မကောင်းမူဒုစရိုက်ကို ပြုရမည်မှ ရှက်ခြင်းသဘောသည် ဟိရိဖြစ်၍ ကြောက်လန့်ခြင်းသဘောကား သြတ္တပ္ပဖြစ်သည်။
ထို့ကြောင့် “ဒုစရိကို-ဟိရိရှက်စွ၊ လန့်သြတ္တနှင့်”ဟု ဆိုခဲ့သည်။
ဤဟိရိ သြတ္တပ္ပ ၂-ပါးတို့တွင် မိမိ၏ ဂုဏ်သိက္ခာကို စောင့်ရှောက်လေ့ရှိသူတို့၌ ဟိရိတရား ထင်ရှားသကဲ့သို့ ဆရာ မိဘ ဆွေမျိုး စသူနှင့် အခြားလူများကို လေးစားသူ၌ သြတ္တပ္ပတရား ထင်ရှားပေသည်။
ချဲ့ဦးအံ့။ “ငါသည် အမျိုးကောင်း တစ်ယောက်ဖြစ်၏။ ငါ့လို အမျိုးကောင်းသူက မကောင်းမူပြုနေလျှင် (ဥပမာ - တံငါလုပ်နေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်”ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမူကို ပြုရမည်မှ ရှက်၏။
ပညာတတ်သူကလည်း “ငါ့လို ပညာရှိတစ်ယောက်က အောက်ကျသော မကောင်းမူပြုလျှင် (သူ့ဥစ္စာ မတရားယူလျှင်) ရှက်စရာ ဖြစ်တော့မည်။”
အသက်ကြီးသူကလည်း “ငါ့လို အဘိုးကြီးက မကောင်းမူကို ပြုနေလျှင် (လိမ်နေလျှင်) ရှက်စရာကြီး ဖြစ်တော့မည်” ဤသို့ စသည်ဖြင့် မိမိမှာ ရှိသော ဂုဏ်တစ်ခုခုကို လေးစားသူ၌ ဟိရိတရား ထင်ရှားလေသည်။
ငါတစ်ယောက်က မကောင်းမူပြုလိုက်လျှင် ငါ့မိ ငါ့ဖ ငါ့ဆွေ ငါ့မျိုး (ငါ့ဆရာသမား) သူတစ်ပါးတို့၏ အကဲ့ရဲ့ကိုခံရ၍ “တံတွေးခွက် ပက်လက်မျော”ကာ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ရှာကြလိမ့်မည်။
ဤသို့ စပ်ဆိုင်သူများကို ငဲ့ညှာတတ်သူ၌ ဒုစရိုက်မှ ကြောက်လန့်တတ်သော သြတ္တပ္ပတရား ဖြစ်လေသည်။ မိမိဂုဏ်သိက္ခာကိုလည်း မငဲ့၊ ဆရာသမား မိဘဆွေမျိုး များကိုလည်း မငဲ့၊ ရွဲ့ချင်တိုင်းရွဲ့သူ၌ကား ဟိရိ သြတ္တပ္ပ ၂-မျိုးလုံးကင်း၍ ဒုစရိုက်အမူတွေ ပြည့်တင်းနေလေတော့သည်။
ထို့ကြောင့် ဤဟိရိနှင့် သြတ္တပ္ပ တရား ၂-ပါးသည် ကမ္ဘာသူ ကမ္ဘာသား လူအများကို သားနှင့်အမိ မောင်နှင့်နှမ စသည် ခြားနားအောင် စောင့်ရှောက်တတ်သောကြောင့် “လောကပါလ = ကမ္ဘာစောင့်တရား”ဟု လည်းကောင်း၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်သောကြောင့် “သုက္ကဓမ္မ = ဖြူစင်သောတရား”ဟုလည်းကောင်း နာမည်ရသည်။
