Video

Wednesday, 9 October 2013

စွန်းလွန်းဆရာတော်ကြီးဦးက၀ိမှ ၀န်ကြီးချုပ်ဦးနုအတွက် ချီးမြင့်ခဲ့သည့် ပဌာန်းတရားတော်


ဆရာတော်။ ။ တကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံ၊ ဂူကျောင်းဘုန်းတော်ကြီးဦးက၀ိ ရှိတယ်လို့ မကြားဘူးလား။

ဦးနု။ ။ ကြားပါ၏ဘုရား။

ဆရာတော်။ ။ အဲဒါ ဟိတ်ခတ်တာ။ ဟေတု ပစ္စယောလို့ ခေါ်တယ်။ ၄င်းနောက် သွားအုံးမှပါလေ လို့ အာရုံက မဆန့်ဘူးလား။

ဦးနု။ ။ဆန့်ပါ၏ဘုရား။

ဆရာတော်။ ။ အဲဒီအာရုံဆန့်တာကို အာရမ္မဏပစ္စယော လို့ ခေါ်တယ်။
နောက်တဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ခြေရင်းသို့ မရောက် ရောက်အောင် သွားအုံးမှဘဲလို့ ခန္ဒာကိုယ်ကြီးကို အာရုံက ဆွဲလာရ်ျ အခု ဘုန်းကြီးခြေတော်ရင်းသို့ ရောက်လာ တာဟာ ဒကာကြီး လာချင်လို့ လာတာမဟုတ်ဘူး။ ခန္ဒာကိုယ်ကြီးကို အာရုံက အဓိပတိတပ်ရ်ျ ဆွဲလာခြင်းကြောင့် အဓိပတိပစ္စယောလို့ ခေါ်တယ်။

ဦးနု။ ။ မှန်လှပါဘုရား။

ဆရာတော်။ ။ အဲဒါ ဘာကြောင့် လာရတာလဲဆိုရင် ရှေးက ဘုန်းကြီးနှင့် တွေ့ခဲ့ရဘူးလို့ ခုတွေ့ချင် တယ်။ ခုတွေ့ချင်လို့ တွေ့ရပြန်တယ်။ နောင်ကိုလဲ တွေ့ရလေအုံးမယ်။ ဒကာကြီး ၀က်သားများ စားဖူးသလား။

ဦးနု။ ။ စားဖူးပါ၏ဘုရား။

ဆရာတော်။ ။ အဲ ရှေးက ၀က်သားကို စားခဲ့ဘူးလို့ ခုစားချင်တယ်။ ခု စားချင်လို့ စားရပြန် တယ်။ နောင်ကိုလဲ စားရလေအုံးမယ်။

ဆရာတော်။ ။ ခွေးသားကော စားဘူးပါသလား။

ဦးနု။ ။ မစားဘူးပါဘုရား။

ဆရာတော်။ ။ အဲ ရှေးက ခွေးသားမစားဘူးလို့ ခု မစားချင်ဘူး။ ခု မစားချင်လို့ ခု မစားဘူး။ နောင်ကိုလဲ စားရမှာ မဟုတ်ဘူး။ ရှေးက ဒီတရားမျိုး နာခဲ့ရဘူးလို့ ခုနာချင်တယ်။ ခုနာချင်လို့ နာရပြန်တယ်။ နောင်ကိုလဲ နာရလေအုံးမယ်။ အနန္တရ၊ သမနန္တရ၊ သဟဇာတ၊ အညမညပစ္စည်းဆက်မသွားဘူးလား။

ဦးနု။ ။ ဆက်သွားပါ၏ဘုရား။

ဆရာတော်။ ။ ဘုန်းကြီးခြေရင်းရောက်တော့ ဘုန်းကြီးက ရှေ့ဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့၊ါ် အမျှဝေ၊ မိမိခန္ဒာကိုယ်ကို ဘုရားလှူ၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့်မယ်။ သိတဲ့အပေါ် သတိထားရမယ်။ ပြောတော့ နိဿယပစ္စယော၊ ဥပနိဿယပစ္စယောလို့ ခေါ်တယ်။

