Video

Wednesday 8 October 2014

စတုရာရက္ခ ကိုယ်စောင့်တရားတော်-၄ (အပြည့်အစုံ ဗြဟ္မစိုရ်ပွားနည်း)


 

မန္တလေးမြို့ မစိုးရိမ် ပါဠိတက္ကသိုလ်ပဋ္ဌာန်းဆရာတော် အသျှင်ဦးဝိသုဒ္ဓ နေ့စဉ် အလုပ်ချိန်ထား၍ လုပ်နည်းနှင့်တကွ လွယ်လွယ်ကလေးဟောကြားတော်မူအပ်သော...
စတုရာရက္ခကိုယ်စောင့်တရားတော်- (အပြည့်အစုံဗြဟ္မစိုရ်ပွားနည်း)

အတ
၁။ ငါသည် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းရပါလို၏။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းရပါလို၏။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရပါလို၏။
၎။ အကျွန်ုပ်၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ရပါလို၏။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ရပါလို၏။
၆။ အကျွန်ုပ်သည် ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ရပါလို၏။
ရ။ အကျွန်ုပ်၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာ ရပါလို၏- ချမ်းသာရပါလို၏။
(ဤကား မိမိကိုယ်ကို အာရုံပြု၍ ဗြဟ္မစိုရ်ပွားပုံ။)

ပိယ
အကျွန်ုပ်၏ ချစ်ခင် နှစ်သက် စုံမက် မြတ်နိုးအပ်ကုန်သော ရတနာ သုံးဖြာ၊ ဆရာ၊မိဘ၊ ဂုဏ၀ုဍ္ဎိ, ၀ယ၀ုဍ္ဎိ, သီလ, သမာဓိ, ဉာဏ်ပညာ ရှိကြကုန်သော လူ သူတော်ကောင်း၊ နတ်သူတော်ကောင်း၊ ဗြဟ္မာ သူတော်ကောင်း၊ ရသေ့ သူတော်ကောင်း၊ ရဟန်း သူတော်ကောင်း၊ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမာဒေ၀-နတ်ကောင်း နတ်မြတ်အပေါင်းတို့သည်...
၁။ ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၎။ မိမိတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ကြပါစေ။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ကြပါစေ။
၆။ မိမိတို့၏ ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ကြပါစေ။
ရ။ မိမိတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ- ချမ်းသာကြပါစေ။
(ဤကား ချစ်အပ် ခင်အပ်သော ပုဂ္ဂိုလ်ကို အာရုံပြု၍ ဗြဟ္မစိုရ်ပွားပုံ။)

မဇ္ဈ
အထက် ဘ၀ဂ်၊ အောက်အ၀ီစိ ရှိရှိသမျှ သတ္တ၀ါ အနန္တတို့သည်...
၁။ ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၎။ မိမိတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ကြပါစေ။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ကြပါစေ။
၆။ မိမိတို့၏ ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ကြပါစေ။
ရ။ မိမိတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာကြပါစေ- ချမ်းသာကြပါစေ။
(ဤကား အလယ်အလတ်ဖြစ်သော ပုဂ္ဂိုလ်တို့ကို အာရုံပြု၍ ဗြဟ္မစိုရ်တရား ပွားများပုံ။)

ဝေရီ
အစမထင်သော ဘ၀အစဉ် ကမ္ဘာအဆက်ဆက် မှစ၍ ဤရက်- ဤနေ့တိုင်အောင် ရန်သူရန်ဘက် ဖြစ်ခဲ့ဘူးကြကုန်သောယခုဖြစ်ဆဲ ဖြစ်ကြကုန်သော ရန်သူ ပုဂ္ဂိုလ် အပေါင်းတို့သည် မကောင်းသော အကြံအစည်ဟူသမျှတို့သည်အကုန်လုံး ကင်းပျောက်ကြကုန်သည် ဖြစ်၍ ကောင်းမြတ်သော အကြံအစည် တို့သည်သာလျှင်ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြပါစေ...
၁။ ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၂။ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၃။ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
၎။ မိမိတို့၏ ကိုယ် နှုတ် နှလုံး သုံးပါးတို့ကို မပူမပင် ဖြူဖြူစင်စင်၊ ဧဧမြမြ၊ ချမ်းချမ်းသာသာ၊ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်ကြပါစေ။
၅။ ကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်စိတ် ၂-ပါးတို့၏ဆင်းရဲခြင်းတို့မှ ကင်းဝေးဧမြ ချမ်းသာ ကြပါစေ။
၆။ မိမိတို့၏ ယခု ရရှိပြီးသော လောကီ စည်းစိမ် ချမ်းသာ၊ လောကုတ္တရာ ရေးအတွက်စည်းစိမ် ချမ်းသာ အဖြာဖြာတို့မှ မပျက်မစီး အမြဲတည်ကြပါစေ။
ရ။ မိမိတို့၏ ကုသိုလ်ကံ၊ အကုသိုလ်ကံသာလျှင် အခြေခံ ဥစ္စာရှိကုန်သည် ဖြစ်၍ကိုယ်စိတ် ၂-ဖြာ ချမ်းသာ ကြပါစေ- ချမ်းသာကြပါစေ။
(ဤကား ရန်သူကိုပင် ရန်သူမထားတော့ပဲ ဗြဟ္မစိုရ်တရား ပွားများပုံ။)

မှတ်ချက်။     ။ ဤအထက်ပါ မြန်မာ ဘာသာမေတ္တာပို့သည် အများနားလည် ရရှိထားကြသော -
၁။ အဝေရာဟောန္တု၊
၂။ အဗျာပဇ္ဈာဟောန္တု၊
၃။ အနီဃာ ဟောန္တု၊
၎။ သုခီ အတ္တာနံ ပရိဟာရန္တု၊
၅။ ဒုက္ခာမုဉ္စန္တု၊
၆။ ယထာ လဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု၊
၇။ ကမ္မဿကာ... ဟူသော ပါဠိ ဘာသာကို အစဉ်အတိုင်း မြန်မာဘာသာ သက်သက် ပြန်ဆိုပို့သွန်းခြင်းဖြစ်ပေသည်။

ငရုတ်, ဆီ, ဆား, စသော ဟင်း၏အင်္ဂါ စုံလင်မှ ဟင်း၏အရသာ ကောင်းစွာ ပေါ်ပေါက်လာသလို၊ဤမေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်း၌လည်း အတ္တ၊ ပိယ၊ မဇ္ဈ၊ ဝေရီ...
ပထမ မိမိခန္ဓာကိုယ်၊ ဒုတိယ ချစ်အပ် ခင်အပ်သော ပုဂ္ဂိုလ်၊ တတိယ အလယ်အလတ်သော ပုဂ္ဂိုလ်၊စတုတ္ထ ရန်သူဖြစ်ခဲ့ဘူးသော ပုဂ္ဂိုလ်၊ ဖြစ်ဆဲ ကြုံတွေ့ဆဲဖြစ်သော ရန်သူများကိုပင်ရန်သူဟု သဘောမထားဘဲ၊ ဤအင်္ဂါလေးပါးနှင့် စုံညီသော မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်းစီးဖြန်းမှ ထင်ထင်ရှားရှား အရသာပေါ်၍ ထင်ရှားသိသာသော အကျိုးတရားများကိုခံစားစံစားရပေသည်။

အိုသူတော်ကောင်းတို့... ၂၄-နာရီလုံးလုံး မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်းကို မစီးဖြန်းမပွားများနိုင်ဘူးဆိုလျှင် ရှိပါစေဦးတော့၊ နံနက်ခင်း အိပ်ယာထမျက်နှာသစ်ချိန်၁၀-မိနစ် ၁၅-မိနစ်လောက်ဖြင့် အင်မတန်မှ ပွားများအားထုတ်ဘို့ သင့်လျော်လှပါပေသည်။သူများအတွက် တစက်မျှမပါ၊ သင်၏ရှေ့ရေး ဧမြ သာယာမှုအတွက် သက်သက် ဖြစ်သည်ကိုအသင်စဉ်းစား၍၊ အသင်သည် နေ့စဉ် ရက်စဉ် မှန်မှန်ကြီး အဓိဋ္ဌာန်ထား၍ပွားများသင့်လှပေသည်၊ သူတော်ကောင်းတို့ -

(ဧတံ သတိံ အဓိဋ္ဌေယျ ဗြဟ္မမေတံ ၀ိဟာရ ၀ိဓမာဟု) (မေတ္တာသုတ်) သင်သူတော်ကောင်းတို့သည်လူ့ဘ၀ကိုလဲ ရနေကြပြီ၊ သာသနာတော်ကြီးနှင့်လဲ ကြုံကြိုက်လျက် ရှိနေသည်။ ကုသိုလ်အကုသိုလ်နှင့်တကွ ကောင်းကျိုး မကောင်းကျိုးတို့ကိုလဲ သိကြပြီ၊ သိလျက်နှင့်မျှကြိုးစား အားထုတ်သင့်သလောက် မကြိုးစား၊ အားမထုတ်လိုကြလျှင်...
‘နင် မဆုံးမ နင့်တာပဘယ်က ခံလိမ့်မည်’ ဟူသော ရတနာထွဋ်ခေါင် ဆရာတော်ဘုရားကြီး၏ မှာတမ်းတော် စကားအတိုင်းဘဲရှိတော့မည် သူတော်ကောင်းတို့…

သူတစ်ပါးကို မေတ္တာပို့ရသည်မှာ သနားရသည်မှာ ၀မ်းမြောက်ရသည်မှာ သူတစ်ပါးအတွက် မဟုတ်ပါလားဟုမေးစရာရှိပေသည်။ သေသေချာချာ စဉ်းစားကြည့်လိုက်လျှင် သူတစ်ပါးကို အာရုံပြုပြီးလျှင်မိမိသန္တန်မှာ မေတ္တာဗြဟ္မစိုရ် ကုသိုလ်တရား ပေါက်ပွားရရှိအောင် မေတ္တာစိတ် ကရုဏာစိတ်မုဒိတာစိတ် (အပင်) စိုက်ပျိုး ထူထောင်မှုဖြစ်သည်ကို အထူး သတိပြုကြရမည်သူတော်ကောင်းတို့...။
သူတစ်ပါးအာရုံပြုပြီး ကိုယ့်အတွက် အမြတ်ထုတ်မှု အမှန်ပင်တည်း။

အာရုံဧမှ စိတ်ဧသည်၊ အာရုံပူတော့ စိတ်ပူသည်၊စိတ်ဧချမ်းသာမှုရစေရန် မေတ္တာဗြဟ္မစိုရ် ကမ္မဋ္ဌာန်း စီးဖြန်းကြပါလေ...။   ။


No comments:

Post a Comment

Gold price estimated