လူ့လောက၌ ဤတရားနှစ်ပါးသာ မရှိပါမူ တိရစ္ဆာန်တို့နှင့် မထူးခြားဘဲ မှားချင်တိုင်းမှား၍ မကြားကောင်းမနာသာ ဖြစ်ရာ၏။ ယခုအခါမှာပင် ဟိရိသြတ္တပ္ပကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြရသဖြင့် အ၀တ်အစား အနေအထိုင် အသွားအလာမှစ၍ လျှပ်ပေါ်လော်လည်ကာ အမြင်မတော်စရာတွေ များလှချေပြီ။
ဤအတိုင်းသွားးလျှင် မကြာခင် အမြီးပေါက်ကြလိမ့်မယ်။
"ဟိရိသြတ္တပ္ပအတု"
ရှက်မူ ကြောက်လန့်မူကို ဟိရိသြတ္တပ္ပဟု ဆိုသော်လည်း တွေ့ကရာ ရှက်ကြောက်မူတွေကို ဟိရိသြတ္တပ္ပအစစ်ဟု မမှတ်ရ။ ဒုစရိုက်မကောင်းမူကိုပြုရမည်မှ ရှက်ခြင်း ကြောက်ခြင်းကိုသာ ဟိရိသြတ္တပ္ပအစစ်ဟု မှတ်ရမည်။
ထို့ကြောင့် ဥပုသ်စောင့် တရားနာ ဘုရားသွားရမှာကို ရှက်မူ (အစာပြတ်၍ ငတ်သေရမည်ကို မရှက်၊ အလုပ်လက်မဲ့နှင့် တေလေလုပ်ရမည်ကို မရှက်ဘဲ) အောက်ကျသည်ဟု ထင်သော အလုပ်တစ်ခုခုကို လုပ်ရမည်ကို ရှက်မူ၊ ယောက်ျားနှင့် မိန်းကလေးတို့ အချင်းချင်း တွေ့သောအခါ ရှက်နေမူများသည် ဟိရိအစစ်မဟုတ်၊
ပရိယာယ် မာယာများခြင်း၊ ဟန်ကြီးပန်ကြီး လုပ်ခြင်းသာ ဖြစ်၏။ အဘိဓမ္မာ အလိုအားဖြင့် တဏှာသဘောပင်တည်း။
"မရှက် ၄-ပါး"
လောကီအကျိုးစီးပွားကို ပြသော နီတိ ကျမ်းများ၌ ----
၁။ ရောင်းဝယ်ဖောက်ကား အတိုးအပွားပေးသောအခါ၊
၂။ ဆရာအထံ ချည်းကပ်၍ အတတ်ပညာသင်သောအခါ၊
၃။ အစာစားသောအခါ၊
၎။ သမီးခင်ပွန်းအချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ
ဤအခါများ၌ အရှက်ကို ဖယ်ထားရမည်ဟု ညွှန်ပြလျက်ရှိသည်။
[ထိုအရှက်မရှိမူများ၌ ကုသိုလ်ဖြစ်မဖြစ်ကို ပြောလိုရင်းမဟုတ်၊ မိမိအကျိုးရှိမည့်အရာ၌ မရှက်ရဟု ပြောလိုရင်းဖြစ်သည်။]
ထို့ပြင် တရားရုံးစသည်တို့၌ တရားသူကြီးကို ကြောက်ခြင်း၊ ရထား သင်္ဘော မြို့ပြတို့၌ တောသူတောင်သားတို့ အိမ်သာမသွားဝံ့အောင် ကြောက်ခြင်း၊ လူတစ်ယောက်နှင့် တစ်ယောက်ဖြစ်စေ၊ ခွေးစသော တိရစ္ဆာန်များကိုဖြစ်စေ၊ တစ္ဆေကိုဖြစ်စေ ကြောက်ရွံ့ခြင်း၊ မရောက်ဖူးသော အရပ်သို့ ခရီးသွာားရမည်ကို ကြောက်ရွံ့ခြင်း၊ ယောက်ျားကလေး မိန်းကလေးများ အရေးရောက်က ကြောက်နေကြခြင်း၊ ဆရာမိဘ လူကြီးသူမတို့ကို ကြောက်ခြင်း၊ ထိုသူတို့ရှေ့၌ စကားမပြောဝံ့အောင် ကြောက်ခြင်း၊ ဤသို့စသော ကြောက်ခြင်းများလည်း သြတ္တပ္ပအစစ်မဟုတ်၊ သတ္တိညံ့ဖျင်းမူ (တရားသဘောအားဖြင့်) ဒေါမနဿပြဋ္ဌာန်းသော အကုသိုလ်စုပင် ဖြစ်သည်။
"အလယ်အလတ်"
ဤပြခဲ့သော စကားအစဉ်ကို ကြည့်၍ အကုသိုလ် မဖြစ်သော ကိစ္စ၌ မရှက်သင့်၊ မကြောက်သင့်ဟု နားလည်ကြပြီ။ သို့သော် မရှက်မကြောက်ဘဲ လူမိုက်အားကိုး ရဲရမည်ဟု မဆိုလို။ ထိုလူမိုက်အားကိုး အရဲမျိုးသည် တစ်ဖက်သားကို မလေးစားသော အဂါရ၀ ဒေါသ မာနတရားများ ဖြစ်၍ မိုက်ရူးရဲသော မောဟ ဒေါသတို့သာ အဖြစ်များသည်။
ထို့ကြောင့် မရှက်သင့် မကြောက်သင့်သော ကိစ္စတို့၌ ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူးရဲနှင့် ဆရာမိဘ လူကြီးသူမတို့၌ မရိုသေ မလေးစားမူ အဂါရ၀မျိုး မဖြစ်စေဘဲ အလိမ္မာဉာဏ်ဖက်၍ မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ကာ ကျက်သရေ မင်္ဂလာရှိသော အလယ်အလတ် မရှက်မကြောက်ခြင်းမျိုးကိုသာ အလိုရှိထိုက်ကြပါသည်။
[အဘေတဗ္ဗမှိ ဘာယန္တိ၊ ဘာယိတဗ္ဗေ န ဘာယရေ = လောက၌ လူတို့သည် မကြောက်ရမည့်နေရာ၌ ကြောက်ကြ၏။ ကြောက်ရမည့် မကောင်းမူ၌ကား မကြောက်ကြ။ (တရားတော်)]
ထို့ကြောင့် “ဒုစရိကို-ဟိရိရှက်စွ၊ လန့်သြတ္တနှင့်”ဟု ဆိုခဲ့သည်။
ဤဟိရိ သြတ္တပ္ပ ၂-ပါးတို့တွင် မိမိ၏ ဂုဏ်သိက္ခာကို စောင့်ရှောက်လေ့ရှိသူတို့၌ ဟိရိတရား ထင်ရှားသကဲ့သို့ ဆရာ မိဘ ဆွေမျိုး စသူနှင့် အခြားလူများကို လေးစားသူ၌ သြတ္တပ္ပတရား ထင်ရှားပေသည်။
ချဲ့ဦးအံ့။ “ငါသည် အမျိုးကောင်း တစ်ယောက်ဖြစ်၏။ ငါ့လို အမျိုးကောင်းသူက မကောင်းမူပြုနေလျှင် (ဥပမာ - တံငါလုပ်နေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်”ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမူကို ပြုရမည်မှ ရှက်၏။
ပညာတတ်သူကလည်း “ငါ့လို ပညာရှိတစ်ယောက်က အောက်ကျသော မကောင်းမူပြုလျှင် (သူ့ဥစ္စာ မတရားယူလျှင်) ရှက်စရာ ဖြစ်တော့မည်။”
အသက်ကြီးသူကလည်း “ငါ့လို အဘိုးကြီးက မကောင်းမူကို ပြုနေလျှင် (လိမ်နေလျှင်) ရှက်စရာကြီး ဖြစ်တော့မည်” ဤသို့ စသည်ဖြင့် မိမိမှာ ရှိသော ဂုဏ်တစ်ခုခုကို လေးစားသူ၌ ဟိရိတရား ထင်ရှားလေသည်။
ငါတစ်ယောက်က မကောင်းမူပြုလိုက်လျှင် ငါ့မိ ငါ့ဖ ငါ့ဆွေ ငါ့မျိုး (ငါ့ဆရာသမား) သူတစ်ပါးတို့၏ အကဲ့ရဲ့ကိုခံရ၍ “တံတွေးခွက် ပက်လက်မျော”ကာ “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ရှာကြလိမ့်မည်။
ဤသို့ စပ်ဆိုင်သူများကို ငဲ့ညှာတတ်သူ၌ ဒုစရိုက်မှ ကြောက်လန့်တတ်သော သြတ္တပ္ပတရား ဖြစ်လေသည်။ မိမိဂုဏ်သိက္ခာကိုလည်း မငဲ့၊ ဆရာသမား မိဘဆွေမျိုး များကိုလည်း မငဲ့၊ ရွဲ့ချင်တိုင်းရွဲ့သူ၌ကား ဟိရိ သြတ္တပ္ပ ၂-မျိုးလုံးကင်း၍ ဒုစရိုက်အမူတွေ ပြည့်တင်းနေလေတော့သည်။
ထို့ကြောင့် ဤဟိရိနှင့် သြတ္တပ္ပ တရား ၂-ပါးသည် ကမ္ဘာသူ ကမ္ဘာသား လူအများကို သားနှင့်အမိ မောင်နှင့်နှမ စသည် ခြားနားအောင် စောင့်ရှောက်တတ်သောကြောင့် “လောကပါလ = ကမ္ဘာစောင့်တရား”ဟု လည်းကောင်း၊ ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်သောကြောင့် “သုက္ကဓမ္မ = ဖြူစင်သောတရား”ဟုလည်းကောင်း
လူ့လောက၌ ဤတရားနှစ်ပါးသာ မရှိပါမူ တိရစ္ဆာန်တို့နှင့် မထူးခြားဘဲ မှားချင်တိုင်းမှား၍ မကြားကောင်းမနာသာ ဖြစ်ရာ၏။ ယခုအခါမှာပင် ဟိရိသြတ္တပ္ပကင်းသူတို့နှင့် ပေါင်းသင်းဆက်ဆံ၍ နေကြရသဖြင့် အ၀တ်အစား အနေအထိုင် အသွားအလာမှစ၍ လျှပ်ပေါ်လော်လည်ကာ အမြင်မတော်စရာတွေ များလှချေပြီ။
ဤအတိုင်းသွားးလျှင် မကြာခင် အမြီးပေါက်ကြလိမ့်မယ်။
"ဟိရိသြတ္တပ္ပအတု"
ရှက်မူ ကြောက်လန့်မူကို ဟိရိသြတ္တပ္ပဟု ဆိုသော်လည်း တွေ့ကရာ ရှက်ကြောက်မူတွေကို ဟိရိသြတ္တပ္ပအစစ်ဟု မမှတ်ရ။ ဒုစရိုက်မကောင်းမူကိုပြုရမည
ထို့ကြောင့် ဥပုသ်စောင့် တရားနာ ဘုရားသွားရမှာကို ရှက်မူ (အစာပြတ်၍ ငတ်သေရမည်ကို မရှက်၊ အလုပ်လက်မဲ့နှင့် တေလေလုပ်ရမည်ကို မရှက်ဘဲ) အောက်ကျသည်ဟု ထင်သော အလုပ်တစ်ခုခုကို လုပ်ရမည်ကို ရှက်မူ၊ ယောက်ျားနှင့် မိန်းကလေးတို့ အချင်းချင်း တွေ့သောအခါ ရှက်နေမူများသည် ဟိရိအစစ်မဟုတ်၊
ပရိယာယ် မာယာများခြင်း၊ ဟန်ကြီးပန်ကြီး လုပ်ခြင်းသာ ဖြစ်၏။ အဘိဓမ္မာ အလိုအားဖြင့် တဏှာသဘောပင်တည်း။
"မရှက် ၄-ပါး"
လောကီအကျိုးစီးပွားကို ပြသော နီတိ ကျမ်းများ၌ ----
၁။ ရောင်းဝယ်ဖောက်ကား အတိုးအပွားပေးသောအခါ၊
၂။ ဆရာအထံ ချည်းကပ်၍ အတတ်ပညာသင်သောအခါ၊
၃။ အစာစားသောအခါ၊
၎။ သမီးခင်ပွန်းအချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ
ဤအခါများ၌ အရှက်ကို ဖယ်ထားရမည်ဟု ညွှန်ပြလျက်ရှိသည်။
[ထိုအရှက်မရှိမူများ၌ ကုသိုလ်ဖြစ်မဖြစ်ကို ပြောလိုရင်းမဟုတ်၊ မိမိအကျိုးရှိမည့်အရာ၌ မရှက်ရဟု ပြောလိုရင်းဖြစ်သည်။]
ထို့ပြင် တရားရုံးစသည်တို့၌ တရားသူကြီးကို ကြောက်ခြင်း၊ ရထား သင်္ဘော မြို့ပြတို့၌ တောသူတောင်သားတို့ အိမ်သာမသွားဝံ့အောင် ကြောက်ခြင်း၊ လူတစ်ယောက်နှင့် တစ်ယောက်ဖြစ်စေ၊ ခွေးစသော တိရစ္ဆာန်များကိုဖြစ်စေ၊ တစ္ဆေကိုဖြစ်စေ ကြောက်ရွံ့ခြင်း၊ မရောက်ဖူးသော အရပ်သို့ ခရီးသွာားရမည်ကို ကြောက်ရွံ့ခြင်း၊ ယောက်ျားကလေး မိန်းကလေးများ အရေးရောက်က ကြောက်နေကြခြင်း၊ ဆရာမိဘ လူကြီးသူမတို့ကို ကြောက်ခြင်း၊ ထိုသူတို့ရှေ့၌ စကားမပြောဝံ့အောင် ကြောက်ခြင်း၊ ဤသို့စသော ကြောက်ခြင်းများလည်း သြတ္တပ္ပအစစ်မဟုတ်၊ သတ္တိညံ့ဖျင်းမူ (တရားသဘောအားဖြင့်) ဒေါမနဿပြဋ္ဌာန်းသော အကုသိုလ်စုပင် ဖြစ်သည်။
"အလယ်အလတ်"
ဤပြခဲ့သော စကားအစဉ်ကို ကြည့်၍ အကုသိုလ် မဖြစ်သော ကိစ္စ၌ မရှက်သင့်၊ မကြောက်သင့်ဟု နားလည်ကြပြီ။ သို့သော် မရှက်မကြောက်ဘဲ လူမိုက်အားကိုး ရဲရမည်ဟု မဆိုလို။ ထိုလူမိုက်အားကိုး အရဲမျိုးသည် တစ်ဖက်သားကို မလေးစားသော အဂါရ၀ ဒေါသ မာနတရားများ ဖြစ်၍ မိုက်ရူးရဲသော မောဟ ဒေါသတို့သာ အဖြစ်များသည်။
ထို့ကြောင့် မရှက်သင့် မကြောက်သင့်သော ကိစ္စတို့၌ ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော မိုက်ရူးရဲနှင့် ဆရာမိဘ လူကြီးသူမတို့၌ မရိုသေ မလေးစားမူ အဂါရ၀မျိုး မဖြစ်စေဘဲ အလိမ္မာဉာဏ်ဖက်၍ မိမိ၏ စိတ်ဓာတ်ကို ပြုပြင်ကာ ကျက်သရေ မင်္ဂလာရှိသော အလယ်အလတ် မရှက်မကြောက်ခြင်းမျိုးကိုသ
[အဘေတဗ္ဗမှိ ဘာယန္တိ၊ ဘာယိတဗ္ဗေ န ဘာယရေ = လောက၌ လူတို့သည် မကြောက်ရမည့်နေရာ၌ ကြောက်ကြ၏။ ကြောက်ရမည့် မကောင်းမူ၌ကား မကြောက်ကြ။ (တရားတော်)]
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment