Video

Tuesday 11 February 2014

တစ်ရှုတစ်ရှိုက် ကုသိုလ်၊ နည်းတယ် မထင်ကြနဲ့

                    

ကုသိုလ် တစ်ကြိမ်တစ်ခါ လုပ်ထားရင် အဲဒီကုသိုလ်တွေက
ပျောက်ပျက်မသွားဘူး၊ ဆွေးမြေ့မသွားဘူး။ အနန္တရသတ္တိနှင့် ဒီတစ်ရှူက နောက်တစ်ရှူ၊
နောက်တစ်ရှူက နောက်တစ်ရှူ၊ ဒီကနေ့က နောက်နေ့၊ဒီနှစ်က နောက်နှစ်၊ ဒီဘ၀က နောက်ဘ၀၊
ဆက်ကာဆက်ကာ လက်ဆင့်ကမ်း ကျေးဇူးပြုပြီးသွားတာနိဗ္ဗာန်ရတဲ့ အထိပဲ။
ဆွေးမြေ့သွားတယ်၊ ပျောက်ပျက်သွားတယ်၊ ကုန်ဆုံးသွားတယ် ဆိုတာမရှိဘူး။

မြတ်စွာဘုရားရှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့တဲ့
ဒါန သီလ စတဲ့ ပါရမီကုသိုလ်တွေလည်း သည်အတိုင်းပဲ။ဘုရားဖြစ်တော်မူသည်အထိ အနန္တရသတ္တိ အာသေ၀နသတ္တိနဲ့ ပါလာကြတာ။
ဘုန်းကြီးတို့ ဦးပဉ္ဇင်းတို့ ကုသိုလ်တွေလည်း သည်အတိုင်းပဲ။

မီး ရေ လေတို့ ကြောင့် ကမ္ဘာကြီးပျက်သွားပေမယ့်
ကိုယ်လုပ်ထားတဲ့ ကုသိုလ်တွေက မပျက်ဘူး။ ဆွေးမြေ့မသွားဘူး။
သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ ၂၄ မှာ
လွန်လေပြီးသော ကမ္ဘာတစ်သိန်းအထက်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ ယခုအထိ အကျိုးပေးတုန်း။
ယခုပြုလုပ်တဲ့ ကုသိုလ်တွေကလည်း နောင်ကမ္ဘာတစ်သိန်းတိုင်အောင
အကျိုးပေးလိမ့်မယ် တဲ့။

ကုသိုလ်ကောင်းမှုဆိုတာ -
အကျိုးပေးမှာ မဟုတ်ပါဘူး, နည်းနည်းကလေးပဲလို့ မအောက်မေ့ရဘူး။
တစ်ရှူတစ်ရှိုက် ကုသိုလ် နည်းတယ်လို့ မထင်ကြနှင့်။

( မောင်းထောင်မြေဇင်းဆရာတော်ဘုရားကြီး )

No comments:

Post a Comment

Gold price estimated