးသော် ထို့နောက် နတ်လူတို့ဆရာ ရှင်တော်မြတ်ဘုရားသည် တစ်ပါးသော ဤဂါထာဗန္ဓ ဓမ္မဒေသနာကို မိန့်တော်မူ၏။
(၂ဝ) အရညေ ရုက္ခမူလေ ဝါ၊ သုညာဂါရေ ဝ ဘိက္ခဝေါ၊
အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံတုမှာက နော သိယာ။
(၂ဝ) ရဟန်းတို့ တော၌သော်လည်းကောင်း သစ်ပင် ရင်း၌သော်လည်းကောင်း ဆိတ်ငြိမ်ဘိတောင်း တဲအိမ် ကျောင်းသော်လည်းကောင်း ငါဘုရားကို အဖန်တလဲလဲ အောက်မေ့ကြကုန်လော့၊ ဤသို့ အောက်မေ့သည်ရှိသော် သင်တို့အား ကြောက်လန့်ခြင်းသည် ဖြစ်နိုင်ဖွယ်ရာမရှိပေ။
(၂၁) နော စေ ဗုဒ္ဓံ သရေယျာထ၊ လောက ဇေဋ္ဌံ နရာသဘံ၊
အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
(၂၁) လောကထွတ်ဖူး အကြီးအမှူးဖြစ်တော်မူသော မနှိုင်းယှဉ်အပ် ပုဂ္ဂိုလ်မြတ်ဖြစ်တော်မူသော ငါဘုရားကို အကယ်၍ မအောက်မေ့မိကုန်သည်ဖြစ်အံ့၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော် သံသရာဝဋ်မှထွက် မြောက်တတ်သော ကောင်းစွာ ဟောကြားတော်မူအပ် သော တရားတော်ကို အောက်မေ့ကြကုန်လော့။
(၂၂) နော စေ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ၊
အထ သံဃံ သရေယျာထ၊ ပုည က္ခေတ္တံ အနုတ္တရံ။
(၂၂) သံသရာဝဋ်မှ ထွက်မြောက်တတ်သော ကောင်း စွာ ဟောကြားတော်မူအပ်သော တရားတော်မြတ်ကို အကယ်၍ မအောက်မေ့မိကုန်သည်ဖြစ်အံ့၊ ထိုသို့ မအောက်မေ့မိကုန်သည်ရှိသော် အတုမရှိသော ကောင်း
မှုမျိုးတို့ စိုက်ပျိုးခင်းသာ လယ်ယာကောင်းဖြစ်သော သံဃာတော်ကို အောက်မေ့ကြကုန်လော့။
(၂၃) ဧဝံ ဗုဒ္ဓံ သရန္တာနံ၊
ဓမ္မံ သံဃဉ္ဇ ဘိက္ခဝေါ။
ဘယံ ဝါ ဆမ္ဘိတတံ္တ ဝါ၊
လောမဟံသော န ဟေဿတိ။
(၂၃) ရဟန်းတို့ ဤငါဘုရားညွှန်ကြားတော်မူသည့် အတိုင်း ငါဘုရားကိုလည်းကောင်း၊ တရားတော်မြတ် ကိုလည်းကောင်း၊ သံဃာတော်မြတ်ကိုလည်းကောင်း၊ အမှတ်တရ အောက်မေ့ကြကုန်သော သင်တို့အား ကြောက်လန့်ခြင်းသည်လည်းကောင်း၊ ကိုယ်တုန်လှုပ်ခြင်း သည်လည်းကောင်း၊ ကြက်သီးထခြင်းသည်လည်းကောင်း ဖြစ်ပေလိမ့်မည်မဟုတ်။
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ
ဓဇဂ္ဂသုတ်တော် ပြီး၏။

No comments:

Post a Comment

Gold price estimated