ဝိပဿနာအလုပ်တွေ မလုပ်ရင် အပါယ်ကျတော့မှာလား။ ဒါနတွေ ပြုနေတယ်။ သီလတွေ ဆောက်တည်နေတယ်။ သမထတွေပွားနေတယ်။ အဲဒါတွေက သုဂတိမရောက်နိုင်ဘူးလား။
ဝိပဿနာမလုပ်လည်း အဲဒီကုသိုလ်ကောင်းမှုတွေကို သတိရပြီး သေရင် အပါယ်မကျနိုင်ပါဘူး။ သုဂတိကို ရောက်နိုင်ပါတယ်။ ဝိပဿနာမလုပ်တဲ့သူမှန်သမျှ အပါယ်ကျရမယ်လို့ မဆိုလိုပါဘူး။ ဒါနကို သတိရပြီးသေမယ်ဆိုပါစို့။
သခွားသီးတစ်လုံးလှူတာနဲ့ နတ်ပြည်ရောက်နေတဲ့ နတ်သမီးတွေရှိပါတယ်။သရက်သီးတစ်လုံးလှူလို့ နတ်သား။ နတ်သမီးတွေဖြစ်နေတာရှိတယ်။ သည်းခံလို့ နတ်သား။ နတ်သမီးတွေ ဖြစ်နေတာရှိတယ်။ ဝိပဿနာဆိုလို့ တစ်ပြားသားမျှ မပါဘူး။
ဖားနတ်သားလေးတောင်ကြည့်ပါလာ
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” တောင် မဆိုနိုင်ဘူး။ ဝိပဿနာအဝေးကြီးပဲ။ ဝိပဿနာအားမထုတ်ပေမယ့်လို့ လူ့ပြည်နတ်ပြည်ရောက်တာတွေ အများကြီးပါပဲ။ သာသနာပမှာလည်း လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေဖြစ်တာ ရှိတာပဲ။ သာသနာပမှာလည်း လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေဖြစ်တာ ရှိတာပဲ။ ဝိပဿနာတရား အားမထုတ်သော်လည်းဘဲ လူလည်းဖြစ်နိုင်တယ်။ နတ်လည်းဖြစ်နိုင်တယ်။ ဗြဟ္မာ
လည်း ဖြစ်နိုင်တယ်။
ဒါန သီလကြောင့် လူ့ပြည်ရောက်နိုင်တယ်။ နတ်ပြည်ရောက်နိုင်တယ်။ဈာန်တွေကြောင့် ဗြဟ္မာဖြစ်နိုင်တယ်။ အဲဒီလိုဆို ဝိပဿနာအားထုတ်စရာ ဘယ်လိုမလဲ။ ဒါန၊ သီလ၊ သမထ လုပ်ရင်လည်း ရောက်တာပဲ။
ဒါန၊ သီလ၊ သမထလုပ်လို့ရောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဝိပဿနာလုပ်လို့ရောက်တဲ့ပုဂ္ဂိုလ်ဟာ ဝိပဿနာမျိုးစေ့ ပါမသွားဘူး။ များသောအားဖြင့် ကုသိုလ်အရှိန်အဟုန်ကုန်ရင် ပြန်ကျတာပဲ။
နတ်ပြည်မှာလည်းပဲ လူ့ပြည်လိုပေါ့၊ တရားပွဲတွေ ကျင်းပတယ်။ နတ်သား ဓမ္မကထိကတွေ ဟောတယ်။ ဗြဟ္မာကြီးတွေကဟောတယ်။ လူ့ပြည်ကနေပြီးတော့ တန်ခိုးအဘိညာဉ်တွေရတဲ့ ရဟန်းတွေကနတ်ပြည်တက် ဟောတာတွေလည်းရှိတယ်။
ဝိပဿနာမျိုးစေ့ ပါမသွားတဲ့ပုဂ္ဂိုလ်က တော်ရုံတန်ရုံ တရားမနာချင်ဘူး။ မလွဲသာမရှောင်သာလို့၊ အတင်းဆွဲခေါ်လို့ တရွတ်တရွတ်နဲ့ ပါသွားပြီး တရားနာရသော်လည်းပဲ စိတ်မပါဘူး။ တရားကို စိတ်မပါဘူး။
တရားဆိုတာ နိဗ္ဗာန်ရောက်ကြောင်း အဓိကဟောတာပဲ။ နိဗ္ဗာန်ရောက်ချင်တာမှမဟုတ်ဘဲ။ လူ့စည်းစိမ်၊ နတ်စည်းစိမ်ကို မြိန်မြိန်ယှက်ယှက်ကြီး ခံစားချင်တာပဲ။
လူဖြစ်ရင်လည်း အတက်တန်းကျကျ၊ မျက်နှာပန်းလှလှ၊ နတ်ဖြစ်ရင်လည်း နတ်သမီး တစ်ဖက်တစ်ထောင်လောက်ကိုပဲ သဘောကျနေကြတာ။ ဒီတော့ နိဗ္ဗာန်ကို မရောက်ချင်ဘူး။
မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ
(လွတ်မြောက်မှုချမ်းသာကိုရှာ