Video

Tuesday, 29 October 2013

တရားတမန် “သပြေကန်တရားပေါင်းချုပ် အမှတ်(၂)”


ဘဝပဒေသာတရားတော်
•••••••••••••••••••••••
ယနေ့ဘုန်းကြီးတို့ သင်္ကန်းအလှူ ဆက်ကပ်လှူဒါန်းကြ ဆွမ်းအလှူတော် ပါဝင်လှူဒါန်းကြ၊ ပစ္စည်းအလှူတော် ပူဇော်လှူဒါန်းကြ ကုသိုလ်ကောင်းမှုတွေ ပြုကြတယ်။ အဲဒီတော့ မိမိတို့ဟာ ရှေးဘဝက ဆည်းပူးခဲ့တဲ့ ကောင်းမှုအထူးရှိခဲ့ဖူးလို့ ယခုလို လူ့ဘဝမှာ လူလာဖြစ်ကြ၊ ထူးခြားတဲ့ လူ့ဘဝရောက်ကြရ၊ လူ့ဘဝရောက်ပြန်တော့လည်း သာသနာမထွန်းကားရာ ရတနာသုံးပါး မရှိရာ အရပ်ဒေသမှာ မဖြစ်ကြရဘဲနဲ့ သာသနာတော် ထွန်းကားရာ ရတနာသုံးပါး ထွန်းကားရာအရပ်မှာ မိမိတို့ ဖြစ်လာကြရတယ်။ ကံကောင်းကြတယ်၊ အဲဒီလို ကံကောင်းကြလို့လူလည်း ဖြစ်လာ၊ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံကြိုက်လာကြတဲအခါမျိုးမှာ မမေ့ကြနဲ့လို့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အလိုတော်အတိုင်းပေါ့။ ဘုန်းကြီးတို့ သြဝါဒပေးရတယ်။ မမေ့ကြနဲ့။ လူလည်းဖြစ်လာ ဘုရားပွင့်ရာ အခွင့်အခါကောင်းကြီးနဲ့ ကြုံကြိုက်လာကြတဲ့အခါမှာ မမေ့ကြနဲ့လို့ သတိပေးရတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ နည်းလမ်းအတိုင်းပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ဟာ နေ့တိုင်း နေ့တိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” မမေ့ကြနဲ့လို့ မကြာမကြာ သတိပေးတော်မူတယ်။

ချစ်သားတို့၊ အပ္ပမာဒဆိုတဲ့ မမေ့လျော့တဲ့ သတိရားနဲ့ အမြဲတမ်း ပြည့်စုံအောင် ကြိုးစားကြလို့ နေ့တိုင်းနေ့တိုင်း တပည့်သားတွေကို သြဝါဒပေးတော်မူတယ်။ ရှင်တော်ဘုရားဟာ သက်တော်ထင်ရှားရှိတုန်းလည်း အမြဲတမ်း သတိပေးရုံမက နောက်ဆုံးပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း နောက်ဆုံး စကားအဖြစ်ဖြင့် -

ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။

ဘိက္ခဝေ=ချစ်သားတို့။ ဟန္ဒ=ငါဘုရား တိုက်တွန်းတော်မူခဲ့အံ့။ ဝေါ=သင်ချစ်သားတို့ကို။ အာမန္တယာမိ=နောက်ဆုံးစကား မှာကြားတော်မူအံ့။ ယသ္မာ=အကြင့်ကြောင့်။ သင်္ခါရာ=ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးဝ သင်္ခါရတရားတို့သည်။ ဝယဓမ္မာ=ပျက်စီးတတ်သော သဘောရှိပါပေကုန်၏။ တသ္မာ=ထို့ကြောင့်။ ဝါ၊ တသ္မာ=ထိုသို့ သင်္ခါရမှန်က ပျက်စီးတတ်သော သဘောရှိကြ လေသောကြောင့်။ တုမှေ=သင်ချစ်သားတို့သည်။ အပ္ပမာဒေန=မမေ့မလျော့ မပေါ့မဆ အပ္ပမာဒဆိုသော သတိတရားဖြင့်။ သမ္ပာဒေထ=ချမ်းသာဖို့အကြောင်း ကောင်းမြတ်သော သီလသမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကိုယ်စီကိုယ်င ပြည့်စုံအောင် ကြိုးပမ်းကြပါကုန်လော။

အရေးကြီးလို့ အပ္ပမာဒတရားကိုဘုရားရှင် ကိုယ်တော်မြတ်ဟာ နေ့တိုင်းပဲ ဟောတော်မူခဲ့တယ်။ နောက်ပိတ်ဆုံး ပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ=မမေ့ကြနဲ့ဆိုတဲ့ နောက်ဆုံးစကားဖြင့် နိဂုံးချုပ်ပြီးတော့ မိန့်ကြားတော်မူခဲ့တယ်။ ပိဋကတ်သုံးပုံကို အကုန်ချုပ်ပြီးတော့ နိဂုံးအုပ်သလို အပ္ပမာဒတရားဖြင့် နိဂုံးချုပ်တော်မူတယ်။ အပ္ပမာဒတရားဆိုတာက ပိဋကတ်သုံးပုံကို အကုန်ခြုံမိတယ်၊ ငုံမိတယ်။ ပိဋကတ်သုံးပုံမှာ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ သုတ္တန်တရားတွေရှိကြ၊ ဝိနည်းတရားတွေရှိကြ၊ အဘိဓမ္မာတရားတွေ ရှိကြတယ်။ အားလုံး ဒီတရားတွေဟာ အပ္ပမာဒထဲ ဝင်တာချည်းပဲ။ အားလုံးတရားတွေဟာ အပ္ပမာဒရှိမှ ကျင့်နိုင်ကြတယ်။ အပ္ပမာဒနဲ့ပဲ ကျင့်ကြံနိုင်ကြတဲ့ တရားတွေ အားထုတ်နိုင်ကြတဲ့တရားတွေ။ ဒါကြောင့်မို့ မမေ့ကြနဲ့ဆိုတဲ့ အပ္ပမာဒတရားကို ဘုရားရှင်ကိုယ်တော်မြတ်က မိန့်တော်မူခဲ့တာ။ ပိဋကတ်သုံးပုံကို အကုန်ငုံမိတဲ့ တရားလေးတစ်ပုဒ်။

ဘာကြောင့် မမေ့ရမှာတုံး၊ မိမိတို့က တကယ့်ထူးခြားတဲ့ ဘဝကြီးကို ရကြ၊ မနုဿတ္တဘာဝေါ=ဘဝပဒေသာဆိုရတဲ့ လူ့ဘဝကို။ လဒ္ဓေါ=ကံကောင်းထောက်မ ရခဲ့ပါပေပြီ။ ခဏောစ=ဘုရားပွင့်ရာ အခွင့်အခါ ကောင်းကြီးကိုလည်း။ ပဋိပါဒိတော=ရှေ့ရှုမျက်မှောက် ကျရောက်ဆုံတွေ့အပ်ပါပေပြီ။ (လူလည်းဖြစ်လာ၊ သာသနာတော်နဲ့လည်း ကြုံရတဲ့အတွက် မိမိတို့အဖို့ အင်မတန် ကံကောင်းတဲ့ အခွင့်အခါကြီးနဲ့ ကြုံကြိုက်နေကြလေသောကြောင့် မမေ့ကြနဲ့လို့ မှာကြားခဲ့တာ။ အဲဒီတော့ မိမိတို့မှာ မမေ့မှ ဖြစ်မယ်။ မမေ့ရင် အဲဒီဘဝ မဆုံးဘူး၊ ဒီဘဝက ထူးသထက်ထူးခြားတဲ့ ဘဝကို ရောက်ကြရမှာ၊ မြင့်သထက် မြင့်မြတ်တဲ့ ဘဝသို့ ရောက်ကြရမှာ လူ့ဘဝဟာ အလွန်တရားလည်း ကြုံကြိုက်ခဲတယ်။ ဘဝပဒေသာဆိုတဲ့ ဒီလူ့ဘဝကနေ ထူထောင်လိုက်မယ်ဆိုရင် လူ့အဖြစ်လည်း မခဲယဉ်းဘူး၊ လူချမ်းသာဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ နတ်ချမ်းသာဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ သောတာပန်ဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ သကဒါဂါမ်ဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ အနာဂါမ်ဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ ရဟန္တာဖြစ်ဖို့လည်း မခဲယဉ်းဘူး၊ မမေ့မလျော့တဲ့ အပ္ပမာဒတရားနဲ့သာ ထူထောင်ကြမယ်ဆိုရင် အားလုံးရနိုင်တာချည်းပဲ။

ယော ဣမသ္မိံ ဓမ္မဝိနယေ၊

အပ္ပမတ္တော ဝိဟေဿတိ။

ပဟာယံဇာတိ သံသာရံ၊

ဒုက္ခဿန္တံ ကရိဿတိ။

ယော=အကြင်ပုဂ္ဂိုလ်သည်။ ဣမသ္မိံသာသနေ=ဤယခုကြုံကြိုက်နေကြတဲ့ ဘုရားရှင်ကိုယ်တော်မြတ်၏ သာသနာတော်မြတ်ကြီး၌။ အပ္ပမတ္တော=မမေ့မလျော့မပေါ့မဆဘဲ။ ဝိဟေဿတိ နေခဲ့သည်ဖြစ်အံ့။ ဇာတိသံသာရံ=ဖောက်ပြန်တလဲလဲ ဆင်းရဲတို့ဖြင့် ဖန်တီးထားတဲ့ ဇာတိဆိုတဲ့ ပဋိသန္ဓေနေရခြင်း သံသရာကြီးကို။ ပဟာယ=စွန့်ခွာနိုင်ကြ၍။ ဒုက္ခဿ=ဝဋ်ဆင်းရဲ၏။ အန္တံ=အဆုံးသတ်ရာဖြစ်တဲ့ အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ကို။ ကရိဿတိ=ကောင်းစွာမသွေ ပြုနိုင်ပေတော့လတ္တံ့သတည်း။

ဒီလိုဘုရားရှင်သာသနာတော်မြတ်ကြီးနဲ့ ကြုံကြိုက်ကြတဲ့အခါမှာ မမေ့မလျော့ မပေါ့မဆဘဲ နေရင်ဖြင့် အဲဒီ ဒုက္ခအမျိုးမျိုးကို ဖန်တီးပေးတတ်တဲ့ သံသရာကြီးကို ပယ်ခွာနိုင်ပြီးတော့ ဒုက္ခဆုံးရာနိဗ္ဗာန်၊ ဒုက္ခဆုံးရာ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြလိမ့်မယ်လို့ ဟောကြားတော်မူခဲ့တာကြောင့် မိမိတို့ဘဝဟာ မမေ့ရတဲ့ဘဝ အဲဒီမမေ့ရမည့် ဘဝကို မမေ့လျော့ဘဲ နေကြရသဖြင့် တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်ပြီးတော့ အထက်တန်းကို တက်လှမ်းကြရမယ်။

ဥဒ္ဓံဂါမီ=အထက်တန်းသို့ တက်လှမ်းရမယ်။ ဝိသေသဂါမီ=ထူးခြားတဲ့ တရားထူး တရားမြတ်တွေ ရပြီးတော့ ထူးခြားတဲ့အဆင့်အတန်း အခြေအနေသို့ ဆိုက်ရောက်ကြလိမ့်မယ်။ ဒါကြောင့် မမေ့ကြဖို့ အရေးကြီးတယ်။ ဒီတော့ ဘုန်းကြီးက ယခုဒကာဒကာမတွေကို မေ့နေလို့ သတိပေးနေတာလား ဆိုတော့ မဟုတ်ပါဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ အပ္ပမာဒတရား လက်စွဲပြုပြီးတော့ အပ္ပမာဒတရားတို့မှာ ရှိတယ်။ အပ္ပမာဒတရားကို တို့ကျင့်သုံးနေတယ်လို့ လက်တွေ့ပြနေကြတာပဲ။ ယနေ့သင်္ကန်းဆက်ကပ်လှူဒါန်းကြ၊ ကုသိုလ်ကောင်းမှုတွေ ပြုကြတာဟာ မမေ့ကြလို့ပဲ။

ဓမ္မေသု=ကုသိုလ်တရားတို့၌။ အပ္ပမာဒေါစ=မမေ့မလျော့ခြင်းသည်လည်း။ ဥတ္တမံ=ကောင်းမြတ်သော။ မင်္ဂလံ=မင်္ဂလာမည်၏ဆိုတဲ့ ဒေသနာတော်အရ ကုသိုလ်တရား၌ မိမိတို့ နေ့တိုင်းလည်း မမေ့မလျော့ကြဘူး။ ဘုရားမမေ့ကြ၊ တရားကို မမေ့ကြ၊ သံဃာမမေ့ကြ၊ နေ့တိုင်းနေ့တိုင်း အပ္ပမာဒတရား လက်ကိုင်ထားနေကြတယ်။

ဒါကြောင့်မို့လို့ လူ့ဘဝဟာ အင်မတန် ဘဝပဒေသာကြီးလို့ ဘုန်းကြီး ဆိုခဲ့တယ်။ မနုဿတ္တဘာဝေါ=ဘဝပဒေသာဆိုရတဲ့ လူ့ဘဝကို။ လဒ္ဓေါ=ကံကောင်းထောက်မ ရခဲ့ပါပေပြီ။ အင်မတန် ရခဲကြတဲ့ ဘဝပဒေသာကြီး၊ အဲဒါကြောင့်မို့လို့ နတ်တွေက လူ့ဘဝကို သုဂတိလို့ ဂုဏ်တင်ကြတဲ့အကြောင်းကို ဘုရားရှင်ကိုယ်တော်မြတ်က အဖြေပေးတော်မူတယ်။ ကောင်းစွာ ရအပ်တဲ့ လာဘ်ကြီးဆိုတာက ဘာတုံးဘုရားလို့ ရဟန်းတော် တစ်ပါးက လျှောက်ထားတော့လည်း အဲဒီအခါ ဘုရားရှင်ကိုယ်တော်မြတ်က အဖြေပေးတော်မူတယ်။

ကောင်းစွာရအပ်တဲ့ လာဘ်လာဘဆိုတာ အဲဒီလူ့ဘဝကို ရောက်ပြီးတော့ သာသနာတော်မှာ သဒ္ဓါတရား ဖြစ်ပွားကြတယ်။ ဘုရားအပေါ်မှာ၊ တရားအပေါ်မှာ၊ သံဃာအပေါ်မှာ၊ သဒ္ဓါတရားဖြစ်ပွားကြတယ်။ အဲဒီ သဒ္ဓါတရားဟာ ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီးပဲလို့ အဖြေပေးတော်မူတယ်။ ဟုတ်တာပဲ၊ လူ့ဘဝမှာ တကယ့်လာဘ်လာဘကြီးဟာ သဒ္ဓါတရားပဲ၊ ဒီသဒ္ဓါတရား ရှိလို့လည်းပဲ လိုရာရနိုင်တဲ့ ဘဝကြီး၊ သဒ္ဓါတရားမရှိတဲ့လူ အဖို့ လူဖြစ်ပေမဲ့ အဲဒီ လာဘ်လာဘကြီးကို မရနိုင်ဘူး၊ သဒ္ဓါတရားရှိတဲ့ လူတွေမှာတော့ လူ့ပြည်ကိုလည်း ရနိုင်တယ်။ နတ်ပြည်ကိုလည်း ရနိုင်တယ်။ ဗြဟ္မာပြည်ကိုလည်း ရနိုင်တယ်။ သောတာပန်လည်း ဖြစ်နိုင်တယ်။ သကဒါဂါမ်လည်း ဖြစ်နိုင်တယ်။ အနာဂါမ်လည်း ဖြစ်နိုင်တယ်။ ရဟန္တာလည်း ဖြစ်နိုင်တယ်။ အဲဒါကြောင့် သဒ္ဓါတရားရှိပြီဆိုရင် လိုရာရတ, တိုင်းဖြစ်နိုင်တယ်။ သဒ္ဓါဟာ လူတို့အဖို့ အင်မတန်ထူးခြားတဲ့ လာဘ်လာဘကြီး။

သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ။

ဣဓ=ဤလောက၌။ ပုရိသဿ=ပုဂ္ဂိုလ်အပေါင်း၏။ အမျိုးသား အမျိုးသမီးအပေါင်း ပုဂ္ဂိုလ်မှန်သမျှ၏။ ဝိတ္တံ=နှစ်သက်ဖွယ် ပစ္စည်းဥစ္စာသည်။ သဒ္ဓါ=ရတနာသုံးတန် ကံ, ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားတည်းဟူသော ဥစ္စာသာဖြစ်ပါပေတော့သတည်းလို့ ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတဲ့ ဒေသနာတော်တစ်ခုရှိတယ်။

သဒ္ဓါဆိုတာ တကယ့်လာဘ်ကြီး၊ ဘာမဆို ဝယ်နိုင်တယ်၊ လူ့ဘဝစည်းစိမ်တွေကိုလည် ဝယ်နိုင်တယ်။ နတ်ဘဝစည်းစိမ်တွေကိုလည်း ဝယ်နိုင်တယ်။ ဗြဟ္မာဘဝစည်းစိမ်တွေကိုလည်း ဝယ်နိုင်တယ်၊ အသက်ရှည်ခြင်း ဂုဏ်ကိုလည်း ဝယ်နိုင်တယ်။ အဆင်းလှခြင်းဆိုတဲ့ ဂုဏ်ကိုလည်း ဝယ်နိုင်တယ်။ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်းဆိုတဲ့ ဂုဏ်တွေကိုလည်း ဝယ်နိုင်တယ်။ မရနိုင်တာ ဘာမျှမရှိဘူး၊ သဒ္ဓါရှိရင် အကုန်ရ၊ အဲဒါကြောင့် သဒ္ဓါဆိုတာ လူ့ဘဝရဲ့ တကယ့် ထူးခြားတဲ့ လာဘ်လာဘကြီး၊ ရတနာကြီး။ အဲဒါကြောင့်မို့လို့ သုဂတိဆိုတဲ့ လူ့ဘဝကို ရပြီဆိုရင် သဒ္ဓါတရားကိုရမှ ထိုပုဂ္ဂိုလ်ဟာ ကောင်းစွာရအပ်တဲ့ လာဘ်လာဘကြီးကိုရတဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း ဘုရားရှင်က အဖြေပေးတော်မူတယ်။

အဲဒီလို အဖြေပေးတဲ့ အခါကျတော့ ဘုရားရှင်ကိုယ်တော်မြတ်ကို ရဟန်းက ဆက်လျှောက်ထားပြန်တယ်။

“ရှင်တော်မြတ်ဘုရား ကောင်းစွာတည်တံ့သူဖြစ်အောင် ကြိုးစားပါလို့ဆိုတဲ့နေရာမှာ ကောင်းစွာတည်တံ့သူဆိုတ ဘယ်လိုပါလိမ့်ဘုရား” လို့ လျှောက်ထားတယ်။ “သာသနာတော်မှာ သဒ္ဓါတရားတည်းဟူသော လာဘ်လာဘကိုရတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလာဘ်လာဘဆိုတဲ့ သဒ္ဓါတရားကို လူကလည်း မဖျက်ဆီးနိုင်၊ နတ်ကလည်း မဖျက်ဆီးနိုင်။် ဗြဟ္မာကလည်း မဖျက်ဆီးနိုင်၊ ဘယ်သူမျှ မဖျက်ဆီးနိုင်အောင် ခိုင်ခံ့တဲ့၊ စွဲမြဲတဲ့ သဒ္ဓါဖြစ်အောင်ကြိုးစားဖို့၊ အဲဒီလို ကြိုးစားလို့ရှိရင် တည်တံ့သူဖြစ်တဲ့အကြောင်း” ဘုရားရှင် ကိုယ်တော်မြတ်က အဖြေပေးတော်မူတယ်၊ အဲဒီအဆိုဖြင့် ဘာပြောတုံးဆိုတော့ မဂ်ရအောင် ကြိုးစားပါလို့၊ မဂ်ရပြီဆိုရင် ယုတ်စွအဆုံး သောတာပတ္တိမဂ်ရပြီဆိုရင် သောတာပန်ပုဂ္ဂိုလ်အဖြစ် ရောက်ပြီဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဘယ်သူမှ သူ့သဒ္ဓါတရားကို မဖျက်ဆီးနိုင်တော့ဘူး၊ ဘယ်နတ်ကမျှ ရွေ့ရှားအောင် မတတ်နိုင်ဘူး။ ဘယ်ဆရာကြီးကမှ မတတ်နိုင်ဘူး။ ဘယ်လို တုန်လှုပ်ချောက်ချားပေမဲ့ တုန်လှုပ်ခြင်း မရှိတော့ဘူး၊ ရွေ့လျားခြင်း မရှိတော့ဘူး၊ ခိုင်မြဲတယ်။ ဘုရားအပေါ်မှာ၊ တရားအပေါ်မှာ၊ သံဃာအပေါ်မှာ ကြည်ညိုတိုးကာ စွဲသွားတယ်။ ကုသိုလ်တွေ အပေါ်မှာလည်း အကြည်ညိုစွဲသွားတယ်။ ဒါကြောင့် ကောင်းစွာတည်တံ့သူ ဖြစ်အောင် ကြိုးစားပါဆိုတာ အဲဒီသဒ္ဓါတရားကို အဓိဂမသဒ္ဓါဖြစ်အောင်ကြိုးစားပါလို့ဆိုတာ။ သဒ္ဓါလေးမျိုး ကြားဖူးကြမှာပဲ၊

အာဂမသဒ္ဓါ၊ အဓိဂမသဒ္ဓါ၊ သြကပ္ပနသဒ္ဓါ၊ ပသာဒသဒ္ဓါလို့ သဒ္ဓါလေးမျိုးရှိတယ်။

အာဂမသဒ္ဓါဆိုတာ ဘုရားလောင်းတို့ရဲ့ သဒ္ဓါမျိုး၊ နိယတဗျာဒိတ်ပန်း ဆင်မြန်းသည့်အခါကစ၍ ဘုရားဖြစ်တော်မူသည်အထိ ဘယ်တော့မှ မပျက်ပြားဘဲ တစ်သန်တည်း ဆိုက်ရောက်လာတဲ့ အလောင်းတော်တို့ရဲ့ သဒ္ဓါမျိုး။

အဓိဂမသဒ္ဓါဆိုတာ အရိယာတို့ သဒ္ဓါမျိုး၊ အရိယာမဂ်ကို ရခြင်းဖြင့် ရခဲတဲ့ သဒ္ဓါမျိုး။

သြကပ္ပနသဒ္ဓါဆိုတာ ဘုရား တရား သံဃာဟု ဆိုလိုက်လျှင်မတုန်မလှုပ် သက်ဝင်ယုံကြည်တဲ့ သဒ္ဓါမျိုး။ ကြည်ညိုသဒ္ဓါ ဖြစ်လာခြင်း မျိုးကိုတော့ ပသာဒသဒ္ဓါလို့ ဆိုပါတယ်။

အဲဒါကြောင့် ဘယ်သူမှ မဖျက်နိုင်အောင် ခိုင်မြဲတဲ့ အဓိဂမသဒ္ဓါဖြစ်အောင် ကြိုးစားမှ ဗုဒ္ဓသာသနာနဲ့ တွေ့ရကျိုးနပ်ကြောင်း ကောင်းကောင်းကြီးသိပြီး အဓိဂမခေါ် အရိယသဒ္ဓါမျိုးဖြစ်အောင် ကြိုးစားနိုင်ကြပါစေကုန်သတည်း။

(သာဓု၊ သာဓု၊ သာဓုပါဘုရား)

ကျေးဇူးတော်ရှင် သပြေကန်ဆရာတော်ဘုရားကြီး၏ “သပြေကန်တရားပေါင်းချုပ် အမှတ်(၂)” မှ ကူးယူပါသည်။

Friday, 25 October 2013

တော်ကူးဆရာတော် ဘ၀ဆည်းဆာ နှင့် ကျင့်စဉ်တရား

ဝိပသနာဂုဏ်ထူးဆောင် ထူးခြားသော တော်ကူးဆရာတော် နှင်. ထူးဆန်းစွာ ရောဂါပျောက်ခြင်းများ

မဟာစည်ဆရာတော်ဘုရားကြီး ဦးသောဘန မဟာသာရ

ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ

လယ်တီဆရာတော် ဘုရားကြီး ဦးဥာဏ

အရှင်ဇနကာဘိဝံသ၏ တစ်ဘဝသံသရာ

မိုးကုတ်ဆရာတော်ဘုရားကြီး တစ်ဘ၀ သာသနာ

Sunday, 20 October 2013

ဓမ္မဿဝနကုသိုလ်

(၁)
ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးခါစ အပါလသတ္တာဟ၌ စံတော်မူနေစဉ် "ရိုသေကျိုးနွံရမည့်သူ မရှိဘဲ နေသည်မှာ ဆင်းရဲလှ၏။ မည်သူ့ကို အရိုအသေအကျိုးအနွံ ဖြစ်ရပါမည်နည်း"ဟု စဉ်းစားကြံစည်မိလေသည်။ 

ထို့နောက် ဘုံသုံးပါးကို သဗ္ဗညုတ ရွှေဥာဏ်တော်ဖြင့် ဖြန့်ကြက် ဆင်ခြင် ကြည့်ရူသောအခါ ဘုရားရှင်ထက် သီလ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိဂုဏ် သာလွန်သူကို မတွေ့ရပေ။ ထိုအခါ ဘုရားရှင်သည် "ငါသည် မိမိထိုးထွင်း၍ သိပြီးသော တရားကိုသာလျှင် အရိုအသေ အလေးအမြတ်ပြု၍ နေရမူ ကောင်းလေစွ"ဟု အကြံအစည် ဖြစ်တော်မူလေသည်။

ဤသို့အားဖြင့် တရားတော်သည်ပင်လျှင် ဘုရားရှင်၏ အလေးအမြတ် ရိုသေရာဖြစ်ခဲ့သည်မှာ ထင်ရှားလှပေသည်။

တရားတော်၏ ဂုဏ်ဒြပ်ကား ကြီးမားလှပေစွ။

(၂)
ဘုရားရှင်သည် သတ္တသတ္တာဟ လွန်မြောက်ပြီး ရက်ငါးဆယ်ပြည့်၍ အဇပါလညောင်ပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေစဉ်၌လည်း စိတ်အကြံတစ်ခု ဖြစ်တော်မူပြန်၏။

"ငါကိုယ်တော်တိုင် သိမြင်ခဲ့ရသော သစ္စာလေးပါး တရားအစုသည် လွန်စွာသိနိုင်ခဲလှ၏။ ငြိမ်းချမ်းလှ၏။ မွန်မြတ်လှ၏။ သိမ်မွေ့လှ၏။ အကျင့်မှန်ကို ကျင့်ကြံသော ပညာရှိတို့သာ တွေ့မြင်နိုင်၏။

သတ္တ၀ါအပေါင်းသည် အာရုံငါးပါး၊ ကာမဂုဏ်တရားတို့နှင့် မွေ့လျော်နေ၏။ ထို့ကြောင့် အကြောင်းအကျိုးဆက်စပ်နေသည့် ပဋိစ္စသမုပ္ပါဒ်ကို သိမြင်နိုင်ဖို့ ခက်လှ၏။ ထို့ထက် ကိလေသာတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို သိမြင်နိုင်ဖို့ ပိုခက်၏။

ဤမျှ နက်နဲလှသော တရားတို့ကို ဟောကြားသည့်အခါ က္ကနြေ္ဒမရင့်ကျက်သော နတ်၊ လူတို့ နာကြား၍ မသိမြင်၊ နားမလည်နိုင်လျှင် ငါဘုရားအတွက် ပင်ပန်းရုံသာ ရှိချိမ့်မည်"

ဤသည်မှာ တရားတော်၏ တန်ဖိုးကို သဗ္ဗညုတ ရွှေဥာဏ်တော်ဖြင့် သိမြင်နားလည်သော ဘုရားရှင်၏ တန်ဖိုးထားမူပင်တည်း။ သို့သော် မဟာကရုဏာရှင်ပီပီ၊ အချိန်ကျသည့်အခါ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အနန္ဒတို့အား တရားရေအေးကို လေးဆယ့်ငါးဝါ ကာလပတ်လုံး မပြတ်တိုက်ကျွေးခဲ့သည်သာ။ တရားတော်၏ တန်ဖိုးကား ကြီးမားလှပေစွ။

(၃)
နှင်းမူန်နှင်းငွေ့တို့ကြားမှာပင် နန္ဒမထေရ်၏ တရားဟောသံသည် လွင့်ပျံလာ၏။ ဘုရားရှင်သည် နန္ဒမထေရ် တရားဟောကြားရာ ဆွမ်းစာဆောင်ဆီသို့ ညီတော် အာနန္ဒာနှင့်အတူ ကြွမြန်းလေသည်။ ဆောင်းနှင်းမူန်တွေ ရိုက်ခတ်နေသဖြင့် ဆွမ်းစားဆောင် တံခါးတွေ ပိတ်ထား၏။ ဟနေသော တံခါးမကြီး၏ တံခါးနှစ်ချပ်ကြားမှ အရှင်နန္ဒမထေရ်၏ အသံတစ်ခုတည်း ထွက်ပေါ်နေခြင်းမှာ ပရိသတ်၏ တရားအပေါ် စူးစိုက်မူ မည်မျှကြီးမားသည်ကို ဖော်ပြနေသည်။

ညီတော် အာနန္ဒာက ဆွမ်းစားဆောင်တွင်းသို့ ဟနေသော တံခါးဝမှ ၀င်ရန် ဘုရားရှင်ကို လျှေက်ထားလိုက်သည်။ ဘုရားရှင်သည် ခန္ဓာဝန်၏ ဒဏ်ရာဒဏ်ချက်ကို သည်းခံတော်မူကာ တရားကို ဆက်နာနေသည်။ ညဉ့်ဦးယံ ပြီးဆုံးသွားပြီ။ ဓမ္မကထိက နန္ဒမထေရ်၏ တရားကား အဆုံးမသတ်သေး။ ညီတော် အာနန္ဒာက နားတော်မူပါရန် လျှောက်ထားသော်လည်း ဘုရားရှင်က ငြင်းပယ်တော်မူသည်။

ညဉ့်လယ်ယံသို့ ရောက်လာသည်။ နန္ဒမထေရ်၏ တရားပွဲကား မပြီးဆုံးသေး။ အပြင်တွင် ဆောင်းနှင်းခါးတွေ ရိုက်သဖြင့် ဘုရားရှင်၏ သင်္ကန်းတော်တို့ပင်လျှင် စိုစွတ်လာချေပြီ။ ဘုရားရှင်၏ ကိုတော်သည်ပင်လျှင် အေးစိမ့်ထုံကျဉ်လာချေပြီ။ နန္ဒမထေရ်ကား တရားဟော ကောင်းနေဆဲ။ ဘုရားရှင်ကလည်း တရားနာ၍ ကောင်းနေဆဲ။

မိုးသောက်ယံသို့ ရောက်လာသည်။ အရှေ့ဘက်တွင် ရောင်နီတွေသမ်းလာပြီ။ ထိုအခါမှ နန္ဒမထေရ်တရားပွဲကား ပြီးဆုံးသွားသည်။ ဘုရားရှင် ဆွမ်းစားဆောင်အတွင်းသို့ ကြွမြန်းဝင်ရောက်လာမှ နန္ဒမထေရ်သည် ပြင်ပဆောင်းနှင်းဒဏ်ကြားတွင် တစ်ညလုံးသည်းခံတော်မူကာ တရားနာနေခဲ့သည့် ဘုရားရှင်၏စိတ်ဓာတ်ကို သိရသည်။

ထိုအခါ ဘုရားရှင်၏ တရားတော်ကို တန်ဖိုးထား မြတ်နိုးတတ်ပုံ၊ သူတစ်ပါး တရားဟော အရှိန်ပျက်မှာစိုး၍ ဆွမ်းစားဆောင် အတွင်းမ၀င်ဘဲ ပြင်ပမှ တရားနာခဲ့ပုံ၊ တရားနှင့် ပတ်သက်၍ ဘုရားရှင်ကိုယ်တော်တိုင် တပည့်သား ရဟန်းသံဃာအပေါ် ချီးမြှင့်ပုံ၊ ကိုယ်တော်တိုင် တရားတော်ကို ဖော်ထုတ်၍ စတင်ဟောကြားသူ ဖြစ်ခဲ့ပါလျက် သူတစ်ပါး ဟောကြားသည်ကို တလေးတစား နာခဲ့သည်အထိ တရားအပေါ်၌အလေးအမြတ်ပြုပုံ၊ တရားဟူသည် သူ့တရား၊ ငါ့တရားမရှိ၊ သဘာဝတရား သက်သက်သာ ဖြစ်သည်ဟု ဘုရားရှင်က စိတ်ဓာတ်နှင့်လုပ်ရပ် တွဲ၍ သက်သေပြသွားခဲ့ပုံတို့ကို နန္ဒမထေရ်သည် ဆင်ခြင် တွေးဆမိသွားသည်။ 

"တံခါးအပြင်ဘက်တွင် ဘုရားရှင် ရှိနေမှန်း သိပါက ဤမျှလောက် ဟောပြ၀ံ့မည် မဟုတ်ပါဘုရား"ဟု နန္ဒမထေရ်က လျှောက်ထားလိုက်သည်။ ဘုရားရှင်က ပြုံးတော်မူလေသည်။

တရားတော်၏ ဂုဏ်ကျေးဇူးကို ဘုရားရှင်ကိုယ်တော်တိုင် ချီးမြှောက်တော်မူခဲ့ပါလား။

တရားတော်၏ဂုဏ်ကျေးဇူးကား "အနိုင်းမဲ့"လေစွ။

(၄)
အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်းတွင် အနိုင်းမဲ့ ဟောစဉ်တရားများ ရေးသား ချီးမြှင့်တော်မူနေသော ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)ကို တရားတော်၏ ဂုဏ်ကျေးဇူးများကို အနိုင်းမဲ့ဟောစဉ်တရားတစ်ခုအဖြစ် ရေးသားချီးမြှင့်ပေးပါရန် လျှောက်ထားမည်ဟု စိတ်ကူးနေစဉ်မှာပင် အိမ်သို့ ဖိတ်စာတစ်စောင် ရောက်လာသည်။ "တရားပွဲဖိတ်စာ"။

ခေတ်စကားနှင့်ဆိုရသော် ဖိတ်စာက အပျံစား။ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ အထူးတရားပွဲ တဲ့။ ကျင်းပမည့် နေရာက စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ ကံမြင့်ကျောင်းတိုက်။ ၂၈-၃-၂၀၀၀ ပြည့်နှစ်၊ ည (၇)နာရီ။

ဖိတ်စာက ရောင်စုံ ကွန်ပျူတာဒီဇိုင်း၊ "ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း"ပါသည်။ "ဆရာတော်ဆန္ဒ"ပါသည်။ ပြီးတော့ ဆရာတော် နှစ်သက်မြတ်နိုးသည့် ကြာပွင့်ကြီးသည် ငွားငွားစွင့်စွင့် ပွင့်လန်းလျက် ဖိတ်စာအပေါ်တွင် အထင်းသား။ ဆရာတော်၏ ဆန္ဒသုံးချက်ကို ဖတ်လိုက်မိသည်။

(၁) လောကမှာ ကာမဂုဏ်ချမ်းသာနဲ့ တရားဓမ္မချမ်းသာလို့ ချမ်းသာနှစ်မျိုးရှိတဲ့အထဲက တရားဓမ္မချမ်းသာနဲ့ပဲ ပျော်မွေ့ချင်တယ်။

(၂) လူ့ဘ၀ထက် ရဟန်းဘ၀က အများအကျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖြူဖြူစင်စင် ဆောင်ရွက်နိုင်တယ်။

(၃) မိဘကျေးဇူးကို အမြတ်ဆုံးနည်းနဲ့ ဆပ်ချင်တယ်။

ဆရာတော်သည် သူ့ဆန္ဒပါအတိုင်း သူကိုယ်တိုင် ဖြည့်ဆည်း ကျင့်ကြံဆောင်ရွက်နေပြီတည်း။ ကျွန်တော်က ဆရာတော်ကို အဝေးမှ အားကျကြည်ညိုနေရသည်။ ယခင်တလောက ဆရာတော် တစ်ပါးတည်း ဧကစာရီတောရဆောက်တည်ရာ သထုံမြို့၊ ကေလာသတောင်၊ ရွှေပါရမီတောရကျောင်းသို့ ကျွန်တော်လိုက်သွားခဲ့မိသေးသည်။ နေ့ပရိယတ်၊ ညပဋိပတ်အလုပ်နှင့် တစ်ပါးတည်း တောရဆောက်တည်နေသော ဆရာတော်၏ လက်ရှိ ဘ၀နေမူပုံစံကို ကြည်ညိုအားကျမိခဲ့ရသည်။

ဆရာတော်နှင့် ကျွန်တော်သည် ထူးခြားတိုက်ဆိုင်စွာ မွေးရက်၊ မွေးလ တစ်ထပ်တည်း တူနေပါသည်။ ဇန်န၀ါရီ (၉)ရက်ဖွားများ ဖြစ်၏။ သို့သော် ကျွန်တော်က ဆရာတော်ထက် (၁၀)နှစ်တိတိစောပြီး မွေးပါသည်။ တစ်နည်းအားဖြင့် ဆရာတော်ထက် ကျွန်တော်က အသက် (၁၀)နှစ်ကြီးသည်ဟု ဆိုနိုင်ပါသည်။

သို့သော် အသက်ဟူသည် မသေမီအတွင်း သည်ဘ၀အတွက် ရရှိထားသော ကိန်းဂဏန်း အရေအတွက်သာ ဖြစ်ပါသည်။ ဘာမျှလုပ်၍ မရပါ။ တကယ့်တန်ဖိုးအစစ်မှာမူ အသိဥာဏ်ပညာသာ ဖြစ်ပါသည်။

ကျွန်တော်က ၁၉၉၅-၉၆ ပတ်ဝန်းကျင်ရောက်မှ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်ကို အပြီးတိုင် ခိုလူံဖို့ စိတ်ကူးပေါ်လာခဲ့သည်။

ထိုအချိန်တွင် ၁၉၈၄-ခုနှစ် ကတည်းက (၁၀)တန်း ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီးနောက် ပရိယတ်၊ ပဋိပတ်နှစ်ဖြာ ကြိုးစားကျင့်ကြံလာခဲ့သော ဆရာတော်က ကျွန်တော့်ထက်စာလျှင် အသက်အရွယ်(ဂဏန်းနံပါတ်အားဖြင့်) ၁၀-နှစ် စောသည်ဟု ဆိုချင်ပါသည်။

သို့ကြောင့်လည်း ကျွန်တော်သည် ဆရာတော်၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို "လာခြင်းကောင်းသော ဧည့်သည်" ဆောင်းပါးဖြင့် ဖော်ထုတ်ရေးသားမိခဲ့ခြင်း ဖြစ်ပါသည်။

ထိုဆောင်းပါးရေးစဉ်က ဆရာတော်သည် သဒ္ဓမ္မရံသီရိပ်သာ၌ သီတင်းသုံးနေစဉ်ကာလ ဖြစ်ပါသည်။ ရိပ်သာမှနေ၍ ကျွန်တော့်အိမ်သို့ ဆွမ်းစားကြွခဲ့သော အခြေအနေလေးကို ပြန်သတိရမိနေသေးသည်။ ကျွန်တော်ရေးသားခဲ့သော "ငြိမ်းချမ်းသောစိတ်ဖြင့် မငြိမ်းချမ်းသော အာရုံများကိုဖြတ်ကျော်ခြင်း" စာအုပ်၌ ဆရာတော်က ကျွန်တော့်အတွက် အမှာစာရေးသား ချီးမြှင့်ပေးခဲ့သည်ကိုလည်း ပြန်လည်သတိရနေမိပါသည်။

မွေးနေ့တူ၊ အာရုံတူ၊ ၀ါသနာတူ၊ ဦးတည်ရာတူသဖြင့် စိတ်ချင်းဆက်သွယ်၊ မေတ္တာဓာတ်တွေ အပြန်အလှန် နွယ်ယှက်ခဲ့ကြပါသည်။ ဆရာတော့်တရားပွဲကို ကိုယ်တိုင်တစ်ခါမျှ မနာခဲ့စဖူး၊ သည်တစ်ခါတော့ တရားပွဲသို့ မရောက်ရောက်အောင် သွား၍ ရှေ့ဆုံးမှ နာကြားမည်ဟု အားခဲထားလိုက်မိသည်။

ကာလေန ဓမ္မဿဝနံ၊ ဧတံမင်္ဂလမုတ္တမံ (အခါအခွင်သင့်တိုင်း တရားနာခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်)ဟု (၃၈)ဖြာ မင်္ဂလာတရားတွင် ဘုရားရှင်ဟောကြားထားခဲ့သည်။ ဓမ္မဿဝနကုသိုလ်ဟူသည် ရခဲပေစွ။

တရားနာခြင်းသည် မင်္ဂလာတရားကို ဖြစ်စေပါလား။

တရားတော်၏ စွမ်းအားကား မြင့်မားလှပေစွ။

(၅)
၂၈-၃-၂၀၀ ပြည့်နှစ် ညချမ်း။

စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာ၊ လမ်းသို့ ရောက်သည်။ တရားပွဲကျင်းပရာ ဓမ္မသဘင်ကို သည်မျှအထိ ခမ်းနားစွာ ပူဇော်ပြင်ဆင်ထားလိမ့်မည်ဟု မထင်မိခဲ့။ သီရိမင်္ဂလာ လမ်းထိပ်တွင် တရားပွဲ ရောင်စုံဆိုင်းဘုတ်ကြီးတွေက ဟည်းနေသည်။ ဖိတ်စာထဲကအတိုင်း ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း၊ ဆရာတော်၏ ဆန္ဒတို့ကို ဆိုင်းဘုတ်ကြီးများဖြင့် ရေးထားသည်။

မုခ်ဦးအပေါက်ဝတွင် "ဓမ္မာစရိယ၊ ပထမကျော် ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ အထူးတရားပွဲ စာတန်းကြီးက ဆွဲဆောင်မူအပြည့်။

သီရိမင်္ဂလာလမ်းထဲတွင် ကံမြင့်ကျောင်းတိုက်ရှိသည်။ လမ်းထိပ်နှင့် ကျောင်းတိုက်သည် အတန်ငယ် လှမ်းသည်။ ကိုက်(၅၀၀)လောက်ဝေသည်။ မုခ်ဦးဝလမ်းထိပ်မှ ကံမြင့်ကျောင်းတိုက်ထိ လမ်းဘယ်ညာတွင် မီးချောင်း၊ မီးလုံးတွေ အစီအရီ ထွန်းညှိထားသည်။ ရာဇမတ်တွေ ကာပြီး ထီးဖြူတွေလည်း စိုက်ထားသည်။

သည် အပြင်အဆင် အားလုံး၏ အလှူရှင်မှာ ရွှေသံလွင်ကုမ္ပဏီမိသားစုဟု သိရသည်။ သီရိမင်္ဂလာလမ်းသည် မုခ်ဦးဝ ၀င်သည်နှင့် အေးချမ်းတည်ငြိမ်မူက ဆီးကြိုနေသည်သို့ ရှိသည်။

ကံမြင့်ကျောင်းတိုက်အ၀သို့ ရောက်သောအခါ တာဝန်ရှိသူတွေက ပျူငှာသောအပြုံးများဖြင့် ဆီးကြိုနေသည်။ တရားပွဲတာဝန်ယူကျင်းပသူ ဒေါက်တာလူမော်၊ ဒေါက်တာအေးကျော်တို့အဖွဲ့က ဆီးကြိုမိတ်ဆက်ပေးသည်။ ကိုတင်ထွဋ်နှင့် ကိုလွင်ဦးတို့ကို တွေ့ရပြန်ပြီ။

ရန်ကုန်မြို့ရှိ ခမ်းနားကြီးကျယ်လှသော တရားပွဲမှန်သမျှ၌ ကိုတင်ထွဋ်နှင့် ကိုလွင်ဦးတို့ကို တွေ့ရစမြဲ။ သူတို့သည် ချမ်းမြေ့ဆရာတော်ကြီး တရားပွဲမှမဟုတ်၊ အခြားသော ဆရာတော်များ၏ တရားပွဲများတွင်လည်း တရားပွဲ ဖြစ်မြောက်ရေးအတွက် ကိုယ်ရောစိတ်ပါ အားတက်သရော ဆောင်ရွက်ကြသည်ကို တွေ့ရသည်။

သူတို့သည်လူအများ ဓမ္မဿဝနကုသိုလ် ရစေရန်အတွက် သူတို့၏ ကိုယ်ပိုင်အချိန်များကို ဓမ္မဒါနအဖြစ် အရင်းပြု၍ ဝေယျာဝစ္စကုသိုလ် ယူနေကြခြင်းပင်။ သူတို့ကို ကြည့်လိုက်လျှင် ကုသိုလ်စိတ်ကြောင့် အမြဲရွှင်လန်းတက်ကြွနေသည်ကို တွေ့ရသည်။ သူတစ်ပါး အကျိုးဆောင်ရွက်လိုသော သူတို့၏ စေတနာမှာ သူတို့၏ မျက်နှာများပေါ်တွင် အထင်းသားပေါ်လွင်နေသည်။ သူတို့ကို မြင်လိုက်ရသည်နှင့် သူတို့ထံမှ ဓမ္မပီတိလိုင်းတွေကို ထိတွေ့ခံစားလိုက်ရသလို ရှိသည်။

ကံမြင့်ကျောင်းတိုက် အောက်ဘက်တွင် (၃၆)လက်မခန့်ရှိ တိဗွီကြီးတစ်လုံး ချထားသည်ကို တွေ့ရသည်။ ယခင်အကြိမ် တရားပွဲ ဗွီဒီယိုအခွေကို ထုတ်လွှင့်ပြသနေသည်။ တရားပွဲမကျင်းပမီ၊ ဆရာတော် ကြွမလာမီ ရောက်နှင့်ပြီးသော ပရိသတ်များကို တရားနှင့်မိတ်ဆက်နေသည့်သဘော။

သည်နေ့ တရားပွဲနှင့်ပါဆိုလျှင် သည် ကျောင်းတိုက်တွင် တရားပွဲများ ကျင်းပခဲ့သည်မှာ (၁၂၆)ကြိမ် ရှိခဲ့ပေပြီ။ ဆရာတော်ပေါင်းစုံသည် သည်ကျောင်းတိုက် ဓမ္မသဘင် ဓမ္မပလ္လင်ပေါ်မှ တစ်ဆင့် တရားဒေသနာပေါင်းများစွာ ဟောကြားခဲ့ပြီးပေပြီ။ စီစဉ်သူတို့ကလည်း စီစဉ်ဆောင်ရွက်ခဲ့ကြပြီ ဖြစ်သည်။ ကျွန်တော်ကား ယခုမှပင် ရောက်ဖူးတော့သည်။ ကိုယ့်အဖြစ်ကို ကိုယ်ကြည့်၍ ဘာမဆို အားမရ ဖြစ်မိသည်။

တရားဟော ပလ္လင်အနီး ရှေ့ဆုံးနားတွင် နေရာယူလိုက်သည်။ ထီးဖြူသုံးလက်အောက်မှ တရားဟောပလ္လင်သည် ငွေရောင်တွေ တဖိတ်ဖိတ်လက်နေသည်။ စံပယ်ပန်းတွေက တရားဟောပလ္လင် ပတ်လည်တွင် ဖြူဖွေးနူးအိစွာ နေရာယူလျက်။

ဘုရားခန်းထဲရှိ ကျောက်ဆင်းတု ဘုရားရုပ်ပွားတော်မှာ ပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ သီတင်းသုံးကာ က္ကနြေ္ဒရင့်ကျက်စွာဖြင့် ပြုံးတော်မူနေသည်။ ဘုရားခန်းအတွင်း ဘယ်ညာ ပန်းအိုးကြီးများဘုရားခန်းအပြင်ဘက် ဘယ်ညာ ပန်းအိုးကြီးများမှာ တင့်တယ်လှပေသည်။ စီစဉ်သူတို့၏ သဒ္ဓါတရား ကြီးမားပုံမှာ ပန်းအိုးပြင်ဆင်ထားပုံနှင့်ပင် သိသာလှပါသည်။

ဖြန့်ကြက်အာရုံပြုနေမိသော စိတ်တို့ကို ပြန်လည်စုဆည်ရသည်။ ဆရာတော်ကြွလာသည်အထိ တရားကို နှလုံးသွင်းနေလိုက်မိသည်။ ည(၇)နာရီသာသာကလေးတွင် ဆရာတော်ကြွလာလေသည်။ အသံချဲ့စက်မှ ဗြောသံအဖွင့်တီးလုံးကို ဖွင့်ထားပေးသည်။ ဆရာတော်ကြွလာသည့် လမ်းတစ်လျှောက် ဖူးမြော်ဦးခိုက်နေသော တရားနာပရိသတ်တို့၏ သဒ္ဓါတရားကို လှမ်းတွေ့နေရသည်။

ဆရာတော်သည် သက်တော် ငယ်လင့်ကစား ကျင့်ကြံဆောက်တည်နေသော သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် က္ကနြေ္ဒရင့်ကျက်တည်ငြိမ်လှသည်။ တောရဆောက်တည်နေသောကြောင့်လား မသိ။ ဆရာတော်သည် သိသိသာသာ ပိန်ကျသွားသည်။ ခန္ဓာကိုယ်သွယ်လျသွားသဖြင့် ကြည့်ရသည်မှာ ပို၍ ပေါ့ပေါ့ပါးပါး ရှိလှပါသည်။

ကျွန်တော်သည် အရိုးပေါ် အရေတင်ခန္ဓာကိုယ်ဖြင့် သာသနာဘောင်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားတော်မူခဲ့သော မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီးကို သတိရလိုက်မိသည်။

သာသနာတော်အတွက် ကြီးမားသော ၀ီရိယဖြင့် ရွက်ဆောင်ကြိုးပမ်းတော်မူသွားခဲ့ကြသည့် ဆရာတော်ကြီးများသည် ခန္ဓာကိုယ်ကို မငဲ့တော့။ ခန္ဓာကိုယ်ပေါ် ကပ်ငြိလာသည့် ရောဂါဝေဒနာတို့ကိုလည်း ရှေ့တန်းတင် နှလုံးသွင်း မနေတော့။ သာသနာတော်အတွက် အသက်ကို မငဲ့ကြတော့ပြီ မဟုတ်လော။

ဤသို့သော သာသနာ့အာဇာနည် စိတ်ဓာတ်မျိုးတွေသည် ဆရာတော့်ထံ၌အတိုင်းအတာတစ်ခုအထိ ဖြစ်ထွန်းပေါ်ပေါက်လာနေပြီလားဟု ကျွန်တော်တွေးကြည့်နေမိသည်။

သံဃာစင်ထက်၌ ထိုင်ကာ ဘုရားကို ၀တ်ပြုနေပုံ၊ တရားဟောပလ္လင်ပေါ်သို့ လှမ်းတက်ပုံ၊ သင်္ကန်းကို အစအနသိမ်း၍ တရားဟောရန် ပြင်ဆင်နေပုံတို့ကို အမှတ်သတိဖြင့် ပြုမူဆောင်ရွက်နေသော ဆရာတော်ကို ကြည့်ရူကြည်ညိုနေမိသည်။

ဆလိုက်မီးတွေထိုးထားသော ရွှေရောင်ပလ္လင်ထက်မှာ ဆရာတော်ထိုင်လျက် သီတင်းသုံးနေပုံမှာ ကြည်ညိုဖွယ်ရာ ဆရာတော်၏ ဥပဓိရုပ်အဆင်းမှာ ကြည်လင်ပီသသလို၊ ဆရာတော်၏ ဥပဓိရုပ်အဆင်းမှာလည်း ကြည်လင်အေးချမ်းလှသည်။

"ဒီနေ့ ဟောမယ့်တရားက ရလေလိုလေ၊ ဒါပေမဲ့ တဒင်္ဂလေးတွေဆိုတဲ့ တရားဖြစ်ပါတယ်"

တရားတော်၏ ခေါ်ဆောင်ရာနောက်သို့ ကွန်တော်လိုက်ပါသွားမိသည်။ ကာမဂုဏ်ဟူသည် ချမ်းသာပါသလား။ တရားအာရုံသည်သာ ချမ်းသာအစစ်ပေတကား။ ပုထုဇဉ်တို့၏ အလိုတွင် ကာမဂုဏ်ချမ်းသာ ဟူသော အစွဲအမှတ်တွေ ရှနေသည်။ အရိယာတို့၏ အမြင်တွင်မူ "ကာမဂုဏ်ဆင်းရဲ"ဟု မှတ်ထင်သည်။ တရားသည်သာလျှင် ချမ်းသာအစစ် ဖြစ်လေသည်။

ဆရာတော်သည် ကာမဂုဏ်၏ အပြစ်တွေကို တစ်ဆစ်ချင်း ဖော်ထုတ်ပြသည်။ အထောက်အထား ပုံပြင်တွေပါသည်။ အတောမသတ်နိုင်သော လောဘ၏ သဘာဝကို လှစ်ဟ ဖော်ထုတ်သည်။ လောဘကြောင့် ရအောင်လုပ်လို့ ရလာပြန်တော့လည်း ခဏလေးပါလား၊ တဒင်္ဂလေးပါလားဟု ဆရာတော်က သံဝေဂဥာဏ်တင်၍ သုံးသပ်တင်ပြသည်။ နိဂုံးချုပ်တွင် -

"ဦးပဉ္စင်းက တရားဟောနေတယ် ဆိုပေမယ့် တစ်ဖက်မှာလည်း ကိုယ်ကိုယ်တိုင် ပြန်နားထောင်နေတာပါပဲ၊ တရားနာပရိသတ်ထဲမှာ ဦးပဉ္စင်းကုယ်တိုင်လည်း ပါနေတာပါပဲ။ တရားဆိုတာက ဘယ်သူမျှ ကိုယ်ပိုင်မရှိပါဘူး။ ဘုရားရှင် တွေ့ရှိခဲ့တဲ့ တရားတော်တွေကို တစ်ဆင့်ပြန်ပြောနေကြတာပါ"

သည်စကားကြားရသောအခါ ကျွန်တော့်ရင်ထဲ အတိုင်းမသိ ပီတိဖြစ်မိသည်။

သူ့တရား၊ ငါ့တရား၊ စည်းခြား၊ နယ်ခြား၊ အစွဲများ မရှိခြင်သည်ပင်လျှင်လည်းကောင်း၊ မူလတရားပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ကျေးဇူးတရားများကို တရားတော်မှတစ်ဆင့် ပြန်လည်အောက်မေ့ခြင်းသည် လည်းကောင်း ငြိမ်းအေးမူ၏ အခြေခံ အကြောင်းများ ဖြစ်ပါသည်။
တရားတော်သည် ငြိမ်းအေးလှပေစွ။ လွတ်မြောက်မူအတွက် လမ်းပြအမှန် ဖြစ်ပေစွ။

(၆)

အကြောင်းကြောင်းကြောင့် ကျွန်တော်သည် ကံမြင့်တရားပွဲများသို့ နေ့စဉ် မရောက်ဖြစ်ခဲ့ပါ။ မတ်လ (၃၁)ရက် တိပိဋကဓရ (ယော) ဆရာတော်၏ နေ့တွင်သာ သွားရောက်ကြည်ညို နာကြားနိုင်ခဲ့ပါသည်။ သို့သော် ကံမြင့်တရားပွဲ ကျင်းပရေးအဖွဲ့က တိပ်ခွေနှင့် ဓာတ်ပုံမှတ်တမ်းတွေပေး၍ ကျွန်တော့်အတွက် ကြည်ညိုသဒ္ဓါပွား၍ မဆုံးနိုင်။ တရားခွေများမှ တစ်ဆင့် ဓမ္မဿဝန ကုသိုလ်တွေ ရရှိ၍ မဆုံးနိုင်။

မတ်လ (၃၁)ရက်နေ့ သီတဂူဆရာတော်၏ အမြတ်ဆုံးဥစ္စာနှစ်ပါး (သီလနှင့်ပညာ) ဟောပြောချက်သည် ရင်ထဲသို့ အလင်းတန်းများ ဖြန့်ဝင်လာသည့်နှယ်။ တိပိဋကဓရ (ယော) ဆရာတော်၏ "ကိုယ်ပိုင်အလုပ် ဥစ္စာထုပ်" တရားတော်၏ ရေအလျဉ်သည်လည်း ရင်ထဲအေးမြ၍ မဆုံး။ ယခု ဤဆောင်းပါးရေးသားနေချိန်တွင် တိပိဋကဓရ ဆရာတော်အရှင်သုမင်္ဂလာလင်္ကာရ(Ph.D)နှင့် တိပဋကဓရ (ရေစကြို) ဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသတို့၏ တရားခွေများကို နှလုံးသွင်း နာကြားနေဆဲ ဖြစ်ပါသည်။

သည်အထဲတွင် ကျွန်တော့်ဘ၀ထဲသို့ စီးဝင်လာသော တရားအဆုံးအမတစ်ခုမှာ ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ၏ "ရလေလိုလေ၊ ဆင်းရဲလေ၊ စွန့်လေချမ်းသာသည်"ဟူသော တရားဆောင်ပုဒ်ဖြစ်ပါသည်။ သည်အဆုံးအမသည် တိုသလောက် အဓိပ္ပာယ်မှာ နက်ရိုင်းလှပေသည်။ တဏှာလောဘကို စွန့်နိုင်သူတို့၏ အပြီးတိုင်ချမ်းသာသွားကြပုံတို့ကို ဘုရားရှင်နှင့် တပည့်သား ရဟန္တာအရှင်မြတ်တို့က သက်သေပြသွားခဲ့ကြပြီ ဖြစ်ပါသည်။

ယခု ဘုရားရှင်၏ သာသနာတော်အတွင်းဝယ် ဘုရားရှင်၏ တပည့်သားသံဃာတော်တို့သည် ဘုရားရှင်ချမှတ်ခဲ့သော ၀ိနည်းများအတိုင်း တရားတော်များကို လက်ဆင့်ကမ်းအမွေ အဖြစ် ထိန်းသိမ်းနေကြဆဲ ဖြစ်ပါသည်။

သံဃာတော်များမှာ တစ်ဆင့် တရားတော်များကို ကြည်ညိုနာကြားခွင့်ရပါသည်။

တရားတော်များမှ တစ်ဆင့် ဘုရားရှင်ကို ဖူးတွေ့ခွင့်ရပါသည်။ သရဏံဂုံသုံးပါးသည် ရင်ထဲ၌ ဖြစ်တည်လာ၏။

သို့အတွက် တရားတော်များ နာယူနိုင်ရန် တရားပွဲများ ကျင်းပပေးသော ကံမြင့်ကျောင်းတိုက် ဥပဋ္ဌာကအဖွဲ့၏ စေတနာသဒ္ဓါတရားကိုလည်း လေးစားကြည်ညိုရပါသည်။


သည်မှ တစ်ဆင့် ကူးစက်ကာ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း တစ်နှစ်ပြည့်သည့်အခါ အပ္ပမာဒအထူးတရားပွဲများ ကျင်းပရန်ကျွန်တော့်တွင် စိတ်ကူးများ အစပျိုးမိပေပြီ။


မြန်မာပြည့် အနှံ့အပြား နေရာဒေသ အသီးသီးတွင် "တရားနဲ့ ပနံတင့်၊ အများရဲ့ကံမြင့်"ကဲ့သို့ ဓမ္မဿဝနကုသိုလ်ယူ အထူးတရားပွဲများ ပေါ်ပေါက်လာပါစေ။ ကံမြင့် အထူးတရားပွဲများကို အားကျ၍ မိမိတို့ နေရာဌာန အသီးသီးတွင် တရားရေဖျန်း ဓမ္မပန်းများ လန်းဆန်းအောင် ဆောင်ရွက်နိုင်ကြပါစေဟု ဆုတောင်းနေမိပါတော့သည်။


မြသန်းစံ (၁၄.၄.၂၀၀၀) 
 ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက “ကြာလိုလူ” စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

လူဝင်စား ဟူသည်

 
(ခရစ်နှစ် ၂၀၁၁ ပြည့် မေလထုတ် မြတ်ပန်းရဂုံစာစောင်ပါ ဥက္ကာ (အင်ကြင်းမြေ)၏ အချို့သော လူဝင်စားများတွင် ဘ၀ဟောင်းမှ ဥတုဇရုပ်ပေါ်တွင် ရှိခဲ့ဖူးသော အမာရွတ်များ ပါကြ၏။ အဘယ်အကြောင်း တရားကြောင့် ဖြစ်ကြောင်း မေးမြန်းချက်ကို ဖြေကြားခြင်း ဖြစ်ပါသည်။) လူဝင်စားနှင့် ပတ်သက်သော မေးခွန်းများကို ခေတ်အဆက်ဆက်မေးမြန်းကြသဖြင့် ဆရာတော်မြောက်မြားစွာက အကြိမ်ကြိမ် ဖြေဖူးကြ လေပြီ။
 
ဤ၌ ထင်ရှားသော ဆရာတော်ကြီးများ၏ အဖြေများမှ ထုတ်နှုတ်၍ မေးခွန်းရှင်သိလိုသည်များကို
ဖြေပါမည်။ လယ်တီဆရာတော်ဘုရားကြီး၏ နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်-စာအုပ်မှ ပြင်သစ်ပုစ္ဆာ အမှတ်လေး အဖြေတွင် လူဝင်စားနှင့်ပတ်သက်သည့်အဖြေကို ရှေးဦးစွာ ထုတ်ပြပါမည်။
မေး။ “လူဝင်စားဟူ၍ လောက၌ ပြောရိုး ဆိုရိုးရှိကြ၏။ ၀င်စားခြင်း အကြောင်းသည် ဗုဒ္ဓဘာသာ တရားတော်တွင် သက်ဝင်ခြင်းရှိပါသလား-

ဖြေ။ လူဝင်စားဟူသည် အသီးအခြား တပါးတမျိုး မဟုတ်။လူ့ဘ၀သို့ ရောက်လာကြသူ အပေါင်းတို့တွင် ရှေးဘ၀ကို ပြန်၍သိနိုင်သူ အနည်းငယ်မျှသာ ရှိကြ၏။ ထိုသူတို့ကို လူဝင်စားဟူ၍ ခေါ်ကြ၏။ ထိုသူကို ဗုဒ္ဓ ဘာသာကျမ်းဂန်တို့၌ `ဇာတိဿရ´ ပုဂ္ဂိုလ်ဟူ၍ ခေါ်၏။ ရှေးဘ၀ကို ပြန်၍အောက်မေ့နိုင်သောသူ၊
သိနိုင်သောသူ ဟု ဆိုလိုသည်။ ရှေးဘ၀ကို ပြန်၍ မသိနိုင်ခြင်း၊ သိနိုင်ခြင်း အကြောင်းကား -

(၁) လူ့ဘ၀၌ နေ့ရက်ရှည်ကြာ အနာရောဂါ နှိပ်စက် ညှဉ်းပန်းစိတ်အား ကုန်ခန်း၍ သေရခြင်းတပါး။
(၂) နောက်ဘ၀၌ ဂဗ္ဘသေယျကမျိုး ဖြစ်၍ အလွန်သေးငယ်လှသော ကလလရေကြည် အစတည်လျက်
နေ့ရှည်ရက်များ ဖြေးနှေးစွာ ကြီးပွားရသဖြင့် စိတ်အားသေးနုတ် မှေးတုတ် မိန်းမော၍ နေရခြင်းတပါး။
ဤအကြောင်းနှစ်ပါးနှင့် တွေ့ကြုံ၍ လာကြကုန်သော သူတို့သည် ရှေးဘ၀ကို မေ့ကြကုန်၏။
ထိုမှတပါး-

(၁) အလွန်ငယ်ကလေးက သေခဲ့ကြသောသူ၊ အလွန်အိုမင်းထိုင်းမှိုင်းလှမှ သေခဲ့ကြသောသူ၊ ယစ်မျိုးကြူး လှသောသူတို့သည်၎င်း၊
(၂)နောက်ဘ၀၌အမိသည်ရောဂါသည်မဖြစ်ခဲ့သော်၎င်း၊
(၃)အလုပ်ကြမ်း၊အကိုင်ကြမ်းလုပ်ကိုင်ရသူဖြစ်ခဲ့သော်၎င်း၊
(၄)ကိုယ်ဝန်ဆောင်မှု၌အလိမ္မာမရှိသူဖြစ်ခဲ့သော်၎င်း၊
(၅)အစောင့်အစည်းမရှိသူဖြစ်ခဲ့သော်၎င်း၊
အမိဝမ်းတွင်း၌ သူငယ်သည် အလွန်ထိတ်လန့်ခြောက်ခြားခြင်း များသဖြင့်လည်း ရှေးဘ၀ကို မေ့ကြကုန်၏။
(ဤကားရှေးဘ၀ကိုပြန်၍မသိနိုင်ခြင်းအကြောင်းတည်း။)

(၁) ဤလူ့ဘ၀၌ သေလွန်၍ ဥပပတ်နတ်ဘ၀၊ ဗြဟ္မာဘ၀သို့ ရောက်ကြသောသူ၊ ငရဲဘ၀ ပြိတ္တာ ဘ၀သို့ ရောက်ကြသောသူတို့သည်ရှေးဘ၀ကိုသိနိုင်ကြကုန်၏။
(၂) ဤလူ့ဘ၀၌ အားရှိတုန်းအခါမှာ လက်နက်ဘေး၊ ကပ်၊ ဥပါဒ်ဘေး နှင့် ရုတ်တရက် သေဆုံး ကြကုန်၍ နောက်ဘ၀၌ အနာရောဂါကင်း၍ သန့်ရှင်းငြိမ်သက်သော အမိဝမ်း၌ ဖြစ်ရသော သူများသည် ရှေးဘ၀ကို သိတတ်ကြ၏။

(၃) ရှေးဘ၀ကို ပြန်၍ သိရလို၏ - ဟု ကုသိုလ်ကောင်းမှုပြု၍ ဆုတောင်းပတ္ထနာပြုခဲ့သော သူများသည်လည်း ရှေးဘ၀ကိုပြန်၍သိတတ်ကြ၏။
(၄) ပုဗ္ဗေနိဝါသ အဘိညာဏ်ကို ရကြကုန်သော ရသေ့တို့သည် လည်းကောင်း၊ ဘုရား၊ ပစ္စေကဗုဒ္ဓါ ရဟန္တာတို့သည်လည်းကောင်းရှေးဘ၀ကိုသိတတ်ကြကုန်၏။
(ဤကားရှေးဘ၀ကိုပြန်၍သိနိုင်ခြင်းအကြောင်းတည်း။)”

ဆရာဝန်ကြီး ဦးနေ၀င်း မေးသဖြင့် တောင်မြို့ဆရာတော်ဖြေဆိုအပ်သော `သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ အဖြေများ´ စာအုပ်မှ ယခုဘ၀အထိ ယခင်ဘ၀က အမာရွတ်များ ပါရှိလာခြင်းနှင့်ပတ်သက်သည်အဖြေကို ထုတ်ပြပါမည်။
“မေး။ ။ ရုပ်ကကောဘယ်လိုပြောင်းပါသလဲ။
ဖြေ။ ။ ရုပ်လည်းမပြောင်းဘူး၊ ရုပ်လည်း မပြောင်းဘူး။ ကံကြောင့် ရုပ်သစ်ဖြစ်။ ။ ဒီဘ၀မှာ လူပင်ဖြစ် သော်လည်း နောက်ဘ၀ပြိတ္တာဖြစ်မယ်ဆိုရင် ပြိတ္တာရုပ်၊ တခြားသပ်သပ် ကံက အကျိုးပေးတယ်လေ။
 
 ကံက၀ိပါက်ဝိညာဉ်ကိုလည်း အကျိုးပေးတယ်။ ခုနက ကမ္မဇကလာပ်သုံးစည်းဟာ သူ့ကြောင့်ဖြစ်ပေါ်လာတာပဲ။ ရုပ်က ဆက်သွားတာ မဟုတ်ဘူး။ သူ့ကြောင့် ပေါ်လာတဲ့အတွက်ကြောင့်မို့လို့၊ ဒီကရုပ်တွေ ပြောင်းသွားလို့ မဟုတ်ဘူး။ ဒါပေမဲ့ ကံကြောင့် ရုပ်သစ်တွေဖြစ်တယ်။ ဒီဘက်က ဓားခုတ်ရာ ဟိုဘက်မှာပါနေ။ ။ တစ်ခါ ထပ်ပြီးတော့ မေးစရာရှိတယ်။ ဓားခုတ်ရာနဲ့လူဟာ ဟိုဘက်ဘ၀ကျတော့ သူ့မှာ အဲဒီဓားခုတ်ရာ ပါသွားတယ်။

အဲဒီဟာက ဘုန်းကြီးသိပ်မမီဘူးနော်၊ သိပ်မမီပေမဲ့လို့ စိတ္တဇရုပ်က ဓါတ်ချင်းက ဆက်နေသေးတယ်။ စိတ်က ဟိုသယ်သွားတာတော့ မဟုတ်ဘူး။ မဟုတ်ပေမဲ့လို့ ဓါတ်ချင်းက ဆက်နေတော့ ကလေးမှာ ဓါးခုတ်ရာလေး ဘာလေး တွေ့နေတယ်။ အဲဒီထိအောင်တော့ ဘုန်းကြီး ပိုင်ပိုင်နိုင်နိုင် မပြောနိုင်ဘူး။ မပြောနိုင်ပေမယ့် အဲဒီလို ဆက်တဲ့ဥစ္စာ ဒီကရုပ် ပါသွားတာတော့ မဟုတ်ဘူး။ ရုပ်ချင်း ကျေးဇူးပြု။ ။ ခုဘ၀မှာပဲ ၁၀-နှစ်သားတုန်းက ဓားခုတ်ရာနဲ့လက်ဟာ ၁၁-နှစ်သားကျတော့ ဒီအရာက ပါလာတာမဟုတ်ဘူး၊ ရုပ်သစ်ပဲ။ ဒါပေမဲ့ ဓါတ်ချင်း ဆက်တော့ ဟိုမှာ အရာကလေးက ပါရက်ပါရက်ပဲ။ ဒီက ဓါးခုတ်ရာက ရုပ်တွေက ဟိုမှာ ဓါးခုတ်ရာ အဖြစ်နဲ့ ဆက်တာမဟုတ်ဘူး။ ရုပ်ချင်း ကျေးဇူးပြုလိုက်တော့ ဒီအရာကလေးနဲ့ဆိုင်တဲ့ ရုပ်ကလေးတွေပဲ ဟိုမှာသွား ပြီးတော့ ဖြစ်တယ်။ ဟိုဘက်ဘ၀ကျတော့ ရုပ်သစ်ပေမဲ့လို့ ဒီက စိတ်ဓါတ်ကတော့ ဆက်ရက်ဖြစ်နေတယ်။
ဓားခုတ်ရာလေး ဘာလေး ပါသွားတယ်ဆိုတာ ဖြစ်နိုင်လောက်တယ်လို့ ၊ ဒီလိုတော့ ဘုန်းကြီးက နားလည်း ထားတယ်။ (နှာ ၆၀-၆၁)”

ဝဏ္ဏကျော်ထင် ဒေါက်တာဦးမြင်ဆွေ မေးမြန်းသဖြင့် မဟာစည်ဆရာတော်ကြီး ဖြေဆိုအပ်သော `ဘ၀ပြဿနာ´ စာအုပ်မှ ထုတ်နှုတ်ပြပါဦးမည်။
“ခွေးဘ၀ကလူ” ။ ။ မြင်းခြံခရိုင်၊ ဧရာဝတီကျွန်းထဲက မိဖုရားရွာ၌ မယ်အိမ်ခေါင်း၏သား (ယခု အသက် ၅၀-ခန့်ရှိ) မောင်တိုက်စိုးဆိုသူသည် ရှေးဘ၀က မယ်မင်းပု+ ဖိုးခိုတို့၏ အိမ်၌ ခွေးမဖြစ်ခဲ့ကြောင်း ၊
ခွေးသားကလေးများမွေးလျက် တစ်ညသောအခါမှာ စားစရာ မရှိသောကြောင့် တခြားအိမ်သို့သွား၍ ထမင်းအိုးကို ဖွင့်ကာ ထမင်းချိုးကို ကိုက်စားနေခိုက် အိမ်ရှင်က ခရင်းနှင့် ရင်ဘတ်ကို ထိုးသောကြောင့် ထွက်ပြေးလာခဲ့ရကြောင်း၊ သားကလေးများအနီးသို့ ရောက်သောအခါ လဲကျ၍ သေခဲ့ကြောင်း စသည်ကို ပြောပြ၏။ ထိုသူ၏ ရင်ဘတ်၌ ခက်ရင်းဒဏ်ရာ ထင်လျက်ရှိ၏။ ၎င်းမှာ စွဲလမ်းသော စိတ်ကြောင့်ဖြစ်သည်ဟု ယူသင့်၏။
 
 ဥပမာ အိပ်မွေ့ချထားသောသူအား ဆရာက သံပူနှင့်ကပ်မည်ဟု ပြော၍ ခဲတန်နှင့် ကပ်လိုက်လျှင် စွဲလမ်းမှုကြောင့် ထိုနေရာတွင် မီးလောင်ဖု ပေါ်လာခြင်းမျိုးပင်ဟု မှတ်ရာ၏။” (နှာ -၄၈)
အထက်ပါ ကောက်နှုတ်ချက်အဖြေများအတိုင်း `ယခင်ဘ၀က အမာရွတ်များ ယခုဘ၀အထိ
ပါလာခြင်းမှာ စိတ်စွဲလမ်းမှုကြောင့် စိတ္တဇရုပ်များက ကျေးဇူးပြုသဖြင့် ထင်လာခြင်း´ဟု သဘောကျ မှတ်သားသင့်ပါသည်။

အရှင်ကောဝိဒ (ယော) 
 http://www.myatpanyagon.comမှတဆင့်ခံစားတင်ပြသည်။

Thursday, 17 October 2013

ကံမြင့်အောင် လုပ်ပေးပါ



များစွာသောသူတို့သည် ကံဆိုသော စကားလုံးနှင့်ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ကြ၏။ တွေ့ကြုံခံစားရသော အခြေအနေတစ်ရပ်အပေါ် မူတည်ကာ ကံကောင်းသည်၊ ကံဆိုးသည်၊ကံနိမ့်သည်၊ ကံမြင့်သည်၊ ကံလိုက်သည် ကံမလိုက်၊ ကံစပ်သည် ကံမစပ်၊ ကံစွမ်းရှိသည်၊ ကံစွမ်းမရှိစသည်ဖြင့် ကောက်ချက်ဆွဲကာ သုံးနှုန်းပြောဆိုတတ်ကြသည်။ သို့သော်လည်း ကံဆိုသည့်စကားလုံး၏ ဆိုလိုရင်းအဓိပ္ပာယ် ကိုထဲထဲဝင်ဝင်ဆစ်ပိုင်းကာ နားလည်သဘောပေါက်ခြင်း မရှိကြသည်သာ များပါသည်။


အထူးအားဖြင့် စီးပွားရေး၊ ကျန်းမာရေး၊လူမှုရေးတို့အဆင်မပြေချိန်တွင် ကံကို ယိုးမယ်ဖွဲ့ကာ တရားခံရှာကြ၏။ မိမိကိုယ်တိုင်က ကံနိမ့် နေပြီဟု အထင်ရှိချိန်၊ တစ်ဦးတစ်ယောက်က အကြောင်းပြပြောဆိုလာချိန်တွင် ထိတ်လန့်တုန်လှုပ်တတ်ကြပြီး၊ ကံဇာတာမြင့်နေသည် ကံကောင်းချိန်ဖြစ်သည်ဟုဆိုလာပါက ကျေနပ်အားရတတ်ကြ၏။


ထို့ကြောင့်ပင်လျှင် ကံကောင်းစေသည်ဟု ပြောဆိုသောအဆောင်လက်ဖွဲ့စသည်တို့ကို ရှာဖွေ စုဆောင်းကြ၏။ မိမိ၏ကံကိုမြင့်တက် သွားအောင် လုပ်ပေးနိုင်သည်ဟုဆိုသူတို့ကို အလွယ်တကူ အလေးထားဆည်းကပ်ကြလေတော့သည်။
ရန်ကုန်မြို့ထဲရှိ အလွန်ရင်းနှီးသော ဒကာတစ်ယောက်အိမ်တွင် ဆွမ်းဘုဉ်းပေးရသောနေ့ကဖြစ်၏။ နယ်မှ ခဏရောက်လာသော ဖခင်ကြီးနှင့်တကွ သားသမီးမိသားစုများ စုံညီစွာဖြင့်ဆွမ်းကပ်ကြသည်။ သူတို့၏မိတ်ဆွေများလည်းရောက်လာကြပြီး ဆွမ်းစားအပြီး တွင်စကားပြောဖြစ်ခဲ့ပါသည်။ စပ်မိစပ်ရာပြောဆိုကြပြီးတွင် "အရှင်ဘုရား၊ကံမြင့်အောင် လုပ်ပေးနိုင်တယ်ဆိုတာ ဟုတ်ပါသလားဘုရား" ဟု မေးမြန်းလာသော ဧည့်သည်ဒကာတစ်ဦး၏ ဆိုလိုချက်ကို သဘောမပေါက်လိုက်သောကြောင့်အကျိုးအကြောင်းသိစေရန် "ဘာဖြစ်လို့လဲ"ဟုပြန်လှန်မေးခွန်းထုတ်ရပါသည်။

"တပည့်တော်မှာ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ အခုခေတ်နဲ့ပြောရင်တော့အရမ်းချမ်းသာတယ်ပေါ့ဘုရား၊ လုပ်သမျှလုပ်ငန်းကြီးတွေ အားလုံးလည်းအဆင်ပြေအောင်မြင်တာချည်းပဲ။ သူ့အပြောကတော့ ဘုရား၊ သူ့မှာကိုးကွယ်တဲ့ဆရာတော်တစ်ပါးရှိတယ်။ ကံနိမ့်နေသူ တွေ အဆင်မပြေသူတွေကိုကံကောင်းအောင် ကံမြင့်သွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။အဲဒီဆရာတော်ကို ကိုးကွယ်ဆည်းကပ်လို့ အဆင်ပြေအောင်မြင်တာ ချမ်းသာလာတာလို့ပြောပါတယ်။ ဒါကြောင့် မေးကြည့်တာပါဘုရား"

ထိုဒကာမှာ အမှန်တကယ်နားမလည်၍ ရိုးသားစွာမေးမြန်းခြင်းဖြစ်ပါသည်။ စီးပွားရေးကို အားသွန်နေချိန်ဖြစ်၍ ဘာသာရေးကို မလေ့လာ ဖြစ်သေးပါဟု တင်ကြိုပြောဆိုထားသောကြောင့် လွယ်လွယ်နှင့် နားလည်သွားအောင် ရှင်းပြရပေတော့မည်။
"ဒါဆို ဘုန်းကြီးရှင်းပြပါ့မယ်။ ပြီးမှ ကိုယ်တိုင် ဆုံးဖြတ်ပါ။ ဘုန်းကြီးတို့ရဲ့ဆရာ ဓမ္မဒူတဆရာတော်ကြီး ကံအကြောင်းပြောတဲ့ တရားပွဲ တွေမှာ ထည့်သွင်းဟောပြောလေ့ရှိတဲ့ဆောင်ပုဒ်ကလေးတစ်ခုရှိတယ်။

"ကံဆိုတာအလုပ်၊အလုပ်ဆိုတာကံ။အလုပ်မကောင်း၊ကံမကောင်း။အလုပ်ကောင်းမှ ကံကောင်းမည်။ကံကောင်းအောင် ကောင်းကောင်း လုပ်" တဲ့။

"ကံဆိုတာအလုပ်ဆိုတဲ့နေရာမှာ ဘယ်သူလုပ်တဲ့အလုပ်ဆိုရင် ကိုယ်ကိုယ်တိုင်ပြုလုပ်တဲ့အလုပ်လို့ဆိုပါတယ်။ နေ့စဉ်ဘ၀မှာ မဖြစ်မနေ ပြုလုပ်ဆောင်ရွက်နေကြတဲ့ ခန္ဓာကိုယ်နဲ့ ပြုတဲ့ ကာယကံ၊ နှုတ်နဲ့ပြောဆိုတဲ့ ၀စီကံ၊ စိတ်ကကြံစည်တဲ့ မနောကံတွေဟာ ကိုယ့်ရဲ့အလုပ် ကိုယ့်ရဲ့ကံတွေဖြစ်ပါတယ်။

ကမ္မဿကောမှိ။ကမ္မဒါယောဒေါ - ကိုယ်ပြုလုပ်ပိုင်ဆိုင်တဲ့ ကိုယ့်ကံရဲ့အမွေကို ခံယူကြရတယ်။ နေ့စဉ်နေ့တိုင်း ပြုမူဆောင်ရွက် ကြံစည်နေကြတဲ့နေရာမှာ ကောင်းတာလုပ်ရင် ကံကောင်းမယ်။ မကောင်းတာလုပ်ရင် ကံမကောင်းဘူးပေါ့။အဲဒီကောင်းကံမကောင်းကံ တွေကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးတွေကိုတော့ ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ ခံယူကြတော့မှာပဲ။ ငြင်းဆန်လို့ရွေးချယ်လို့ မရ တော့ဘူး။
ကောင်းမှုပြုရင် ကံကောင်းမယ်၊ အကျိုးပေးကောင်းမယ်။ မကောင်းမှုပြုရင် ကံမကောင်းဘူး၊ အကျိုးပေးမကောင်းဘူးလို့ တထစ်ချမှတ် ပါ။ ဒါဟာ ကံ ကံရဲ့အကျိုးပေးလို့ ယုံကြည်တဲ့ ကမ္မဿကတာ သမ္မဒိဋ္ဌိဉာဏ်လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း ဒီလောက်တော့ သိနားလည်အောင် လေ့လာထားဖို့လိုပါတယ်။

မိမိရဲ့ကံကောင်းမကောင်း၊ နိမ့်မနိမ့်၊ မြင့်မမြင့်ဆိုတာ မိမိအပေါ်မှာပဲ လုံးဝမူတည်ပါတယ်။ ဘယ်သူကမျှပြုပြင်ပြောင်းလဲပေးဖို့ မဖြစ်နိုင်ပါ ဘူး။ ကိုယ်တိုင်ပြုမှ ကိုယ့်ကံပါ။ သူများကလုပ်ပေးတယ်ဆိုရင်တောင် သူများကံဖြစ်သွားတော့မှာပါ"
ထိုဒကာမှာ ဘာမျှပြန်လည်ပြောဆိုခြင်းမရှိဘဲဆိတ်ဆိတ်နေပါသည်။ စဉ်းစားနေပုံရ၏။မိတ်ဆွေဖြစ်သူချမ်းသာနေသည်မှာလည်း လက်တွေ့မျက်မြင်မို့ လက်ခံရန်ခက်နေသလားတော့မသိပါ။ စိတ်ထဲတွင် သိပ်ဘ၀င်ကျဟန်တော့မတူပါ။ အသိအမြင်ရှင်းမှသာလျှင် ကျေနပ်လက်ခံမည်မှာ သဘာဝမို့ တစ်မျိုးလှည့်ကာ ပြောရပြန်သည်။


"ဘုန်းကြီးတစ်ခုမေးမယ်နော်။ ဒကာရဲ့မိတ်ဆွေ ကြီးပွားချမ်းသာလာတော့ သူကိုးကွယ်တဲ့ဆရာတော်အတွက်ဘာတွေလုပ်ပေးသလဲ"


"အကုန်ပေါ့ဘုရား၊ ဘာမျှလိုလေသေးမရှိစေရဘူး။တိုက်တွေ၊ကားတွေကအစ အားလုံးလှူဒါန်းပါတယ်။ လှူတာတွေကလည်းအတော် များနေပါပြီ"


"ဒကာပြောသလိုဆို အဲဒီ ဆရာတော်က ပိုပြီးကံကောင်းတယ်လို့ မပြောနိုင်ဘူးလား။ ကံမြင့်အောင် လုပ်ပေးတယ်လို့ပြောရုံနဲ့ သူ့အတွက် အားလုံးပြည့်စုံသွားတယ်လေ။ လူတစ်ရာကိုပြောလို့ တစ်ယောက် တည့်သွား မှန်သွားရင်ပဲ အဆင်ပြေပြီနော်။ ဒကာရဲ့မိတ်ဆွေအကြောင်းအားလျော်စွာ ချမ်းသာသွားတာကို သူ့အပြောနဲ့တိုက်ဆိုင်သွားတာလည်း မဖြစ်နိုင်ဘူးလား"
စာရေးသူ၏စကားဆုံးလျှင် တစ်စုံတစ်ရာကို တွက်ဆကြည့်နေဟန် တူပါသည်။ ခဏကြာမှ ပြုံးယောင်သန်းလာပြီး -
"ဟုတ်တယ် ဘုရား။ တပည့်တော် ခပ်ရေးရေးတော့ သဘောပေါက်လာပါပြီ"ဟုပြောဆို လျှောက်ထားပါသည်။

"ဘုန်းကြီးအရင်ဆုံးတွက်ပြမယ်။ တကယ်သာ ကံမြင့်ပြီး ချမ်းသာအောင်လုပ်ပေးနိုင်တယ်ဆိုရင် ကိုးကွယ်ဆည်းကပ်သူတိုင်း မီလျံနာ သူဌေးကြီးတွေ ဖြစ်ကုန်ပြီပေါ့။ ခုတော့ အားလုံးချမ်းသာသွားကြတာမှ မဟုတ်ဘဲ၊ တစ်ယောက်စ နှစ်ယောက်စဆိုရင်တော့ အဲဒီ ဆရာတော်လုပ်ပေးလို့ ဘယ်ဟုတ်တော့မှာလဲ။ ကံ၊ဉာဏ်၊၀ီရိယကြောင့် ဖြစ်လာတာလို့သာ မှတ်ရမှာပါ။

"ဒါမှမဟုတ် ကျိန်းသေဧကန် လုပ်ပေးနိုင်စွမ်း တကယ်ရှိတယ်ဆိုရင် အဲဒီဆရာတော် တရားမျှတမှု မရှိဘူးလို့ စွပ်စွဲရမှာပဲ"

"ကိုးကွယ်သူတွေအများကြီးထဲမှာ အားလုံးကိုတော့ လုပ်မပေးဘဲ ချမ်းသာပြီးသားလူတွေကိုသာ ပိုပိုပြီးချမ်းသာအောင် လုပ်ပေးရာ မရောက်ဘူးလား။ ကိုးကွယ်ဆည်းကပ်ပြီး ချမ်းသာမလာတဲ့ သူတွေကိုကျတော့ကော ဘယ်လိုပြောရမှာလဲ"

"ဟုတ်လိုက်တာ ဘုရား၊ တပည့်တော်ခုမှ သဘောပေါက်သွားတယ်။ အဲဒီဘက်က မစဉ်းစားမိလိုက်ဘူး။ ဟုတ်ပါတယ် ဘုရား၊ တပည့်တော် နားလည်ပါပြီ"
ကျေနပ်သွားပုံရပါသည်။ နားလည်ရခက်သောပုစ္ဆာတစ်ပုဒ်ကိုအဖြေမှန်ရအောင် ရှာဖွေတွေ့ရှိသွားသူကဲ့သို့ ရွှင်လန်းတက်ကြွဝမ်းမြောက် နေပါသည်။

"အရှင်ဘုရား၊ အတိတ်ကံအကြောင်းလည်း နည်းနည်းပြောပြပါဦး ဘုရား"

နားထောင်နေသော အိမ်ရှင်ဒကာကြီးက ပိုမိုပြည့်စုံစွာ သိစေလိုသော စေတနာဖြင့် တိုက်တွန်းတောင်းပန်လိုက်ခြင်းပြု၏။ ဒကာကြီးမှာ ရတနာသုံးပါးကို စနစ်တကျနီးကပ်စွာဆည်းကပ်နေသူဖြစ်ပြီး တရားနာခြင်း၊ တရားအားထုတ်ခြင်းတို့ဖြင့် ဘာသာရေးဗဟုသုတ ကြွယ်ဝသူလည်း ဖြစ်သည်။ ကံအကြောင်းနှင့်ပတ်သက်၍ ဧည့်သည်များကို တင်ကြိုရှင်းပြထားပြီး ပိုမိုအချိုးကျနစွာ သိစေရန် စာရေးသူရှိရာ အပေါ်ထပ်သို့ ခေါ်လာသူလည်းဖြစ်သည်။

"ဘုန်းကြီးတို့ ဗုဒ္ဓစာပေအရ လူတစ်ယောက်ရဲ့ကံကို သုံးသပ်ကြည့်မယ်ဆိုရင် အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံလို့ နှစ်မျိုးခွဲပြီးသိရပါမယ်။ လက်ရှိဘ၀ပြုမူဆောင်ရွက်နေတာက ပစ္စုပ္ပန်ကံပါ။ ဟိုးအရင်အရင်ဘ၀တွေက ပြုစုဆည်းပူးခဲ့တာတွေကအတိတ်ကံပါ။

"ဥပမာအားဖြင့် လူတစ်ယောက်ကြီးပွားချမ်းသာလာတာနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင် အတိတ်က ချမ်းသာစေနိုင်တဲ့ကံတွေအများ ကြီး ပါခဲ့ပေမဲ့ လက်ရှိဘ၀မှာ ကောင်းတဲ့ကုသိုလ်ကံတွေ အပြုနည်းမယ်ဆိုရင် အကျိုးပေး ခွင့်မသာလို့ ထင်သလောက် အကျိုးမပေး ပါဘူး။

"ဒီအတိုင်းပဲ လက်ရှိဘ၀မှာ အားကြိုးမာန်တက် ကုသိုလ်ကောင်းမှုတွေ ပြုနေပေမဲ့ ကောင်းကျိုးတွေ ဖြစ်မလာပါလားလို့ သံသယ မ၀င်ပါနဲ့။ ကိုယ့်အတိတ်ကံကြောင့်လို့ သဘောပေါက်ပါ။

"အတိတ်ကံဆိုတာက မမြင်နိုင်မသိနိုင်လို့ ထားလိုက်ပါ။လက်ရှိအချိန်မှာအကောင်းဆုံးဖြစ်အောင်ပြုမူပြောဆိုနေထိုင်မယ်ဆိုရင် ထိုက်တန်သလောက်တော့ အကျိုးဖြစ်လာမှာပါ"

"ဒါကြောင့် ဘုန်းကြီးနောက်ဆုံးပြောချင်တာကကိုယ့်ကံကိုကိုယ်ယုံပါ။ သူများကိုသွားပြီး မမြှင့်ခိုင်းဘဲ ကိုယ်တိုင် မြှင့်တင်တဲ့အနေနဲ့ ကောင်းမှုတွေကို ကြိုးစားပါ။ ကိုယ့်ဘာသာကိုယ်မြင့်အောင် လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်"

"မှန်လှပါဘုရား"

တရားလမ်းကြောင်းဆိုသည်မှာ မလျှောက်လှမ်းဖြစ်သေးရင်တောင် လမ်းမှန်ပေါ်မှာ ရပ်မိနေဖို့တော့ အရေးကြီးပါသည်။ လမ်းမှားကို လိုက်မိလျှင်တော့ဖြင့်...။


ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ
B.A(Myanmar), M.A(Srilanka), Ph.D (India)

မူရင်း=ကံမြင့်အောင် လုပ်ပေးပါ

Thursday, 10 October 2013

၃၈-ဖြာ မင်္ဂလာ


( မင်္ဂလာ အမွှန်း )
ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ။
သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိံသဉ္စ မင်္ဂလံ။
နတ်နှင့်တကွသော လူတို့သည် ၁၂-တိုင်အောင် ကြံစည်တွေးတောပါသော်လည်း မင်္ဂလာတရား၏ အဓိပ္ပါယ်ကို မသိနိုင်ကြကုန်။ မင်္ဂလာတရားသည် အရေအတွက်အားဖြင့် ၃၈-ပါးရှိ၏။ မင်္ဂလာတရားသည် တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။

ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမဟေ။
နတ်တကာတို့သည် မြတ်သော ၀ိသုဒ္ဓိနတ် ဘုရားမြတ်သည် သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားအလို့ငှါ မင်္ဂလာတရားကို ဟောတော်မူခဲ့ပါသည်။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။ အို-သူတော်ကောင်းတို့...ထိုမင်္ဂလာတရားတော်ကို ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။

( မင်္ဂလာနိဒါန်း )
ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ၊ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။
အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂ၀ါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။
အကျွန်ုပ်အာနန္ဒာသည် မင်္ဂလာတရားတော်ကို မြတ်စွာဘုရား၏ ရှေ့မှောက်တော်မှ ဤသို့ ကြားနာမှတ်သားခဲ့ရ ပါသည်။ အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူပါသည်။

ထိုအခါ မထင်ရှားသော နတ်သားတယောက်သည် သန်းခေါင်ယံအချိန်၌ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာပါ သည်။ ဇေတ၀န်တကျောင်းလုံး နတ်သား၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းတောက်ပနေပါသည်။ မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်လာသော နတ်သားသည် သင့်လျော်ရာအရပ်၌ မတ်တတ်ရပ်လျက် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် ဂါထာဖြင့် ဤသို့ မေးလျှောက်လေသည်။

( မင်္ဂလာ တရားတောင်း )
ဗဟူဝေဒါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ များစွာကုန်သော နတ်နှင့်လူတို့သည် စင်ကြယ်သော နိဗ္ဗာန်ချမ်းသာကို လိုချင်တောင့်တကုန်၍ မင်္ဂလာတရားတော်ကို ၁၂-နှစ်ကြာမျှ ကြံစည်တွေးတော ပါသော်လည်း မသိနိုင်ကြပါကုန်။ ထိုမင်္ဂလာတရားကို ရှင်းလင်းဟောကြား ပေးသနားတော်မူပါဘုရား။

( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ
၁။ လူမိုက်ကို မမှီဝဲ မပေါင်းသင်းခြင်း။
၂။ ပညာရှိကို မှီဝဲဆည်းကပ် ပေါင်းသင်းခြင်း။
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၎။(၁)။သင့်လျော်သောအရပ်၌ နေရခြင်း။
၅။ (၂)။ ရှေး၌ပြုဖူး ကောင်းမှုအထူးရှိခြင်း။
၆။ (၃)။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( သင်ကြားရေး မင်္ဂလာ ၄-ပါး )
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ (၁)။ လောကီ လောကုတ် အကြားအမြင်များခြင်း။
၈။ (၂)။ စက်မှု လက်မှု အတတ်တို့ကို တတ်ခြင်း။
၉။ (၃)။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ကောင်းစွာ သင်ကြားနားလည်ခြင်း။
၁၀။ (၄)။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ပြုစုရေး မင်္ဂလာ ၃-ပါး )
မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ (၁)။ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုခြင်း။
၁၂။ (၂)။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။
၁၃။ (၃)။ အနှောင့်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
ဤသုံးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
မြင်းမိုရ်ရွှေတောင် မိဘများကို၊ ကောင်းစွာဆင်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး )
ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ (၁)။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၁၅။ (၂)။ သုစရိုက်တရားကို ကျင့်ခြင်း။
၁၆။ (၃)။ ဆွေမျိုးးတို့အား ထောက်ပံ့ကူညီခြင်း။
၁၇။ (၄)။ အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ရှောင်ကြဉ်ရေး မင်္ဂလာ ၃-ပါး )
အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၈။ (၁)။ မကောင်းမှု မဖြစ်အောင် စိတ်ဖြင့် ရှောင်ကြဉ်ခြင်း။
၁၉။ (၂)။ မကောင်းမှု မဖြစ်အောင် ကိုယ်နှုတ် ၂-ပါးဖြင့် ရှောင်ကြဉ်ခြင်း။
၂၀။ (၃)။ မူးယစ်သေစာ မသောက်စားခြင်း။
၂၁။ (၄)။ ကုသိုလ်တရားတို့၌ မမေ့ မလျော့ခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းလေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( စိတ်ထားရေး မင်္ဂလာ ၅-ပါး )
ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၂။ (၁)။ ရိုသေထိုက်သော သူကို ရိုသေခြင်း။
၂၃။ (၂)။ မိမိကိုယ်ကို နှိမ့်ချရခြင်း။
၂၄။ (၃)။ ရောင့်ရဲလွယ်ခြင်း။ (လောဘအပို အလိုမလိုက်ခြင်း)
၂၅။ (၄)။ သူတပါးကျေးဇူးကို သိခြင်း။
၂၆။ (၅)။ သင့်လျော်သောအခါ တရားနာခြင်း။
ဤငါးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်စေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( သည်းခံရေး မင်္ဂလာ ၄-ပါး )
ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၂၇။ (၁)။ သည်းခံခြင်း။
၂၈။ (၂)။ ဆုံးမလွယ်ခြင်း။
၂၉။ (၃)။ ရဟန်းသံဃာတို့အား ဖူးမြော်ခြင်း။
၃၀။ (၄)။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။


( ခြိုးခြံရေး မင်္ဂလာ ၄-ပါး )
တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာနဒဿနံ။
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၁။ (၁)။ ခြိုးခြံစွာ ကျင့်ခြင်း။
၃၂။ (၂)။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
၃၃။ (၃)။ သစ္စာလေးပါးကို သိခြင်း။
၃၄။ (၄)။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( စိတ်ထားရေး မင်္ဂလာ ၄-ပါး )
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ။
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၃၅။ (၁)။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်ဓာတ်မတုန်လှုပ်ခြင်း။
၃၆။ (၂)။ မစိုးရိမ်ခြင်း။
၃၇။ (၃)။ ကိလေသာမြူ ကင်းခြင်း။
၃၈။ (၄)။ ဘေးကင်းခြင်း။
ဤလေးပါးသည် တိုးတက်ကြီးပွား ချမ်းသာများကြောင်း ကောင်းမြတ်သောကြောင့် မင်္ဂလာမည်၏။

(လင်္ကာ)
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။

( မင်္ဂလာအကျိုးပြ နိဂုံး )
ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
ဤ သုံးဆယ့်ရှစ်ပါးသော မင်္ဂလာတရားတို့ကို လိုက်နာပြုကျင့်သောကြောင့် ရန်သူမှန်သမျှ အနိုငမခံရ၊ အရပ်ဒေသ အားလုံးတို့၌ ကြီးပွား ချမ်းသာခြင်းသို့ ရောက်နိုင်၏။
၃၈-ဖြာ မင်္ဂလာတရားသည် နတ်လူတို့အတွက် အမြတ်ဆုံးသော မင်္ဂလာမည်၏။

(လင်္ကာ)
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။

မော်လူး
(ဆယ်စောင်တွဲ စာအုပ်မှ ကူးယူဖော်ပြသည်)

အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန် အင်္ဂလိပ်




- အနတ္တလက္ခဏသုတ် အမွှန်း -

(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။

(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –

(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။

(A) On the full moon day of Waso, at Isipatana, Migadawon forest near Varanasi, Buddha taught the Dhammacakka Pavattana to five ascetics; Kondanna, Vappa, Boddiya, Mahanam and Assaji. ( five ascetics = the group of five were the monks who had previously followed the Bodhisatta while he was practicing austerities and who later heard the First Discourse and became the Buddha's first disciples.)
(B) In succession by one another after attainment of Sotapatti Phala on consecutive days, (on the 5th of waning Waso month) Buddha taught them the Anatta Lakkhana sutta for the attainment of Arahatta Phala. O, Good persons, let's recite this Anatta Lakkhana sutta now.


- အနတ္တလက္ခဏသုတ် နိဒါန်း -
ဧဝံ မေ သုတံ...
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ။ ဘဒ္ဒန္တေတိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတဒဝေါစ-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟု မိန့်တော်မူ၏။ အသျှင်ဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ ကုန်၏။

The introduction of Anattalakkha Sutta:
At one time, Buddha was staying in Isipatana, the Deer park, near the township of Varanasi. There the the Bhagava addressed the group of five Bhikkhus 'O! Bhikkhus, and the Bhikkhus answered, " Bhante" , then the Bhagava spoke thus: -

- ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ -

ရူပံ ဘိက္ခဝေ အနတ္တာ...
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ရူုပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။

"Matter, Bhikkhus, is neither the self nor a living entity" If matter, Bhikkhus, were the self, then matter would not tend to sickness, and one could say of matter, "Thus let matter happen to me this way (in favorable condition), let matter not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as matter is not the self, which is why matter tends to sickness. And one cannot say of matter, "Thus let matter be thus for me, let matter not be thus for me."

- ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ -

ဝေဒနာ အနတ္တာ...
ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ဝေဒနာယ ဧ၀ံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။

ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။

"Feeling, Bhikkhus, is neither the self nor a living entity" If feeling, Bhikkhus, were the self, then feeling would not tend to sickness, and one could say of feeling, "Thus let feeling happen to me this way (in favorable condition), let feeling not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as feeling is not the self, which is why feeling tends to sickness. And one cannot say of feeling, "Thus let feeling be thus for me, let feeling not be thus for me."

- သညာက္ခန္ဓာ အနတ္တဖြစ်ပုံ -

သညာ အနတ္တာ...
သညာ စ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ၊ နယိဒံ သညာ အာဗာဓာယ သံဝေတၱယ်။ လဗ္ဘေထ စ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧ၀ံ မေ သညာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။

သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။

"Perception, Bhikkhus, is neither the self nor a living entity" If perception, Bhikkhus, were the self, then perception would not tend to sickness, and one could say of perception, "Thus let perception happen to me this way (in favorable condition), let perception not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as perception is not the self, which is why perception tends to sickness. And one cannot say of perception, "Thus let perception be thus for me, let perception not be thus for me."

- သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ -

သင်္ခါရာ အနတ္တာ...
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။ လဗ္ဘေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ။ န စ လဗ္ဘတိ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။

သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။

"Mental formation, Bhikkhus, is neither the self nor a living entity" If mental formation, Bhikkhus, were the self, then mental formation would not tend to sickness, and one could say of mental formation, "Thus let mental formation happen to me this way (in favorable condition), let mental formation not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as mental formation is not the self, which is why mental formation tends to sickness. And one cannot say of mental formation, "Thus let mental formation be thus for me, let mental formation not be thus for me."

- ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ -

ဝိညာဏံ အနတ္တာ...
ဝိညာဏဥၥ ဟိဒံ ဘိကၡေဝ အတၱာ အဘ၀ိႆ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝေတၱယ်။ လဗ္ဘေထ စ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ တိ။

ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝိညာဏ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ငါ၏ဝိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ဝိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရလည်း မရ။

"Consciousness, Bhikkhus, is neither the self nor a living entity" If consciousness, Bhikkhus, were the self, then consciousness would not tend to sickness, and one could say of consciousness, "Thus let consciousness happen to me this way (in favorable condition), let consciousness not to happen to me this way (in unfavorable condition)". But, Bhikkhus in as much as consciousness is not the self, which is why consciousness tends to sickness. And one cannot say of consciousness, "Thus let consciousness be thus for me, let consciousness not be thus for me."

- ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး -

တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

What do you think of this, Bhikkhus? Is matter permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

- နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး -

ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is feeling permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

သညာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည် လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is perception permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is mental formation permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.

ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။

ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။

Is consciousness permanent or impermanent? Impermanent, Bhante. And Bhikkhus, what is impermanent, is that suffering or happiness? Suffering, Bhante. Then, Bhikkhus what is impermanent, suffering, and subject to change, is it fitting to regard it thus, "This is mine, this is I, this is the self for me?" Not fitting, Bhante.
- ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever matter there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, matter of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever feeling there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, feeling of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever perception there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, perception of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever mental formation there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, mental formation of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ -

ယံကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

Therefore, Bhikkhus, being impermanent, suffering and subject to change, whatever consciousness there is, be it past, future or present, inward or outward, gross or subtle, low or lofty, far or near, consciousness of all kinds should be regarded by right wisdom, " This is not mine, this I am not, this is not the self for me."

- နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ -

ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ၀ုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။

So seen, Bhikkhus, the well taught noble disciple is disgusted with matter, disgusted with feeling, disgusted with perception, disgusted with mental formation, disgusted with consciousness. So being disgusted, he is dispassionate. Through dispassion, he is free from craving. When he is freed, he knows that it is freedom. Further he knows that birth is ended. The Holy life has been lived. What was to be done has been done. Nothing further has to be done for this noble path.

- ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ -

ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။

အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။

ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီ ရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။

အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။

သမဂ္ဂါနံ တပေါ သုခေါ (ညီညွတ်သူများ၏ အကျင့်သည် ချမ်းသာ၏)


မှော်ဘီ သံဃာ့အစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ မထေရ်ကြီးများ၏ ဦးဆောင်မှု၊ ပညာရှင်များ၏ လမ်းညွန်မှု၊ ထင်ပေါ်ကျော်ကြား ထေရ်ရှင်များ၏ ပံ့ပိုးမှု၊ နေရာဒေသ အသီးသီးရှိ ကျောင်းထိုင်ဆရာတော်များ၏ ပူးပေါင်းမှုတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည့် ထိုအစည်းအဝေးသို့ စာရေးသူလည်း  ပင့်ဖိတ်စာနှင့်အတူ ကျန်သည့်အရေးများ ဘေးဖယ်ထားက လက်ရှိဖြစ်ပျက်နေသည့် ပြဿနာများအတွက် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ခွင့် ရခဲ့ပါသည်။ 
ငြိမ်းချမ်းရေးအတွက် ကဏ္ဍပေါင်းများစွာဖြင့် စုပေါင်းအဖြေရှာခဲ့ကြသည့် ဆွေးနွေးပွဲတွင် စာရေးသူတို့သည် “နိုင်ငံသား အားလုံးငြိမ်းချမ်းစွာ အတူနေထိုင်ရေး”ဟူသည့် ခေါင်းစဉ်အောက်တွင် အကြိတ်အနယ် ဆွေးနွေးဖြစ်ခဲ့၊ အချင်းချင်း အမြင်များ ဖလှယ်ဖြစ်ခဲ့ပြီး ပြဿနာ အရပ်ရပ်ကို ကြွရောက်လာသော သံဃာတော် အရှင်မြတ်များက ဗုဒ္ဓနည်းကျ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တညီတစ်ညွတ်တည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ 
မြန်မာနိုင်ငံ၏ လက်ရှိပြုပြင် ပြောင်းလဲမှုများတွင် အဟန့်အတား ဖြစ်စေမည့် ပဋိပက္ခများကို သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓအလိုကျ ငြိမ်းချမ်းမှုရအောင် ကြိုးစားနေကြသည်။ နိုင်ငံတကာ သတင်းစာမျက်နှာများတွင် မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များအပေါ် အမှားသတင်းများဖြင့် အပြစ်မြင်နေကြသည့် အချက်များကို သံဃာဥသျှောင်မထေရ်ကြီးများက အလွန်စိတ်မကောင်းစွာ ခံစားနေရသည်ကို အစည်းအဝေးတွင် ကြွရောက် သြဝါဒ ပေးခဲ့ကြသည့် မထေရ်ကြီးများ၏ သြဝါဒများတွင် အထူးထည့်သွင်း မိန့်ကြားတော်မူခဲ့ကြသည်။ 
ထိုသြဝါဒများတွင် ဆရာတော်ကြီးများက မီဒီယာများအား သတင်းမှန်ဖို့၊ သတင်းမချန်ဖို့နှင့် ဘက်လိုက်မှုကင်းဖို့ ထပ်ခါထပ်ခါ မိန့်ကြားတော်မူသွားခဲ့သည်။ အထူးသဖြင့် ပြဿနာ အစကို ထိန်ချန်ပြီး အကျိုးသက်ရောက်မှုရဲ့ ပုံရိပ်တွေကိုသာ တဖက်သတ် ဖော်ပြနေသည့် နိုင်ငံတကာ သတင်းမီဒီယာများ၏ ဘက်လိုက်နေမှုများကို ဆရာတော်ကြီးများက ထောက်ပြတော်မူခဲ့ကြသည်။ ထိုသတင်းများကို အမှန်ဖြစ်ဖို့ ပြဿနာ အရင်းခံကို ဖြေရှင်းကြဖို့လည်း တိုက်တွန်းတော် မူသွားခဲ့ပါသည်။ 
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလ အရှင်မြတ်ကိုယ်တိုင်က ထိုပြဿနာများကို ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တစ်ခု ဖွဲ့စည်း၍ သတင်းမှန်ကို ထိုအဖွဲ့က မြန်မာပြည် သံဃာတော်များ၏ အသံ၊ ဗုဒ္ဓဘာသာများ၏ အသံတစ်ထပ်တည်း ဖြစ်စေရန် အကြံပြုတော်မူသွားခဲ့သည်။ တစ်ယောက်တစ်မျိုး ပြောနေခြင်းကပင် စကားအရာ မညီညွတ်မှုကို ဖြစ်စေကာ အကွဲကွဲအပြဲပြဲ ဖြစ်တတ်သဖြင့် အားလုံးကို ကိုယ်စားပြုပေးနိုင်မည့်၊ အသံတစ်သံတည်း ထွက်စေနိုင်မည့် အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တစ်ခု ပေါ်ပေါက်စေရန်အထိ အကြံပြုတော်မူသွားခဲ့သည်။
သံဃာ့အစည်းအဝေးသို့ ကြွရောက်တော်မူကာ အကြံပြုစကားများ မိန့်ကြားတော်မူသွားခဲ့ကြသည့် သံဃာ့ဥသျှောင် မထေရ်ကြီးများ၏ ရင်တွင်းစကားများကို ကြည့်လျှင် မြန်မာသံဃာထုတစ်ရပ်လုံးနှင့် မြန်မာပြည်သူများက ငြိမ်းချမ်းရေးကို မည်မျှလိုလားကြသည်ကို တွေ့ရှိနိုင်ကြမည် ဖြစ်သည်။ မြန်မာပြည်တွင်နေ၍ မြန်မာပြည်အပေါ် မချစ်ဘဲ မြန်မာပြည်ကို ဒုက္ခပေးမည့် အနည်းစုဟု ခေါ်နေကြသည့် ဧည့်သည်အချို့သည် အားနည်သည်ဟု ဆိုကာ လူ့အခွင့်အရေး စကားလုံးများဖြင့် မည်မျှပင် အသုံးပြုကာ ပြဿနာ အရပ်ရပ်ကို ပြောင်းပြန်ဖြစ်အောင် မျှသို့ပင် ပြုလုပ်နေပါသော်လည်း စာရေးသူတို့ သံဃာထု တစ်ရပ်လုံးက မိအေးနှစ်ခါနာ ဖြစ်နေပေမယ့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ဖြစ်နေသဖြင့် မည်သူကအမျိုးဘာသာကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ စာရေးသူတို့က ချစ်ကြရမည်သာ ဖြစ်ပါ၏။ မည်သူက မည်သို့ပင် စာရေးသူတို့ သံဃာ့အဖွဲ့အစည်းအား သိက္ခာချနေပါစေ စာရေးသူတို့သည် စာရေးသူတို့၏ အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံအရေး ဖြစ်နေသဖြင့် နှစ်ခါသုံးခါ နာနေသော်လည်း ခွင့်လွတ်သီးခံမှုဖြင့် အားလုံးကို ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး ကြိုးစားပေးနေမည်သာ ဖြစ်ပါ၏။ 
တဖက်ကလည်း စာရေးသူတို့ ဗုဒ္ဓဘာသာ ခေါင်းဆောင်များက မိမိတို့ သံဃာ့အဖွဲ့အစည်းနှင့် ဘာသာဝင်များကို ဗုဒ္ဓနည်းအရ ငြိမ်းချမ်းရေးကို ဦးတည်ကြဖို့ ဟောပြောကြသလို အခြားအခြား ဘာသာခေါင်းဆောင်များကလည်း မိမိတို့၏ ဘာသာဝင်များကို နူးညံ့သိမ်မွေ့စေမည့် အဆုံးအမများဖြင့် အသိပညာပေး ဟောပြောပေးသင့်ပေသည်။ အများစုဖြစ်သည့် စာရေးသူတို့ ဗုဒ္ဓဘာသာက ငြိမ်းချမ်းရေးအတွက် လက်ကမ်းနေပေမယ့် တဖက်က လက်ကိုပုတ်ချကာ၊ အကြမ်းဖတ်ရေး၊ စိတ်ကြမ်းဝင်ရေး၊ တိုက်ရေးခိုက်ရေးများကိုသာ ဟောပြောနေပါက မည်သို့မျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြမည် မဟုတ်ပေ။ အားလုံးက ငြိမ်းချမ်းရေးအတွက် နူးညံ့စွာ ပူးပေါင်းပါဝင်နိုင်ပါမှ အများမျှော်လင့်ထားသည့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး အကောင်အထည် ပေါ်နိုင်မည် ဖြစ်သည်။
ဆိုလိုသည်မှာ ပြဿနာမျိုးစုံဖြင့် အလုပ်ရှုတ်နေသည့် ကြားမှပင် စာရေးသူတို့ သံဃာတော်များ၏ ညီညီညွတ်ညွတ် ကျင်းပပြုလုပ်ခဲ့ကြသည့် သံဃာအစည်းအဝေးကြီးသည် အရေးကြီးလျှင် သွေးစည်းသည်ဟူသည့် စကားအတိုင်း သွေးစည်းမှု၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့ကြောင်း၊ ပရိယတ်လိုင်း(line)၊ ပဋိပတ်လိုင်း၊ ပရဟိတလိုင်း၊ ဓမ္မကထိကလိုင်းစသည်ဖြင့် သူ့လိုင်းနှင့်သူ အောင်မြင်နေကြသည့် သံဃာတော် အသီးသီးသည် အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံအရေးအတွက်ဆိုလျှင် လိုင်းပေါင်းစုံသည် တစ်လိုင်းတည်ဖြစ်ကာ အလွန်ညီညွတ်ပြီး သွေးစည်းသွားသည်ကို ဤအစည်းအဝေးကြီးက သတ်သေပြုခဲ့ပြီ ဖြစ်ပါကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါသည်။ 
ထို့ကြောင့် ညီညွတ်သည့် အဖွဲ့သည် ချမ်းသာ၏ဟု ဘုရားရှင်ဟောတော်မူသည့် အတိုင်း ယခုလို အသွင်ပြောင်းကာလတွင် တိုင်းပြည်၏ အနာဂတ်နှင့် အမျိုးဘာသာ သာသနာ၏ အနာဂတ် ကောင်းမွန်တိုးတက်ကြစေရန် မည်သူကမည်မျှပင် တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာကို အပုတ်ချ တိုက်ခတ်နေကြသည် ဖြစ်ပါစေ စာရေးသူတို့ ဗုဒ္ဓဘာသာ ဆရာဒကာများသည်ကား စာရေးသူတို့၏ နိုင်ငံ့အရေး၊ အမျိုးဘာသာ အရေးများဖြစ်နေပါသဖြင့် အရေးကြီးနေသည့် ယခုအချိန်တွင် ကိုယ့်အချင်းချင်း၊ ကိုယ့်ဘာသာတူအချင်းချင်း၊ ကိုယ့်နိုင်ငံသား အချင်းချင်း အပြစ်ပုံချကာ အပြစ်ဖို့နေကြမည့် အစား ဆရာဒကာ ညီညွတ်စွာဖြင့် ဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ဟုသာ တိုက်တွန်းသမှု ပြုလိုက်ပါသည်။ 

ဝါတွင်းကာလ အဓိဋ္ဌာန်တစ်ခု ဝင်ကြည့်ကြစို့


လာမည့် ဝါဆိုလပြည့်ကျော် (၁)ရက် (၂၃-၇-၂၀၁၃)နေ့ဆိုရင် ထေရဝါဒ ရဟန်းသံဃာတော်များရဲ့ ဝါဆိုဝါကပ် ပြုတော်မူရာ ဝါတွင်းကာလ စတင်တော့မှာ ဖြစ်ပါတယ်။ ဝါတွင်းကာလ ရောက်ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာတွေဟာလည်း ဘာသာတရားကို အထူးအလေးထားလေ့ရှိပြီး အကုသိုလ် အလုပ်များကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကာ ဥပုသ်ဆောက်တည်ခြင်း၊ တရားနာခြင်း၊ တရားစခန်းဝင်ခြင်း စတဲ့ ကောင်းမှုတွေကို သတ်မှတ်ပြုလုပ်လေ့ ရှိကြပါတယ်။ တစ်ချို့လည်း ဒီဝါတွင်းကာလမှာ ဘယ်လိုနေမယ်၊ ဘယ်လိုထိုင်မယ်၊ ဘာကုသိုလ်လုပ်မယ် စသဖြင့် အဓိဋ္ဌာန် တစ်ခုခုပြုကာ ကိုယ့်ကိုယ်ကို ကုသိုလ်ကောင်းမှုတွေမှာ သတ်မှတ်လုပ်ဆောင်ကြတာတွေလည်း ရှိတတ်ပါတယ်။ ဒီလိုအလုပ်တွေဟာ အလွန်ကောင်းမွန်တဲ့ အလုပ်တွေဖြစ်တဲ့အတွက် တစ်ချို့တစ်ချို့ လုပ်နေကြတာထက်စာရင် ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး လုပ်နိုင်ကြရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တွေ မလုပ်နိုင်တာတောင်မှာ ဝါတွင်းကာလမှာတော့ ကိုယ့်ကိုကိုယ် အဓိဋ္ဌာန်လေးဝင်ပြီး လုပ်ကြည့်နိုင်ရင် သိပ်ကောင်းမှာ ဖြစ်ပါတယ်။ 
တကယ်တော့ အဓိဋ္ဌာန်ဆိုတာ အဓိဋ္ဌာနဆိုတဲ့ ပါဠိစကားကို မြန်မာမှု ပြုထားတာဖြစ်ပါတယ်။ အဓိဋ္ဌာနဆိုတာ ဆောက်တည်ခြင်း၊ စိတ်ဆုံးဖြတ်တဲ့အတိုင်း မြဲမြံစွာ ထိန်းသိမ်းခြင်းကို ဆိုတာဖြစ်ပါတယ်။ ဘုရားရှင်တို့ ဖြည့်ကျင့်ရတဲ့ ပါရမီတွေထဲမှာလည်း အဓိဋ္ဌာန ပါရမီဆိုတာ ပါရှိပါတယ်။ ဘုရားလောင်းတို့ ဖြည့်ကျင့်တော်မူတဲ့ ဒီအဓိဋ္ဌာန ပါရမီက အပြစ်ကင်းတဲ့ အရာတွေမှာ စိတ်ကိုဆောက်တည်ခြင်း ဖြစ်ပြီး အဲဒီဆောက်တည်တဲ့ အတိုင်းလည်း မပျက်စီးအောင် ကြိုးကြိုးစားစား ထိန်းသိမ်းနေထိုင်ခြင်းကို ရည်ညွန်းပါတယ်။ ဒါက ပါရမီမြောက် ဖြည့်ကျင့်တဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ပါရမီမြောက်တဲ့ အထိ မဖြည့်ကျင့်နိုင်တာတောင်မှ တစ်နှစ်မှာ အနည်းဆုံး တစ်ခါလောက်တော့ အဓိဋ္ဌာန်လေးတွေ ၀င်ကြည့်သင့်ပါတယ်။ ပါရမီမြောက်တာ မမြောက်တာ အသာထား ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကို ကောင်းတဲ့အရာလေး တစ်ခုအပေါ်မှာ မြဲမြံအောင် ဆောက်တည်ထားနိုင်ရင် ဒါဟာ ထူးခြားတဲ့ ကုသိုလ်တစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကျန်တဲ့အချိန်တွေမှာ မအားလပ်လို့ မလုပ်နိုင်ဘူး ဆိုရင်တောင်မှ ၀ါတွင်းကာလ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ ၀င်ကြည့်ကြပါလို့ ဆိုချင်တာ ဖြစ်ပါတယ်။
မကောင်းတဲ့အလုပ်ဆိုရင် အချိန်မရွေး အလွယ်တကူ လုပ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်ကိုတော့ တစ်ခုခုနဲ့ အားပြုတိုက်တွန်းပေးမှ လုပ်တတ်ကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ဒီလို ကာလသတ်မှတ်ပြီး လုပ်ရတဲ့ ကုသိုလ်မျိုးတွေကို အဓိဋ္ဌာန်ဆိုတဲ့ သတ်မှတ်ချက်လေးတစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းပြီး လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ပြဋ္ဌာန်းသတ်မှတ်ချက်တွေကို အစွဲမရှိဘဲ ကျော်လွှားနိုင်အောင် ကြိုးစားဖို့လိုပေမယ့် မကောင်းမှုတွေမှာ ပျော်တတ်တဲ့ ပုထုဇဉ်တွေ အနေနဲ့တော့ ကုသိုလ်တစ်ခုခု လုပ်နိုင်ဖို့ သတ်မှတ်ပြဋ္ဌာန်းချက် လေးတွေတော့ လိုနေတတ်ပါတယ်။ ဒါကြောင့် အဓိဋ္ဌာန်ဝင်ကြည့်ဖို့ သတ်မှတ်ကြည့်တာ ဖြစ်ပါတယ်။
ကုသိုလ်ကောင်းမှုတွေကို နေ့စဉ်တစ်ခုလောက်တော့ မပြတ်အောင် သတ်မှတ်ပြီး လုပ်မယ်လို့ အဓိဋ္ဌာန်ဝင်ကာ လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို မလုပ်နိုင်သေးတဲ့ သူတွေအတွက်တော့ အရင်ဆုံး ၀ါတွင်းကာလလေးကိုတော့ သတ်မှတ်ပိုင်းခြားပြီး လုပ်ကြည့်ကြဖို့ လိုပါတယ်။ ၀ါတွင်းကာလ ()လလုံးမှာလည်း နေ့တိုင်းမလုပ်နိုင်သေးဘူး ဆိုရင်တော့ တစ်လမှာ လေးရက်ပဲ ရှိတဲ့ ဥပုသ်နေ့လေးတွေမှာတော့ ဥပုသ်သီလကို မဖြစ်မနေ စောင့်ထိန်းပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဥပုသ်နေ့မှာ ဥပုသ်စောင့်ပြီးရင် ပြီးရောဆိုပြီး ကျန်တဲ့နေ့တွေမှာ လုပ်ချင်ရာလုပ်ဖို့တော့ မဟုတ်ပါဘူး။ ကျန်တဲ့နေ့တွေမှာလည်း ငါးပါးသီလကတော့ လုံနေရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၀ါတွင်းကာလ ဥပုသ်နေတွေမှာတော့ ဥပုသ်သီလကို ဘယ်လိုပဲ ဖြစ်ဖြစ် စောင့်ဖြစ်အောင် စောင့်ထိန်းမယ်ဆိုတဲ့ အဓိဋ္ဌာန်တစ်ခုတော့ ၀င်ကြည့်ကြဖို့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာဗုဒ္ဓဘာသာများကို တိုက်တွန်းလိုပါတယ်။
အရှင်ဘုရားတပည့်တော်တို့က အလုပ်မအားတော့ ဘုန်းကြီးကျောင်းလည်း မသွားနိုင်ဘူး၊ ဘုန်းကြီးဆီမှာလည်း ဥပုသ်သီလ မယူနိုင်ဘူးလို့ အကြောင်းတော့ မပြပါနဲ့ဦး။ ဥပုသ်သီလကို ကိုယ့်ခေါင်းရင်းမှာ ဘုရားရှင်ရှိနေသလို အာရုံပြုပြီး ကိုယ့်ဖာသာကိုယ် ဆောက်တည်လို့ ရနိုင်တာဖြစ်လို့ ဒီအတွက် ပူစရာ မရှိပါဘူး။ တစ်ချို့က တပည့်တော်တို့က ညပိုင်းအလုပ်တွေ လုပ်နေရတော့ အစားစားရတာ အဆင်မပြေဘူး ဆိုရင်လည်း ဒီဥပုသ်နေ့တစ်နေ့ အတွက်တော့ ကိုယ့်ဖာသာကို မွန်းတည့် ၁၂နာရီ မကျော်ခင် အဆင်ပြေသလို စားနိုင်အောင် ကြိုးစားသင့်ပါတယ်။ တစ်နေ့မှာ ညစာတစ်နပ်မစားလို့တော့ ချက်ချင်း မသေနိုင်လောက်ပါဘူး။ သေသွားလည်း ဥပုသ်စောင့်တဲ့ အဓိဋ္ဌာန်နဲ့ သေသွားတာဆိုတော့ ကောင်းရာ သုဂတိတော့ ရောက်စေမှာ အမှန်ပါပဲ။ ကျန်းမာရေးအရ ဘယ်လိုမှ မစားလို့ မဖြစ်ဘူးဆိုရင်တော့ ဆေးအဖြစ် တစ်ခုခုကို ဖန်တီးစားသောက်ကြည့်နိုင်ပါတယ်။ ဥပမာ သပြေသီး၊ သရက်သီး၊ ငှက်ပျောသီးတွေကို ကြေညက်အောင်ဖျော်ပြီး ဖျော်ရည်အဖြစ် သောက်တာမျိုး စသဖြင့်ပေါ့။ ကျန်းမာရေး မကောင်းပေမယ့် ဝေဒနာကို သီးခံနိုင်လို့ မသောက်ဘဲ နေနိုင်တယ်ဆိုရင်တော့ ဒါဟာ အမတန်ကောင်းတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။
ဆိုလိုတာက ၀ါတွင်းကာလ ဥပုသ်နေ့တစ်ရက်လောက်တော့ ဥပုသ်သီလစောင့်ထိန်းခြင်း အဓိဋ္ဌာန် တစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီကောင်းတဲ့ အဓိဋ္ဌာန် တစ်ခုဟာ တစ်ခါတစ်လေ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ကိုယ်ကိုယ်ကို သစ္စာဆိုပြီး ကျော်လွှားနိုင်တဲ့အထိ အားအင်ကို ဖြစ်စေနိုင်သလို ဘ၀တစ်လျှောက်မှာ ဒီအချိန် ဒီကာလတုန်းက ဒီလိုအလုပ်တွေ လုပ်ခဲ့တယ်ဆိုတာ ကိုယ့်သမိုင်းကိုယ် သံသယကင်းစေ၊ ကိုယ်ကိုယ်ကို အားခွန်တွေ ပေးစေ၊ ယုံကြည်မှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ဥပုသ်နေ့ တစ်ရက်လောက်တော့ သူများအသတ်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ မေထုန်ကိစ္စမှီဝဲတာ၊ မုသားပြောတာ၊ အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာ၊ နေလွဲညစာစားတာ၊ ဆိုကရေးတီးခြင်း ကြည့်ရှုနားထောင်ခြင်းနဲ့ အမွေးနံ့သာ သုံးဆောင်မှီဝဲတာ၊ ကိလေသာဖြစ်စေနိုင်တဲ့ နူးညံ့ပျော့ပြောင်းပြီး မြင့်မြတ်တဲ့ နေရာတွေမှာ နေထိုင်အသုံးပြုတာ တွေကနေ ရှောင်ကြဉ်ပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မပျက်အောင် ကြိုးစားနေနိုင်မယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အောင်မြင်တဲ့ အဓိဋ္ဌာန်တစ်ခု ဖြစ်သလို ဒီအလုပ်လေးကို တွေးတိုင်းတွေးတိုင်း အားခွန်တွေနဲ့ ကုသိုလ်ပီတိတွေ တိုးနေစေမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုခုလိုချင်လို့ တစ်ခုခုရချင်လို့ စတဲ့ လိုချင်တပ်မက်တဲ့ လောဘနဲ့ ကိုးန၀င်း မိုးလင်းမှ သိမယ်ဆိုတဲ့ လောကီအကျိုးကို မျှော်ကိုးတဲ့ အဓိဋ္ဌာန်မျိုး မဖြစ်ဖို့လိုပြီး ကုသိုလ်ရလိုတဲ့ စိတ်နဲ့ မကောင်းမှု မလုပ်ဖြစ်အောင် သီလနဲ့ ထိန်းလိုတဲ့ သဘောနဲ့ ဘာမျှော်လင့်ချက်မှ မပါဘဲ ဆောက်တည်တဲ့ သီလအဓိဋ္ဌာန်မျိုး ဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ ဒါမှသာ ဥပုသ်စောင့်ခြင်းဆိုတဲ့ အဓိဋ္ဌာန်ရဲ့ အဓိပ္ပါယ်လည်း အပြည့်အ၀ အနှစ်သာရ ရှိမှာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ပါပြီး လုပ်တဲ့အလုပ်မှန်သမျှ အကျိုးတရား အပြည့်အ၀ မရတတ်တာကို သတိပြုဆင်ခြင်ပြီး ဘာလိုလို့ ဘာလုပ်တဲ့ သဘောမျိုး မဖြစ်စေတဲ့ အဓိဋ္ဌာန်မျိုး ဖြစ်အောင် ကြိုးစားသင့်ပါတယ်။
ပြောချင်တာက သတ်မှတ်ချက်ပါမှ ကောင်းတဲ့အလုပ်ကို လုပ်တတ်ကြတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မျှော်လင့်ချက်မပါတဲ့ သတ်မှတ်ချက်လေးတစ်ခု အနေဖြင့် ဥပုသ်သီလ စောင့်သုံးခြင်းဆိုတဲ့ အဓိဋ္ဌာန်လေးတစ်ခုကို စမ်းပြီးလုပ်ကြည့်ကြဖို့ ပြောချင်တာပါ။ လောကမှာ ဥပုသ်မစောင့်ဖူးတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိနေတဲ့အတွက် မစောင့်ဖူးသေးတဲ့ သူတွေအနေနဲ့ ဥပုသ်လည်းစောင့်ရင်း အဓိဋ္ဌာန်လည်းဝင်ရင်း၊ တစ်နည်းအားဖြင့် ဥပုသ်စောင့်နိုင်အောင် အဓိဋ္ဌာန်ဝင်ခြင်းဖြင့် ကြိုးစားကြည့်ခြင်းကို စမ်းပြီးလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဒီလိုသာ အဓိဋ္ဌာန်လေး ၀င်ကြည့်နိုင်မယ်ဆိုရင် ကိုယ်ကမမျှော်လင့်ပေမယ့် ကိုယ်လုပ်တဲ့ ကောင်းတဲ့ကံရဲ့ အကျိုးပေးမှုကတော့ သူ့အလုပ်သူလုပ်လာမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ကောင်းတဲ့အလုပ်ကို လုပ်နေဖို့ပဲ လိုပါတယ်။
ဒါကြောင့် ဘ၀မှာ တစ်ခါလောက်တော့ အဓိဋ္ဌာန်လေး ၀င်ကြည့်ချင်တဲ့ သူတွေအနေနဲ့ အခွင့်အရေး တစ်ခုအဖြစ် ဒီနှစ်ဝါတွင်း ဥပုသ်နေ့တွေမှာ ဥပုသ်သီလကို မပျက်အောင် စောင့်ထိန်းမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးကို ၀င်ကြည့်ကြဖို့ အကြံပြု တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ လက်တွေ့ကျင့်ရင် လက်တွေ့အကျိုး ရစေနိုင်တဲ့ တရားတော်ရဲ့ ဂုဏ်တော်အစွမ်းကို ကိုယ်ကိုယ်တိုင် ဒိဋ္ဌမျက်မြင် သိမြင်လိုသူတွေ အနေနဲ့ ကိုယ်ကိုယ်တိုင် လက်တွေလုပ်ဆောင် ကြည့်ခြင်းဖြင့် အဓိဋ္ဌာန်တစ်ခု ၀င်ကြည့်ကြဖို့ တိုက်တွန်းရင်း ဒီနှစ်ဝါတွင်းကာလာ ဥပုသ်နေ့များကို ဖော်ပြလိုက်ပါတယ်။ အားလုံး မျှော်လင့်ချက်မပါတဲ့ ကုသိုလ်စိတ်နဲ့ အဓိဋ္ဌာန်လေးတွေ ၀င်နိုင်ကြပါစေ
၁။ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ (၂၂-၇-၂၀၁၃)၊ တနင်္လာနေ့
၂။ ဝါဆိုလဆုတ် (၈)ရက်၊ (၃၀-၇-၂၀၁၃)၊ အင်္ဂါနေ့
၃။ ဝါဆိုလကွယ် (၆-၈-၂၀၁၃)၊ အင်္ဂါနေ့
၎။ ဝါခေါင်လဆန်း (၈)ရက် (၁၄-၈-၂၀၁၃)၊ ဗုဒ္ဓဟူးနေ့
၅။ ဝါခေါင်လပြည့် (၂၁-၈-၂၀၁၃)၊ ဗုဒ္ဓဟူးနေ့
၆။ ဝါခေါင်လဆုတ် (၈)ရက် (၂၉ -၈-၂၀၁၃)၊ ကြာသပတေးနေ့
၇။ ဝါခေါင်လကွယ် (၄-၉-၂၀၁၃)၊ ဗုဒ္ဓဟူးနေ့
၈။ တော်သလင်းလဆန်း (၈)ရက် (၁၂-၉ -၂၀၁၃)၊ ကြာသပတေးနေ့
၉ ။ တော်သလင်းလပြည့် (၁၉ -၉ -၂၀၁၃)၊ ကြာသပတေးနေ့
၁၀။ တော်သလင်းလဆုတ် (၈)ရက် (၂၇-၉ -၂၀၁၃)၊ သောကြာနေ့
၁၁။ တော်သလင်းလကွယ် (၄-၁၀-၂၀၁၃)၊ သောကြာနေ့
၁၂။ သီတင်းကျွတ်လဆန်း (၈)ရက် (၁၂-၁၀-၂၀၁၃)၊ စနေနေ့
၁၃။ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ (၁၉ -၁၀-၂၀၁၃)၊ စနေနေ့

Gold price estimated