Video

Wednesday 8 October 2014

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၅ (အသုဘဘာဝနာ)

 
မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေးဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်-၅ (အသုဘဘာဝနာ)

အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းရသည်မှာ မိမိတို့ ခန္ဓာကိုယ်ကို အလွန် အဘိုးထိုက်တန် လှသည်ဟုအထင်ကြီးမားနေသော မာန်မာနတရား နည်းပါးစေမှုအတွက် ဟုတ်မှန်သည့်အတိုင်း ဆင်ခြင်ရသော ကမ္မဋ္ဌာန်းဖြစ်ပေသည်။

ကျင်ကြီး ကျင်ငယ် စွန့်လွှတ်သော နောက်ဖေးဝင်သည့်အချိန်မှာ အသုဘ ကမ္မဋ္ဌာန်းစီးဖြန်း ဆင်ခြင်ရန်အတွက် အချိန်ကောင်း ကာလကောင်းကြီး ဖြစ်ပေသည်။


သြော်... ငါ၏ခန္ဓာကိုယ်သည် ငါတို့အထင်ကြီးနေကြသလောက် အဘိုးထိုက် အဘိုးတန်ကြီးမဟုတ်ပါတကား...၊ စင်စစ်ဧကန် အမှန် မုချအားဖြင့် ယခုမျက်မြင်ဖြစ်သော ကျင်ကြီး, ကျင်ငယ်, နှပ်, တံတွေး, သွေး, သလိပ်, စသည်တို့ဖြင့် ဤကိုယ်အတွင်းမှာပြည့်နှက် ပုတ်လှောင်နေသော အပုတ်ကောင် စင်စစ် (အသုဘ)ပါတကား...ဟု
စဥ်းစား ဆင်ခြင်ဉာဏ်မြင်လိုက်သည့်အခါ၊ ကျင်ကြီး, ကျင်ငယ်စွန့်ရင်း(သတ္ထကသမ္ပဇည) အကျိုးရှိ၍ ကုသိုလ်တွေရလေသည်။

သတိထား၍ အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းဆင်ခြင်ကြပါ သူတော်ကောင်းတို့...။
=======


No comments:

Post a Comment

Gold price estimated