Video

Thursday 7 August 2014

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့  *************************************** ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့အကြောင်းကို မဖော်ပြမီ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ တစ်နှစ် (၁၂-လ) ပတ်လုံးရှိ ဗုဒ္ဓဘာသာ အခါတော်နေ့များကို တင်ပြလိုပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အခါတော်နေ့များမှာ ၁။ တန်ခူးလ နှစ်ဆန်းတစ်ရက် = နှစ်သစ်မင်္ဂလာအခါတော်နေ့ ၂။ ကဆုန်လပြည့် = ဗုဒ္ဓအခါတော်နေ့ (ဗျာ၊ဖွား၊ပွင့်၊စံ) ၃။ နယုန်လပြည့် = မဟာသမယအခါတော်နေ့ ၄။ ၀ါဆိုလပြည့် = ဓမ္မစကြာအခါတော်နေ့ (သန္ဓေ၊တောထွက်၊ဓမ္မစက်) ၅။ ၀ါခေါင်လပြည့် = မေတ္တာအခါတော်နေ့ (မေတ္တသုတ်) ၆။ တော်သလင်းလပြည့် = ဂရုဓမ္မအခါတော်နေ့ ၇။ သီတင်းကျွတ်လပြည့် = အဘိဓမ္မာအခါတော်နေ့ ၈။ တန်ဆောင်မုန်းလပြည့် = သာမညဖလ အခါတော်နေ့ ၉။ နတ်တော်လပြည့် = ဓမ္မစာဆို အခါတော်နေ့ ၁၀။ ပြာသိုလပြည့် = ရှင်တစ်ထောင်နေ့ ၁၁။ တပိုတွဲလပြည့် = သြ၀ါဒပါတိမောက်အခါတော်နေ့ ၁၂။ တပေါင်းလပြည့် = မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ -ဟူ၍ လအလိုက် အခါတော်နေ့များ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုနေ့များတွင် ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် တစ်နေ့အပါအ၀င် ဖြစ်ပါသည်။  ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာပုံ  မြတ်စွာဘုရားရှင် သာဝတ္တိပြည်မွန် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်  ရဟန်းတော်ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားကို သင်ယူ၍ တရားအားထုတ်ရန် တောအုပ်တစ်ခုတွင် ၀ါဆိုဝါကပ်တော်မူခဲ့ကြပါတယ်။ ရဟန်းတော်ငါးရာတို့၏ သီလဂုဏ် သမာဓိဂုဏ်တော်များကြောင့် နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်ကြသောကြောင့် တရားကိုဖြောင့်ဖြောင့် အားမထုတ်နိုင် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်တွေ ခြောက်ခြားပြီး ၀ါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်သွားခဲ့ကြရပါတယ်။          မြတ်စွာဘုရားက မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပြီးမှ တောအုပ်သို့ ပြန်ဝင်သွားကြရန် တိုက်တွန်းတော်မူကာ မေတ္တာသုတ်ဒေသနာတော်ကို သင်ကြားပေးလိုက်ပါတယ်။ ရဟန်းတော်တို့၏ မေတ္တာအာနုဘော်ကြောင့် တောအုပ်တွင်းရှိနတ်များက ချစ်ခင်လာကြပြီး အေးချမ်းစွာ တရားအားထုတ်တော်မူခဲ့ကြရပါတယ်။          ရဟန်းတော်ငါးရာတို့ဟာ ထိုတောအုပ်မှာပင် ၀ါခေါင်လအတွင်း ဒုတိယ၀ါ ကပ်တော်မူကြပြီး မေတ္တာတရားကို ပွားများ၍ ၀ိပဿနာတရားကို ဆက်လက်အားထုတ်ကြရာ ၀ါမကျွတ်မီ ရဟန်းတော်အားလုံး ရဟန္တာ အဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြပါတယ်။   ဘုရားရှင်က (၁) ရဟန်းတော်ငါးရာကို အကြောင်းပြု၍ မေတ္တာသုတ်ကို ၀ါတွင်းကာလ ၀ါခေါင်လမပြည့်မီ၌ ဟောတော်မူပါတယ်။ (၂) ရဟန်းတော်ငါးရာတို့ တောအုပ်သို့ ပြန်၍ ၀ါခေါင်လ၌ ပစ္ဆိမ၀ါကပ်တော်မူပါတယ်။ ဒီအကြောင်းအရာများကို ထောက်၍ ၀ါခေါင်လပြည့်နေ့ကို မေတ္တာသုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည့် အတွက်ကြောင့် ဖြစ်ပေါ်လာရခြင်းပါတယ်။ မေတ္တာတရားကျင့်သုံးကြကာ သတ္တ၀ါအားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ  အရှင်ဥဇ္ဇောတ  (စင်္ကာပူဓမ္မရောင်ခြည်)

***************************************
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့အကြောင်းကို မဖော်ပြမီ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ တစ်နှစ် (၁၂-လ) ပတ်လုံးရှိ ဗုဒ္ဓဘာသာ အခါတော်နေ့များကို တင်ပြလိုပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အခါတော်နေ့များမှာ
၁။ တန်ခူးလ နှစ်ဆန်းတစ်ရက် = နှစ်သစ်မင်္ဂလာအခါတော်နေ့
၂။ ကဆုန်လပြည့် = ဗုဒ္ဓအခါတော်နေ့ (ဗျာ၊ဖွား၊ပွင့်၊စံ)
၃။ နယုန်လပြည့် = မဟာသမယအခါတော်နေ့
၎။ ၀ါဆိုလပြည့် = ဓမ္မစကြာအခါတော်နေ့ (သန္ဓေ၊တောထွက်၊ဓမ္မစက်)
၅။ ၀ါခေါင်လပြည့် = မေတ္တာအခါတော်နေ့ (မေတ္တသုတ်)
၆။ တော်သလင်းလပြည့် = ဂရုဓမ္မအခါတော်နေ့
၇။ သီတင်းကျွတ်လပြည့် = အဘိဓမ္မာအခါတော်နေ့
၈။ တန်ဆောင်မုန်းလပြည့် = သာမညဖလ အခါတော်နေ့
၉။ နတ်တော်လပြည့် = ဓမ္မစာဆို အခါတော်နေ့
၁၀။ ပြာသိုလပြည့် = ရှင်တစ်ထောင်နေ့
၁၁။ တပိုတွဲလပြည့် = သြ၀ါဒပါတိမောက်အခါတော်နေ့
၁၂။ တပေါင်းလပြည့် = မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ -ဟူ၍ လအလိုက် အခါတော်နေ့များ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါသည်။ ထိုနေ့များတွင် ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့သည် တစ်နေ့အပါအ၀င် ဖြစ်ပါသည်။



ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာပုံ
မြတ်စွာဘုရားရှင် သာဝတ္တိပြည်မွန် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတော်ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားကို သင်ယူ၍ တရားအားထုတ်ရန် တောအုပ်တစ်ခုတွင် ၀ါဆိုဝါကပ်တော်မူခဲ့ကြပါတယ်။ ရဟန်းတော်ငါးရာတို့၏ သီလဂုဏ် သမာဓိဂုဏ်တော်များကြောင့် နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်ကြသောကြောင့် တရားကိုဖြောင့်ဖြောင့် အားမထုတ်နိုင် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်တွေ ခြောက်ခြားပြီး ၀ါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်သွားခဲ့ကြရပါတယ်။
မြတ်စွာဘုရားက မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပြီးမှ တောအုပ်သို့ ပြန်ဝင်သွားကြရန် တိုက်တွန်းတော်မူကာ မေတ္တာသုတ်ဒေသနာတော်ကို သင်ကြားပေးလိုက်ပါတယ်။ ရဟန်းတော်တို့၏ မေတ္တာအာနုဘော်ကြောင့် တောအုပ်တွင်းရှိနတ်များက ချစ်ခင်လာကြပြီး အေးချမ်းစွာ တရားအားထုတ်တော်မူခဲ့ကြရပါတယ်။
ရဟန်းတော်ငါးရာတို့ဟာ ထိုတောအုပ်မှာပင် ၀ါခေါင်လအတွင်း ဒုတိယ၀ါ ကပ်တော်မူကြပြီး မေတ္တာတရားကို ပွားများ၍ ၀ိပဿနာတရားကို ဆက်လက်အားထုတ်ကြရာ ၀ါမကျွတ်မီ ရဟန်းတော်အားလုံး ရဟန္တာ အဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြပါတယ်။
ဘုရားရှင်က (၁) ရဟန်းတော်ငါးရာကို အကြောင်းပြု၍ မေတ္တာသုတ်ကို ၀ါတွင်းကာလ ၀ါခေါင်လမပြည့်မီ၌ ဟောတော်မူပါတယ်။ (၂) ရဟန်းတော်ငါးရာတို့ တောအုပ်သို့ ပြန်၍ ၀ါခေါင်လ၌ ပစ္ဆိမ၀ါကပ်တော်မူပါတယ်။ ဒီအကြောင်းအရာများကို ထောက်၍ ၀ါခေါင်လပြည့်နေ့ကို မေတ္တာသုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည့် အတွက်ကြောင့် ဖြစ်ပေါ်လာရခြင်းပါတယ်။
မေတ္တာတရားကျင့်သုံးကြကာ သတ္တ၀ါအားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ
အရှင်ဥဇ္ဇောတ
(စင်္ကာပူဓမ္မရောင်ခြည်)

No comments:

Post a Comment

Gold price estimated