Video

Monday, 20 October 2014

ဆံတော်ရှင်ဇင်းကျိုက်စေတီတော်မြတ်သမိုင်းကြောင်း


  သုံးလူ့ထွဋ်ထားသဗ္ဗညုရှင်တော်ဂေါတမမြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ရောက်ခါနီး ကာလဝယ် ကရာမည-ကရဏ္ဍကတိုင်း

သုဘိန္နဂရဟု ထင်ရှားရှိခါရှင်တော်ဘုရားအပွင့်မှီ နှစ်ပေါင်း (၅၀-)ခန့်က ယခု သထုံပြည် တည်နေရာ ဌာနသုဘိန္န နဂရမြို့ကြီး ဟုဝေးနီးထင်ပေါ်

သတင်းကျော်လျက် လွန်စွာမွေ့ပျော်ခါစ  စတုမဟာတာဝတိသာ မာယာ စသည်နတ့်ပြည်ကဲ့သို့  စည်ပင်လှစွာ သားကြီးသာ၍ သတ္တဝါဗိုလ်လူခပ်သိမ်း


သူတို့မှီခိုနေထိုင်ရာဖြစ်သော ရာဇဌာနီမင်းနေပြည်တော်မြို့ကြီးတစ်မြို့တည်ထားခဲ့လေသည်။ ထိုသုဘိန္နနဂရ ယခု သထုံ (ခေါ်) သုဝဏ္ဏဘူမိ ရာဇဌာနီ

မင်းနေပြည်တော်တွင် တိဿဓမ္မ ဘုရင်ကြီးသည် သီရိက္ကပါ အဂ္ဂမဟေသီ ဒေဝီမိဖုရားခေါင်နှင့် ဘုန်းမီး နေ,လ,ထွန်းလင်းတောက်ပလျက် ဒဿရာဇ

ဓမ္မလေးတန် သင်္ဂဟနာယက ခြောက်ပုံ ခုနှစ်စုံ အပရိဟာ၊ အစဖြာသော စည်လာလမ်းကြောင်းနှင့် ကမ္ဘာအစ မဟာသမတမင်းကောင်းမင်းမြတ်တို့၏

ကျင့်စဉ်ဖြင့် စီမံအုပ်ချုပ် ပြီး နေထိုင်တော်မူကြသည်။ မင်းမိဖုရား တို့သည် သားတော် ၂-ပါး ဖွားမြင်တော်မူရာတွင် သားတော်အကြီးကို

ပုဏ္ဏားတော်တို့က သိမ်မွေ့နူးညံ့၍ သိပ္ပပညာအရာရာတွင် လိမ္မာတတ်မြောက်ခြင်း၊ သူတော်သူမြတ်တို့၏ အလေ့အလာ သီလသိက္ခာနှင့်ပြည့်စုံခြင်း

ဟောပြော
ကြသဖြင့်  တိဿာကုမာရဟု ဘွဲ့တော်အပ်နှင်းကာ၊ သားတော်အငယ်က ခြေတဝါး၌ခြင်္သေ့စက်လက္ခဏာပါနေဖြင့် သီဟကုမာရ

ဟုဘွဲ့တော်အပ်နှင်းတော်မူ
ပြီးလျှင် အလွန်ချစ်ခင်ယုယစွာ အမျိုးမျိုးသောစည်းစိမ်ချမ်းသာမင်းညီမင်းသား အဆောင်အယောင်များစွာတို့ဖြင့် ထားရှိတော်မူလေသည်။


       နောင်တော်ဖြစ်သော တိဿကုမာရ သက်တော် ၂၃-နှစ်၊ ညီတော် သီဟကုမာရ သက်တော် ၂၁-နှစ်အရွယ်သို့ရောက်သောအခါ

နောင်တော်သည်ဘဝအတန်တန်က ရင့်သန်သော ပါရမီဓါတ်ခံကြောင့် သတိ၊ သံဝေဂ၊ တရားတွေ ထင်ရှိလာရာ  ညီတော်ကိုခေါ်၍ တိုင်ပင်သည်မှာ

နောင်တော်ညီတော်တို့သည် မနုဿတ္တ ဒုလ္လဘ ဟုဆိုသော လူ၏ဘဝကို အလွန့်အလွန် ရခဲပါလျက် အတိတ်ဘဝက ကုသိုလ်ကံ အထူးအကျိုးပေးကံ

ကောင်းလှသဖြင့် လူ့ဘဝတွင် လူမင်းဖြစ်သော အသက်ဦးဆံပိုင်သည့်   ရေမြေသနင်း  ပြည့်ရှင်မင်း၏သားတော်များဖြစ်လာကြ သည့်အလျောက်

ထီးမွေနန်းမွေဆက်ခံခြေက ယွင်းသွေတိမ်းပါးမတရားသော် ဖြစ်သောဘဝ သံသရာတွင် တဆင့်ထက် တဆင့် မြင့်မြတ်ခါ နိဗ္ဗာန်ချမ်းသာကို

ဧကန်ရောက်ရှိ ခံစားစံစားနိုင်အောင် သံဝေဂ တရားနှလုံးသွင်း အားထုတ်ဘို့ အရေးသည် စည်းစိမ်နှင့် ပျော်မွေ့ခါ အေးနေ၍မဖြစ်နိုင်၊

တောတောင်ပျော်မွေ့ရသေ့ရဟန်းပြုလုပ်လျက် သီလသိက္ခာမြဲစွာနှင့် သမထ ဝိပဿနာ ကမ္မဌာန်းပါ စီးမြန်းအားထုတ်ရသော်မှ

လျော်ကန်သင့်မြတ်မည့်အကြောင်းကို ပြောဆိုတိုင်ပင်လေသည်။  ထိုအခါညီတော်သည်လည်း ပါရမီရှင်တစ်ယောက်  ဖြစ်သည့်အလျေက်

လွန်စွာနှစ်ခြိုက် သဘောကျပြီး ခမည်းတော် မယ်တော်တို့ထံ ခွင့်ပန်ရန် ညီနောင် ၂-ပါး သံဓိဌာန်ချခါ တောထွက်ဘို့အရေး           
 ကြံစီတွေးတော ကြလေသည်။

မင်းမိဖုရား၂ပါးတို့သည်သားတော်၂ပါးကို လွန်စွာချစ်ခင်ကြင်နာသောကြောင့် အမျိုးမျိုးသောစည်းစိမ်ချမ်းသာဖြင့်ထားကာ   နေတော်မူသည်တွင်

အချိန်တန်အရွယ်ရောက်လာသောကြောင့် သားတော်အကြီးဖြစ်သော တိဿကုမာရမင်းသားကို အိမ်ရှေ့ဥပရာဇာ အပ်နှင်းပေးသနားတော်မူလေရာ

ရသေ့ရဟန်းပြုလုပ်လိုကြောင်းဖြင့် အတန်တန်ငြင်းပယ်တောင်းပန်လျှောက်ထားသောကြောင့် သားတော်အ
ငယ်သီဟကုမာရမင်းသားအား အိမ်ရှေ့ဥပရာဇာအပ်နှင်းပြန်လေရာ နောင်တော်တိဿကုမာရမင်းသား ကဲ့သို့ပင်ငြင်းဆန်ခွင့်ပန်လျှောက်ထားပြန်ရာ

မင်းမိဖုရား ၂-ပါးက ခမည်းတော်နှင့် မယ်တော်တို့မှာ ဤသားတော် ၂-ပါးသာလျင် ကံအားလျှော်စွာ ရရှိကာ သံယောဇဉ် ငြိတွယ်နေသဖြင့်

ထီးနန်းညွန့်မပျောက်မပျက်စေလို သောကြောင့် ရသေ့ရဟန်းပြုခွင့်မပြုနိုင်၊ အကယ်၍ သားတော် ၂-ပါးအနက်သားတော် ၁-

ပါးထီးနန်းဆက်ခံမည်ဖြစ်ပါက ခမည်းတော် မယ်တော် တို့ စိတ်မချမ်းမြေ့သော်လည်း ဖြေနိုင်စရာအကြောင်းရှိသေးသည်ကို မိန့်တော်မူလျက် ထပ်မံ

ရ်ျထီးနန်ခန့်အပ်ဖို့အရေးကို မင်းမိဖုရား၂-ပါးကြံစည် အားထုတ်ကာနေတော်မူကြသည်။
        ဤသို့နှင့်ပင်ညီနောင်၂ပါးသည် ရသေ့ရဟန်းပြုခွင့်မရကြသဖြင့် စိတ်သောကဖြစ်ကာ မှိုင်တွေနေရာမှ ပွဲတော်တည်ရန်ကိုပင်

ကောင်းစွာသုံးဆောင်ခြင်း မပြုကြဘဲ မအီမသာပိန်ခြုံးကာရှိနေသည်ကို မင်းမိဖုရား၂ပါးသိရှိသဖြင့် တွေးတောကြံဆတိုင်ပင်ကြကာ

ရသေ့ရဟန်းပြုခွင့်မရကြလျင်
တစ်နေ့ထက်တစ်နေ့ အသက်အန္တရာယ်ဆုံးရှုံးဘွယ်ရာဖြစ်ချေတော့မည်ကို စိုးရိမ်တော်မူကြသဖြင့်၊

သာသနာ့ဒါယကာသာသနာ့အမွေခံလည်းဖြစ်စေတော့ဟု တိုင်
ပင်တော်မူပြီးလျှင် ရသေ့ရဟန်းပြုခွင့်ပေးသနားတော်မူလေသည်။မင်းသားညီနောင်၂-ပါးသည် ရသေ့ရဟန်းပြု၍တောထွက်ရန် ခွင့်ပြုချက်ရရ်ျ

အကြံတော်အောင်မြင်သဖြင့် အလွန်ရွှင်လန်းဝမ်းမြောက်ကာ အားအင်ပြည့်
တင်းစိမ့်သော ငှာရက်သတ္တပတ်ကြာ အာဟာရမှီဝဲကြပြီးလျှင်  ရသေ့ရဟန်းပြုကာ အတူတကွသုဝဏ္ဏဘူမိ(ခေါ်)သထုံမြို အရှေ့တောင်အရပ်ရှိ

ဂစ္ဆဂီရိတောင်တော်
(ဇင်းကျိုက်တောင်)စခန်းသို့ကြွမြန်း  ဆိုက်ရောက်ကာ သီလသိက္ခာပြည့်စုံစွာဖြင့် ဝိပဿနာကမ္ပဌာန်းများကို ကြိုးပမ်းအားထုတ်ကျင့်ကြံနေတော်မူကြ
သောကြောင့် များမကြာမှီ လောကီဈာန်သမာပါတ်ကို အောင်မြင်စွာရရှိ ခံစားကြရလေသည်။ ဈာန်သမာပတ်ရကြပြီးသောအခါ

နောင်တော်ကတစ်ဖန်အကြံရှိ
တော်မူသည်မှာ ငါတို့ညီနောင်အတူတကွ ကျင့်ကြံအားထုတ်ခြင်း သည် ၊တစ်ဦးနှင့်တစ်ဦးစကားပြောဆိုခြင်းရှိနေလျှင်

အချိန်ကုန်လွန်ခြေမည်ဖြစ်သောကြောင့် ခွဲခွာ၍ သီး
ခြားနေထိုင်ကျင့်ကြံအားထုတ်ရသော် ယခုရရှိထားသော ဈာန်တန်ခိုးထက် အကျိုးကြီးမားသည့် တရားတော်များကို စောလျင်စွာခံစားရရှိနိုင်

မည့်မျှော်လင့်ချက် ဖြင့် ညီတော်ရသေ့ကို တိုင်ပင်ရာနောင်တော်၏ အမိန့်အတိုင်းသဘောတူလျက် နောင်တော်ကဂစ္ဆဂီရိတောင်(ဇင်းကျိုက်တောင်)၊

ညီတော်ကဗန္ဓာဂီရိတောင်(ဇွဲကပင်တောင်)သို့ သီတင်းသုံးတရားအားထုတ်နေတော်မူကြသည်။ အကြောင်းရှိခဲ့သော မီးပြခြင်း အချက်သက်သေပြုရန်

ကတိပြုခဲ့ကြသည်။
ရသေ့ညီနောင်၂ပါး၏ ဘွဲ့တော်မှာ မင်းသား၏ဘွဲ့တော်အတိုင်း နောင်တော်ကိုတိဿရသေ့ ၊ညီတော်ကိုသီဟရသေ့ဟု

ပင်လျှင်ဘွဲ့တော်ထားရှိခါနေထိုင်ကြလေသည်။ ယခုသထုံမြို့ အရှေ့တောင်ဘက်ရှိဂစ္ဆဂီရိ (ဇင်းကျိုက်တောင်) သည် ရှေးအခါက

ပင်လယ်ကမ်းပါးတောင်ခြေဖြစ်လျှက်တောင်၏ အနောက်ဘက် ခြေရင်း
ကမ်းပါးနှင့် မနီးမဝေး ပင်လယ်ထဲတွင် ကျွန်းကြီးတစ်ကျွန်းရှိကာ ဇင်းကျိုက်တောင်ကဲ့သို့ပင် သစ်ပင်၊သစ်ပွင့်၊သစ်သီးဆန်းကြယ်စုံလင်စွာ အနံ့အရသာ

မျိုးစုံကာ အရိပ်အာဝါသ တင့်တယ်စွာဆေးအတွက် တန်ခိုးဖြာသောနေရာမြူးထူးပျော်စရာဖြစ်သောကြောင့် နဂါးပြည်မှနဂါးများသည်

ဤကျွန်းသို့မကြခဏ လာရောက်ကာ မြူးထူးပျော်ပါး နေထိုင်လေ့ရှိကြသည်။ ဇင်းကျိုက်တောင်နှင့်ဤကျွန်းကြီးကို နဂါးပျော်တောင်၊

နဂါးပျော်ကျွန်းဟုပင်ခေါ်ကြသည်။
ဗန္ဓာဂီရိတောင်(ဇွဲကပင်တောင်)သည် ရှေးအခါက စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် နေရောင်မသန်းပဲ သြဇာရသာ တန်းခိုးဖြာသော

ဆေးသစ်ပင်များ အဂ္ဂိယ ဖိုထိုးသမားတို့အတွက် အကျိုးများသော ၀ထ္ထုပစ္စည်းများဆန်းကြယ်စွာ  စုံလင်ပေါများသောကြောင့် ၀ိဇ္ဇာဓိုရ်ဇော်ဂျီများ

ဆေးအလို့ငှာ ပျော်ပါးလာရောက်လေ့ရှိကြလေသည်။တစ်ရံရောအခါက အဆိုပါဇင်းကျိုက်တောင်အနီး နဂါးပျော်ကျွန်းကြီးတွင် နဂါးမသည်

လူမိန်းမအသွင် နုပျိုချောမွတ်စွာ ဆင်ယင်ကာ ဖန်ဆင်းလျှက်  ထိုကျွန်းကြီးပေါ်တွင်ပျော်ရွှင်စွာ ကခုန်သီဆိုကာ မြူးထူးပျော်ပါးနေခိုက်

ဝိဇ္ဇာဓိုရ်လုလင်ပျိုတစ်ဦးသည် ၎င်းကျွန်းကြီးသို့ဆေးဝါးရှာ အလို့ငှာရောက်လာရာတွင်တွေ့ဆုံမိကြသဖြင့်မေတ္တာဆက်ဆံ

ကိုယ်လက်နှီးနှောကြသောကြောင့် လူမိန်းမအသွင် ဖန်းဆင်းထားသောနဂါးမတွင် ပဋိသန္ဓေစွဲကပ်ရ်ျ  နဂါးတို့ထုံးစံအရ လူသားနှင့်ဆက်ဆံ

ငြိတွယ်စွဲကပ်သော ပဋိသန္ဓေကို နဂါးပြည်သို့ယူဆောင်ရိုး မရှိသောကြောင့် သန္ဓေရင့်မာအောင် ဆိုင်းငံ့နေပြီးမှ ဥချရန်အချိန်စေ့ရောက်၍

၎င်းကျွန်းကြီးအနီး ဒိုက်သရောကြီး တစ်ခုပေါ်တွင် ဥ၂-လုံးဥချထားပြီး စွန့်ပစ်ကာနဂါးပြည်သို့ ပြန်သွားလေသည်။ တိဿရသေ့ကြီးသည်

ဇင်းကျိုက်တောင်ရိုး တစ်လျှောက်မှ သစ်သီးသစ်ဥကြီးငယ်များကို ရှာဖွေသုံးဆောင်ခြင်းဖြင့် ၎င်းတောင်အနီးရှိ ကျေးရွာများမှ သဒ္ဓါတရားနှင့်ပြည့်စုံသော

ဒါယကာတို့လှုဒါန်းပူဇော်သက္ကာများကို မှီဝဲသုံးဆောင်ခြင်းဖြင့် မျှတတော်မူကာ တောင်၏အနီးနားဝန်းကျင်ရှိ တောတောင်တစ်လျှောက်သို့ ဣရိယာ

ပုတ်ညီမျှစေခြင်းငှာ စင်္ကြန်သဘောဖြင့် မကြခဏ သွားလာလှည့်ပတ်လေ့ရှိသည်။တစ်နေ့သောအခါ လှည့်လည်တော်မူရာတွင် သံသရာမှ

ကံဆုံလာသည့်အတိုင်း တောင်ခြေရင်းကမ်းပါးအနီး ဒိုက်သရောကြီးအပေါ်တွင် လူ့ရပ်လူဘုံ၌ တစ်ရံတစ်ခါမျှ မတွေ့မကြုံဘူး အလွန်ထူးဆန်းသော

အဆိုပါဥကြီး၂-လုံးကိုတွေ့သောအခါကောက်ယူလိုသော အာသာစိတ်ဖြစ်တော်မူလေသဖြင့် ကောယူရာ၌ ဥပါဒ်ဘေးရန်အန္တရာယ် တစ်စုံတစ်ရာရှိမရှိ

စုံစမ်းကြည့်သော် ဘေးမသီရန်မခပဲ ရယူနိုင်ကြောင်းသိ၍ ဥကြီး၂-လုံးကို ကျောင်းသင်္ခဏ်းသို့ ရွှင်လန်းဝမ်းမြောက်စွာ ယူဆောင်တော်မူလာလေသည်။
တိဿရသေ့ကြီးသည် ထိုဥကြီး ၂-လုံးကို ယူဆောင်၍ ကျောင်းသင်္ခဏ်းသို့ ရောက်သည့် ခဏတွင်ပင် ရရှိသော ဥကြီး ၂-လုံးအကြောင်း

ညီတော်သီဟရသေ့အား ပြောဆိုပြသရန်အတွက် ညတွင်မီးပြအချက်ဖြင့် ညီတော်ကိုပြသခေါ်လေရာ နောက်တနေ့ ညီတော်ရောက်လာသဖြင့်

ထူးဆန်းသော ဥကြီးများ၏ အချင်းအရာကိုတွေးတောဆင်ခြင်ကာ တောင်ခြေ၏ သမုဒ္ဒရာပင်လယ် ကမ်းနားနဂါးမနှင့် ဝိဇ္ဇာ တွေ့ဆုံသင့်မြတ်ခါ

သန္ဓေရသဖြင့် ၊ နဂါးမ ဥချစွန့်ထားခဲ့သော ဥကြီးများဖြစ်တန်ရာ၏ဟု တိုင်ပင်ကြပြီးလျှင် ညီနောင် ၂-ပါး တစ်ဥစီ သိမ်းယူထားရန် သဘောတူကာ

ညီတော်သီဟရသေ့ သည် ဇွဲကပင်တော်သို့ ဥတလုံး ယူဆောင်ကြွသွားကာ သိမ်းဆည်း ထားတော်မူလေသည်။ထိုကဲ့သို့ ညီနောင် ၂-ပါး အသီးသီး

သိမ်းယူထားပြီး ကာလပေါက်ဖွားချိန်စေ့ရောက်သောအခါ နောင်တော် တိဿရသေ့ကြီး ယူထားသောဥမှ ရှုခြင်စဖွယ် အင်္ဂါကြီးငယ် လက္ခဏာပြည့်စုံ

ငုံတန်ကြော့ရှင်း အဆင်းအသားရေ တင့်တယ်လှပသော ယောက်ျားကလေး ပေါက်ဖွားလေသည်။ ထိုနေ့၌ပင်လျှင် ညီတော်သီဟရသေ့ ထံရှိဥမှလည်း

ထိုနည်းတူစွာ ယောက်ျားကလေးပေါက်ဖွားသဖြင့် နောင်တော်တိဿရသေ့ ထံသို့ ဖူးမျှော်ကန်တော့ပြသလျှောက်ထားရန် ယူဆောင်၍ ရောက်လာရာ

နောင်တော်ကလည်း သားယောက်ျားကလေး ပေါက်ဖွားကြောင်းဖြင့် ညီတော်သို့ပြသကာ တစ်ချိန်တည်းလိုပင် ပေါက်ဖွားသော

ယောက်ျားကလေးများဖြစ်၍ မွေးလှည့်ကြုံကံဆုံကာ ဘဝကပါရမီ အဟုန်ကြောင့် ငါတို့၏ သားများပင်ဖြစ်တော့သည် တကားဟု

အလွန်ချစ်ခင်ကြင်နာသံယောဇဉ် တွယ်တာလျှက် ရသေ့ညီနောင်၏ တန်ခိုးဖြင့်၊ ဓိဋ္ဌာန်ခါ လက်ညှိုးမှ နို့ရည်ယိုထွက် စေပြီးလျှင် အသီးသီး

ယုယပိုက်ထွေးကျွေးမွေးစောင့်ရှောက်ထားကြလေသည်။ဥဖွား ၂-ပါး ဖွားမြင်သော သက္ကရာဇ်မှာ ဘိုးတော် အဉ္ဖနမင်း ကောဇာသက္ကရာဇ်( ၈၆၄၅)

ဖြိုပြီးနောက် ၈၉-ခုနှစ် သက္ကရာဇ်တွင် ပေါက်ဖွားကြလေသည်။
ဇွဲကပင်တောင်ရှိ ညီတော်ရသေ့ထံ ဥမှပေါက်ဖွားသော သူငယ်သည် ၉-နှစ်ကျော် ၁၀-နှစ် အရွယ်သို့ရောက်သောအခါ ကျောက်ပေါက်သောရောဂါဖြင့်

အနိစ္စရောက်၍ ဇင်းကျိုက်တောင်ရှိ နောင်တော် တိဿရသေ့ထံ သွားရောက်လျှောက်ထားသောအခါ နောင်တော်က သံသရာတွင်ကျင်လည်သမျှ

ဤဒုက္ခမျိုးသည် လွဲရှောင်မရ သင်္ခါရဖြစ်မြဲဓမ္မတာ ဖြစ်၍သံဝေဂ ယူဘို့ရာ ဖြစ်ကြောင်းသာဟုပြောကြားခါ ကျန်ရှိသောဥဖွားကိုသာ ချစ်ခင်ယုယ

စောင့်ရှောက်ဖို့အရေးရှိနေသေး၍ ဇင်းကျိုက်တောင်မှာပင် အတူတကွ ပြောင်းရွေ့ လျှက် တိုင်ပင်နေထိုင်ကြလေသည်။ဇင်းကျိုက်တောင်တွင်ညီနောင်

၂-ပါး သားဥဖွားပါနေကြရာမှ တိဿရသေ့ ကြီးသည် ဤအရပ်ကားမြို့ရွာနှင့် နီးစပ်သဖြင့် လူသူပရိသတ် ထူထပ်ဆူညံ အဆင်းအသံစသောအာရုဏ်

ကာမဂုဏ် တို့ကြောင့် စိတ္တဝိဝေဂ ရနိုင်ရာ အရပ်မဟုတ်သေးဟု အပြစ်မြင်သဖြင့် လူသူမနီး တောနက်ရာအရပ်သို့ ရွေ့ပြောင်းနေထိုင်ရန် ရှာဖွေဦးမှ

သင့်လျှော်မည်ဟု ကြံစီပြီးလျှင် ခရီးဒေသဇာ လှည့်လည်ခါဖြင့် ဆိတ်ငြိမ်ရာအရပ် ရှာဖွေလတ်သော် လူသာမန်တို့ အမြဲနေရန် မဆိုထားဘိ စိတ်ဖြင့်

ကြံစီခြင်းငှာပင် ခဲယဉ်းလှစွာသော တောကြီး တောင်ကြီးမြောင်ကြီး အတန်တန် ကာဆီး မြိုင်ကြီး ဂနိုင်ကြီး သေလာ သစ်ပင်သစ်သီး ပန်းပေါင်းစုံစွာ

ဇင်းကျိုက်တောင်ထက်ပင်ဝေဆာပေါများသည့် ယခု ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကြီးစံပါယ်တော်မူရာဖြစ် သောကျိုက်ထီးရိုးတောင်ကြီးနှင့်

မုဆိုးတောင်ခေါ်သော တောင်ကြီးသို့ဆိုက်ရောက်သဖြင့် သဲဖြူချောက် နတ်ချောက် နတ်ရေတွင်း ကျီးပစပ် စမ်းချောင်းတို့တွင်

ကောင်းမွန်သန့်ရှင်းကြည်လင်သောရေစင် ရေကောင်းလိုသလောက် သုံးဆောင်နိုင်ကြောင်းကို သိမြင်တော်မူ၍  ဤရပ်မြေသည် အရိပ်ရေနှင့်

ပြည့်စုံပေစွ ငါတို့ရသေ့ရဟန်းများနှင့်လည်း သင့်လျော် လျှောက်ပတ်သော ပတိရူပအရပ်လည်းဖြစ်၍ ရွှင်လန်းဝမ်းမြောက်ကာ

ဇင်းကျိုက်တောင်မှပြောင်းရွေ့လာရောက်နေထိုင်ကျင့်ကြံပါက
 လျော်ကံ သင့်မြတ်လိမ့်မည် ဟု တွေးတောတော်မူပြီး ပထမ သီတင်းသုံးသော ဇင်းကျိုက်တောင်သို့ပြန်၍  ညီတော် သီဟရသေ့

ကိုအကျိုးအကြောင်းပြောလျက် သုဝဏ္ဏဘုမ္မိ သထုံမြို့ရှိ ခမည်းတော်မယ်တော်တို့ထံကိုလည်း သွားရောက်ပြောကြားကာ ဥဖွားသားတော်ကိုပါ

ခေါ်ဆောင်လျှက် မုဆိုးတောင်သို့ ပျော်ရွှင်စွာ ကြွရောက်နေထိုင်ကျင့်ကြံအားထုတ် သီတင်းသုံးနေတော်မူလေသည်။
နောင်တော်တိဿရသေ့ကြီး မုဆိုးတောင်သို့ရောက်၍ လပေါင်းအတော်ကြာသောအခါ သိကြားမင်းနှင့် ကရင်စော်ကဲ ဒါယကာများ

လာရောက်ပူဇော်ဆည်းကပ်ကာ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။မုဆိုးတောင်၌ ဝိဇ္ဇာဓိုရ်လုလင် တစ်ဦးလည်း ထိုတောင်ရိုး

တောင်စဉ်တစ်လျှောက်တို့ကိုလှည့်ပတ်၍ ဆေးပင် ဝါးပင်များကို ရှာဖွေနေကာ ကျီးပါးစပ်ဂူတွင်း၌နဂါးမနှင့်တွေ့ဆုံကာတစ်ယောက်ကိုတစ်ယောက်

ကြည်ဖြူစုံမက် ၊ ချစ်ခင်နှစ်သက်ကြသဖြင့် ပေါင်းသင်းနေထိုင်ခဲ့ကြလေသည်။ထိုသို့နေထိုင်ကြ၍ ကာလအတော်ကြာသောအခါ တနေ့သ၌

ဝိဇ္ဇာဓိုရ်လုလင် ဆေးဝါးအရှာအဖွေ သွားခိုက်တွင် သတိလွတ်လပ်စွာ အိပ်မိသဖြင့် ဇာတိရုပ်ပေါ်တဲ့အချိန် ဝိဇ္ဇာဓိုရ်လုလင်မြင်သွားကာ ကိုယ့်ကိုယ်ကို

ဆင်ခြင်ကာ ဤသို့စဉ်းစားမိသည်..."ငါ့အား နဂါးမနှင့် အိမ်ထောင်ဘက်ပြု၍ ပေါင်းသင်းဆက်ဆံနေသဖြင့် မသင့်မလျော်ချေ၊

ထိုနဂါးမနှင့်တွေ့သည့်နေ့မစ၍ မိမိ၏ဆေးဝါးလုပ်ငန်းလည်း ပျက်ကွက်လစ်ဟင်းချေသည်။ ထိုသို့တပြီးကား မိမိ၏ဆေးဝါးလုပ်ငန်းကို ဆက်လက်၍

လုပ်ကိုင်ရန်နဂါးမကိုစွန့်၍ အရပ်တစ်ပါးသို့ တိတ်တဆိတ်ထွက်သွားတော့အံ့ဟု ကြံစီပြီး၊ ဇနီးဖြစ်သူ နဂါးမ မသိအောင် တစ်စုံတစ်ရာပြောဆိုခြင်းမရှိပဲ

အမှတ်တမဲ့ ထွက်လာခဲ့ပြီး ဆရာဖြစ်သော တိဿရသေ့ကြီးကို ဖူးမျှော်ကန်တော့၍ တောင်စောင်းသို့ ပုန်းအောင်ဆင်းသက်ပြီးလျှင်

ထွက်ပြေးလေသည်။
နဂါးမလည်း ဝိဇ္ဇာဓိုရ်လုလင် ထွက်ပြေးသွားသည်ကိုသိရှိကာ ဝမ်းနည်းပူဆွေးကာလင်တော်ပြန်လာတဲ့အချိန်ကိုစောင့်မျှော်ကာ မိမိ၏ပဋိသန္ဓေကို

သန္ဓေရင့်အောင်စောင့်ဆိုင်းကာ နေပြီး၏သန္ဓေရင့်သဖြင့် ကျီးပါးစပ်ဂူအတွင်း ဥ ၂-လုံးဥချထားခဲ့ပြီး ဆရာရသေ့ကြီးအား ဖူးမျှော်ကန်တော့ာ

ဘောဂဝတီနဂါးပြည်သို့ ပြန်သွားလေသည်။နောင်တော်တိဿရသေ့ကြီးသည် ကျီးပါးစပ် ဂူတွင်းမှ ဥ ၂-လုံးတွေ့ရှိကာ ကောက်ယူပြီး

မိမိ၏ကျောင်းသင်္ခဏ်းသို့ပြန်လာခဲ့လေသည်။ ထိုသို့သိမ်းထားသည့်နောက်မကြာမှီ

ဇင်းကျိုက်တောင်မှညီတော်သီဟရသေ့ရောက်လာသဖြင့်မိမိသိမ်းထားသောဥ ၂-လုံးကိုထုတ်ပြ၍ ရှေးကရဘူးသောဥများနှင့် အလားတူပင်ဖြစ်သည်

ဟုပြောဆိုပြီးလျှင် ဥတစ်လုံးကိုညီတော်အားပေးတော်မူ၏ ညီတော်သီဟရသေ့လည်း ထိုဥကိုမိမိကျောင်းသင်္ခဏ်းသို့ ယူဆောင်၍ ကောင်းမွန်ယုယစွာ

သိမ်ထားတော်မူသည်။ကာလအတန်ကြာသောအခါ ထိုဥ ၂-လုံးမှ သမီးမိန်းကလေး ပေါက်ဖွားလာခဲ့သည်။နောင်တော်တိဿရသေ့ကြီးရရှိထားသော

ဥမှပေါက်သည့် မိန်းကလေး ကို ကရင်စော်ကဲကြီးတို့တောင်းယူမွေးစားကာ ထိုမိန်းကလေးအား ရွှေနန်းကျင် ဟုအမည်မှည့်ထားလေသည်။

ညီတော်သီဟရသေ့ကြီးရရှိထားသော ဥမှ ပေါက်သည့် မိန်းကလေးကို အပေါင်သူကြီးက တောင်းယူမွေးစားကာ နာဂသူဇာ သတို့သမီးဟု

အမည်မှည့်ထားလေသည်။ညီတော်သီဟရသေ့ကြီး ပထမဥမှ ပေါက်ဖွားသော သားငယ်သည် စုတေပြီး မိထ္ထီလာပြည်တွင် ဂဝမ္ပတိ ရဟန္တာမထေရ်

ဖြစ်လာခဲ့သည်။
နောင်တော်တိဿရသေ့ကြီးသည်မင်းသားတို့တပ်အပ်သော အတတ်ပညာရပ်များကို၊မိမိငယ်စဉ်ကသင်ကြားတတ်မြောက်တော်မူထားသည့်အတိုင်း

သတို့သား နာဂဝိဇ္ဇာ အားသင်ကြားပြသတော်မူ၏။ သတို့သားလည်းဆရာရသေ့ကြီးသင်ပြသော အတတ်ပညာရပ်များကို

အလုံးစုံကျွမ်းကျင်တတ်မြောက်လေ၏။ သတို့သားငယ် ၁၇-နှစ်အရွယ်သို့ရောက်သောအခါ တိဿမင်းကြီးနှင့် သီရိကပ္ပါ မိဖုရားကြီး တို့သည်

သားတော်များနှင့် ကွေကွင်း၍နေရသောဆင်းရဲဖြင့် အမြဲပူပင်သော စိတ်နှလုံးရှိသည်ဖြစ်၍ညှိုးချုံးပါးလျသော ခန္ဓာကိုယ်ဖြင့်

ဇရာဒုဗ္ဗလအရွယ်ရောက်လျက် ဝေဒနာစွဲခန္ဓာစဲခါနတ်ရွာစံလွန်တော်မူကြလေကုန်သည်။
 နောင်တော်တိဿရသေ့ကြီးနှင့်ညီတော်သီဟရသေ့ကြီးတို့သည် နာဂဝိဇ္ဇာ သတို့သားအားထီးနန်းအပ်ခါ အပေါင်ကျွဲခြံ သူကြီးသမီး

နာဂသူဇာကိုဆောင်ယူပြီးလျင် မုဒ္ဓါဘိသိက်ခံတော်မူ၍ အဂ္ဂမဟေသီ အရာထားတော်မူလေသည်။ညီတော်သီဟရသေ့ ၏ဥဖွားသားငယ်သည် စုတေပြီး

ရှင်ဂဝမ္မတိထေရ်အဖြစ်သို့ ရောက်ရှိကာ ရှေးဘဝက အဘနှင့်ဦးရီးတော်ဘူးသော ရသေ့ ၂-ပါးတို့အားဘုရားသခင်၏ဂုဏ်တော်ကျေးဇူးတော်များကို

မိမိဥာဏ်အမြင်ရှိသည့်အတိုင်း အကျယ်တဝင့် ဖွင့်ဟဟောကြားတော်မူလေ၏။ရသေ့ညီနောင်တို့သည် မြတ်စွာဘုရားသခင်၏

ဂုဏ်တော်ကျေးဇူးတော်များကို ကြားနာရလျှင် ဘုရားရှင်ကိုဖူးမြင်လိုသောဆန္ဒ၊ ဟောကြားတော်မူသော တရားတော်များကို နာယူလိုသောဆန္ဒ

လွန်မင်းစွာဖြစ်ကြ၍ ရှင်ဂဝမ္မတိထေရ်အား မြတ်စွာဘုရားသခင်အား ဤအရပ်သို့ပင့်ဆောင်ပေးပါရန် လျှောက်ထားကြကုန်သည်။
ရှင်ဂဝမ္မတိထေရ်သည်လည်း မြတ်စွာဘုရားသခင်အထံတော်သို့ကပ်၍ သုဝဏ္ဏဘူမိ သထုံမြို့ကြီးသို့ နောက်ပါတပည့် သံဃာတော်

ငါးရာတို့နှင့်တကွဒေသစာရီကြွချီဖြန့်မြန်းတော်မူ၍ မိမိ၏ဖခင်ဖြစ်ဘူးသော ရသေ့နှစ်ဦးတို့နှင့်

ထိုဒေသသူလူနတ်အများတို့အားတရားရေအေးတိုက်ကျွေးပါရန် ဘုရားရှင်ကိုယ်တော်မြတ်ကို ရှင်ဂဝမ္ပတိထေရ် တောင်းပန်လျှောက်ထားချက်အရ

ထိုဒေသသို့ ကြွချီတော်မူသော် ရသေ့နှစ်ဦးနှင့်တကွ များစွာသော လူအပေါင်းတို့ အကျွတ်တရားရကြလတ္တံ့ သော အကြောင်းနှင့် ထိုအရပ်၌

ဆံတော်ဓါတ်များအဓွန့်ရှည်စွာ တည်၍သာသနာတော် စည်ပင်ထွန်းကားအံ့သောအကြောင်း ထိုအရပ်သူ နတ်လူအပေါင်းတို့၌ ကောင်းမှုကုသိုလ်တရား

အစဉ် တိုးပွားကြအံ့သော အကြောင်းများကို အနာဂတံသ သဗ္ဗညုတရွှေဥာဏ်ဖြင့် ဧကန်တိတိသိမြင်တော်မူဘိ၍

မထေရ်မြတ်လျှောက်ထားတောင်းပန်သည့် အရေးကိုခွင့်ပေးတော်မူလေသည်။ဘုရားရှင်ကိုယ်တော်မြတ်လည်း တပည့်သားသံဃာတော်ငါးရာနှင့်တကွ

ကောင်းကင်မှ သက်တော်မူပြီးလျင် ရသေ့ ၂-ပါးနှင့် မင်းမိဖုရားတို့၏ ကြိုဆိုခြင်းဖြင့် ကျောင်းတော်သို့တက်တော်မူ၍ ၇-ရက်

သီတင်းသုံးစံတော်မူနေသည်။
ရသေ့ညီနောင်နှစ်ပါး၊ မင်းမိဖုရား မောင်းမမိဿ ခြွေရံ ပရိသတ် မှုးမတ်ဗိုလ်ပါတို့နှင့်တကွ ရောက်လာသမျှသော တိုင်းသားပြည်သူလူအပေါင်းတို့သည်

ဘရားအမှူးရှိသော သံဃာတော်ငါးရာတို့အား ၇-ရက်ပတ်လုံး မွန်မြတ်သောဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ်ရသာ အဖျော်ယမကာစသည် တို့ဖြင့်

ပူဇော်လုပ်ကျွေး ကြပြီးလျှင် သရဏဂုံ ပဉ္စသီ ဆောက်တည်၍ထူးမြတ်သောတရားတော်ကို နာယူကြရသဖြင့် ဥပါသကာ-ဥပါသိကာမ အဖြစ်သို့

ရောက်၍ အကျွတ်တရားရကြလေကုန်သည်။ ထိုအခါ ရသေ့ညီနောင်တို့သည် မြတ်စွာဘုရားအထံတော်သို့ ကပ်၍သုံးရပ်သောလောက၌

အသဒိသအမိတ ဖြစ်တော်မူပေသောရွှေကိုယ်တော်မြတ်ဘုရား၊ ကိုယ်တော်မြတ်ပြန်လည်ကြွချီတော်မူသည့်နောက်၊ ကိုယ်တော်မြတ်၏ကိုယ်စား

ညွတ်တွားမြတ်နိုးအမြဲလျှင်ရှိခိုး၍ ကိုးကွယ်ဆီးကပ်ပါရခြင်း အကျိုးငှာ တပည့်တော်တို့အား တစ်စုံတစ်ရာသော ပူဇော်ကိုးကွယ်ဝတ္ထုကို အတုမရှိသော

မဟာကရုဏာတော်ဖြင့် ချီးမြှင့်ကယ်မတော်မူပါဘုရားဟု လျှောက်ထားအသနားတော်မြတ်ခံကြကုန်၏။ ဘုရားရှင်ကိုယ်တော်မြတ်လည်း

ဦးခေါင်းတော်ရတနာကို လက်ျာလက်ဖြင့် သုံးသပ်တော်မူ၍ ပါလာသောဆံတော်ဓါတ် ၄ ဆူတို့ကို နှစ်ဆူစီ ပေးသနားတော်မူလေ၏။
ဆံတော်ဓါတ်ရရှိကြသော သူမွန်သူမြတ် အပေါင်းတို့တွင် ကေလာသရသေ့နှင့် သိဿရသေ့ ၊ သီဟရသေ့ တို့သည် တိဿရသေ့ကြီး

ဇင်းကျိုက်တောင်၌ သီတင်းသုံးတော်မူစဉ်ကစ၍ညဥ့်ဦးယာမ် အဘို့တို့တွင် မိမိတို့ တောင်ထိပ်မှ တစ်ဦးကိုတစ်ဦး မီးအမှတ်ပြ၍ လေးမြတ်ကြင်နာစွာ

ဆက်ဆံပေါင်းသင်းသော သီတင်းသုံးတော် မိတ်ဆွေရင်းဖြစ်ကြကုန်၏။ ထိုသုံးဦးတို့တွင်သီဟရသေ့သည် နောင်တော် တိဿရသေ့၊

အဆွေတော်ကေလာသရသေ့၊ တူတော် သီဟရာဇာ မင်းတို့နှင့် ညှိနှိုင်းတိုင်ပင်ပြီး ကာလမိမိရရှိသော ဆံတော်ဓါတ် ၂-ဆူတို့ကို

တဆူစီသွင်းနှံထာပနာ၍ မိမိနေရာဖြစ်သော ဇွဲကပင်တောင်နှင့် ဇင်းကျိုက်တောင်တို့၌ စေတီတော် တစ်ဆူစီ တည်တော်မူ၏။ ထိုသို့ သီဟရသေ့

စေတီတော် တည်သောအခါတွင် သိကြားမင်းလည်း လာရောက်ကူညီလေ၏။ ကေလာသရသေ့ လည်း မိမိရရှိလိုက်သော ဆံတော်ဓါတ် ၂-ဆူမှ

တဆူကို သွင်းနှံထာပနာ၍ မိမိနေရာ ကေလာသတောင်၌ စေတီတည်တော်မူ၏။ ဆံတော်ဓါတ်တစ်ဆူကို မိမိ၏ ဦးခေါင်းဆံကျစ်ကြား၌

ဝှက်ထားကိုးကွယ်တော်မူလေ၏။ နောက်ကာလအတော်ကြာသောအခါ ကေလာသရသေ့ သည်စုတေကွယ်လွန်တော်မူလေ၏။ကေလာသရသေ့

ဦးခေါင်းကြား၌ ရသော ဆံတော်ဓါတ်မြတ် ၁-ဆူကို သီဟရသေ့သည် နောင်တော် တိဿရသေ့ အားပေးအပ်လေသည်။တစ်ဆယ့်နှစ်နှစ်

မျှကြာသောအခါ တိဿရသေ့ ထံတွင်ရှိသော ဆံတော်ဓါတ်မြတ် ၃-ဆူ ကိုထာပနာ၍ စေတီတော်(ကျိုက်ထီးရိုးစေတီ)

တည်ထားကိုးကွယ်တော်မူလေသည်။…
         ဆံတော်ရှင်ဇင်းကျိုက်စေတိတော်မြတ်သည် မွန်ပြည်နယ်၊သထုံခရိုင်၊ ပေါင်မြို့နယ်တွင်တည်ရှိပါသည်။ ရန်ကုန်မှ (၁၅၅)မိုင်၊ မော်လမြိုင်မှ

(၂၄)မိုင်ကွာဝေးပါသည်။သက္ကရာဇ်(၂၃၆)တွင်သထုံပြည့်ရှင် အသောကဓမ္ဇရာဇာမင်းကြီးသည် ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်အား

ဥာဏ်တော်ခုနှစ်တောင်အမြင့်၊ အသစ် ပြန်လည်တည်ထားကိုးကွယ်ပြီးအရှည်
တည်တံ့စေရန်အတွက် ဘုရားတောင်ခြေတွင်ရွာတည်ခဲ့ပါသည်။ ဘုရားခြေရင်းရွာကိုမွန်ဘာသာဖြင့် “ဇိုင်ကျာ်” ဟုခေါ်ဆိုရာမြန်မာလို “ဇင်းကျိုက်”

ဟုအမည်
တွင်ပါသည်။


ဆရာမင်းသက်စံရေးသားသောဇင်းကျိုက်စေတီတော်ဝက်ဆိုဒ်မှခံစားမျှဝေသည်။

No comments:

Post a Comment

Gold price estimated