ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပူဇေမိ၊ပူဇော်ပါ၏။
ဓမ္မံ၊ တရားတော်မြတ်ကို။ ပူဇေမိ၊ ပူဇော်ပါ၏။
သံဃံ၊ သံဃာတော်မြတ်ကို။ပူဇေမိ၊ ပူဇော်ပါ၏။
* ဗုဒ္ဓေါ မေသရဏံ အညံ နတ္ထိ။
* ဓမ္မော မေ သရဏံ အညံ နတ္ထိ။
* သံဃောမေ သရဏံ အညံ နတ္ထိ။
ဗုဒ္ဓေါ= မြတ်စွာဘုရားသည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ= ကိုးကွယ်ရာမည်ပါပေ၏။
အညံ= ဘုရားမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။
ဓမ္မော= တရားတော်မြတ်သည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ= ကိုးကွယ်ရာမည်ပါပေ၏။
အညံ= တရားမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။
သံဃော= သံဃာတော်မြတ်အပေါင်းသည်။
မေ= ဘုရားတပည့်တော်၏။
သရဏံ=ကိုးကွယ်ရာမည်ပါပေ၏။
အညံ= သံဃာမှတပါး။
သရဏံ= ကိုးကွယ်ရာသည်။
နတ္ထိ= မရှိတော့ပါချေ။
-အနတ္တလက္ခဏသုတ် မြန်မာပြန်-
*၁*အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည်
ဣသိပတန မိဂါဝုန်တော၌ ““သီတင်းသုံး””နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ““ရဟန်း
တို့””ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။
*၂*ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့
ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ဤရုပ်သည် နာကျင်ခြင်း
ငှါ မဖြစ်ရာ၊ ““ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ငါ၏
ရုပ်သည် ဤသို့ မဖြစ်စေလင့်””ဟု ရုပ်၌ တောင့်တမှုကို
ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သော
ကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ““ငါ၏ရုပ်သည်
ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်””ဟု
ရုပ်၌ တောင့်တမှုကို ရလည်းမရ။
*၃*ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည်
အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ
မဖြစ်ရာ၊ ““ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ငါ၏
ဝေဒနာသည် ဤသို့ မဖြစ်စေလင့်””ဟု ဝေဒနာ၌
တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ဝေဒနာ
သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ
ဖြစ်၏။ ““ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ငါ၏
ဝေဒနာသည် ဤသို့ မဖြစ်စေလင့်””ဟု ဝေဒနာ၌
တောင့်တမှုကို ရလည်းမရ။
*၄*သညာသည် အတ္တမဟုတ်၊ရဟန်းတို့ သညာသည်
အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ
မဖြစ်ရာ၊ ““ငါ၏သညာသည် ဤသို့ဖြစ်စေ၊ငါ၏
သညာသည် ဤသို့မဖြစ်စေလင့်””ဟု သညာ၌ တောင့်တ
မှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တ
မဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ““ငါ၏သညာ
သည် ဤသို့ဖြစ်စေ၊ ငါ၏သညာသည် ဤသို့
မဖြစ်စေလင့်””ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။
*၅*သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့သင်္ခါရ
တို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ဤသင်္ခါရတို့သည် နာကျင်
ခြင်းငှါ မဖြစ်ရာ၊ ““ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေ
ကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန်
သတည်း””ဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ
၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့်
နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ““ငါ၏သင်္ခါရတို့သည်
ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့
မဖြစ်စေကုန်သတည်း””ဟု သင်္ခါရတို့၌ တောင့်တမှုကို
ရလည်းမရ။
*၆*၀ိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ဝိညာဏ်
သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤ၀ိညာဏ်သည် နာကျင်ခြင်း
ငှါ မဖြစ်ရာ၊ ““ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏
ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်””ဟု ၀ိညာဏ်၌
တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ဝိညာဏ်
သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။
““ငါ၏၀ိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏၀ိညာဏ်သည်
ဤသို့ မဖြစ်စေလင့်””ဟု ၀ိညာဏ်၌ တောင့်တမှုကို
ရလည်းမရ။
*၇*ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်
ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။
မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို
““ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊
ဤရုပ်သည် ငါ၏ကိုယ် “အတ္တ”တည်း””ဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
*၈*ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်
ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာ
လော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲ
သော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာကို ““ဤ
ဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်
၏၊ ဤဝေဒနာသည် ငါ၏ကိုယ်“အတ္တ”တည်း””ဟု ရှုခြင်း
ငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်
ဘုရား။
*၉*သညာသည် မြဲသလော မမြဲသလော။ မမြဲပါ
အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သညာကို
““ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်
၏၊ဤသညာသည် ငါ၏ကိုယ်“အတ္တ”တည်း””ဟု ရှုခြင်းငှာ
သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
*၁၀*သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ
အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့
ကို ““ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ
တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်
“အတ္တ”တည်း””ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။
မသင့်လျော်ပါ အသျှင်ဘုရား။
*၁၁*၀ိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ
အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော
ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ၀ိညာဏ်ကို
““ဤ၀ိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤ၀ိညာဏ်သည်
ငါဖြစ်၏၊ ဤ၀ိညာဏ်သည် ငါ၏ကိုယ်“အတ္တ”တည်း””ဟု
ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ
အသျှင်ဘုရား။
*၁၂*ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ်
ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊
အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း
ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော
ရုပ်ကို ““ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည်
ငါမဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ်“အတ္တ” မဟုတ်””ဟု
ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။
*၁၃*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော ဝေဒနာကို ““ဤ ဝေဒနာသည်
ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ
ဝေဒနာသည် ငါ၏ ကိုယ်“အတ္တ” မဟုတ်””ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
*၁၄*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသောသညာကို ““ဤသညာသည် ငါ့
ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာ
သည် ငါ၏ကိုယ်“အတ္တ”မဟုတ်””ဟု ဤသို့ ဟုတ်တိုင်း
မှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
*၁၅*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ““ဤသင်္ခါရတို့
သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်
ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်“အတ္တ”မဟုတ်ကုန်””
ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်
ရှုရမည်။
*၁၆*အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း
အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊
အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း
ဖြစ်သော အလုံးစုံသော ၀ိညာဏ်ကို ““ဤ၀ိညာဏ်သည်
ငါ့ဥစ္စာမဟုတ်၊ ဤ၀ိညာဏ်သည် ငါမဟုတ်၊ ဤ
ဝိညာဏ်သည် ငါ၏ ကိုယ်“အတ္တ”မဟုတ်””ဟု ဤသို့
ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
*၁၇*ရဟန်းတို့ဤသို့ ရှုသော အကြားအမြင်ရှိသော
အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌
လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရ
တို့၌လည်းငြီးငွေ့၏၊ ၀ိညာဏ်၌လည်း ငြီးငွေ့၏၊
ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့်
(ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်
မြောက်သော် (ကိလေသာမှ) ““လွတ်မြောက်ပြီ””ဟု အသိ
ဉာဏ်ဖြစ်ပေါ်၏၊ ““ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်
ကို ကျင့်သုံးပြီးပြီ၊ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊
ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ””ဟု
ဟောတော်မူ၏။
*၁၈*မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊
ပဉ္စ၀ဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော
စကားကို နှစ်လိုသည်ဖြစ်၍ ၀မ်းမြောက်စွာ ခံယူကုန်ပြီ။
ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟော
တော်မူအပ်သည်ရှိသော် ပဉ္စ၀ဂ္ဂီရဟန်းတို့၏ စိတ်တို့သည်
မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။
အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။
(သုတ္တံတရားတော်များ စာအုပ်မှတဆင့်တင်ပြပါသည်)