စိတ် စေတသိက် ၂-ပါးကို နာမ်တရားဟု ခေါ်၏။ ထိုနာမ်တရားတို့၏ အသက်သည် ဇီဝိတိနြေ္ဒတည်း။ ဖြစ်သမျှ စိတ်စေတသိက်များသည် အသေမဟုတ်၊ အရှင်များတည်း။ ထိုသို့ အရှင်ဖြစ်သောကြောင့် အာရုံကို သိနိုင်၏။ အကယ်၍ အသက်မပါဘဲ စိတ်စေတသိက်တွေ အသေချည်း ဖြစ်နေပါမူ မည်သည့်ကိစ္စကိုမျှ ရွက်ဆောင်နိုင်ကြလိမ့်မည်မဟုတ်။
အချုပ်မှာ ဤဇီဝိတိနြေ္ဒဟု ခေါ်သော အသက်ပါနေသောကြောင့်သာ စိတ်စေတသိက်တို့ တစ်ခုပြီးတစ်ခု ဆက်၍ မပျက်စီးဘဲ (ကံ အရှိန်ရှိနေသမျှ) တည်နေကြရလေသည်။ ထို့ကြောင့် “မကွာနာမ်သက်၊ ဇီဝိန်ဆက်၍၊ မပျက်မပြုန်း”ဟု ဆိုခဲ့ပေသည်။ နာမ်တရားတို့၌ နာမ်သက်ပါသကဲ့သို့ ရုပ်တရားတို့၌လည်း ရုပ်သက်ပါ၏။ ဤနာမ်သက်နှင့် ရုပ်သက်ဖြစ်သော ဇီဝိတ ၂-ပါးကိုပင် သတ္တ၀ါတို့၏ အသက်ဟု ခေါ်ရပေသည်။ ထိုရုပ်ဇီဝိတ နာမ် ဇီဝိတ ၂-မျိုးအပြင် သတ္တ၀ါတို့ ကိုယ်အတွင်း၌ အသက်ကောင်၊ ၀ိညာဉ်ကောင်း၊ လိပ်ပြာကောင်၊ အတ္တကောင်းဟူ၍ မရှိတော့ပြီ။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment