ပဋ္ဌာန်းဘုရားရှိခိုး
အနန္တ ပစ္စယာ ကိဏ္ဏံ | အနန္တ နယ မဏ္ဏိတံ
ဒေသကံ နန္တ ပဋ္ဌာနံ | ဝန္ဒေဟံ နန္တ ဥာဏိကံ
အနန္တ ပစ္စယာ ကိဏ္ဏံ = ဟေတု | အာရမဏ္ဏ စသည်ဖြင့်လည်း အနန္တပစ္စည်း တရားတို့ဖြင့် ချီးမွမ်းလောက်ဖွယ် တငိ့တယ် ထူးဆန်းအံ့မခန်းအောင် ရောပြွမ်းနေပေထသော ။
အနန္တ နယ မဏ္ဏိတံ = အနုလုံ ပစ္စနိက် တိက် ဒုတ်များစွာ နည်းအဖြာဖြာ တို့ဖြင့် တန်ဆာ ဆင်ယင် ထားပေထသော ။
အနန္တ ပဋ္ဌာနံ = ကြီးမားကျယ်ဝန်း ပဋ္ဌာန်းကျမ်းကြီးကို ။
ဒေသကံ = တွေးဆဆင်ခြင် စီစဉ်မြွက်ဟ ဟောပြတတ်ပေထသော ။
အနန္တ ဥာဏိကံ = အဆုံးမရှိ မြင်သိပေထ သဗ္ဗညုတ ဥာဏသခင် ဘုရားရှင်ကို ။
အဟံ = အကျွန်သည် ။
ဝန္ဒေ = ယုံကြည်မြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ ၏ ။
ပဋ္ဌာန်းတရားရှိခိုး
ဒေသိတာ နန္တ ဥာဏေန အနန္တ ပစ္စယံ နယံ ။
ဝန္ဒေဟံ နန္တ ပဋ္ဌာနံ ၊ အနန္တ သုခ ဟေတုကံ ။
အနန္တ ဥာဏေန = အဆုံးမရှိ မြင်သိပေထ သဗ္ဗညုတ ဥာဏသခင် ဘုရားရှင်သည်
ဒေသိတံ = တွေးဆဆင်ခြင် စီစဉ်မြွက်ဟ ဟောပြအပ်ပေထသော
အနန္တ ပစ္စယံ နယံ = အဆုံးအဖျား ပိုင်းခြား မရ အနန္တပစ္စည်း အနန္တ နည်းရှိပေထသော
အနန္တ သုခ ဟေတုကံ = အဆုံးမရှိများလှဘိသား လောကီလောကုတ္တရာ ချမ်းသာဟူသမျှ ရရှိခြင်း၏ အကြောင်းရင်းဖြစ်ပေထသော
အနန္တ ပဋ္ဌာနံ = ကြီးမားကျယ်ဝန်း အနန္တ ပဋ္ဌာန်းကျမ်းကြီးကို
အဟံ = အကျွန်သည်
ဝန္ဒေ = ယုံကြည်မြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ ။.
ပဋ္ဌာန်းဆောင်သံဃာရှိခိုး
ဓာရကာနန္တ ပဋ္ဌာနံ ၊အနန္တ ဥာဏသံဝကံ ။
အနန္တံ သံဃံ ဝန္ဒေဟံ၊ အနန္တ ပုည ဒါယကံ ။
အနန္တ ပဋ္ဌာနံ ဓရံ = ကြီးမားကျယ်ဝန်း ပဋ္ဌာန်းကျမ်းကြီးကို ကြိုးပမ်းဆက်လက် မပျောက်ပျက်အောင် ရွက်ဆောင်တော် မူခဲ့ကြပေထသော ၊
အနန္တ ဥာဏသံဝကံ = အဆုံးမရှိ မြင်သိပေထ သဗ္ဗညုတ ဥာဏသခင် ဘုရားရှင်၏ ရင်နှစ်သီးခြား တပည့်သား ရတနာလည်း ဖြစ်တော်မူပေကုန်ထသော
အနန္တ ပုည ဒါယိကံ = ဒါန သီလ ဘာဝနာ အစဖြာသည့် များစွာပေါင်းစု ကောင်းမှု အနန္တ ကိုလည်း ပေးတတ်ကုန်ပေထသော
အနန္တံ သံဃံ = အဆုံးမရှိ များမြတ်ဘိသည့် မုနိရတနာ မြတ်သံဃာ ကို
အဟံ = အကျွန်သည်
ဝန္ဒေ = ယုံကြည်မြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ ။.
ဆရာမ ဒေါ်ခင်သန္တာဦး ၏ ပဋ္ဌာန်းဒေသနာတော် မှတ်စု စာအုပ်မှ ကူးယူဖော်ပြပါသည် ။
No comments:
Post a Comment