Video

Wednesday, 29 October 2014

ပီတိအကြောင်း

အာရုံတစ်ခုခုကို နှစ်သက်အားရ သဘောကျခြင်းသည် ပီတိတည်း။ ထို့ကြောင့် “အားရနှစ်သက်၊ ပီတိဆက်၍”ဟု ဆိုခဲ့သည်။ ဤပီတိသည် သုခဝေဒနာကဲ့သို့ ခံစားခြင်းမဟုတ်။ နှစ်သက်အားရခြင်း၊ သဘောကျခြင်းမဟုတ်။ ရေငတ်သူသည် ရေရှိကြောင်းကို ကြားရ၊ ရေကို မြင်ရသောအခါ နှစ်သက်၏။ ပီတိဖြစ်၏။ ရေကိုသောက်ရသောအခါ သုခဝေဒနာဖြစ်သည်။


မိမိချစ်သူကို မြင်ရသည်ဖြစ်စေ၊ စကားအတူ ပြောနေရသည်ဖြစ်စေ၊ သီချင်းသံကို ကြားရသည်ဖြစ်စေ၊ တရားသံကို ကြားရသည်ဖြစ်စေ ကြက်သီးထလာအောင် နှစ်သက်ခြင်းဖြစ်၏။ ထိုနှစ်သက်မူသည် ပီတိပင်တည်း။ ရှေးတုန်းက အမျိုးသမီးတစ်ယောက်တောင်ပေါ်က ဘုရားပွဲတော်အချိန်မှာ ကိုယ်လေးလက်ဝန် ရှိနေသောကြောင့် ဘုရားပွဲသို့ မလိုက်ရသဖြင့် မိမိအိမ်မှနေ၍ တောင်ပေါ်ဘုရားကို ဖူးမြော်ရင်း ဖူးမြော်ရင်း အလွန်အမင်း နှစ်သက်ရကာား ထိုပီတိ အဟုန်ကြောင့် တစ်ကိုယ်လုံး မြောက်ပြီးလျှင် ဘုရားရင်ပြင်တော်သို့ ရောက်မှန်းမသိ ရောက်သွားဖူးသတဲ့။



ကုသိုလ်ကောင်းမူ တစ်ခုခုကို ပြုနေစဉ် (အလှူပေးနေစဉ်) မိမိလှူဖွယ်များကို ကြည့်၍လည်းကောင်း၊ စားကြသောက်ကြသည်ကို ကြည့်၍လည်းကောင်း ဤပီတိများ ဖြစ်တတ်၏။ တစ်ခါတစ်ရံ ထိုကဲ့သို့ ပီတိအရင်းခံ၍ အပြင်းအထန် နှစ်သက်လေရာ တဏှာမကင်းသော သောမနဿလည်း ဖြစ်တတ်၏။ ထိုအခါ မျက်နှာလည်း တပြုံးပြုံး တစ်ကိုယ်လုံးလည်း တရွရွ တကြွကြွနှင့် ဖြစ်နေတတ်လေသည်။ ကျန်းမာရေး ပညာရေး စီးပွားရေးများ၌ ၀ီရိယသန်သန်ဖြင့် မှန်မှန်ကြီး လိုက်စားနေသူတို့သည် တစ်နေ့နေ့၌ မိမိရည်ရွယ်သလောက် အကျိုးရ၏။ ထိုအခါ မိမိအလုပ်များကို ကြည့်၍ ပီတိဖြစ်နေတတ်လေသည်။


ဘုရားရှင်ကိုယ်တော်မြတ်သည်ပင် မဟာဗောလိပလ္လင်တော်မှ ထပြီးနောက် ကိလေသာအားလုံးကို သတ်ဖြတ်၍ ဘုရားဖြစ်တော်မူရာ မဟာဗောဓိမဏ္ဍိုင် အရပ်ကို ကျေနပ်သော လက္ခဏာ၊ လွန်စွာနှစ်သက်သော ပီတိဖြင့် ၇-ရက်လုံး မမှိတ်ဘဲ ကြည့်တော်မူပါသည်။ တရားအားထုတ်ကြသော ယောဂီပုဂ္ဂိုလ်များလည်း တရားကို သဘောကျ၍ ထိုင်နေရာမှ မထချင်အောင် ပီတိက ဆွဲဆောင်ထားတတ်ပေသည်။ ဤသို့လျှင် ၀ီရိယရှင်တို့၌ မြင့်မြတ်သော ပီတိများလည်း များစွာ ဖြစ်ခွင့်ရှိသည်။


အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

No comments:

Post a Comment

Gold price estimated