ဦးနု။ ။ မှန်လှပါဘုရား။

ဆရာတော်။ ။ အားထုတ်ဆဲ အခိုက်အတန့်မှာ မျက်စိကတော့ တောင်ကြည့် မြောက်ကြည့် ကြည့်သေးရဲ့လား။

ဦးနု။ ။ မကြည့်ပါဘုရား။

ဆရာတော်။ ။ နားကကော ဟိုထောင် သည်ထောင် ထောင်သေးရဲ့လား။

ဦးနု။ ။ မထောင်ပါဘုရား။

ဆရာတော်။ ။ နှာခေါင်းကကော ဟိုရှု သည်ရှု ရှုသေးရဲ့လား။

ဦးနု။ ။ မရှုပါဘုရား။

ဆရာတော်။ ပါးစပ်ကကော ဟိုစားချင် သည်စားချင်ရှိသေးရဲ့လား။

ဦးနု။ ။ မရှိပါဘုရား။

ဆရာတော်။ ။ အဲဒီတော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဆိုတဲ့ က္ကနြေ္ဒငါးပါးမလုံဘူးလား။

ဦးနု။ ။ လုံပါ၏ဘုရား။

ဆရာတော်။ ။ အဲဒါ က္ကနြေ္ဒပစ္စယော ခေါ်တယ်ကွဲ့။
မိမိနှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန်သတ္တိဆိုတာ ဖြစ်ပေါ်လာ လိမ့်မယ်။ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့။ အဲဒါ ဈာနပစ္စယောပဲ့။

ဦးနု။ ။ မှန်လှပါဘုရား။

ဆရာတော်။ ။ ဘုန်းကြီးက ခန္ဒာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ၊ အေးမှန်းသိတဲ့အခါမျိုးကျတော့ ပူမှုနှင့် သိမှတ်မှု၊ အေးမှုနှင့်သိမှတ်မှုတွေ ချုပ်သွားလိမ့်မယ်။ အဲဒါ မဂ်ခရီးရောက်ခြင်းကြောင့် မဂပစ္စယောလို့ ခေါ်တယ်။

ဦးနု။ ။ မှန်လှပါဘုရား။

ဆရာတော်။ ။ ၄င်းမဂ်ခရီးကို သွားပါများလို့ သမာဓိအားကောင်းလာသော် ဖြစ်ခြင်း၊ချုပ်ခြင်းကို သိသော ဥာဏ်အမြင်ရင့်သန်လာခြင်းကြောင့် မရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်။ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်။ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း၊ ရှိတာက စိတ် စေတသိက် ရုပ် နိဗာန် ပရမတ္ထတရားပဲ့။ ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်။ မကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်။ မကင်းတာက သင်္ခတဓာတ်၊ ကင်းတာက အသင်္ခတဓာတ် မဟုတ်လား။

ဦးနု။ ။ ဟုတ်ပါ၏ဘုရား။

ဆရာတော်။ ။ အဲဒါ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ၀ိဂတပစ္စယော၊ အ၀ိဂတပစ္စယောလို့ ခေါ်တယ်။


ပိဋကတ်စာပေမတတ်သည့်စွန်းလွန်းဆရာတော်လောင်းလျာဦးကျော်ဒင်သည် အာနာပါနနဲ့ ပြောင်းရိုးစဉ်းကာဖြင့်
၁။ ၁၂၈၂ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့၊ ဥာဥ့် ၁၀ နာရီခန့်တွင် သောတာပန်၊
၂။ ၁၂၈၂ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁၃ ရက်၊ စနေနေ့ ဥာဥ့် ၁၀ နာရီအချိန်ခန့်တွင် သကဒါဂါမ်၊
၃။ ၁၂၈၂ခုနှစ်၊ တော်သလင်းလပြည့်ကျော်၁၃ ရက်၊ တနင်္လာနေ့၊ ဥာဥ့် ၁၀ နာရီအချိန်ခန့်တွင် အနာဂါမ်ဟူသည့် အရိယာအဖြစ်သို့ လူဝတ်ကြောင်အဖြစ်ဖြင့် ရောက်တော်မူသည်။

၎။ ၁၂၈၂ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ ဥာဥ့် ၁၀ နာရီခန့်တွင် အသက် ၄၃နှစ်အရွယ် ကိုရင်ကြီးဘ၀ဖြင့် ကိစ္စပြီးတော်မူသည်။
ညောင်လွန့်ဆရာတော်၊ ရေလယ်ဆရာတော်တို့၏ အမေးပုစ္ဆာများကို မှန်ကန်စွာဖြေဆိုနိုင်သဖြင့် ဆရာတော်များ၏ သာဓုခေါ်ခြင်းကို ခံခဲ့ရ၏။
၅။ ရှင်က၀ိသည် ပဉ္ဖင်းမတက်လိုသော်လည်း ရေလယ်ဆရာတော်၏ တိုက်တွန်းမှုဖြင့် ၁၂၈၂ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက်၊ တနင်္လာနေ့ ညနေလေးနာရီ ကိုးမိနစ်အချိန်တွင် ဟင်းရန့်ကန်ဆရာတော်ကို ဥပဇ္ဈာယ်ပြုတော်မူရ်ျ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။

၆။ ၁၃၁၄ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ စနေနေ့ ညနေ ၅ နာရီအချိန်တွင် ရဟန်းဘ၀ဖြင့် ပရိနိဗာန်ပြုတော်မူသည်။

'' ငါသေရင် ဘာမှ မလုပ်နဲ့။ ထိုးထားလိုက်'' ဟူသော အမှာစကားအရ စွန်းလွန်းဂူကျောင်းမှာပင် သံသရာအေးစေတီတည်ကာ ပကတိအသွင် မပြောင်းသော အလောင်းတော်ကို ယခုတိုင် ဖူးမြော်နိုင်ပေသည်။

(မင်းဒင်ရဲ့ အဖြစ်အပျက်ရှာပုံတော်ခရီးသည်ပုံနှိပ်စာအုပ်၊ (PDF တွင်မပါ။) နှင့် ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့်ပုဂိုလ်ထူးများစာအုပ်တွင် အသေးစိတ်ဆက်လက်ဖတ်ရှုကြပါရန်)
Photo: စွန်းလွန်းဆရာတော်ကြီးဦးက၀ိမှ ၀န်ကြီးချုပ်ဦးနုအတွက် ချီးမြင့်ခဲ့သည့် ပဌာန်းတရားတော်  ဆရာတော်။ ။ တကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံ၊ ဂူကျောင်းဘုန်းတော်ကြီးဦးက၀ိ ရှိတယ်လို့ မကြားဘူးလား။  ဦးနု။ ။ ကြားပါ၏ဘုရား။   ဆရာတော်။ ။ အဲဒါ ဟိတ်ခတ်တာ။ ဟေတု ပစ္စယောလို့ ခေါ်တယ်။ ၄င်းနောက် သွားအုံးမှပါလေ လို့ အာရုံက မဆန့်ဘူးလား။  ဦးနု။ ။ဆန့်ပါ၏ဘုရား။  ဆရာတော်။ ။ အဲဒီအာရုံဆန့်တာကို အာရမ္မဏပစ္စယော လို့ ခေါ်တယ်။  နောက်တဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ခြေရင်းသို့ မရောက် ရောက်အောင် သွားအုံးမှဘဲလို့ ခန္ဒာကိုယ်ကြီးကို  အာရုံက ဆွဲလာရ်ျ အခု ဘုန်းကြီးခြေတော်ရင်းသို့ ရောက်လာ တာဟာ ဒကာကြီး လာချင်လို့ လာတာမဟုတ်ဘူး။ ခန္ဒာကိုယ်ကြီးကို အာရုံက အဓိပတိတပ်ရ်ျ ဆွဲလာခြင်းကြောင့် အဓိပတိပစ္စယောလို့ ခေါ်တယ်။   ဦးနု။ ။ မှန်လှပါဘုရား။   ဆရာတော်။ ။ အဲဒါ ဘာကြောင့် လာရတာလဲဆိုရင် ရှေးက ဘုန်းကြီးနှင့် တွေ့ခဲ့ရဘူးလို့ ခုတွေ့ချင် တယ်။ ခုတွေ့ချင်လို့ တွေ့ရပြန်တယ်။ နောင်ကိုလဲ တွေ့ရလေအုံးမယ်။ ဒကာကြီး ၀က်သားများ စားဖူးသလား။   ဦးနု။ ။ စားဖူးပါ၏ဘုရား။  ဆရာတော်။ ။ အဲ ရှေးက ၀က်သားကို စားခဲ့ဘူးလို့ ခုစားချင်တယ်။ ခု စားချင်လို့ စားရပြန် တယ်။ နောင်ကိုလဲ စားရလေအုံးမယ်။  ဆရာတော်။  ။ ခွေးသားကော စားဘူးပါသလား။  ဦးနု။ ။ မစားဘူးပါဘုရား။   ဆရာတော်။  ။ အဲ ရှေးက ခွေးသားမစားဘူးလို့ ခု မစားချင်ဘူး။ ခု မစားချင်လို့ ခု မစားဘူး။ နောင်ကိုလဲ စားရမှာ မဟုတ်ဘူး။ ရှေးက ဒီတရားမျိုး နာခဲ့ရဘူးလို့ ခုနာချင်တယ်။ ခုနာချင်လို့ နာရပြန်တယ်။  နောင်ကိုလဲ နာရလေအုံးမယ်။ အနန္တရ၊ သမနန္တရ၊ သဟဇာတ၊ အညမညပစ္စည်းဆက်မသွားဘူးလား။  ဦးနု။ ။ ဆက်သွားပါ၏ဘုရား။  ဆရာတော်။ ။ ဘုန်းကြီးခြေရင်းရောက်တော့ ဘုန်းကြီးက ရှေ့ဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့၊ါ် အမျှဝေ၊ မိမိခန္ဒာကိုယ်ကို ဘုရားလှူ၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့်မယ်။ သိတဲ့အပေါ် သတိထားရမယ်။ ပြောတော့ နိဿယပစ္စယော၊ ဥပနိဿယပစ္စယောလို့ ခေါ်တယ်။   ဦးနု။ ။ မှန်လှပါဘုရား။  ဆရာတော်။ ။ အားထုတ်ဆဲ အခိုက်အတန့်မှာ မျက်စိကတော့ တောင်ကြည့် မြောက်ကြည့် ကြည့်သေးရဲ့လား။   ဦးနု။ ။ မကြည့်ပါဘုရား။   ဆရာတော်။ ။ နားကကော ဟိုထောင် သည်ထောင် ထောင်သေးရဲ့လား။   ဦးနု။ ။ မထောင်ပါဘုရား။  ဆရာတော်။ ။ နှာခေါင်းကကော ဟိုရှု သည်ရှု ရှုသေးရဲ့လား။   ဦးနု။ ။ မရှုပါဘုရား။   ဆရာတော်။ ပါးစပ်ကကော ဟိုစားချင် သည်စားချင်ရှိသေးရဲ့လား။   ဦးနု။ ။ မရှိပါဘုရား။   ဆရာတော်။ ။ အဲဒီတော့ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယဆိုတဲ့ က္ကနြေ္ဒငါးပါးမလုံဘူးလား။   ဦးနု။ ။ လုံပါ၏ဘုရား။  ဆရာတော်။ ။ အဲဒါ  က္ကနြေ္ဒပစ္စယော ခေါ်တယ်ကွဲ့။  မိမိနှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန်သတ္တိဆိုတာ ဖြစ်ပေါ်လာ လိမ့်မယ်။ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့။ အဲဒါ ဈာနပစ္စယောပဲ့။   ဦးနု။ ။ မှန်လှပါဘုရား။   ဆရာတော်။ ။ ဘုန်းကြီးက ခန္ဒာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ၊ အေးမှန်းသိတဲ့အခါမျိုးကျတော့ ပူမှုနှင့် သိမှတ်မှု၊ အေးမှုနှင့်သိမှတ်မှုတွေ ချုပ်သွားလိမ့်မယ်။ အဲဒါ မဂ်ခရီးရောက်ခြင်းကြောင့် မဂပစ္စယောလို့ ခေါ်တယ်။   ဦးနု။ ။ မှန်လှပါဘုရား။   ဆရာတော်။ ။ ၄င်းမဂ်ခရီးကို သွားပါများလို့ သမာဓိအားကောင်းလာသော် ဖြစ်ခြင်း၊ချုပ်ခြင်းကို သိသော ဥာဏ်အမြင်ရင့်သန်လာခြင်းကြောင့် မရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်။ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်။ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း၊ ရှိတာက စိတ် စေတသိက် ရုပ် နိဗာန် ပရမတ္ထတရားပဲ့။ ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်။ မကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်။ မကင်းတာက သင်္ခတဓာတ်၊ ကင်းတာက အသင်္ခတဓာတ် မဟုတ်လား။   ဦးနု။ ။ ဟုတ်ပါ၏ဘုရား။  ဆရာတော်။ ။ အဲဒါ အတ္ထိပစ္စယော၊ နတ္ထိပစ္စယော၊ ၀ိဂတပစ္စယော၊ အ၀ိဂတပစ္စယောလို့ ခေါ်တယ်။    ပိဋကတ်စာပေမတတ်သည့်စွန်းလွန်းဆရာတော်လောင်းလျာဦးကျော်ဒင်သည် အာနာပါနနဲ့ ပြောင်းရိုးစဉ်းကာဖြင့် ၁။ ၁၂၈၂ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့၊ ဥာဥ့် ၁၀ နာရီခန့်တွင် သောတာပန်၊ ၂။ ၁၂၈၂ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁၃ ရက်၊ စနေနေ့ ဥာဥ့် ၁၀ နာရီအချိန်ခန့်တွင် သကဒါဂါမ်၊ ၃။ ၁၂၈၂ခုနှစ်၊ တော်သလင်းလပြည့်ကျော်၁၃ ရက်၊ တနင်္လာနေ့၊ ဥာဥ့် ၁၀ နာရီအချိန်ခန့်တွင် အနာဂါမ်ဟူသည့် အရိယာအဖြစ်သို့ လူဝတ်ကြောင်အဖြစ်ဖြင့် ရောက်တော်မူသည်။   ၄။ ၁၂၈၂ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ ဥာဥ့် ၁၀ နာရီခန့်တွင် အသက် ၄၃နှစ်အရွယ် ကိုရင်ကြီးဘ၀ဖြင့် ကိစ္စပြီးတော်မူသည်။  ညောင်လွန့်ဆရာတော်၊ ရေလယ်ဆရာတော်တို့၏ အမေးပုစ္ဆာများကို မှန်ကန်စွာဖြေဆိုနိုင်သဖြင့် ဆရာတော်များ၏ သာဓုခေါ်ခြင်းကို ခံခဲ့ရ၏။  ၅။ ရှင်က၀ိသည် ပဉ္ဖင်းမတက်လိုသော်လည်း ရေလယ်ဆရာတော်၏ တိုက်တွန်းမှုဖြင့် ၁၂၈၂ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက်၊ တနင်္လာနေ့ ညနေလေးနာရီ ကိုးမိနစ်အချိန်တွင် ဟင်းရန့်ကန်ဆရာတော်ကို ဥပဇ္ဈာယ်ပြုတော်မူရ်ျ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။   ၆။ ၁၃၁၄ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ စနေနေ့ ညနေ ၅ နာရီအချိန်တွင် ရဟန်းဘ၀ဖြင့် ပရိနိဗာန်ပြုတော်မူသည်။   '' ငါသေရင် ဘာမှ မလုပ်နဲ့။ ထိုးထားလိုက်'' ဟူသော အမှာစကားအရ စွန်းလွန်းဂူကျောင်းမှာပင် သံသရာအေးစေတီတည်ကာ ပကတိအသွင် မပြောင်းသော အလောင်းတော်ကို ယခုတိုင် ဖူးမြော်နိုင်ပေသည်။  (မင်းဒင်ရဲ့ အဖြစ်အပျက်ရှာပုံတော်ခရီးသည်ပုံနှိပ်စာအုပ်၊ (PDF တွင်မပါ။) နှင့် ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့်ပုဂိုလ်ထူးများစာအုပ်တွင် အသေးစိတ်ဆက်လက်ဖတ်ရှုကြပါရန်)

No comments:

Post a Comment

Gold price estimated